ဝါးအထပ်သားထုတ်လုပ်သည့်စက်ရုံတည်ဆောက်ရန် စီစဉ်နေသော်လည်း ကုန်ကြမ်း မလုံလောက်သေး

 235

Pearl (NP News) - နိုဝင်ဘာလ ၅

ဝါးအထပ်သားထုတ်လုပ်သည့်စက်ရုံတည် ဆောက်ရန်စီစဉ်နေသော်လည်း ကုန်ကြမ်းမလုံလောက်သေး ကြောင်း ဝါးပညာရှင် ဦးကျော်ဝင်းထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
စမ်းသပ်ထုတ်လုပ်ထားသည့် ဝါးအထပ်သားများကို ပြည်တွင်းသုံး အပါအဝင် ပြည်ပသို့တင်ပို့နိုင်ရေး အတွက် စက်ရုံတည်ဆောက်ကာ ထုတ်လုပ် နိုင်ရေး ကုန်ကျစရိတ်များနှင့် ထုတ်လုပ်နိုင်မှုများကို ပညာရှင်များ နှင့် တွက်ချက်မှုများဆောင်ရွက်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ကိုယ်တိုင်လည်း စမ်းသပ်ပြီးထုတ်လုပ်ပြီးပြီ။ အဲဒီထုတ်လုပ်တာမျိုးကိုလည်း သင်တန်းပေး ဖို့လုပ်နေတယ်။ စက်ရုံတစ်ရုံကို ဘယ် လောက်ကုန်မလဲ၊ အလုပ်သမားရော၊ ပညာရှင်ရော၊ ကုန်ကြမ်း၊ နည်းပညာ အကုန်လုံးကိုတွက်ချက်ထား တာရှိတယ်။ အသေးစိတ်ကို ပညာရှင်တစ်ယောက်နဲ့ တွက်ချက်ထားတယ်။ ပလန်တော့ဆွဲထားတယ်။ ဘယ်လောက်ထိလုပ်ဖြစ်မလဲမသိသေးဘူး။ လုပ်ဖြစ် ရင် နေပြည်တော်မှာပဲလုပ်ဖြစ်မှာ။ ဝါးအထပ်သား တစ်ရက်ကို အချပ်(၃၀ဝ)ထုတ်မယ်ဆိုရင် အထပ် သားတစ်ချပ်က ဝါး(၅လုံးလိုမယ်ပေါ့နော်။ ဝါးနဲ့လုပ် အားခနဲ့လျှပ်စစ်နဲ့ အကုန်ပေါင်းလိုက်ရင် ကုန်ကျစ ရိတ်အကြမ်းဖျင်းတွက်ထားတာရှိတယ်"ဟု ဦးကျော် ဝင်းကပြောသည်။
အဆိုပါ ဝါးအထပ်အသားစက်ရုံကို နေပြည်တော်ကောင်စီနယ်မြေ၌ တည်ဆောက်ရန်ရည်မှန်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ဒေသခံများအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မည်ဖြစ်ကာ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားဝင်ငွေ အများအပြားရရှိနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့်အ ထပ်သားအများအတွက်ကုန်ကျနေသည့် နိုင်ငံခြားငွေ သုံးစွဲမှုများလည်း လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
" နိုင်ငံခြားဝင်ငွေရမယ့်စက်ရုံပုံစံကို သွားချင်တာ။ စက်ရုံပုံစံဆိုတာ အထပ်သားတို့လို၊ ပါကေးတို့လို ဝါးနဲ့စက်ရုံပိုင်းကိုသွားချင်တာ။ ပုံမှန်လည်ပတ်နိုင်ရင် ပြည်တွင်းသုံးစွဲမှုရော၊ နိုင်ငံခြားဝင်ငွေရော အများကြီးရမှာ ဆိုတော့ လောလောဆယ်တော့ စက်ရုံပုံစံလေးသွားချင်တာဖြစ်တဲ့အတွက် အဲဒီအတွက် ပြင်ဆင်နေတယ်။ ဘာလောက်ကြာမလဲတော့ မသိသေးဘူး။ လက်မှုအတွက် သင်တန်းပေးတာလေးနားပြီး စက်ရုံလေးလုပ်ဖို့ ကြိုးစားနေပါတယ်။ အဓိကရည်မှန်းထားတာတော့ ဝါးအထပ်သားပေါ့။ ကျွန်တော်တို့နိုင်ငံလည်း တခြားနိုင်ငံ ကနေမှာ သုံးနေရတာတွေရှိတာဆိုတော့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်။ နောက် နိုင်ငံခြားငွေ သုံးစွဲမှုလျော့သွားမယ်။ ဒါကို ထဲထဲဝင်ဝင်လုပ်လိုက်နိုင်ရင်တော့ အများကြီး အဆင်ပြေသွားမယ်။ တိုင်းတစ်တိုင်းမှာ စက်ရုံတစ်ရုံ ကောင်းကောင်းလည်နိုင်ရင်တော့ ဒေါ်လာ (၂၅) သန်းလောက်ရနိုင်တယ်။ ကုန်ကြမ်းလုံလုံလောက် လောက်ရဖို့တော့လိုတာပေါ့။ ကုန်ကြမ်းလုံလုံလောက်လောက်ရရင် လူတွေလည်း အလုပ်အများကြီးရမယ်။ နိုင်ငံခြားဝင်ငွေလည်းရမယ်။ နိုင်ငံခြားထွက်ငွေတွေလည်း ကာကွယ်ပေးနိုင်တာပေါ့" ဟု ဦးကျော်ဝင်းက ပြောသည်။ ဝါးအထပ်အသားစက်ရုံတည်ဆောက်နိုင်ရေးအတွက် အဓိကရင်ဆိုင်ရသည့်ပြဿနာသည် ကုန်ကြမ်း မလုံလောက်မှုဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ကုန်ကြမ်းလုံလောက်မှုရရှိရေး နှင့် နမူနာပြအဖြစ် ဝါးအထပ်အသားစက်ရုံ အကောင် အထည်ဖော်နိုင်ရေးအတွက် အခြေခံဖြစ်သည့် ဝါးစိုက် ပျိုးမှုကိုဆောင်ရွက်နေကြောင်းလည်းသိရသည်။
" အဓိကကတော့ ကျွန်တော်တို့ရင်ဆိုင်နေ ရတာက ကုန်ကြမ်းမလုံလောက်မှု။ တောထဲမှာ ဝါး တွေအလကားရနေတာရှိပါတယ်။ ဘယ်သူဖြစ်ဖြစ် ခုတ်လို့ရတယ်ဆိုပေမယ့် ကားလမ်းမပေါက်တာတွေ၊ တောထဲမှာဝါးရှိလို့ ကြိုက်သလောက်ထုတ်လို့ရတယ် ဆိုပေမယ့်မလွယ်ဘူးဗျ။ လုပ်သားရှားပါးတာရယ်၊ ဝါး တောတွေကဝေးသွားတာရယ်။ မျှစ်ချိုးတဲ့အားက များ လာတာရယ်ကြောင့် မဖြစ်မနေ စိုက်ကိုစိုက်မှရမှာ။ ကျွန်တော်တို့က မဖြစ်မနေစိုက်ကိုစိုက်မှရမှာ။ အစိုးရ က စိုက်ပျိုးဖို့မြေနေရာတော့ပေးတယ်။ တကယ်သွား လုပ်တဲ့အခါ ထင်သလောက်တော့မလွယ်လောက် ဘူး။ ဝါးဆိုတာက သူ့ရာသီနဲ့ အအေးပိုင်းကြိုက်တဲ့ဝါးနဲ့ အပူပိုင်းကြိုက်တဲ့ဝါးရှိတာဆိုတော့။ စိုက်ချင်တဲ့ဝါးက တစ်မျိုး၊ ရတဲ့မြေကတစ်မျိုးဖြစ်လာနိုင်တယ်။ အဲဒါ မျိုးပြဿနာလေးတွေပေါ့။ ရတဲ့နေရာယူပြီး ဖြစ်သလို စိုက်ပျိုးထုတ်လုပ်မယ်ဆိုတာလည်း သိပ်တော့မလွယ် ဘူး။ နမူနာပြအဖြစ်နဲ့ အကောင်အထည်ဖော်လို့ရ အောင် အခြေခံကျကျလည်းလုပ်နိုင်အောင်ဆိုပြီး တော့မှ (၁)ကပြန်စပြီး ဝါးတွေပျိုးပြီးတော့မှ စိုက်ဖို့အ တွက်လုပ်နေတယ်။ သူများတွေကိုလည်း စိုက်ဖို့အ တွက်တိုက်တွန်းနေတယ်။ ကိုယ်တိုင်လည်း စိုက်ပျိုး နေတယ်" ဟု ဦးကျော်ဝင်းကပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအားတွေ့ဆုံ စဉ် ဧရာဝတီတိုင်းဒေသကြီးတွင် ဝါးများ ပေါများစွာ ထွက်ရှိကြောင်း၊ ဝါးများကိုအသုံးပြု၍ ပျော့ဖတ်များ နှင့်စက္ကူများထုတ်လုပ်နိုင်သကဲ့သို့ လူသုံးကုန်ပစ္စည်း များလည်းထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဝါးအခြေ ခံသည့်ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း လည်း တိုက်တွန်းပြောကြားဖူးသည်။

Zawgyi Verion:
ဝါးအထပ္သားထုတ္လုပ္သည့္စက္႐ုံတည္ေဆာက္ရန္ စီစဥ္ေနေသာ္လည္း ကုန္ၾကမ္း မလုံေလာက္ေသး
Pearl (NP News) - ႏိုဝင္ဘာလ ၅
ဝါးအထပ္သားထုတ္လုပ္သည့္စက္႐ုံတည္ ေဆာက္ရန္စီစဥ္ေနေသာ္လည္း ကုန္ၾကမ္းမလုံေလာက္ေသး ေၾကာင္း ဝါးပညာရွင္ ဦးေက်ာ္ဝင္းထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
စမ္းသပ္ထုတ္လုပ္ထားသည့္ ဝါးအထပ္သားမ်ားကို ျပည္တြင္းသုံး အပါအဝင္ ျပည္ပသို႔တင္ပို႔ႏိုင္ေရး အတြက္ စက္႐ုံတည္ေဆာက္ကာ ထုတ္လုပ္ ႏိုင္ေရး ကုန္က်စရိတ္မ်ားႏွင့္ ထုတ္လုပ္ႏိုင္မႈမ်ားကို ပညာရွင္မ်ား ႏွင့္ တြက္ခ်က္မႈမ်ားေဆာင္႐ြက္ထားေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း စမ္းသပ္ၿပီးထုတ္လုပ္ၿပီးၿပီ။ အဲဒီထုတ္လုပ္တာမ်ိဳးကိုလည္း သင္တန္းေပး ဖို႔လုပ္ေနတယ္။ စက္႐ုံတစ္႐ုံကို ဘယ္ ေလာက္ကုန္မလဲ၊ အလုပ္သမားေရာ၊ ပညာရွင္ေရာ၊ ကုန္ၾကမ္း၊ နည္းပညာ အကုန္လုံးကိုတြက္ခ်က္ထား တာရွိတယ္။ အေသးစိတ္ကို ပညာရွင္တစ္ေယာက္နဲ႔ တြက္ခ်က္ထားတယ္။ ပလန္ေတာ့ဆြဲထားတယ္။ ဘယ္ေလာက္ထိလုပ္ျဖစ္မလဲမသိေသးဘူး။ လုပ္ျဖစ္ ရင္ ေနျပည္ေတာ္မွာပဲလုပ္ျဖစ္မွာ။ ဝါးအထပ္သား တစ္ရက္ကို အခ်ပ္(၃၀ဝ)ထုတ္မယ္ဆိုရင္ အထပ္ သားတစ္ခ်ပ္က ဝါး(၅လုံးလိုမယ္ေပါ့ေနာ္။ ဝါးနဲ႔လုပ္ အားခနဲ႔လွ်ပ္စစ္နဲ႔ အကုန္ေပါင္းလိုက္ရင္ ကုန္က်စ ရိတ္အၾကမ္းဖ်င္းတြက္ထားတာရွိတယ္"ဟု ဦးေက်ာ္ ဝင္းကေျပာသည္။
အဆိုပါ ဝါးအထပ္အသားစက္႐ုံကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ၌ တည္ေဆာက္ရန္ရည္မွန္း ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ပါက ေဒသခံမ်ားအတြက္ အလုပ္အကိုင္မ်ားစြာ ဖန္တီးေပးႏိုင္မည္ျဖစ္ကာ ႏိုင္ငံေတာ္အေနျဖင့္ ႏိုင္ငံျခားဝင္ေငြ အမ်ားအျပားရရွိႏိုင္မည္ျဖစ္သည့္အျပင္ ျပည္ပမွ ဝယ္ယူတင္သြင္းေနရသည့္အ ထပ္သားအမ်ားအတြက္ကုန္က်ေနသည့္ ႏိုင္ငံျခားေငြ သုံးစြဲမႈမ်ားလည္း ေလ်ာ့နည္းသြားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
" ႏိုင္ငံျခားဝင္ေငြရမယ့္စက္႐ုံပုံစံကို သြားခ်င္တာ။ စက္႐ုံပုံစံဆိုတာ အထပ္သားတို႔လို၊ ပါေကးတို႔လို ဝါးနဲ႔စက္႐ုံပိုင္းကိုသြားခ်င္တာ။ ပုံမွန္လည္ပတ္ႏိုင္ရင္ ျပည္တြင္းသုံးစြဲမႈေရာ၊ ႏိုင္ငံျခားဝင္ေငြေရာ အမ်ားႀကီးရမွာ ဆိုေတာ့ ေလာေလာဆယ္ေတာ့ စက္႐ုံပုံစံေလးသြားခ်င္တာျဖစ္တဲ့အတြက္ အဲဒီအတြက္ ျပင္ဆင္ေနတယ္။ ဘာေလာက္ၾကာမလဲေတာ့ မသိေသးဘူး။ လက္မႈအတြက္ သင္တန္းေပးတာေလးနားၿပီး စက္႐ုံေလးလုပ္ဖို႔ ႀကိဳးစားေနပါတယ္။ အဓိကရည္မွန္းထားတာေတာ့ ဝါးအထပ္သားေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံလည္း တျခားႏိုင္ငံ ကေနမွာ သုံးေနရတာေတြရွိတာဆိုေတာ့ ျပည္တြင္းလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မယ္။ ေနာက္ ႏိုင္ငံျခားေငြ သုံးစြဲမႈေလ်ာ့သြားမယ္။ ဒါကို ထဲထဲဝင္ဝင္လုပ္လိုက္ႏိုင္ရင္ေတာ့ အမ်ားႀကီး အဆင္ေျပသြားမယ္။ တိုင္းတစ္တိုင္းမွာ စက္႐ုံတစ္႐ုံ ေကာင္းေကာင္းလည္ႏိုင္ရင္ေတာ့ ေဒၚလာ (၂၅) သန္းေလာက္ရႏိုင္တယ္။ ကုန္ၾကမ္းလုံလုံေလာက္ ေလာက္ရဖို႔ေတာ့လိုတာေပါ့။ ကုန္ၾကမ္းလုံလုံေလာက္ေလာက္ရရင္ လူေတြလည္း အလုပ္အမ်ားႀကီးရမယ္။ ႏိုင္ငံျခားဝင္ေငြလည္းရမယ္။ ႏိုင္ငံျခားထြက္ေငြေတြလည္း ကာကြယ္ေပးႏိုင္တာေပါ့" ဟု ဦးေက်ာ္ဝင္းက ေျပာသည္။ ဝါးအထပ္အသားစက္႐ုံတည္ေဆာက္ႏိုင္ေရးအတြက္ အဓိကရင္ဆိုင္ရသည့္ျပႆနာသည္ ကုန္ၾကမ္း မလုံေလာက္မႈျဖစ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ကုန္ၾကမ္းလုံေလာက္မႈရရွိေရး ႏွင့္ နမူနာျပအျဖစ္ ဝါးအထပ္အသားစက္႐ုံ အေကာင္ အထည္ေဖာ္ႏိုင္ေရးအတြက္ အေျခခံျဖစ္သည့္ ဝါးစိုက္ ပ်ိဳးမႈကိုေဆာင္႐ြက္ေနေၾကာင္းလည္းသိရသည္။
" အဓိကကေတာ့ ကြၽန္ေတာ္တို႔ရင္ဆိုင္ေန ရတာက ကုန္ၾကမ္းမလုံေလာက္မႈ။ ေတာထဲမွာ ဝါး ေတြအလကားရေနတာရွိပါတယ္။ ဘယ္သူျဖစ္ျဖစ္ ခုတ္လို႔ရတယ္ဆိုေပမယ့္ ကားလမ္းမေပါက္တာေတြ၊ ေတာထဲမွာဝါးရွိလို႔ ႀကိဳက္သေလာက္ထုတ္လို႔ရတယ္ ဆိုေပမယ့္မလြယ္ဘူးဗ်။ လုပ္သားရွားပါးတာရယ္၊ ဝါး ေတာေတြကေဝးသြားတာရယ္။ မွ်စ္ခ်ိဳးတဲ့အားက မ်ား လာတာရယ္ေၾကာင့္ မျဖစ္မေန စိုက္ကိုစိုက္မွရမွာ။ ကြၽန္ေတာ္တို႔က မျဖစ္မေနစိုက္ကိုစိုက္မွရမွာ။ အစိုးရ က စိုက္ပ်ိဳးဖို႔ေျမေနရာေတာ့ေပးတယ္။ တကယ္သြား လုပ္တဲ့အခါ ထင္သေလာက္ေတာ့မလြယ္ေလာက္ ဘူး။ ဝါးဆိုတာက သူ႔ရာသီနဲ႔ အေအးပိုင္းႀကိဳက္တဲ့ဝါးနဲ႔ အပူပိုင္းႀကိဳက္တဲ့ဝါးရွိတာဆိုေတာ့။ စိုက္ခ်င္တဲ့ဝါးက တစ္မ်ိဳး၊ ရတဲ့ေျမကတစ္မ်ိဳးျဖစ္လာႏိုင္တယ္။ အဲဒါ မ်ိဳးျပႆနာေလးေတြေပါ့။ ရတဲ့ေနရာယူၿပီး ျဖစ္သလို စိုက္ပ်ိဳးထုတ္လုပ္မယ္ဆိုတာလည္း သိပ္ေတာ့မလြယ္ ဘူး။ နမူနာျပအျဖစ္နဲ႔ အေကာင္အထည္ေဖာ္လို႔ရ ေအာင္ အေျခခံက်က်လည္းလုပ္ႏိုင္ေအာင္ဆိုၿပီး ေတာ့မွ (၁)ကျပန္စၿပီး ဝါးေတြပ်ိဳးၿပီးေတာ့မွ စိုက္ဖို႔အ တြက္လုပ္ေနတယ္။ သူမ်ားေတြကိုလည္း စိုက္ဖို႔အ တြက္တိုက္တြန္းေနတယ္။ ကိုယ္တိုင္လည္း စိုက္ပ်ိဳး ေနတယ္" ဟု ဦးေက်ာ္ဝင္းကေျပာသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္သည္ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕ရွိ ဌာန ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအားေတြ႕ဆုံ စဥ္ ဧရာဝတီတိုင္းေဒသႀကီးတြင္ ဝါးမ်ား ေပါမ်ားစြာ ထြက္ရွိေၾကာင္း၊ ဝါးမ်ားကိုအသုံးျပဳ၍ ေပ်ာ့ဖတ္မ်ား ႏွင့္စကၠဴမ်ားထုတ္လုပ္ႏိုင္သကဲ့သို႔ လူသုံးကုန္ပစၥည္း မ်ားလည္းထုတ္လုပ္ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ဝါးအေျခ ခံသည့္ထုတ္ကုန္ပစၥည္းမ်ား ပိုမိုတိုးတက္ထုတ္လုပ္ ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း လည္း တိုက္တြန္းေျပာၾကားဖူးသည္။

Related news

© 2021. All rights reserved.