Over Flow Festival ပွဲစင်မြင့်ထက်၌ ညစ်ညမ်း စကားပြောခဲ့သည့် အဆိုတော်များနှင့် ပတ်သက်၍ တိကျသည့် ထုတ်ပြန်မှုမရှိသေး

383

Pearl (NP News) - နိုဝင်ဘာ ၅
Over Flow Festival ပွဲစင်မြင့်ထက်၌ ညစ်ညမ်း စကားပြောခဲ့သည့် အဆိုတော်များနှင့် ပတ်သက်၍ တိကျသည့် ထုတ်ပြန်မှုမရှိသေးကြောင်း ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်၊ ည ၉ နာရီအချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍ(၂၉)ရပ်ကွက်၊ပေါ်ဆန်းမွှေးလမ်း၊ Eastan Yangon Event Park တွင် အမျိုးသမီးတစ်ဦးက ဦးဆောင်ကာ Over Flow Festival ဖျော်ဖြေပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပွဲတွင် ဖျော်ဖြေခဲ့သော အဆိုတော် Wink၊ Bkho bain နှင့် အပေါင်းအပါတို့ က ကွန်ဒုံးများအား ပရိသတ်များထံသို့ ပစ်ချသည့်အပြင် ညစ်ညမ်းစွာပြောဆိုခဲ့ကြကာ အဆိုပါ ပွဲစီစဉ်သူ အမျိုးသမီး၊ အဆိုတော် နှင့် အပေါင်းအပါ တို့ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
“ဖမ်းမိတယ်ဆိုတာ သတင်းအမှားပါတဲ့။အဲ့ကလေး ကို ဒုက္ခရောက်စေချင်လို့တော့မဟုတ်ဘူး။ ကိုယ့်အပြစ်ကိုယ်ခံပေါ့ ။ အခု သူက ပြေးတော့ Show လုပ်တဲ့ သူ ဒုက္ခရောက်ပြီပေါ့ ။ သူရှင်းရတော့မှာ ။ လွယ်လွယ်လေး ပြီးသွားရင် အကြောင်းမဟုတ်ဘူး ။ နောက်တစ်ခုက အဆိုတော်တွေက အခု ကျွန်တော်တို့ ခေတ်တုန်းကလို ဆင်ဆာရှိတာမဟုတ်ဘူး ။ ဆင်ဆာမရှိတဲ့ အတွက် ပိုလွတ်လပ်တယ်။ ပိုဂေါ်တဲ့ စကားလုံးတွေ ထွက်တယ် ။ပိုဆန်းသစ်ပိုင်ခွင့်ရှိတယ် ။ အဲ့ဒါတွေက ကောင်းတဲ့ဘက်က ။ရိုင်းတာတွေပါရင်တော့ မကောင်းဘူးပေါ့ ။အခုလိုဖြစ်မှာပေါ့ ။နောက် Show လုပ်ရင် စာသား တွေ အကုန်ဆင်ဆာတင်တို့ ။ Official ထွက်တဲ့ သီချင်းပဲ ဆိုရမယ်တို့ ။အဆိုတော်ကို ကန်ထရိုက်က တာဝန်ယူရမယ်တို့အလုပ်တွေ အများကြီး ပိုရှုပ်လာမှာ ။သူကတော့ ယားလိုက်တာပဲ ။Show ဆိုနေတဲ့ လူအကုန်လုံးကို ဂယက်ရိုက်မှာ” ဟု အဆိုတော်ယုန်လေးက ၎င်း၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
လက်ရှိတွင် အဆိုတော် Wink၊ Bkho bain နှင့် အပေါင်းအပါတို့က ထွက်ပြေးတိမ်းရှောင်နေရာမှ မန္တလေးတိုင်း ဒေသကြီးအတွင်းပြန်လည် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းများထပ်မံထွက်ပေါ်နေပြီး အဆိုတော် နှင့် အပေါင်းအပါများအား အမှုဖွင့် အရေးယူနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းအား NP News အနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

Zawgyi Version:
Over Flow Festival ပြဲစင္ျမင့္ထက္၌ ညစ္ညမ္း စကားေျပာခဲ့သည့္ အဆိုေတာ္မ်ားႏွင့္ ပတ္သက္၍ တိက်သည့္ ထုတ္ျပန္မႈမရွိေသး
Pearl (NP News) - ႏိုဝင္ဘာ ၅
Over Flow Festival ပြဲစင္ျမင့္ထက္၌ ညစ္ညမ္း စကားေျပာခဲ့သည့္ အဆိုေတာ္မ်ားႏွင့္ ပတ္သက္၍ တိက်သည့္ ထုတ္ျပန္မႈမရွိေသးေၾကာင္း ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂ ရက္၊ ည ၉ နာရီအခ်ိန္ခန႔္က သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝ႑(၂၉)ရပ္ကြက္၊ေပၚဆန္းေမႊးလမ္း၊ Eastan Yangon Event Park တြင္ အမ်ိဳးသမီးတစ္ဦးက ဦးေဆာင္ကာ Over Flow Festival ေဖ်ာ္ေျဖပြဲကို က်င္းပခဲ့ေၾကာင္းသိရသည္။
အဆိုပါပြဲတြင္ ေဖ်ာ္ေျဖခဲ့ေသာ အဆိုေတာ္ Wink၊ Bkho bain ႏွင့္ အေပါင္းအပါတို႔ က ကြန္ဒုံးမ်ားအား ပရိသတ္မ်ားထံသို႔ ပစ္ခ်သည့္အျပင္ ညစ္ညမ္းစြာေျပာဆိုခဲ့ၾကကာ အဆိုပါ ပြဲစီစဥ္သူ အမ်ိဳးသမီး၊ အဆိုေတာ္ ႏွင့္ အေပါင္းအပါ တို႔ကိုလည္း ေခၚယူစစ္ေဆးေနေၾကာင္း သတင္းထြက္ေပၚခဲ့သည္။
“ဖမ္းမိတယ္ဆိုတာ သတင္းအမွားပါတဲ့။အဲ့ကေလး ကို ဒုကၡေရာက္ေစခ်င္လို႔ေတာ့မဟုတ္ဘူး။ ကိုယ့္အျပစ္ကိုယ္ခံေပါ့ ။ အခု သူက ေျပးေတာ့ Show လုပ္တဲ့ သူ ဒုကၡေရာက္ၿပီေပါ့ ။ သူရွင္းရေတာ့မွာ ။ လြယ္လြယ္ေလး ၿပီးသြားရင္ အေၾကာင္းမဟုတ္ဘူး ။ ေနာက္တစ္ခုက အဆိုေတာ္ေတြက အခု ကြၽန္ေတာ္တို႔ ေခတ္တုန္းကလို ဆင္ဆာရွိတာမဟုတ္ဘူး ။ ဆင္ဆာမရွိတဲ့ အတြက္ ပိုလြတ္လပ္တယ္။ ပိုေဂၚတဲ့ စကားလုံးေတြ ထြက္တယ္ ။ပိုဆန္းသစ္ပိုင္ခြင့္ရွိတယ္ ။ အဲ့ဒါေတြက ေကာင္းတဲ့ဘက္က ။႐ိုင္းတာေတြပါရင္ေတာ့ မေကာင္းဘူးေပါ့ ။အခုလိုျဖစ္မွာေပါ့ ။ေနာက္ Show လုပ္ရင္ စာသား ေတြ အကုန္ဆင္ဆာတင္တို႔ ။ Official ထြက္တဲ့ သီခ်င္းပဲ ဆိုရမယ္တို႔ ။အဆိုေတာ္ကို ကန္ထ႐ိုက္က တာဝန္ယူရမယ္တို႔အလုပ္ေတြ အမ်ားႀကီး ပိုရႈပ္လာမွာ ။သူကေတာ့ ယားလိုက္တာပဲ ။Show ဆိုေနတဲ့ လူအကုန္လုံးကို ဂယက္႐ိုက္မွာ” ဟု အဆိုေတာ္ယုန္ေလးက ၎၏ ေဖ့ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာတြင္ေရးသားထားသည္။
လက္ရွိတြင္ အဆိုေတာ္ Wink၊ Bkho bain ႏွင့္ အေပါင္းအပါတို႔က ထြက္ေျပးတိမ္းေရွာင္ေနရာမွ မႏၲေလးတိုင္း ေဒသႀကီးအတြင္းျပန္လည္ ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း သတင္းမ်ားထပ္မံထြက္ေပၚေနၿပီး အဆိုေတာ္ ႏွင့္ အေပါင္းအပါမ်ားအား အမႈဖြင့္ အေရးယူႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး၊ သကၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰနယ္ေျမရဲစခန္းအား NP News အေနျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ျပန္လည္ ေျဖၾကားျခင္းမရွိေပ။