မြန်မာနိုင်ငံ မှ အေးခဲ ထောပတ်သီးတန် (၂၀၀) အိန္ဒိယသို့တင်ပို့မည်

 143

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၆
မြန်မာနိုင်ငံကနေထွက်ရှိတဲ့ထောပတ်သီးတန် ၂၀၀ ကိုအိန္ဒိယနိုင်ငံသို့ယခုအနှစ်အတွင်းတင်ပို့သွားနိုင်ရန် စီစဉ်နေကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရသည်။
ယခုကဲ့သို့တင်ပို့နိုင်အတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တန်ဖိုးမြှင့်ထောပတ်သီးထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
" မြန်မာနိုင်ငံ က ခုနှစ်ထောပတ်သီးရာသီ မှာ အေးခဲထောပတ်သီး တန် ၂၀၀ ခန့်အား အိန္ဒိယနိုင်ငံကို တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း က အိန္ဒိယနိုင်ငံဘက်ကို နမူနာပေးပို့ဖို့ ဆွေးနွေးထားပါတယ်” ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။
မြန်မာ့ထောပတ်သီး အိန္ဒိယ နိုင်ငံတင်ပို့ရာတွင် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အိန္ဒိယနိုင်ငံဘက်မှ ပံ့ပိုးပေးရန်တွက်လည်း အပြန်အလှန်ပြောကြားထားကြောင်းသိရသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ထောပတ်သီးစက်ရုံအသစ်တည်ဆောက်နိုင်ရန် အတွက် နှင့် အိန္ဒိယ နိုင်ငံ မှ လာရောက်ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ရန် ရှိကြောင်းသိရသည်။
အိန္ဒိယနိုင်ငံကိုယခုကဲသို့မြန်မာ့ထောပတ်သီးတင်ပို့နိုင်ရန်အတွက်၂၀၂၅ခုနှစ် ၊ ဩဂုတ်ဝန်းကျင်ထဲကစပြီးနှစ်နိုင်ငံကြားပြန်လှန်ဆွေးနွေးမှုများစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ မွ ေအးခဲ ေထာပတ္သီးတန္ (၂၀၀) အိႏၵိယသို႔တင္ပို႔မည္
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၆
ျမန္မာႏိုင္ငံကေနထြက္ရွိတဲ့ေထာပတ္သီးတန္ ၂၀၀ ကိုအိႏၵိယႏိုင္ငံသို႔ယခုအႏွစ္အတြင္းတင္ပို႔သြားႏိုင္ရန္ စီစဥ္ေနေၾကာင္းျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွသိရသည္။
ယခုကဲ့သို႔တင္ပို႔ႏိုင္အတြက္ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔အၾကား တန္ဖိုးျမႇင့္ေထာပတ္သီးထုတ္လုပ္မႈက႑တြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ေဆြးေႏြးျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
" ျမန္မာႏိုင္ငံ က ခုႏွစ္ေထာပတ္သီးရာသီ မွာ ေအးခဲေထာပတ္သီး တန္ ၂၀၀ ခန႔္အား အိႏၵိယႏိုင္ငံကို တင္ပို႔ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံေထာပတ္သီးစိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္း က အိႏၵိယႏိုင္ငံဘက္ကို နမူနာေပးပို႔ဖို႔ ေဆြးေႏြးထားပါတယ္” ဟု ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕ ၏ တာဝန္ရွိသူတစ္ဦးကဆိုသည္။
ျမန္မာ့ေထာပတ္သီး အိႏၵိယ ႏိုင္ငံတင္ပို႔ရာတြင္ အိႏၵိယႏိုင္ငံ၏ ေဆာင္႐ြက္ရမည့္လုပ္ငန္းစဥ္မ်ားကို အိႏၵိယႏိုင္ငံဘက္မွ ပံ့ပိုးေပးရန္တြက္လည္း အျပန္အလွန္ေျပာၾကားထားေၾကာင္းသိရသည္။
ဆက္လက္ၿပီး ျမန္မာႏိုင္ငံတြင္ ေထာပတ္သီးစက္႐ုံအသစ္တည္ေဆာက္ႏိုင္ရန္ အတြက္ ႏွင့္ အိႏၵိယ ႏိုင္ငံ မွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ား ျပဳလုပ္ရန္ ရွိေၾကာင္းသိရသည္။
အိႏၵိယႏိုင္ငံကိုယခုကဲသို႔ျမန္မာ့ေထာပတ္သီးတင္ပို႔ႏိုင္ရန္အတြက္၂၀၂၅ခုႏွစ္ ၊ ဩဂုတ္ဝန္းက်င္ထဲကစၿပီးႏွစ္ႏိုင္ငံၾကားျပန္လွန္ေဆြးေႏြးမႈမ်ားစတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.