2PM အဖွဲ့ဝင် အဆိုတော်၊ သရုပ်ဆောင် ထယ်ယွန်း က လက်ရေးစာတစ်စောင်နဲ့အတူ လက်ထပ်တော့မည်ဖြစ်ကြောင်း အသိပေး

 204

ရောင်နီ (NP News) - နိုဝင်ဘာ ၄

2PM အဖွဲ့ဝင် အဆိုတော်၊ သရုပ်ဆောင် ထယ်ယွန်းက လက်ထပ်တော့မယ့်အကြောင်းသူ့ရဲ့ Instagram မှာ လက်ရေးစာတစ်စောင်နဲ့အတူ အသိပေးအကြောင်းကြားလာခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက် ကိုရီးယားစံတော်ချိန် ည ၈ နာရီမှာ ထယ်ယွန်း က "ကျန်ရှိတဲ့ဘဝကို ကျွန်တော့်အပေါ် နားလည်ပြီး ယုံကြည်ပေးခဲ့တဲ့ သူမနဲ့ ဖြတ်သန်းကုန်ဆုံးပါတော့မယ်၊
ဒီအဆင့်ကို ရောက်လာအောင် ကူညီပေးခဲ့တဲ့ ပရိသတ်တွေကို ထပ်ပြီး ကျေးဇူးတင်ပါတယ်။ 2PM အဖွဲ့ဝင် တစ်ယောက်အနေနဲ့ရော၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ရော ပရိသတ်ရဲ့မေတ္တာနဲ့ယုံကြည်မှုတွေကို ပြန်လည် ပေးဆပ်ဖို့ အကောင်းဆုံးကြိုးစားသွားပါမယ်" လို့ ထယ်ယွန်းက လက်ရေးစာမှာ ပြောကြားကာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ထယ်ယွန်းဟာ ၂ဝ၂ဝ ပြည့်နှစ်က နာမည်ကြီးမဟုတ်တဲ့ ချစ်သူနဲ့လက်တွဲနေကြောင်း စ အသိပေးခဲ့ပါ တယ်။ ၆ နှစ်ကြာ လူသိရှင်ကြား တွဲခဲ့ပြီးတဲ့နောက် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က အီဖယ်မျှော်စင်ရှေ့မှာ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။
အခုတော့ သူတို့စုံတွဲရဲ့မင်္ဂလာပွဲကို နောက်နွေဦးရာသီမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေ က ပြောပါတယ်။ ထယ်ယွန်းဟာ "The First Night with the Duke" "Bring it on Ghost" "Dream High" စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကျော်ပါတယ်။

Zawgyi Verion:
2PM အဖြဲ႕ဝင္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ထယ္ယြန္း က လက္ေရးစာတစ္ေစာင္နဲ႔အတူ လက္ထပ္ေတာ့မည္ျဖစ္ေၾကာင္း အသိေပး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄
2PM အဖြဲ႕ဝင္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ထယ္ယြန္းက လက္ထပ္ေတာ့မယ့္အေၾကာင္းသူ႔ရဲ႕ Instagram မွာ လက္ေရးစာတစ္ေစာင္နဲ႔အတူ အသိေပးအေၾကာင္းၾကားလာခဲ့ပါတယ္။
ႏိုဝင္ဘာ ၁ ရက္ ကိုရီးယားစံေတာ္ခ်ိန္ ည ၈ နာရီမွာ ထယ္ယြန္း က "က်န္ရွိတဲ့ဘဝကို ကြၽန္ေတာ့္အေပၚ နားလည္ၿပီး ယုံၾကည္ေပးခဲ့တဲ့ သူမနဲ႔ ျဖတ္သန္းကုန္ဆုံးပါေတာ့မယ္၊
ဒီအဆင့္ကို ေရာက္လာေအာင္ ကူညီေပးခဲ့တဲ့ ပရိသတ္ေတြကို ထပ္ၿပီး ေက်းဇူးတင္ပါတယ္။ 2PM အဖြဲ႕ဝင္ တစ္ေယာက္အေနနဲ႔ေရာ၊ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ေရာ ပရိသတ္ရဲ႕ေမတၱာနဲ႔ယုံၾကည္မႈေတြကို ျပန္လည္ ေပးဆပ္ဖို႔ အေကာင္းဆုံးႀကိဳးစားသြားပါမယ္" လို႔ ထယ္ယြန္းက လက္ေရးစာမွာ ေျပာၾကားကာ အသိေပးခဲ့တာ ျဖစ္ပါတယ္။ ထယ္ယြန္းဟာ ၂ဝ၂ဝ ျပည့္ႏွစ္က နာမည္ႀကီးမဟုတ္တဲ့ ခ်စ္သူနဲ႔လက္တြဲေနေၾကာင္း စ အသိေပးခဲ့ပါ တယ္။ ၆ ႏွစ္ၾကာ လူသိရွင္ၾကား တြဲခဲ့ၿပီးတဲ့ေနာက္ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕က အီဖယ္ေမွ်ာ္စင္ေရွ႕မွာ ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းခဲ့တာျဖစ္ပါတယ္။
အခုေတာ့ သူတို႔စုံတြဲရဲ႕မဂၤလာပြဲကို ေနာက္ေႏြဦးရာသီမွာ က်င္းပဖို႔ စီစဥ္ထားတယ္လို႔ သတင္းရင္းျမစ္ေတြ က ေျပာပါတယ္။ ထယ္ယြန္းဟာ "The First Night with the Duke" "Bring it on Ghost" "Dream High" စတဲ့ ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္ပါတယ္။

Related news

© 2021. All rights reserved.