နောက်ထပ်ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတပြော

116

Pika (NP News) - နိုဝင်ဘာ ၅
အမေရိကန်ထုတ် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ဂျာမနီဆီကနေ ထပ်မံလက်ခံရရှိခဲ့ တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းကို Tomahawk ခရုဇ်ဒုံးကျည်တွေ၊ နောက်ထပ်ပက်ထရီယော့ဘက်ထရီတွေ အပါအဝင် တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ ထပ်မံထောက်ပံ့ပေးဖို့ ယူကရိန်းက ၎င်းရဲ့အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေကို ဆက်တိုက်ဖိအားပေးနေခဲ့တာလည်း ဖြစ်ပါတယ်။
ယူကရိန်းမှာ ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်(၈)ခုရှိပေမယ့်လည်း (၆)ခုသာ လည်ပတ်နေတယ် လို့ New York Times သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းကို ပက်ထရီယော့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးမှုအတွက် ဂျာမန်အဓိပတိဖရက်ဒရစ်မာ့ဇ်ကို ကျေးဇူးတင်တယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ကျွန်တော်တို့ရဲ့သဘောတူညီချက်တွေက ပြည့်စုံသွားပါပြီ။ လက်ရှိအချိန်မှာတော့ ယူကရိန်းကို ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထပ်မံရောက်ရှိနေပြီး စတင်အသုံးပြုဖို့လုပ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းကို အမေရိကန်ထုတ် တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ပေးပို့တာဟာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းရာမှာ အကူအညီတွေဖြစ်စေလိမ့်မှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပေးပို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Verion:
ေနာက္ထပ္ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို လက္ခံရရွိခဲ့တယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၅
အေမရိကန္ထုတ္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ဂ်ာမနီဆီကေန ထပ္မံလက္ခံရရွိခဲ့ တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းကို Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ၊ ေနာက္ထပ္ပက္ထရီေယာ့ဘက္ထရီေတြ အပါအဝင္ တာေဝးပစ္စစ္လက္နက္ပစၥည္းေတြ ထပ္မံေထာက္ပံ့ေပးဖို႔ ယူကရိန္းက ၎ရဲ႕အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြကို ဆက္တိုက္ဖိအားေပးေနခဲ့တာလည္း ျဖစ္ပါတယ္။
ယူကရိန္းမွာ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္(၈)ခုရွိေပမယ့္လည္း (၆)ခုသာ လည္ပတ္ေနတယ္ လို႔ New York Times သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းကို ပက္ထရီေယာ့ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြ ေထာက္ပံ့ေပးမႈအတြက္ ဂ်ာမန္အဓိပတိဖရက္ဒရစ္မာ့ဇ္ကို ေက်းဇူးတင္တယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ကြၽန္ေတာ္တို႔ရဲ႕သေဘာတူညီခ်က္ေတြက ျပည့္စုံသြားပါၿပီ။ လက္ရွိအခ်ိန္မွာေတာ့ ယူကရိန္းကို ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ထပ္မံေရာက္ရွိေနၿပီး စတင္အသုံးျပဳဖို႔လုပ္ေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းကို အေမရိကန္ထုတ္ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေပးပို႔တာဟာ ယူကရိန္းပဋိပကၡကို ေျဖရွင္းရာမွာ အကူအညီေတြျဖစ္ေစလိမ့္မွာ မဟုတ္ဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေပးပို႔မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။