(၁၀)လကျော် အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၉၀၀၀) ကျော် ပြည်နှင်လွှဲပြောင်းပေးခဲ့

111

Pearl (NP News) - နိုဝင်ဘာ ၆
(၁၀)လကျော် အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၉၀၀၀)ကျော် ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်မှ ထုတ်ပြန်ထားချက်များအရ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား နှစ်ဦးနှင့် တရုတ်နိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၈ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင် ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၇၆၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ ကြောင်း သိရသည်။
၎င်းတို့အနက်မှ ၉၄၀၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၃၅၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့်နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။

Zawgyi Version:
(၁၀)လေက်ာ္ အတြင္း ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၉၀၀၀) ေက်ာ္ ျပည္ႏွင္လႊဲေျပာင္းေပးခဲ့
Pearl (NP News) - ႏိုဝင္ဘာ ၆
(၁၀)လေက်ာ္ အတြင္း ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၉၀၀၀)ေက်ာ္ ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္မွ ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွ တရားမဝင္ ဝင္ေရာက္လာၿပီး ကရင္ျပည္နယ္ ျမဝတီ-မဲ့ေထာ္သေလး(KK Park)နယ္ေျမမွ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ ဖိလစ္ပိုင္ႏိုင္ငံသား ၁၅ ဦး၊ အီသီယိုးပီးယားႏိုင္ငံသား ႏွစ္ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား တစ္ဦး၊ စုစုေပါင္းျပည္ပႏိုင္ငံသား ၁၈ ဦးကို ထပ္မံစစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္ ရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၃၀ ရက္မွ ႏိုဝင္ဘာ ၅ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း ၁၀၇၆၂ ဦး စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ ေၾကာင္း သိရသည္။
၎တို႔အနက္မွ ၉၄၀၃ ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ျပည္ပႏိုင္ငံသား ၁၃၅၉ ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ၎တို႔ကို ထိန္းသိမ္းေစာင့္ေရွာက္ထားရွိသည္။
ႏိုင္ငံေတာ္အေနျဖင့္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ေနာက္ကြယ္မွႀကိဳးကိုင္ေသာ ႏိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ျပင္းျပင္းထန္ထန္အေရးယူႏိုင္ေရး အိမ္နီးခ်င္းႏွင့္ေဒသတြင္းႏိုင္ငံမ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ တက္ႂကြစြာပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားႏွင့္ လူကုန္ကူးခံရသည့္ႏိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ေရး ထိေရာက္စြာညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း လည္း သိရသည္။