ရောမမြို့လယ်မှာရှိတဲ့ Colosseum နေရာအနီးက အလယ်ခေတ်မျှော်စင် Torre dei Conti တစ်စိတ်တစ်ပိုင်းပြိုကျ

 159

Pika (NP News) - နိုဝင်ဘာ ၅

အီတလီနိုင်ငံ ရောမမြို့လယ်ရှိ သမိုင်းဝင်အထိမ်းအမှတ်နေရာ Colosseum အနီးမှာတည်ရှိတဲ့ အလယ်ခေတ် မျှော်စင် Torre dei Conti ဟာ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ပြီး ဆောက်လုပ်ရေးလုပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။
(၁၃)ရာစုနှစ်တုန်းက တည်ဆောက်ခဲ့တဲ့အဆောက်အဦးဟာ (၂ဝဝ၆)ခုနှစ်တည်းက စတင်ကာ အသုံးပြုတာမျိုး မရှိတော့ဘဲ လာမယ့်နှစ်မှာပြီးဆုံးမယ့် လေးနှစ်ကြာ ပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်းကို လုပ်ဆောင်နေချိန် အတွင်း ယခုလိုပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြိုကျမှုဖြစ်ပွားချိန်အတွင်း အဆောက်အဦးအနီးမှာ ဆောက်လုပ်ရေးလုပ်သားများစွာရှိနေခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးအနက် (၁)ဦးက ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အခြားဆောက်လုပ်ရေးလုပ်သားတစ်ဦးလည်း အပျက်အစီး တွေအောက်မှာ ပိတ်မိနေခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။
တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ သူ့ကိုအသက်ရှင်လျက် ကယ်ထုတ်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ပြိုကျနိုင်တဲ့အန္တရာယ်တွေရှိနေတာကြောင့် ကယ်ဆယ်ဖို့အခြေအနေတွေက ရှုပ်ထွေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာ အလယ်ခေတ်မျှော်စင်အဆောက်အဦးရဲ့ ဘေးဘက်က နံရံတွေပြိုကျနေသလို အလယ်မှာရှိတဲ့ နံရံတွေပြိုကျနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Verion:
ေရာမၿမိဳ႕လယ္မွာရွိတဲ့ Colosseum ေနရာအနီးက အလယ္ေခတ္ေမွ်ာ္စင္ Torre dei Conti တစ္စိတ္တစ္ပိုင္းၿပိဳက်
Pika (NP News) - ႏိုဝင္ဘာ ၅
အီတလီႏိုင္ငံ ေရာမၿမိဳ႕လယ္ရွိ သမိုင္းဝင္အထိမ္းအမွတ္ေနရာ Colosseum အနီးမွာတည္ရွိတဲ့ အလယ္ေခတ္ ေမွ်ာ္စင္ Torre dei Conti ဟာ တစ္စိတ္တစ္ပိုင္းၿပိဳက်ခဲ့ၿပီး ေဆာက္လုပ္ေရးလုပ္သား(၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တစ္ဦးက အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနခဲ့တယ္လို႔ သိရပါတယ္။
(၁၃)ရာစုႏွစ္တုန္းက တည္ေဆာက္ခဲ့တဲ့အေဆာက္အဦးဟာ (၂ဝဝ၆)ခုႏွစ္တည္းက စတင္ကာ အသုံးျပဳတာမ်ိဳး မရွိေတာ့ဘဲ လာမယ့္ႏွစ္မွာၿပီးဆုံးမယ့္ ေလးႏွစ္ၾကာ ျပန္လည္ျပဳျပင္မြမ္းမံေရးစီမံကိန္းကို လုပ္ေဆာင္ေနခ်ိန္ အတြင္း ယခုလိုၿပိဳက်မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ၿပိဳက်မႈျဖစ္ပြားခ်ိန္အတြင္း အေဆာက္အဦးအနီးမွာ ေဆာက္လုပ္ေရးလုပ္သားမ်ားစြာရွိေနခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ(၃)ဦးအနက္ (၁)ဦးက ထိခိုက္ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အျခားေဆာက္လုပ္ေရးလုပ္သားတစ္ဦးလည္း အပ်က္အစီး ေတြေအာက္မွာ ပိတ္မိေနခဲ့တယ္လို႔ တာဝန္ရွိသူေတြကေျပာၾကားခဲ့ပါတယ္။
တာဝန္ရွိသူတစ္ဦးက “ကြၽန္ေတာ္တို႔ သူ႔ကိုအသက္ရွင္လ်က္ ကယ္ထုတ္ဖို႔ႀကိဳးစားေနပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္ၿပိဳက်ႏိုင္တဲ့အႏၲရာယ္ေတြရွိေနတာေၾကာင့္ ကယ္ဆယ္ဖို႔အေျခအေနေတြက ရႈပ္ေထြးေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္ေတြမွာ အလယ္ေခတ္ေမွ်ာ္စင္အေဆာက္အဦးရဲ႕ ေဘးဘက္က နံရံေတြၿပိဳက်ေနသလို အလယ္မွာရွိတဲ့ နံရံေတြၿပိဳက်ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.