အဆိုတော်က စင်ထက်မှ ညစ်ညမ်းစကားပြောသောကိစ္စနှင့်ပတ်သက်၍ Over Flow Festival ပွဲ စီစဉ်သူကိုပါ စစ်ဆေးနေ

 682

သန့်ဇင်(NP News)-နိုဝင်ဘာ ၄
အဆိုတော်က စင်ထက်မှ ညစ်ညမ်း စကားပြောသောကိစ္စနှင့်ပတ်သက်၍ Over Flow Festival ပွဲ စီစဉ်သူကိုပါ စစ်ဆေးနေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်၊ ည ၉ နာရီအချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍ(၂၉)ရပ်ကွက်၊ပေါ်ဆန်းမွှေးလမ်း၊ Eastan Yangon Event Park တွင် အမျိုးသမီးတစ်ဦးက ဦးဆောင်ကာ Over Flow Festival ဖျော်ဖြေပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် ဖျော်ဖြေခဲ့သော အဆိုတော် Wink၊ Bkho bain နှင့် အပေါင်းအပါတို့ က ကွန်ဒုံးများအား ပရိသတ်များထံသို့ ပစ်ချသည့်အပြင် ညစ်ညမ်းစွာပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် ပွဲစီစဉ်သူ အမျိုးသမီးကို ခေါ်ယူစစ်ဆေးနေကြောင်း သိရပြီး အဆိုတော် နှင့် အပေါင်းအပါတို့ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း သတင်းထွက်ပေါ်နေပြီး အဆိုပါ အချက်ကိုမူ သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Over Flow Festival ဖျော်ဖြေပွဲကျင်းပရန် ပွဲမိန့်တင်ပြတောင်းခံစဉ်က ဖျော်ဖြေမည့်အဆိုတော်စာရင်းတွင် ထွန်းန္ဒြာဗိုလ်၊ မိုးမိုး နှင့် Eillie တို့ (၃)ဦးသာ ပါဝင်ခဲ့သော်လည်း ပွဲကျင်းပချိန်တွင် အခြားအဆိုတော်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Zawgyi Verion:
အဆိုေတာ္က စင္ထက္မွ ညစ္ညမ္းစကားေျပာေသာကိစၥႏွင့္ပတ္သက္၍ Over Flow Festival ပြဲ စီစဥ္သူကိုပါ စစ္ေဆးေန
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၄
အဆိုေတာ္က စင္ထက္မွ ညစ္ညမ္း စကားေျပာေသာကိစၥႏွင့္ပတ္သက္၍ Over Flow Festival ပြဲ စီစဥ္သူကိုပါ စစ္ေဆးေနေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂ ရက္၊ ည ၉ နာရီအခ်ိန္ခန႔္က သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝ႑(၂၉)ရပ္ကြက္၊ေပၚဆန္းေမႊးလမ္း၊ Eastan Yangon Event Park တြင္ အမ်ိဳးသမီးတစ္ဦးက ဦးေဆာင္ကာ Over Flow Festival ေဖ်ာ္ေျဖပြဲကို က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲတြင္ ေဖ်ာ္ေျဖခဲ့ေသာ အဆိုေတာ္ Wink၊ Bkho bain ႏွင့္ အေပါင္းအပါတို႔ က ကြန္ဒုံးမ်ားအား ပရိသတ္မ်ားထံသို႔ ပစ္ခ်သည့္အျပင္ ညစ္ညမ္းစြာေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လက္ရွိတြင္ ပြဲစီစဥ္သူ အမ်ိဳးသမီးကို ေခၚယူစစ္ေဆးေနေၾကာင္း သိရၿပီး အဆိုေတာ္ ႏွင့္ အေပါင္းအပါတို႔ကိုလည္း ေခၚယူစစ္ေဆးေနေၾကာင္း သတင္းထြက္ေပၚေနၿပီး အဆိုပါ အခ်က္ကိုမူ သီးသန႔္ အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
Over Flow Festival ေဖ်ာ္ေျဖပြဲက်င္းပရန္ ပြဲမိန႔္တင္ျပေတာင္းခံစဥ္က ေဖ်ာ္ေျဖမည့္အဆိုေတာ္စာရင္းတြင္ ထြန္းျႏၵာဗိုလ္၊ မိုးမိုး ႏွင့္ Eillie တို႔ (၃)ဦးသာ ပါဝင္ခဲ့ေသာ္လည္း ပြဲက်င္းပခ်ိန္တြင္ အျခားအဆိုေတာ္မ်ားလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.