မန္တလေး - သီပေါ လမ်း (သို့မဟုတ်) တကယ်ဖြစ်လာသော မျှော်လင့်ခြင်း

 650

သုတကျော် (NP News) - နိုဝင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှ သာယာအေးချမ်း လှသောသီပေါမြို့သည် ပလောင်လက်နက်ကိုင် အဖွဲ့ TNLA တို့ ဩဇာကျဆင်းရာအထိမ်းအမှတ်ဖြစ်လာလိမ့်မည်ဟု ယခင်က မည်သူမျှထင်မှတ်ထား ခြင်းမရှိခဲ့ပေ။ ငြိမ်းချမ်းစွာနေထိုင်ပြီး စစ်နှင့်ပတ်သက်၍ တစ်ကြိမ်မျှစိတ်ကူးခဲ့ခြင်းမရှိခဲ့သော သီပေါမြို့ခံ တို့သည် စစ်ဘေးကိုကြုံခဲ့ကြရသည်။ (၁၀၂၇) စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA တို့ထိန်း ချုပ်ခြင်းကို ခံခဲ့ရပြီးနောက် ၎င်းတို့မြို့မှထွက်မပြေးမီ အရေးကြီးသောနေရာအချို့ကို မီးရှို့ခြင်းခံရသည်မှာလည်း သီပေါမြို့ပင် ဖြစ်သည်။
ထို့ပြင် မြို့အဝင်ဆိုင်းဘုတ်မှ ရှမ်းပြည်နယ်အလံနေရာတွင် ပလောင်အလံ ပြောင်းလဲခြယ်သခံရ ဖူးသောမြို့လည်းဖြစ်ခဲ့ဖူးသောကြောင့် TNLA တို့ကျင့်သုံးသော လူမျိုးကြီးဝါဒ ၏ပြယုဂ်တစ်ခုလည်း ဖြစ် ခဲ့သည်။ ထို့ပြင် လိုရာခရီးသို့ရောက်ရန် လမ်းမျိုးစုံကို အသုံးပြုခဲ့ကြရသည်မှာလည်း မြို့သား တို့အတွက် ရင်နာနာဖြင့်မှတ်သားထားရသောနေ့စွဲများဖြစ်ခဲ့သည်။
နောက်ဆုံးတွင်ကား တပ်မတော်၏ထိုးစစ်ကြောင့် TNLA တို့ သီပေါမှထွက်ပြေးရပြီး မြို့ခံတို့ က တပ်မတော်စစ်ကြောင်းများကို အောင်ပန်းဖြင့်ကြိုဆိုခဲ့ကြရာ ယင်းမြင်ကွင်းသည် မြန်မာ့သမိုင်းတစ် လျှောက်တွင် တပ်မတော်အပေါ် ပြည်သူတို့အားကိုးမှုကိုဖော်ပြသောမြင်ကွင်းလည်း ဖြစ်ပေတော့မည်။ ဒုဋ္ဌဝတီဟုလည်းခေါ်သော မြစ်ငယ်မြစ်က လှပစွာဖြတ်သန်းစီးဆင်းသွားသောသီပေါမြို့သည် ကုန်းမြင့် မြေပြန့်လွင်ပြင်တွင်မြို့တည်ထားသဖြင့် မြို့အနေအထားလှပသာယာသည်။ ပူနွေးစိုစွတ်သော ရာသီ ဥတုရှိသဖြင့် သီပေါမြို့နယ်အတွင်း စိုက်ပျိုးလုပ်ကိုင်ရေးကောင်းမွန်ဖြစ်ထွန်းရာ မြို့နယ်အတွင်း၌ လိမ္မော်၊ ရှောက်ချို၊ သံပရာ၊ အခြား ရှောက်အမျိုးမျိုး၊ ဆန်စပါး၊ လက်ဖက်၊ ကြက်သွန်ဖြူနှင့်မြေပဲ စသည် တို့ကိုစိုက်ပျိုးလုပ်ကိုင်ကြသည်။
“ကျွန်တော်တို့ မြို့လေးက ခရီးသွားမြို့လေးပေါ့။ ခရီးသွားတွေလည်းစိတ်ဝင်စားကြတယ်” ဟု ဆိုလာ သူက သီပေါမြို့ခံတစ်ဦးဖြစ်သည်။ သီပေါမြို့သည် မန္တလေး-မူဆယ် အဝေးပြေးလမ်းမကြီးပေါ်မှ မြို့တစ်မြို့ဖြစ်သောကြောင့် စီးပွားရေးအားဖြင့် ကုန်စည် ကူးသန်းသွားလာမှုကောင်းမွန်သော မြို့တစ် မြို့လည်း ဖြစ်သည်။ သီပေါမြို့မှမန္တလေးသို့လာလိုလျှင် ကျောက် မဲ-နောင်ချို-ပြင်ဦးလွင်တို့ကို ဖြတ်သန်း သွားလာရမည်ဖြစ်ပြီး လမ်းခရီးလည်းကောင်းမွန်သည့်အပြင် ခရီးဖြတ်သန်းရာမြို့များသည်လည်း စီး ပွားရေးကောင်းမွန်သည်ဖြစ်သောကြောင့် မန္တလေး-မူဆယ်လမ်းမကြီးဟူသော ရွှေကြိုးတွင်သီထားသော ပုလဲလုံးများအနက်မှ ပုလဲတစ်လုံးဖြစ်ခဲ့သည်။
သုံးနာရီကျော်မျှခရီးသွားရုံဖြင့် သီပေါမြို့မှ မန္တ လေးသို့ရောက်နိုင်ပြီး ပြည်သူတို့မှာ စိတ်လက် ပေါ့ပါးစွာခရီးသွားလာနိုင်ခဲ့ကြသည်။ “ရှမ်းပြည်နယ်မြောက် ပိုင်း သီပေါမြို့အနေနဲ့ (၁၀၂၇) ပထမပိုင်း ပြီးတဲ့နောက်မှာ တော်တော်လေး အနေအထားဆိုးလာတယ်။ (၁၂)ဘီးကားတွေဆိုရင် ပြောင်းတွေ ဘာတွေ ပို့တယ်။ မန္တလေးကပစ္စည်းတွေလည်း သီပေါ၊ သီပေါကနေတစ်ဆင့် ပို့ကြတယ်ပေါ့။ တံတား တွေအချိုးခံရတော့ ကားတွေသွားလာရတာခက်ခဲလာတယ်။ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခွန်ကောက်ခံ တာလည်းများလာ တယ်။ ပျမ်းမျှအားဖြင့် (၁၂)ဘီးကားတစ်စီးဆို တစ်ခေါက် ငါးသောင်း ပေးရတယ်” ဟု သီပေါမြို့ခံတစ်ဦး ကဆိုသည်။
ထိုစဉ်က သီပေါမြို့ကို TNLA တို့မထိန်းချုပ်သေးသော်လည်း မြို့ပြင်တွင်ရောက်နေပြီဖြစ်ရာ မြို့ ခံများအတွက် အကန့်အသတ်များရှိလာသည်။ မန္တ လေး-မူဆယ်လမ်းမကြီးက ပိတ်သွားပြီဖြစ်သည့်အ တွက် ယခင်ကဲ့သို့ စီးပွားရေးမကောင်းတော့။ မန္တလေး နှင့်ဆက်သွယ်ရာလမ်းသည်ပင် ခက်ခဲစပြု လာ ခဲ့ပြီး နောက်ပိုင်းတွင် လမ်းပိတ်ခြင်း၊ တံတား ဖျက်ဆီးခြင်းတို့ကို TNLA တို့ကလုပ်ခဲ့ကြရာ ပြည်သူတို့မှာ အခြေအနေကိုစောင့်ကြည့်နေကြပြီး တစ်စတစ်စ ရှားပါးမှုကို စတင်ကြုံတွေ့ခဲ့ကြရသည်။
ထို့နောက် သီပေါမြို့မှ စီးပွားရေးလုပ်ငန်းရှင်များက မန္တလေးမြို့ကိုရွှေ့ပြောင်းအခြေချဖွင့်လှစ် ခြင်းများရှိလာသည်။ မြို့သူ၊ မြို့သားများမှာလည်း ရင်တထိတ်ထိတ်ဖြင့် အခြေအနေကိုစောင့်ကြည့်ရ သော ကာလများကို မြို့သားတို့ကြုံခဲ့ရပြီး အပူဖြင့် မိုးလင်းပြီး အပူဖြင့်မိုးချုပ်ရသောနေ့တို့ပင်ဖြစ်သည်။ တစ်ဖက်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော လမ်းမကြီး၏ဖြတ်သန်းရာမြို့အဖြစ်မှ လိုရာခရီး ကိုရောက်ရန် မြေသားလမ်းနှင့်ကျောက်ကြမ်းလမ်းတို့သည် အားကိုးစရာဖြစ်ခဲ့သည်။
“သီပေါ-မန္တလေးသွားတဲ့အခါ သီပေါ-နမ့်လန် -ကျောက်ဂူ-ရပ်စောက်-မေမြို့ တစ်ကွေ့တစ်ပတ် ကြီးပေါ့။ တောလမ်းဘက်ကနေသွားရတယ်။ ပုံမှန် သုံးနာရီခွဲကြာရမယ့်ခရီးက တစ်ခါတလေ နေ့တစ် ပိုင်း၊ မိုးတွင်းဖြစ်လို့လမ်းဆိုးရင် တစ်ရက်အိပ်ရတဲ့အနေအထားတွေဖြစ်ခဲ့တယ်” ဟု သီပေါမြို့ခံတစ်ဦး က ထိုစဉ်ကအခြေအနေကို ရှင်းပြသည်။
လမ်ပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် လမ်းတွင် ဥပဒေပြင်ပလက်နက်ကိုင်တို့ကို အခွန်အခပေးရ ခြင်းများက ကုန်ဈေးနှုန်းကိုဆွဲတင်စေမည့်အကြောင်းအရာများဖြစ်လာသည်။ ဘိုင်အို ဂျက်ဆစ် တစ် ကတ် သောင်းချီပေးရပြီး ကြက်ဥတစ်လုံးလျှင် လေးထောင်ခန့်အထိ သီပေါတွင်ဈေးပေါက်ခဲ့ဖူးခြင်းမှာ စစ်၏ အနိဋ္ဌာရုံကို ကောင်းစွာ ပြသနိုင်ပေလိမ့်မည်။
“(၁၀၂၇)အစောပိုင်းမှာ မြို့ခံစီးပွားရေးလုပ်ငန်းရှင်အများစု (၅၀)ရာခိုင်နှုန်းလောက်ကတော့ မြို့ကို စွန့်ခွာသွားတယ်။ ဒုတိယလှိုင်းကျတော့ လုံးဝစွန့်သွားတာ။ အကုန်လုံးပြောင်းသွားတာ။ စီးပွားရေး လည်ပတ်မှုက လုံးဝရပ်တန့်သွားတာ။ ပထမပိုင်းမှာ ခရီးသွား တွေမလာတော့ဘူး။ လူမှုစီးပွား အကုန် ထိခိုက်သွားတယ်” ဟု ၎င်းကဆိုသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့်အတူ မြို့စီးပွားရေးကျဆင်းခဲ့သည်ဖြစ်ရာ တိုက်ပွဲဖြစ်ပြီး နောက် မြို့မှစွန့်ခွာကြရသူများအနက် လမ်းပန်းဆက်သွယ် ရေးခက်ပြီး ကားခဈေးမြင့်မှုက ငွေကြေး ချို့ တဲ့သူတွေကို ပိုမိုခက်ခဲစေခဲ့သည်။ “ဆင်းရဲတဲ့သူတွေကျတော့ သနားဖို့ကောင်းတယ်။ တချို့ဆို အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ ဆိုင်ကယ်မှာ တန်းလုပ်။ ပြီးရင် အထုပ်နှစ်ထုပ်ကိုချိတ်ပြီးတော့ နီးစပ်ရာ နမ့် လန်၊ မိုင်းကိုင် ဒီမြို့တွေကိုရှောင်ရတယ်။ ပိုက်ဆံလေးရှိတဲ့သူကျ တော့လည်း မေမြို့၊ မန္တလေး၊ တအား တတ်နိုင်တဲ့သူကျတော့လည်း ရန်ကုန် အဲဒီလို ကိုယ့်အိုးအိမ်ကိုစွန့်ပြီးတော့ ရှောင်ခဲ့ရတဲ့ အနေအထား တွေဖြစ်ခဲ့တယ်” ဟု ၎င်းကဆိုသည်။
သီပေါမြို့ကို TNLA တို့ အပြည့်အဝထိန်းချုပ်သွားပြီးနောက် မန္တလေးဘက်မှ ဝင်ရောက်နေကျ ကုန်စည်စီးဆင်းမှုမှာ လုံးဝရပ်တန့်သွားခဲ့ရသည်။ မြို့မှ လူအတော်များများစွန့်သွားခဲ့ကြပြီး ၎င်းတို့ကို ထောက်ခံအားပေးသူအချို့နှင့် မပြေးနိုင်သူများသာ သီပေါမြို့တွင်ကျန်ရစ်သည်။ ပလောင်တို့ထိန်းချုပ် ပြီးနောက် သီပေါ-မန္တလေး လမ်းစရိတ်မှာ တစ်သိန်းခြောက်သောင်းအထိပင်ဈေးပေါက်ကာ တစ်သိန်းငါး သောင်းနှင့် တစ်သိန်းခြောက်သောင်းဆိုသော နှုန်း နှစ်ခုကြား အခြေအနေပေါ်မူတည်ကာ ဈေးငြိမ်သွား ခဲ့ပြီး သီပေါမှမန္တလေးသို့ ကားငယ်များဖြင့်သွားရောက် ကြရသည်။ ယင်းသို့ပေးရသော်လည်း အသက် အန္တရာယ်အတွက် အာမခံချက်လုံးလုံးမရှိပေ။ ပိုဆိုးသည်က ယင်းဥပဒေပြင်ပမှ လက်နက်ကိုင်တို့က ကုန်ပစ္စည်းများကိုလိုချင်လျှင် ကားရပ်စစ်ဆေးစဉ် ယူဆောင်သွားခြင်းများရှိခဲ့ပြီး ဖမ်းဆီးခြင်းများလည်း ရှိခဲ့သည်။
“သီပေါ- နမ့်လန်- ကျောက်ဂူ-ရပ်စောက်-မေ မြို့လမ်းကိုပဲဆက်သုံးရတာပေါ့။ ပြီးတော့ ရှမ်း တောင် ဘက်လမ်းကိုလည်းသုံးတယ်။ သီပေါ-နမ့်လန်- ကျောက်ဂူ-ရပ်စောက်-အင်တော-တောင်ကြီး ဒီလမ်းနှစ်ခုကို ခွသုံးရတာပေါ့။ ကုန်အကြီးပိုင်းက မြို့ကိုမဝင်တော့ဘူး။ တစ်ပိုင်တစ်နိုင်လေးတွေပဲ ဝင် တာပေါ့။ ပထမလှိုင်းဖြစ်တုန်းက သီပေါကို မသိမ်းခင်တုန်းကတော့ သီပေါ-မန္တလေးက ရှစ်သောင်း အထိတက်ပြီး တစ်သိန်းခွဲ၊ တစ်သိန်းခြောက်သောင်းအထိ ဆက်တက်တာပေါ့။ ဒုတိယလှိုင်းမှာတော့ တစ်သိန်းခွဲအထက်ပဲ။ ဘာကြောင့်လဲဆိုတော့ အခွန်အခ၊ ဂိတ်တွေ။ ပြီးတော့ နာမည်ဖော်ပြလို့မရတဲ့ ဝါးတားဂိတ်မျိုးစုံပေါ့။ ပြီးတော့ မထင်ရင်မထင်သလို အထုပ်တွေကနှိုက်သွားတာက တစ်ပုံကြီးဆိုတော့ ဆုံးရှုံးရတာများတယ်” ဟု ၎င်းကဆိုသည်။
ထိုစဉ်က သီပေါမှမန္တလေးသို့သွားရာတွင် TNLA၊ PDF ၊ DPLA တို့၏စစ်ဆေးခြင်းကို ခံခဲ့ကြရ ခြင်းဖြစ်ပြီး အချို့ ဝါးလုံးဖြင့်တားစစ်သောဂိတ်များ မှာမူ မည်သည့်အဖွဲ့ဟုပြောရခက်သည်။ NUG ၏ ပသုံးလုံးအနက် တစ်ဖွဲ့ဖွဲ့ဖြစ်နိုင်သည်ဟုခန့်မှန်းသော်လည်း မည်သို့ပင်ဖြစ်စေကာမူ ပြည်သူတို့မှာ မေး ရန်မဝံ့ကြရှာသောကြောင့် တောင်းသမျှကို ပေးရသည်သာဖြစ်ခဲ့သည်။
ယင်းသို့သွားရာတွင် ကားသမားများထံမှပင် မဟုတ်ဘဲ ခရီးသည်များထံမှလည်း အလှူခံတတ် လေရာ ဥပဒေဖြင့်ထိန်းချုပ်မထားသောကြောင့် အချိန်မရွေး ကျည်ထွက်နိုင်သော လက်နက် တကား ကားဖြင့် အလှူခံနေသောပုဂ္ဂိုလ်ထံ စေတနာသဒ္ဓါတရား နည်းများမဆိုထည့်ရသည် သာဖြစ်သည်။
ယင်းလမ်းကိုအသုံးပြုခဲ့ဖူးသူတစ်ဦးကို NP News က အင်တာဗျူးခွင့်ရခဲ့ရာ အဆို ပါအချိန်က အခြေအနေကို ၎င်းက ပြန်ပြောင်းပြောနေစဉ်တွင် ရယ်မောနေသော်လည်း ထိုစဉ်ကခံစားမှုကို တစ် သက်လုံး မေ့တော့မည်မဟုတ်ကြောင်း ရီဝေသောမျက်လုံးများကတစ်ဆင့်မြင်ရသည်။ “မေမြို့ (ပြင်ဦး လွင်) အထိကတော့အိုကေတယ်။ သကြားစက် လမ်းကနေသွားတော့ တောလမ်းက ဖုန်တလောင်း လောင်းနဲ့မို့ မှန်တွေချသွားရတယ်။ အထုပ်တွေကို ဆွဲကြည့်တယ်။ မုန့်ပုံးတွေပါရင် တောင်းထားတယ်။ မထင်တဲ့သူဆိုရင်ကောက်စစ်တယ်။ ဒီလိုမျိုး အနေအထားတွေ။ ပိုက်ဆံပေးပြီး ဒုက္ခခံရတယ်ဆိုတာ အဲဒီ လမ်းပဲ။ ဖုန်တလောင်းလောင်းနဲ့ ဆီကပြတ်၊ ထမင်းစားဖို့ စားစရာဆိုင်ကမရှိဘူး။ မေမြို့ကတည်းက ထ မင်းထုပ်ကယူသွားရတယ်”ဟု ထိုစဉ်ကအတွေ့အကြုံ ကိုပြောပြသည်။
ထိုသို့သွားစဉ်က မိုးရွာ၍ လမ်းအဆင်မပြေသည့် ကာလဖြစ်သောကြောင့် လမ်းတွင်ညအိပ်ခဲ့ရပြီး ထိုစဉ်က တပ်မတော်ကလည်း စတင်စစ်ကြောင်းထိုး နေပြီဖြစ်ရာ တိုက်ပွဲကို ကိုယ်တွေ့မကြုံရသော် လည်း သေနတ်သံကြားသောကြောင့် ရှောင်တိမ်းခဲ့ရသေးကြောင်း ၎င်းကပြောပြသည်။ “ရပ်စောက်နား မှာ ဖောင်းဖောင်းနဲ့ဆိုတော့ ကားအောက်မှာ ပြေးပြီးဝပ်ရတယ်။ ပြီးတော့ ကြံတောက လူတစ်ရပ်စာ မြင့်တော့ ဝင်ပြေးပြီးမှောက်ရတယ်။ အသံကြားပြီဆိုရင် ကားက ချက်ချင်းရပ်တယ်။ ကားကရပ်ပြီဆိုရင် လမ်းဘေးလည်း ဆင်းမရဘူး။ လမ်းဘေးမှာလည်းမိုင်းရှိတယ်။ တော်တော်လေးဒုက္ခရောက်ခဲ့တာ။ ပြေးပြီဆိုရင်လည်း ခြေထောက်ပြတ်ချင်လည်း ပြတ်ကွာဆိုပြီး ကြံတောထဲဝင်မှောက်တာပေါ့။ စိုးရိမ် စိတ်ကတော့ ပစ္စည်းထက် အသက်အန္တရာယ်ကိုစိုးရိမ်တာ။ ခရီး သွားတွေခမျာမှာလည်း မလုံခြုံတဲ့ ခံစား ချက်တွေ ပေါ့” ဟု င်းကဆိုသည်။
ယင်းဂိတ်တွင် ဥပဒေပြင်ပမှ လက်နက်ကိုင်တို့က ခရီးသည်များထံမှငွေတောင်းရာတွင် ဝတ်စား ထားသည့်ပုံစံကိုကြည့်ကာ တောင်းသည်ကိုလည်းကြုံရပြီး စစ်ဆေးသည့်အခါတွင်လည်း မသင်္ကာလျှင် ဆင်းခိုင်းပြီး မေးမြန်းခြင်းမျိုးတွေ့ရကြောင်း ၎င်းကပြောသည်။ “အခန့်မသင့်ရင် လူငယ် (၂၀) ၊ (၃၀) ဝန်း ကျင်ဆို ကားပေါ်ကဆင်းခိုင်းပြီး ဖုန်းတွေဘာတွေစစ်တယ်။ တပ်မတော်သားပုံစံပေါက်ရင် ဆင်းခိုင်း တယ်။ မိန်းကလေးတွေပါဆင်းခိုင်းတာမျိုးရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။
တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ မြို့ခံတို့၏မျှော်လင့်ချက်ကို ပြန်လည်အသက် သွင်းပေးသကဲ့သို့ဖြစ်ခဲ့သည်။ သီပေါမြို့ကို တပ်မတော်က ထိုးစစ်ဆင်ပြီး မြို့အနီးကပ်လာချိန် သီပေါမြို့ သို့ ပြန် လိုသူဒေသခံများက ကျောက်မဲမြို့တွင် စောင့်ဆိုင်းခဲ့ကြခြင်းမျိုးပင်ရှိပြီး အချို့က မြို့သို့ ပြန်ရ မည်ဖြစ်သည့်အတွက် ဝမ်းသာမျက်ရည်ကျကြသည်။
တပ်မတော်က မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့အုပ်ချုပ်ရေးကို ပြန်လည်အသက်ဝင် စေရန် ဆောင်ရွက်နေသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်အတွက်လည်း ကြိုးပမ်းဆောင် ရွက်နေရာ ကောင်းစွာသွားလာနိုင်သောအခြေအနေရောက်နေပြီဖြစ်သည်။ တစ်နည်းအားဖြင့် မြို့ခံများ ယခင်ကာလကဲ့သို့ ပြန်လည်နေထိုင်နိုင်ပေတော့မည်။ “အခုက အချိန်တိုသွားပြီ။ အရင်လိုမဟုတ်သေး ပေမယ့် တော်တော်လေးအချိန်တိုသွားတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းသွားတော့ သွားလာရေးအ ဆင်ပြေတယ်။ လုံခြုံရေးကောင်းသွားတယ်။ ပြောရမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးကောင်းတော့ ကျန်တဲ့အပိုင်းတွေ တိုးတက်သွားတယ်။ အရင်လမ်း အတိုင်းပဲသွားနိုင်ပြီ”ဟု အခြား သီပေါမြို့ခံတစ်ဦး က ဆိုသည်။ သို့သော် ယင်းလမ်းပိုင်းတွင်သွားလာရန်အ တွက် ယခင်က စိုးရိမ်စိတ်အခံနှင့်အတူ ပြည်သူ များ က သတိမလွတ်ရဲကြသေးပေ။ တစ်ခါသေဖူး၍ ပျဉ်ဖိုးကို ကောင်းစွာနားလည်နေကြသည်။ “ဘေးဘီ ဝဲယာ တော့ကြည့်ဖြစ်တာပေါ့။ သီပေါ-ကျောက်မဲ အပိုင်းတော့ မြို့ပြင်ထွက်တာနဲ့ဂရုစိုက်တယ်။ နည်း နည်းလေးရှိသေးတယ်လို့ အရပ်သတင်းကြားတာပေါ့။ နည်းနည်းလေးဂရုစိုက်မောင်းရတာ။ ကျောက်မဲနဲ့ နောင်ချိုကြားကတော့ စိတ်ချရတယ်” ဟု ၎င်းကဆိုသည်။ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းလာ ခြင်းနှင့်အတူ အခြားကဏ္ဍများက ပြန်လည်ထူထောင်ရန်အတွက် လွယ်ကူသွားသည်ဖြစ်ရာ အရှိန် အဟုန်ဖြင့် မူလအခြေအနေသို့ပြန်ရောက်ရန် ကြိုးစားနေကြသော်လည်း ပလောင်တို့၏ဆိုးမွေကား ကျန်နေဆဲဖြစ်သည်။
“မြို့ပေါ်တောင် မိုင်းအကုန်မရှင်းနိုင်သေးဘူး။ ဘယ်လောက်ဆိုးလဲဆိုတော့ မူလတန်း ကျောင်း ထဲတောင် ပလောင်ကမိုင်းထောင်ခဲ့တာ။ ကလေးတွေ စာသင်ကျောင်းထဲအထိတောင် မိုင်းထောင်ပြီး ထားခဲ့တာ”ဟု ၎င်းကဆိုသည်။ လမ်းပန်းဆက်သွယ်ရေးသည် ဒေသခံတစ်ခုဖွံ့ဖြိုးရန်အတွက် အခရာ ကျသည်ဖြစ်ရာ သီပေါနှင့်မန္တလေး အဆက်အသွယ်ကောင်းလာခြင်းနှင့်အတူ မကြာမီတွင် ယင်းလမ်း ထက်၌ ပြည်သူများ စိတ်လက်ပေါ့ပါးစွာ ခရီးသွားလာနိုင်တော့မည်ဖြစ်ပြီး ကုန်စည်များသည်လည်း ဥဒဟိုဖြတ်သန်းခြင်းကို မြင်နိုင်ပေတော့မည်။
သို့သော် ယခုထက်တိုင် ဥပဒေပြင်ပမှ လက်နက်ကိုင်တို့ကြီးစိုးရာဒေသအချို့တွင်ကား ယင်းအ ခွင့်အရေးကိုမရရှာကြသေးပါ။ စစ်ကို မည်သူကမျှ မလိုချင်ကြောင်းကို မြန်မာနိုင်ငံသည် ကံဆိုးစွာ ရင် ဖြင့် ရင်းကာသိလိုက်ကြရချိန် စစ်ကိုခေါ်လာသူ ဥပဒေ ပြင်ပလက်နက်ကိုင်သူပုန်တို့သည်ကား စစ်ပွဲဖြင့် စီးပွားရှာခြင်းကို အကြိုက်တွေ့လာနေကြောင်း ဒေသခံတို့ကြား အချင်းချင်း မပြောဘဲသိနေကြလေပြီ။

Zawgyi Verion:
မႏၲေလး - သီေပါ လမ္း (သို႔မဟုတ္) တကယ္ျဖစ္လာေသာ ေမွ်ာ္လင့္ျခင္း
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၄
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သာယာေအးခ်မ္း လွေသာသီေပါၿမိဳ႕သည္ ပေလာင္လက္နက္ကိုင္ အဖြဲ႕ TNLA တို႔ ဩဇာက်ဆင္းရာအထိမ္းအမွတ္ျဖစ္လာလိမ့္မည္ဟု ယခင္က မည္သူမွ်ထင္မွတ္ထား ျခင္းမရွိခဲ့ေပ။ ၿငိမ္းခ်မ္းစြာေနထိုင္ၿပီး စစ္ႏွင့္ပတ္သက္၍ တစ္ႀကိမ္မွ်စိတ္ကူးခဲ့ျခင္းမရွိခဲ့ေသာ သီေပါၿမိဳ႕ခံ တို႔သည္ စစ္ေဘးကိုႀကဳံခဲ့ၾကရသည္။ (၁၀၂၇) စစ္ဆင္ေရး ဒုတိယပိုင္းတြင္ TNLA တို႔ထိန္း ခ်ဳပ္ျခင္းကို ခံခဲ့ရၿပီးေနာက္ ၎တို႔ၿမိဳ႕မွထြက္မေျပးမီ အေရးႀကီးေသာေနရာအခ်ိဳ႕ကို မီးရႈိ႕ျခင္းခံရသည္မွာလည္း သီေပါၿမိဳ႕ပင္ ျဖစ္သည္။
ထို႔ျပင္ ၿမိဳ႕အဝင္ဆိုင္းဘုတ္မွ ရွမ္းျပည္နယ္အလံေနရာတြင္ ပေလာင္အလံ ေျပာင္းလဲျခယ္သခံရ ဖူးေသာၿမိဳ႕လည္းျဖစ္ခဲ့ဖူးေသာေၾကာင့္ TNLA တို႔က်င့္သုံးေသာ လူမ်ိဳးႀကီးဝါဒ ၏ျပယုဂ္တစ္ခုလည္း ျဖစ္ ခဲ့သည္။ ထို႔ျပင္ လိုရာခရီးသို႔ေရာက္ရန္ လမ္းမ်ိဳးစုံကို အသုံးျပဳခဲ့ၾကရသည္မွာလည္း ၿမိဳ႕သား တို႔အတြက္ ရင္နာနာျဖင့္မွတ္သားထားရေသာေန႔စြဲမ်ားျဖစ္ခဲ့သည္။
ေနာက္ဆုံးတြင္ကား တပ္မေတာ္၏ထိုးစစ္ေၾကာင့္ TNLA တို႔ သီေပါမွထြက္ေျပးရၿပီး ၿမိဳ႕ခံတို႔ က တပ္မေတာ္စစ္ေၾကာင္းမ်ားကို ေအာင္ပန္းျဖင့္ႀကိဳဆိုခဲ့ၾကရာ ယင္းျမင္ကြင္းသည္ ျမန္မာ့သမိုင္းတစ္ ေလွ်ာက္တြင္ တပ္မေတာ္အေပၚ ျပည္သူတို႔အားကိုးမႈကိုေဖာ္ျပေသာျမင္ကြင္းလည္း ျဖစ္ေပေတာ့မည္။ ဒု႒ဝတီဟုလည္းေခၚေသာ ျမစ္ငယ္ျမစ္က လွပစြာျဖတ္သန္းစီးဆင္းသြားေသာသီေပါၿမိဳ႕သည္ ကုန္းျမင့္ ေျမျပန႔္လြင္ျပင္တြင္ၿမိဳ႕တည္ထားသျဖင့္ ၿမိဳ႕အေနအထားလွပသာယာသည္။ ပူေႏြးစိုစြတ္ေသာ ရာသီ ဥတုရွိသျဖင့္ သီေပါၿမိဳ႕နယ္အတြင္း စိုက္ပ်ိဳးလုပ္ကိုင္ေရးေကာင္းမြန္ျဖစ္ထြန္းရာ ၿမိဳ႕နယ္အတြင္း၌ လိေမၼာ္၊ ေရွာက္ခ်ိဳ၊ သံပရာ၊ အျခား ေရွာက္အမ်ိဳးမ်ိဳး၊ ဆန္စပါး၊ လက္ဖက္၊ ၾကက္သြန္ျဖဴႏွင့္ေျမပဲ စသည္ တို႔ကိုစိုက္ပ်ိဳးလုပ္ကိုင္ၾကသည္။
“ကြၽန္ေတာ္တို႔ ၿမိဳ႕ေလးက ခရီးသြားၿမိဳ႕ေလးေပါ့။ ခရီးသြားေတြလည္းစိတ္ဝင္စားၾကတယ္” ဟု ဆိုလာ သူက သီေပါၿမိဳ႕ခံတစ္ဦးျဖစ္သည္။ သီေပါၿမိဳ႕သည္ မႏၲေလး-မူဆယ္ အေဝးေျပးလမ္းမႀကီးေပၚမွ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေသာေၾကာင့္ စီးပြားေရးအားျဖင့္ ကုန္စည္ ကူးသန္းသြားလာမႈေကာင္းမြန္ေသာ ၿမိဳ႕တစ္ ၿမိဳ႕လည္း ျဖစ္သည္။ သီေပါၿမိဳ႕မွမႏၲေလးသို႔လာလိုလွ်င္ ေက်ာက္ မဲ-ေနာင္ခ်ိဳ-ျပင္ဦးလြင္တို႔ကို ျဖတ္သန္း သြားလာရမည္ျဖစ္ၿပီး လမ္းခရီးလည္းေကာင္းမြန္သည့္အျပင္ ခရီးျဖတ္သန္းရာၿမိဳ႕မ်ားသည္လည္း စီး ပြားေရးေကာင္းမြန္သည္ျဖစ္ေသာေၾကာင့္ မႏၲေလး-မူဆယ္လမ္းမႀကီးဟူေသာ ေ႐ႊႀကိဳးတြင္သီထားေသာ ပုလဲလုံးမ်ားအနက္မွ ပုလဲတစ္လုံးျဖစ္ခဲ့သည္။
သုံးနာရီေက်ာ္မွ်ခရီးသြား႐ုံျဖင့္ သီေပါၿမိဳ႕မွ မႏၲ ေလးသို႔ေရာက္ႏိုင္ၿပီး ျပည္သူတို႔မွာ စိတ္လက္ ေပါ့ပါးစြာခရီးသြားလာႏိုင္ခဲ့ၾကသည္။ “ရွမ္းျပည္နယ္ေျမာက္ ပိုင္း သီေပါၿမိဳ႕အေနနဲ႔ (၁၀၂၇) ပထမပိုင္း ၿပီးတဲ့ေနာက္မွာ ေတာ္ေတာ္ေလး အေနအထားဆိုးလာတယ္။ (၁၂)ဘီးကားေတြဆိုရင္ ေျပာင္းေတြ ဘာေတြ ပို႔တယ္။ မႏၲေလးကပစၥည္းေတြလည္း သီေပါ၊ သီေပါကေနတစ္ဆင့္ ပို႔ၾကတယ္ေပါ့။ တံတား ေတြအခ်ိဳးခံရေတာ့ ကားေတြသြားလာရတာခက္ခဲလာတယ္။ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ အခြန္ေကာက္ခံ တာလည္းမ်ားလာ တယ္။ ပ်မ္းမွ်အားျဖင့္ (၁၂)ဘီးကားတစ္စီးဆို တစ္ေခါက္ ငါးေသာင္း ေပးရတယ္” ဟု သီေပါၿမိဳ႕ခံတစ္ဦး ကဆိုသည္။
ထိုစဥ္က သီေပါၿမိဳ႕ကို TNLA တို႔မထိန္းခ်ဳပ္ေသးေသာ္လည္း ၿမိဳ႕ျပင္တြင္ေရာက္ေနၿပီျဖစ္ရာ ၿမိဳ႕ ခံမ်ားအတြက္ အကန႔္အသတ္မ်ားရွိလာသည္။ မႏၲ ေလး-မူဆယ္လမ္းမႀကီးက ပိတ္သြားၿပီျဖစ္သည့္အ တြက္ ယခင္ကဲ့သို႔ စီးပြားေရးမေကာင္းေတာ့။ မႏၲေလး ႏွင့္ဆက္သြယ္ရာလမ္းသည္ပင္ ခက္ခဲစျပဳ လာ ခဲ့ၿပီး ေနာက္ပိုင္းတြင္ လမ္းပိတ္ျခင္း၊ တံတား ဖ်က္ဆီးျခင္းတို႔ကို TNLA တို႔ကလုပ္ခဲ့ၾကရာ ျပည္သူတို႔မွာ အေျခအေနကိုေစာင့္ၾကည့္ေနၾကၿပီး တစ္စတစ္စ ရွားပါးမႈကို စတင္ႀကဳံေတြ႕ခဲ့ၾကရသည္။
ထို႔ေနာက္ သီေပါၿမိဳ႕မွ စီးပြားေရးလုပ္ငန္းရွင္မ်ားက မႏၲေလးၿမိဳ႕ကိုေ႐ႊ႕ေျပာင္းအေျခခ်ဖြင့္လွစ္ ျခင္းမ်ားရွိလာသည္။ ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားမွာလည္း ရင္တထိတ္ထိတ္ျဖင့္ အေျခအေနကိုေစာင့္ၾကည့္ရ ေသာ ကာလမ်ားကို ၿမိဳ႕သားတို႔ႀကဳံခဲ့ရၿပီး အပူျဖင့္ မိုးလင္းၿပီး အပူျဖင့္မိုးခ်ဳပ္ရေသာေန႔တို႔ပင္ျဖစ္သည္။ တစ္ဖက္တြင္ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေသာ လမ္းမႀကီး၏ျဖတ္သန္းရာၿမိဳ႕အျဖစ္မွ လိုရာခရီး ကိုေရာက္ရန္ ေျမသားလမ္းႏွင့္ေက်ာက္ၾကမ္းလမ္းတို႔သည္ အားကိုးစရာျဖစ္ခဲ့သည္။
“သီေပါ-မႏၲေလးသြားတဲ့အခါ သီေပါ-နမ့္လန္ -ေက်ာက္ဂူ-ရပ္ေစာက္-ေမၿမိဳ႕ တစ္ေကြ႕တစ္ပတ္ ႀကီးေပါ့။ ေတာလမ္းဘက္ကေနသြားရတယ္။ ပုံမွန္ သုံးနာရီခြဲၾကာရမယ့္ခရီးက တစ္ခါတေလ ေန႔တစ္ ပိုင္း၊ မိုးတြင္းျဖစ္လို႔လမ္းဆိုးရင္ တစ္ရက္အိပ္ရတဲ့အေနအထားေတြျဖစ္ခဲ့တယ္” ဟု သီေပါၿမိဳ႕ခံတစ္ဦး က ထိုစဥ္ကအေျခအေနကို ရွင္းျပသည္။
လမ္ပန္းဆက္သြယ္ေရးခက္ခဲျခင္းႏွင့္ လမ္းတြင္ ဥပေဒျပင္ပလက္နက္ကိုင္တို႔ကို အခြန္အခေပးရ ျခင္းမ်ားက ကုန္ေဈးႏႈန္းကိုဆြဲတင္ေစမည့္အေၾကာင္းအရာမ်ားျဖစ္လာသည္။ ဘိုင္အို ဂ်က္ဆစ္ တစ္ ကတ္ ေသာင္းခ်ီေပးရၿပီး ၾကက္ဥတစ္လုံးလွ်င္ ေလးေထာင္ခန႔္အထိ သီေပါတြင္ေဈးေပါက္ခဲ့ဖူးျခင္းမွာ စစ္၏ အနိ႒ာ႐ုံကို ေကာင္းစြာ ျပသႏိုင္ေပလိမ့္မည္။
“(၁၀၂၇)အေစာပိုင္းမွာ ၿမိဳ႕ခံစီးပြားေရးလုပ္ငန္းရွင္အမ်ားစု (၅၀)ရာခိုင္ႏႈန္းေလာက္ကေတာ့ ၿမိဳ႕ကို စြန႔္ခြာသြားတယ္။ ဒုတိယလႈိင္းက်ေတာ့ လုံးဝစြန႔္သြားတာ။ အကုန္လုံးေျပာင္းသြားတာ။ စီးပြားေရး လည္ပတ္မႈက လုံးဝရပ္တန႔္သြားတာ။ ပထမပိုင္းမွာ ခရီးသြား ေတြမလာေတာ့ဘူး။ လူမႈစီးပြား အကုန္ ထိခိုက္သြားတယ္” ဟု ၎ကဆိုသည္။
လမ္းပန္းဆက္သြယ္ေရးခက္ခဲျခင္းႏွင့္အတူ ၿမိဳ႕စီးပြားေရးက်ဆင္းခဲ့သည္ျဖစ္ရာ တိုက္ပြဲျဖစ္ၿပီး ေနာက္ ၿမိဳ႕မွစြန႔္ခြာၾကရသူမ်ားအနက္ လမ္းပန္းဆက္သြယ္ ေရးခက္ၿပီး ကားခေဈးျမင့္မႈက ေငြေၾကး ခ်ိဳ႕ တဲ့သူေတြကို ပိုမိုခက္ခဲေစခဲ့သည္။ “ဆင္းရဲတဲ့သူေတြက်ေတာ့ သနားဖို႔ေကာင္းတယ္။ တခ်ိဳ႕ဆို အဝတ္ တစ္ထည္ ကိုယ္တစ္ခုနဲ႔ ဆိုင္ကယ္မွာ တန္းလုပ္။ ၿပီးရင္ အထုပ္ႏွစ္ထုပ္ကိုခ်ိတ္ၿပီးေတာ့ နီးစပ္ရာ နမ့္ လန္၊ မိုင္းကိုင္ ဒီၿမိဳ႕ေတြကိုေရွာင္ရတယ္။ ပိုက္ဆံေလးရွိတဲ့သူက် ေတာ့လည္း ေမၿမိဳ႕၊ မႏၲေလး၊ တအား တတ္ႏိုင္တဲ့သူက်ေတာ့လည္း ရန္ကုန္ အဲဒီလို ကိုယ့္အိုးအိမ္ကိုစြန႔္ၿပီးေတာ့ ေရွာင္ခဲ့ရတဲ့ အေနအထား ေတြျဖစ္ခဲ့တယ္” ဟု ၎ကဆိုသည္။
သီေပါၿမိဳ႕ကို TNLA တို႔ အျပည့္အဝထိန္းခ်ဳပ္သြားၿပီးေနာက္ မႏၲေလးဘက္မွ ဝင္ေရာက္ေနက် ကုန္စည္စီးဆင္းမႈမွာ လုံးဝရပ္တန႔္သြားခဲ့ရသည္။ ၿမိဳ႕မွ လူအေတာ္မ်ားမ်ားစြန႔္သြားခဲ့ၾကၿပီး ၎တို႔ကို ေထာက္ခံအားေပးသူအခ်ိဳ႕ႏွင့္ မေျပးႏိုင္သူမ်ားသာ သီေပါၿမိဳ႕တြင္က်န္ရစ္သည္။ ပေလာင္တို႔ထိန္းခ်ဳပ္ ၿပီးေနာက္ သီေပါ-မႏၲေလး လမ္းစရိတ္မွာ တစ္သိန္းေျခာက္ေသာင္းအထိပင္ေဈးေပါက္ကာ တစ္သိန္းငါး ေသာင္းႏွင့္ တစ္သိန္းေျခာက္ေသာင္းဆိုေသာ ႏႈန္း ႏွစ္ခုၾကား အေျခအေနေပၚမူတည္ကာ ေဈးၿငိမ္သြား ခဲ့ၿပီး သီေပါမွမႏၲေလးသို႔ ကားငယ္မ်ားျဖင့္သြားေရာက္ ၾကရသည္။ ယင္းသို႔ေပးရေသာ္လည္း အသက္ အႏၲရာယ္အတြက္ အာမခံခ်က္လုံးလုံးမရွိေပ။ ပိုဆိုးသည္က ယင္းဥပေဒျပင္ပမွ လက္နက္ကိုင္တို႔က ကုန္ပစၥည္းမ်ားကိုလိုခ်င္လွ်င္ ကားရပ္စစ္ေဆးစဥ္ ယူေဆာင္သြားျခင္းမ်ားရွိခဲ့ၿပီး ဖမ္းဆီးျခင္းမ်ားလည္း ရွိခဲ့သည္။
“သီေပါ- နမ့္လန္- ေက်ာက္ဂူ-ရပ္ေစာက္-ေမ ၿမိဳ႕လမ္းကိုပဲဆက္သုံးရတာေပါ့။ ၿပီးေတာ့ ရွမ္း ေတာင္ ဘက္လမ္းကိုလည္းသုံးတယ္။ သီေပါ-နမ့္လန္- ေက်ာက္ဂူ-ရပ္ေစာက္-အင္ေတာ-ေတာင္ႀကီး ဒီလမ္းႏွစ္ခုကို ခြသုံးရတာေပါ့။ ကုန္အႀကီးပိုင္းက ၿမိဳ႕ကိုမဝင္ေတာ့ဘူး။ တစ္ပိုင္တစ္ႏိုင္ေလးေတြပဲ ဝင္ တာေပါ့။ ပထမလႈိင္းျဖစ္တုန္းက သီေပါကို မသိမ္းခင္တုန္းကေတာ့ သီေပါ-မႏၲေလးက ရွစ္ေသာင္း အထိတက္ၿပီး တစ္သိန္းခြဲ၊ တစ္သိန္းေျခာက္ေသာင္းအထိ ဆက္တက္တာေပါ့။ ဒုတိယလႈိင္းမွာေတာ့ တစ္သိန္းခြဲအထက္ပဲ။ ဘာေၾကာင့္လဲဆိုေတာ့ အခြန္အခ၊ ဂိတ္ေတြ။ ၿပီးေတာ့ နာမည္ေဖာ္ျပလို႔မရတဲ့ ဝါးတားဂိတ္မ်ိဳးစုံေပါ့။ ၿပီးေတာ့ မထင္ရင္မထင္သလို အထုပ္ေတြကႏႈိက္သြားတာက တစ္ပုံႀကီးဆိုေတာ့ ဆုံးရႈံးရတာမ်ားတယ္” ဟု ၎ကဆိုသည္။
ထိုစဥ္က သီေပါမွမႏၲေလးသို႔သြားရာတြင္ TNLA၊ PDF ၊ DPLA တို႔၏စစ္ေဆးျခင္းကို ခံခဲ့ၾကရ ျခင္းျဖစ္ၿပီး အခ်ိဳ႕ ဝါးလုံးျဖင့္တားစစ္ေသာဂိတ္မ်ား မွာမူ မည္သည့္အဖြဲ႕ဟုေျပာရခက္သည္။ NUG ၏ ပသုံးလုံးအနက္ တစ္ဖြဲ႕ဖြဲ႕ျဖစ္ႏိုင္သည္ဟုခန႔္မွန္းေသာ္လည္း မည္သို႔ပင္ျဖစ္ေစကာမူ ျပည္သူတို႔မွာ ေမး ရန္မဝံ့ၾကရွာေသာေၾကာင့္ ေတာင္းသမွ်ကို ေပးရသည္သာျဖစ္ခဲ့သည္။
ယင္းသို႔သြားရာတြင္ ကားသမားမ်ားထံမွပင္ မဟုတ္ဘဲ ခရီးသည္မ်ားထံမွလည္း အလႉခံတတ္ ေလရာ ဥပေဒျဖင့္ထိန္းခ်ဳပ္မထားေသာေၾကာင့္ အခ်ိန္မေ႐ြး က်ည္ထြက္ႏိုင္ေသာ လက္နက္ တကား ကားျဖင့္ အလႉခံေနေသာပုဂၢိဳလ္ထံ ေစတနာသဒၶါတရား နည္းမ်ားမဆိုထည့္ရသည္ သာျဖစ္သည္။
ယင္းလမ္းကိုအသုံးျပဳခဲ့ဖူးသူတစ္ဦးကို NP News က အင္တာဗ်ဴးခြင့္ရခဲ့ရာ အဆို ပါအခ်ိန္က အေျခအေနကို ၎က ျပန္ေျပာင္းေျပာေနစဥ္တြင္ ရယ္ေမာေနေသာ္လည္း ထိုစဥ္ကခံစားမႈကို တစ္ သက္လုံး ေမ့ေတာ့မည္မဟုတ္ေၾကာင္း ရီေဝေသာမ်က္လုံးမ်ားကတစ္ဆင့္ျမင္ရသည္။ “ေမၿမိဳ႕ (ျပင္ဦး လြင္) အထိကေတာ့အိုေကတယ္။ သၾကားစက္ လမ္းကေနသြားေတာ့ ေတာလမ္းက ဖုန္တေလာင္း ေလာင္းနဲ႔မို႔ မွန္ေတြခ်သြားရတယ္။ အထုပ္ေတြကို ဆြဲၾကည့္တယ္။ မုန႔္ပုံးေတြပါရင္ ေတာင္းထားတယ္။ မထင္တဲ့သူဆိုရင္ေကာက္စစ္တယ္။ ဒီလိုမ်ိဳး အေနအထားေတြ။ ပိုက္ဆံေပးၿပီး ဒုကၡခံရတယ္ဆိုတာ အဲဒီ လမ္းပဲ။ ဖုန္တေလာင္းေလာင္းနဲ႔ ဆီကျပတ္၊ ထမင္းစားဖို႔ စားစရာဆိုင္ကမရွိဘူး။ ေမၿမိဳ႕ကတည္းက ထ မင္းထုပ္ကယူသြားရတယ္”ဟု ထိုစဥ္ကအေတြ႕အႀကဳံ ကိုေျပာျပသည္။
ထိုသို႔သြားစဥ္က မိုး႐ြာ၍ လမ္းအဆင္မေျပသည့္ ကာလျဖစ္ေသာေၾကာင့္ လမ္းတြင္ညအိပ္ခဲ့ရၿပီး ထိုစဥ္က တပ္မေတာ္ကလည္း စတင္စစ္ေၾကာင္းထိုး ေနၿပီျဖစ္ရာ တိုက္ပြဲကို ကိုယ္ေတြ႕မႀကဳံရေသာ္ လည္း ေသနတ္သံၾကားေသာေၾကာင့္ ေရွာင္တိမ္းခဲ့ရေသးေၾကာင္း ၎ကေျပာျပသည္။ “ရပ္ေစာက္နား မွာ ေဖာင္းေဖာင္းနဲ႔ဆိုေတာ့ ကားေအာက္မွာ ေျပးၿပီးဝပ္ရတယ္။ ၿပီးေတာ့ ႀကံေတာက လူတစ္ရပ္စာ ျမင့္ေတာ့ ဝင္ေျပးၿပီးေမွာက္ရတယ္။ အသံၾကားၿပီဆိုရင္ ကားက ခ်က္ခ်င္းရပ္တယ္။ ကားကရပ္ၿပီဆိုရင္ လမ္းေဘးလည္း ဆင္းမရဘူး။ လမ္းေဘးမွာလည္းမိုင္းရွိတယ္။ ေတာ္ေတာ္ေလးဒုကၡေရာက္ခဲ့တာ။ ေျပးၿပီဆိုရင္လည္း ေျခေထာက္ျပတ္ခ်င္လည္း ျပတ္ကြာဆိုၿပီး ႀကံေတာထဲဝင္ေမွာက္တာေပါ့။ စိုးရိမ္ စိတ္ကေတာ့ ပစၥည္းထက္ အသက္အႏၲရာယ္ကိုစိုးရိမ္တာ။ ခရီး သြားေတြခမ်ာမွာလည္း မလုံၿခဳံတဲ့ ခံစား ခ်က္ေတြ ေပါ့” ဟု င္းကဆိုသည္။
ယင္းဂိတ္တြင္ ဥပေဒျပင္ပမွ လက္နက္ကိုင္တို႔က ခရီးသည္မ်ားထံမွေငြေတာင္းရာတြင္ ဝတ္စား ထားသည့္ပုံစံကိုၾကည့္ကာ ေတာင္းသည္ကိုလည္းႀကဳံရၿပီး စစ္ေဆးသည့္အခါတြင္လည္း မသကၤာလွ်င္ ဆင္းခိုင္းၿပီး ေမးျမန္းျခင္းမ်ိဳးေတြ႕ရေၾကာင္း ၎ကေျပာသည္။ “အခန႔္မသင့္ရင္ လူငယ္ (၂၀) ၊ (၃၀) ဝန္း က်င္ဆို ကားေပၚကဆင္းခိုင္းၿပီး ဖုန္းေတြဘာေတြစစ္တယ္။ တပ္မေတာ္သားပုံစံေပါက္ရင္ ဆင္းခိုင္း တယ္။ မိန္းကေလးေတြပါဆင္းခိုင္းတာမ်ိဳးရွိခဲ့တယ္” ဟု ၎က ဆိုသည္။
တပ္မေတာ္က ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ျခင္းမွာ ၿမိဳ႕ခံတို႔၏ေမွ်ာ္လင့္ခ်က္ကို ျပန္လည္အသက္ သြင္းေပးသကဲ့သို႔ျဖစ္ခဲ့သည္။ သီေပါၿမိဳ႕ကို တပ္မေတာ္က ထိုးစစ္ဆင္ၿပီး ၿမိဳ႕အနီးကပ္လာခ်ိန္ သီေပါၿမိဳ႕ သို႔ ျပန္ လိုသူေဒသခံမ်ားက ေက်ာက္မဲၿမိဳ႕တြင္ ေစာင့္ဆိုင္းခဲ့ၾကျခင္းမ်ိဳးပင္ရွိၿပီး အခ်ိဳ႕က ၿမိဳ႕သို႔ ျပန္ရ မည္ျဖစ္သည့္အတြက္ ဝမ္းသာမ်က္ရည္က်ၾကသည္။
တပ္မေတာ္က ၿမိဳ႕ကိုျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ ၿမိဳ႕အုပ္ခ်ဳပ္ေရးကို ျပန္လည္အသက္ဝင္ ေစရန္ ေဆာင္႐ြက္ေနသကဲ့သို႔ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ရန္အတြက္လည္း ႀကိဳးပမ္းေဆာင္ ႐ြက္ေနရာ ေကာင္းစြာသြားလာႏိုင္ေသာအေျခအေနေရာက္ေနၿပီျဖစ္သည္။ တစ္နည္းအားျဖင့္ ၿမိဳ႕ခံမ်ား ယခင္ကာလကဲ့သို႔ ျပန္လည္ေနထိုင္ႏိုင္ေပေတာ့မည္။ “အခုက အခ်ိန္တိုသြားၿပီ။ အရင္လိုမဟုတ္ေသး ေပမယ့္ ေတာ္ေတာ္ေလးအခ်ိန္တိုသြားတယ္။ လမ္းပန္းဆက္သြယ္ေရးေကာင္းသြားေတာ့ သြားလာေရးအ ဆင္ေျပတယ္။ လုံၿခဳံေရးေကာင္းသြားတယ္။ ေျပာရမယ္ဆိုရင္ လမ္းပန္းဆက္သြယ္ေရးေကာင္းေတာ့ က်န္တဲ့အပိုင္းေတြ တိုးတက္သြားတယ္။ အရင္လမ္း အတိုင္းပဲသြားႏိုင္ၿပီ”ဟု အျခား သီေပါၿမိဳ႕ခံတစ္ဦး က ဆိုသည္။ သို႔ေသာ္ ယင္းလမ္းပိုင္းတြင္သြားလာရန္အ တြက္ ယခင္က စိုးရိမ္စိတ္အခံႏွင့္အတူ ျပည္သူ မ်ား က သတိမလြတ္ရဲၾကေသးေပ။ တစ္ခါေသဖူး၍ ပ်ဥ္ဖိုးကို ေကာင္းစြာနားလည္ေနၾကသည္။ “ေဘးဘီ ဝဲယာ ေတာ့ၾကည့္ျဖစ္တာေပါ့။ သီေပါ-ေက်ာက္မဲ အပိုင္းေတာ့ ၿမိဳ႕ျပင္ထြက္တာနဲ႔ဂ႐ုစိုက္တယ္။ နည္း နည္းေလးရွိေသးတယ္လို႔ အရပ္သတင္းၾကားတာေပါ့။ နည္းနည္းေလးဂ႐ုစိုက္ေမာင္းရတာ။ ေက်ာက္မဲနဲ႔ ေနာင္ခ်ိဳၾကားကေတာ့ စိတ္ခ်ရတယ္” ဟု ၎ကဆိုသည္။ လမ္းပန္းဆက္သြယ္ေရး ျပန္ေကာင္းလာ ျခင္းႏွင့္အတူ အျခားက႑မ်ားက ျပန္လည္ထူေထာင္ရန္အတြက္ လြယ္ကူသြားသည္ျဖစ္ရာ အရွိန္ အဟုန္ျဖင့္ မူလအေျခအေနသို႔ျပန္ေရာက္ရန္ ႀကိဳးစားေနၾကေသာ္လည္း ပေလာင္တို႔၏ဆိုးေမြကား က်န္ေနဆဲျဖစ္သည္။
“ၿမိဳ႕ေပၚေတာင္ မိုင္းအကုန္မရွင္းႏိုင္ေသးဘူး။ ဘယ္ေလာက္ဆိုးလဲဆိုေတာ့ မူလတန္း ေက်ာင္း ထဲေတာင္ ပေလာင္ကမိုင္းေထာင္ခဲ့တာ။ ကေလးေတြ စာသင္ေက်ာင္းထဲအထိေတာင္ မိုင္းေထာင္ၿပီး ထားခဲ့တာ”ဟု ၎ကဆိုသည္။ လမ္းပန္းဆက္သြယ္ေရးသည္ ေဒသခံတစ္ခုဖြံ႕ၿဖိဳးရန္အတြက္ အခရာ က်သည္ျဖစ္ရာ သီေပါႏွင့္မႏၲေလး အဆက္အသြယ္ေကာင္းလာျခင္းႏွင့္အတူ မၾကာမီတြင္ ယင္းလမ္း ထက္၌ ျပည္သူမ်ား စိတ္လက္ေပါ့ပါးစြာ ခရီးသြားလာႏိုင္ေတာ့မည္ျဖစ္ၿပီး ကုန္စည္မ်ားသည္လည္း ဥဒဟိုျဖတ္သန္းျခင္းကို ျမင္ႏိုင္ေပေတာ့မည္။
သို႔ေသာ္ ယခုထက္တိုင္ ဥပေဒျပင္ပမွ လက္နက္ကိုင္တို႔ႀကီးစိုးရာေဒသအခ်ိဳ႕တြင္ကား ယင္းအ ခြင့္အေရးကိုမရရွာၾကေသးပါ။ စစ္ကို မည္သူကမွ် မလိုခ်င္ေၾကာင္းကို ျမန္မာႏိုင္ငံသည္ ကံဆိုးစြာ ရင္ ျဖင့္ ရင္းကာသိလိုက္ၾကရခ်ိန္ စစ္ကိုေခၚလာသူ ဥပေဒ ျပင္ပလက္နက္ကိုင္သူပုန္တို႔သည္ကား စစ္ပြဲျဖင့္ စီးပြားရွာျခင္းကို အႀကိဳက္ေတြ႕လာေနေၾကာင္း ေဒသခံတို႔ၾကား အခ်င္းခ်င္း မေျပာဘဲသိေနၾကေလၿပီ။

Related news

© 2021. All rights reserved.