အလေးချိန်(၂)ကရက်ရှိ စိန်ပါသည့် မျက်လုံးတုကို ထည့်သွင်းထားသော အမေရိကန်အမျိုးသား

 62

Pika (NP News) - နိုဝင်ဘာလ ၅

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှ ရတနာဆိုင်ပိုင်ရှင်တစ်ဦးသည် ၎င်း၏ညာဘက် မျက်လုံးကိုဆုံးရှုံးခဲ့ရပြီးနောက် မျက်လုံးအတုတွင် စိန်တစ်လုံးထည့်သွင်းကာ ကိုယ်ပိုင်စိတ်ကြိုက်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အလာဘားမားပြည်နယ်ဒေသခံအမျိုးသားတစ်ဦးဖြစ်သည့် ဆော်လ် တာဂျုန်းစ် သည် ကမ္ဘာ့ဈေးအကြီးဆုံးမျက်လုံးအတုကိုပိုင်ဆိုင်ထားသူအဖြစ် စံချိန်တင်ခဲ့ကြောင်းသိရ သည်။
ကြောက်စရာကောင်းသော ဖျားနာမှုအပြီးတွင် ညာဘက်မျက်လုံးကိုဆုံးရှုံးခဲ့ရသည့် ဆော်လ် တာဂျုန်းစ် သည် မျက်လုံးတုကျွမ်းကျင်သူ ဂျွန်လီ ယန်နှင့်အတူ ၎င်း၏ကိုယ်ပိုင်လက္ခဏာကို ထင်ဟပ် စေမည့်မျက်လုံး အတုကို စိတ်ကြိုက်ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အလယ်တွင် အလေးချိန်(၂)ကရက်ရှိ စိန်တစ်လုံးကို ထည့်သွင်းထားသည့် ထူး ခြားသောစိန်မျက်လုံးသည် အလင်းရောင်နှင့်ထိတွေ့သည့်အချိန်တွင် တောက်ပနေပြီး ဆော်လ်တာဂျုန်းစ် သွားလေရာနေရာတိုင်းတွင် လူအများထံမှ အံ့အားသင့်မှုများကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
ဆော်လ်တာဂျုန်းစ်က "ကျွန်တော့်ညာ ဘက်မျက်လုံးကို ဆုံးရှုံးခဲ့ရပေမယ့် ဒီမျက်လုံးတုအသစ်က ကျွန်တော့်ဘဝထဲကို အလင်းသစ်တစ်ခုယူဆောင်လာပေးခဲ့ပါတယ်။ ဒီမျက်လုံးတုက အနု ပညာလက်ရာတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး" ဟု ပြောခဲ့သည်။ မျက်လုံးတုကျွမ်းကျင်သူ ဂျွန်လီယန်က "အသက်သီတင်းပတ် (၆)ပတ်လောက်ရှိတဲ့ကလေးငယ်တွေကနေစတင်ပြီး အသက်(၁၀၁)နှစ်ရှိတဲ့လူကြီးတွေအတွက် မျက်လုံးအတု (၁၀ဝဝဝ)ခန့် ဖန်တီးခဲ့ပေမယ့် ဆော်လ်တာဂျုန်းစ်နဲ့အတူ ဖန်တီးခဲ့တဲ့ဟာက ပစ္စည်းအရ အဖိုးအတန်ဆုံး မျက်လုံးအတု တစ်ခုပဲဖြစ်ပါတယ်" ဟုပြောခဲ့သည်။

Zawgyi Verion:
အေလးခ်ိန္(၂)ကရက္ရွိ စိန္ပါသည့္ မ်က္လုံးတုကို ထည့္သြင္းထားေသာ အေမရိကန္အမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာလ ၅
အေမရိကန္ႏိုင္ငံ အလာဘားမားျပည္နယ္မွ ရတနာဆိုင္ပိုင္ရွင္တစ္ဦးသည္ ၎၏ညာဘက္ မ်က္လုံးကိုဆုံးရႈံးခဲ့ရၿပီးေနာက္ မ်က္လုံးအတုတြင္ စိန္တစ္လုံးထည့္သြင္းကာ ကိုယ္ပိုင္စိတ္ႀကိဳက္ျပင္ဆင္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။ အလာဘားမားျပည္နယ္ေဒသခံအမ်ိဳးသားတစ္ဦးျဖစ္သည့္ ေဆာ္လ္ တာဂ်ဳန္းစ္ သည္ ကမာၻ႔ေဈးအႀကီးဆုံးမ်က္လုံးအတုကိုပိုင္ဆိုင္ထားသူအျဖစ္ စံခ်ိန္တင္ခဲ့ေၾကာင္းသိရ သည္။
ေၾကာက္စရာေကာင္းေသာ ဖ်ားနာမႈအၿပီးတြင္ ညာဘက္မ်က္လုံးကိုဆုံးရႈံးခဲ့ရသည့္ ေဆာ္လ္ တာဂ်ဳန္းစ္ သည္ မ်က္လုံးတုကြၽမ္းက်င္သူ ဂြၽန္လီ ယန္ႏွင့္အတူ ၎၏ကိုယ္ပိုင္လကၡဏာကို ထင္ဟပ္ ေစမည့္မ်က္လုံး အတုကို စိတ္ႀကိဳက္ဖန္တီးခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ အလယ္တြင္ အေလးခ်ိန္(၂)ကရက္ရွိ စိန္တစ္လုံးကို ထည့္သြင္းထားသည့္ ထူး ျခားေသာစိန္မ်က္လုံးသည္ အလင္းေရာင္ႏွင့္ထိေတြ႕သည့္အခ်ိန္တြင္ ေတာက္ပေနၿပီး ေဆာ္လ္တာဂ်ဳန္းစ္ သြားေလရာေနရာတိုင္းတြင္ လူအမ်ားထံမွ အံ့အားသင့္မႈမ်ားကိုျဖစ္ေပၚေစခဲ့ေၾကာင္း သိရသည္။
ေဆာ္လ္တာဂ်ဳန္းစ္က "ကြၽန္ေတာ့္ညာ ဘက္မ်က္လုံးကို ဆုံးရႈံးခဲ့ရေပမယ့္ ဒီမ်က္လုံးတုအသစ္က ကြၽန္ေတာ့္ဘဝထဲကို အလင္းသစ္တစ္ခုယူေဆာင္လာေပးခဲ့ပါတယ္။ ဒီမ်က္လုံးတုက အႏု ပညာလက္ရာတစ္ခုလို႔ ေျပာရင္လည္း မမွားပါဘူး" ဟု ေျပာခဲ့သည္။ မ်က္လုံးတုကြၽမ္းက်င္သူ ဂြၽန္လီယန္က "အသက္သီတင္းပတ္ (၆)ပတ္ေလာက္ရွိတဲ့ကေလးငယ္ေတြကေနစတင္ၿပီး အသက္(၁၀၁)ႏွစ္ရွိတဲ့လူႀကီးေတြအတြက္ မ်က္လုံးအတု (၁၀ဝဝဝ)ခန႔္ ဖန္တီးခဲ့ေပမယ့္ ေဆာ္လ္တာဂ်ဳန္းစ္နဲ႔အတူ ဖန္တီးခဲ့တဲ့ဟာက ပစၥည္းအရ အဖိုးအတန္ဆုံး မ်က္လုံးအတု တစ္ခုပဲျဖစ္ပါတယ္" ဟုေျပာခဲ့သည္။

Related news

© 2021. All rights reserved.