နျူကလီးယားရေငုပ်သင်္ဘောအသစ်တစ်စီးကို ရုရှားအစိုးရ ထုတ်ပြန်ပြသ

 415

Pika (NP News) - နိုဝင်ဘာ ၅

‘Khabarovsk’ လို့အမည်ပေးထားတဲ့ နျူကလီးယားရေငုပ်သင်္ဘောအသစ်တစ်စီးကို ရုရှားအစိုးရက ထုတ်ပြန် ပြသခဲ့တယ်လို့ သိရပါတယ်။ အဲဒီနျူကလီးယားရေငုပ်သင်္ဘောအသစ်ဟာ ကြီးမားတဲ့တော်ပီဒိုပုံစံ နျူကလီးယား စွမ်းအင်သုံး Poseidon drone ကို သယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နျူကလီးယားရေငုပ်သင်္ဘောအသစ် ထုတ်ပြန်ပြသမှုအခမ်းအနားကို Severodvinsk မြို့မှာ ကျင်းပခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီး Andrey Belousov နဲ့ အခြားထိပ်တန်းအရာရှိတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ Andrey Belousov က “ဒီနေ့က ကျွန်တော်တို့အတွက် အရေးပါတဲ့နေ့ရက်တစ်ခုပဲဖြစ်ပါတယ်။ နျူကလီးယားရေငုပ်သင်္ဘော Khabarovsk ကို နာမည်ကြီး Sevmash သင်္ဘောကျင်းရဲ့လျှောလမ်းကနေ အောင်မြင်စွာရေချခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နျူကလီးယားရေငုပ်သင်္ဘောအသစ်ဟာ ရုရှားရဲ့ရေကြောင်း နယ်နမိတ်တွေလုံခြုံရေး၊ ကမ္ဘာ့သမုဒ္ဒရာတွေက အစိတ်အပိုင်းတွေမှာ ရုရှားရဲ့အမျိုးသားအကျိုးစီးပွားတွေကိုကာကွယ်ရေးတို့နဲ့ဆက်စပ်တဲ့မစ်ရှင်တွေကို အောင်မြင်စွာလုပ်ဆောင်စေနိုင်လိမ့်မယ်လို့ Andrey Belousov က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း နျူကလီးယားရေငုပ်သင်္ဘော Khabarovsk ဟာ ပင်လယ်ရေပြင်စမ်းသပ်မှုများစွာကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့ လိုအပ်နေဆဲဖြစ်ပြီး မကြာခင်အချိန်အတွင်း မစ်ရှင်တွေအားလုံးကို အောင်မြင်စွာလုပ်ဆောင်ပြီးသွားလိမ့်မယ်လို့ Andrey Belousov က ပြောကြားခဲ့ပါတယ်။

Zawgyi Verion:
န်ဴကလီးယားေရငုပ္သေဘၤာအသစ္တစ္စီးကို ႐ုရွားအစိုးရ ထုတ္ျပန္ျပသ
Pika (NP News) - ႏိုဝင္ဘာ ၅
‘Khabarovsk’ လို႔အမည္ေပးထားတဲ့ န်ဴကလီးယားေရငုပ္သေဘၤာအသစ္တစ္စီးကို ႐ုရွားအစိုးရက ထုတ္ျပန္ ျပသခဲ့တယ္လို႔ သိရပါတယ္။ အဲဒီန်ဴကလီးယားေရငုပ္သေဘၤာအသစ္ဟာ ႀကီးမားတဲ့ေတာ္ပီဒိုပုံစံ န်ဴကလီးယား စြမ္းအင္သုံး Poseidon drone ကို သယ္ေဆာင္ဖို႔ ဒီဇိုင္းထုတ္ထားတာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
န်ဴကလီးယားေရငုပ္သေဘၤာအသစ္ ထုတ္ျပန္ျပသမႈအခမ္းအနားကို Severodvinsk ၿမိဳ႕မွာ က်င္းပခဲ့ၿပီး ႐ုရွားကာကြယ္ေရးဝန္ႀကီး Andrey Belousov နဲ႔ အျခားထိပ္တန္းအရာရွိေတြ တက္ေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ Andrey Belousov က “ဒီေန႔က ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ေန႔ရက္တစ္ခုပဲျဖစ္ပါတယ္။ န်ဴကလီးယားေရငုပ္သေဘၤာ Khabarovsk ကို နာမည္ႀကီး Sevmash သေဘၤာက်င္းရဲ႕ေလွ်ာလမ္းကေန ေအာင္ျမင္စြာေရခ်ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ န်ဴကလီးယားေရငုပ္သေဘၤာအသစ္ဟာ ႐ုရွားရဲ႕ေရေၾကာင္း နယ္နမိတ္ေတြလုံၿခဳံေရး၊ ကမာၻ႔သမုဒၵရာေတြက အစိတ္အပိုင္းေတြမွာ ႐ုရွားရဲ႕အမ်ိဳးသားအက်ိဳးစီးပြားေတြကိုကာကြယ္ေရးတို႔နဲ႔ဆက္စပ္တဲ့မစ္ရွင္ေတြကို ေအာင္ျမင္စြာလုပ္ေဆာင္ေစႏိုင္လိမ့္မယ္လို႔ Andrey Belousov က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း န်ဴကလီးယားေရငုပ္သေဘၤာ Khabarovsk ဟာ ပင္လယ္ေရျပင္စမ္းသပ္မႈမ်ားစြာကို ၿပီးဆုံးေအာင္လုပ္ေဆာင္ဖို႔ လိုအပ္ေနဆဲျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္း မစ္ရွင္ေတြအားလုံးကို ေအာင္ျမင္စြာလုပ္ေဆာင္ၿပီးသြားလိမ့္မယ္လို႔ Andrey Belousov က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.