မြန်မာသတင်းမီဒီယာများအတွက် (၃)ကြိမ်မြောက်အဖြစ် အခန်း(၃)ခန်းပါ ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်ဖြန့်ဝေ

103

သန့်ဇင်(NP News)-နိုဝင်ဘာ ၆
မြန်မာသတင်းမီဒီယာများအတွက် (၃)ကြိမ်မြောက်အဖြစ် အခန်း(၃)ခန်းပါ ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်ကို ယနေ့(နိုဝင်ဘာ ၆ ရက်)က စတင်ကာ ဖြန့်ဝေလိုက်ကြောင်း သိရသည်။
မြန်မာသတင်းမီဒီယာများအတွက် ၂၀၂၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၆ရက်) နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
“ဘယ်လိုကြောင့် ကျွန်တော်တို့ ဒါကိုထုတ်ဝေရလဲဆိုတော့ ကျွန်တော်တို့ သတင်းမီဒီယာကောင်စီဖွဲ့ပြီးတဲ့ကာလမှာ ရွေးကောက်ပွဲ တတိယအကြိမ်နဲ့ကြုံတာဖြစ်ပါတယ်။ (၂၀၁၅)ခုနှစ်မှာ တစ်ကြိမ်။ အဲဒီတုန်းကတော့ စာနယ်ဇင်းကောင်စီဆိုပြီးတော့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမဖြစ်ခင် ခဏကြာတော့လည်း သတင်းမီဒီယာကောင်စီအမည်ပြောင်းလိုက်တာပါပဲ။ အဲဒီ လက်ထက်မှာတစ်ကြိမ်ထုတ် ပါတယ်။ နောက်တစ်ကြိမ်ကတော့ ရွေးကောက်ပွဲနဲ့တိုက်ဆိုင်တဲ့ (၂၀၂၀)မှာ အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကို မီဒီယာသမားတွေ အတွက် စာအုပ်ထုတ်ပါတယ်။ ဒါဟာဆိုရင်ကျွန်တော်တို့ အချိန်မှာ ရွေးကောက်ပွဲနဲ့ ကြုံကြိုက်တဲ့ (၂၀၂၅)မှာ တတိယအကြိမ်မြောက် တတိယစာအုပ်ဖြစ်ပါတယ်။ ပြောရရင် သတင်းမီဒီယာကောင်စီကနေထုတ်တဲ့စာအုပ်ပေါ့နော်”ဟု သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ပြောသည်။
အဆိုပါစာအုပ်ကို သတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် (၇)ဦးက စာအုပ်ပြုစုရေးကော်မတီဖွဲ့စည်းကာ ပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းစာအုပ်အတွင်းပါအချက်အလက်များသည် (၂၀၁၅)ခုနှစ်နှင့် (၂၀၂၀)ခုနှစ်က ထုတ်ဝေခဲ့သော ရွေးကောက်ပွဲလမ်းညွှန် စာအုပ် များမှ အချက်အလက်များနှင့် လက်ရှိအခြေအနေနှင့်အချိန်အခါအား လိုက်လျောညီထွေသော အချက်အလက်များကိုလည်း စီစစ်သုံးသပ် ပြုစုထားခြင်းဖြစ်ကြောင်း ဒေါက်တာတင်ထွန်းဦးက ဆိုသည်။
“ဘယ်လိုပြုစုခဲ့လဲဆိုရင် ကျွန်တော်တို့ ကောင်စီဝင်တွေထဲက (၇)ဦးပေါ့။ စာအုပ်ပြုစုရေးကော်မတီဆိုပြီးဖွဲ့ပါတယ်။ ဖွဲ့ပြီးတဲ့အခါကျတော့ အရင်ထွက်ပြီးသားစာအုပ် (၂) အုပ်စီထဲက (၂၀၁၅)နဲ့ (၂၀၂၀)က အဲဒါကို ကျွန်တော်က အစီရင်ခံတယ်။ အစီရင်ခံပြီးတော့မှ အဲဒီကနေပြီး တော့မှ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီ ထွေဖြစ်တဲ့ အချက်အလက်တွေကို စိစစ်သုံးသပ်ပြီးတော့မှ ပြုစုပါတယ်”ဟု ဒေါက်တာ တင်ထွန်းဦးက ပြောသည်။
၂၀၂၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းမီဒီယာကောင်စီ နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)တို့ကတစ်ဆင့် အုပ်ရေ (၂၀၀၀) ဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာသတင္းမီဒီယာမ်ားအတြက္ (၃)ႀကိမ္ေျမာက္အျဖစ္ အခန္း(၃)ခန္းပါ ေ႐ြးေကာက္ပြဲဆိုင္ရာလမ္းၫႊန္စာအုပ္ျဖန႔္ေဝ
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၆
ျမန္မာသတင္းမီဒီယာမ်ားအတြက္ (၃)ႀကိမ္ေျမာက္အျဖစ္ အခန္း(၃)ခန္းပါ ေ႐ြးေကာက္ပြဲဆိုင္ရာလမ္းၫႊန္စာအုပ္ကို ယေန႔(ႏိုဝင္ဘာ ၆ ရက္)က စတင္ကာ ျဖန႔္ေဝလိုက္ေၾကာင္း သိရသည္။
ျမန္မာသတင္းမီဒီယာမ်ားအတြက္ ၂၀၂၅ခုႏွစ္ ေ႐ြးေကာက္ပြဲဆိုင္ရာ လမ္းၫႊန္စာအုပ္မိတ္ဆက္ပြဲအခမ္းအနားကို ယေန႔(ႏိုဝင္ဘာ ၆ရက္) နံနက္ ၁၀ နာရီက ရန္ကုန္ၿမိဳ႕၊ သိမ္ျဖဴလမ္း၊ သတင္းႏွင့္စာနယ္ဇင္းလုပ္ငန္း၊ ေ႐ႊဥေဒါင္းခန္းမတြင္က်င္းပခဲ့ေၾကာင္း သိရသည္။
“ဘယ္လိုေၾကာင့္ ကြၽန္ေတာ္တို႔ ဒါကိုထုတ္ေဝရလဲဆိုေတာ့ ကြၽန္ေတာ္တို႔ သတင္းမီဒီယာေကာင္စီဖြဲ႕ၿပီးတဲ့ကာလမွာ ေ႐ြးေကာက္ပြဲ တတိယအႀကိမ္နဲ႔ႀကဳံတာျဖစ္ပါတယ္။ (၂၀၁၅)ခုႏွစ္မွာ တစ္ႀကိမ္။ အဲဒီတုန္းကေတာ့ စာနယ္ဇင္းေကာင္စီဆိုၿပီးေတာ့ ျမန္မာႏိုင္ငံသတင္း မီဒီယာေကာင္စီမျဖစ္ခင္ ခဏၾကာေတာ့လည္း သတင္းမီဒီယာေကာင္စီအမည္ေျပာင္းလိုက္တာပါပဲ။ အဲဒီ လက္ထက္မွာတစ္ႀကိမ္ထုတ္ ပါတယ္။ ေနာက္တစ္ႀကိမ္ကေတာ့ ေ႐ြးေကာက္ပြဲနဲ႔တိုက္ဆိုင္တဲ့ (၂၀၂၀)မွာ အေထြေထြေ႐ြးေကာက္ပြဲလမ္းၫႊန္ကို မီဒီယာသမားေတြ အတြက္ စာအုပ္ထုတ္ပါတယ္။ ဒါဟာဆိုရင္ကြၽန္ေတာ္တို႔ အခ်ိန္မွာ ေ႐ြးေကာက္ပြဲနဲ႔ ႀကဳံႀကိဳက္တဲ့ (၂၀၂၅)မွာ တတိယအႀကိမ္ေျမာက္ တတိယစာအုပ္ျဖစ္ပါတယ္။ ေျပာရရင္ သတင္းမီဒီယာေကာင္စီကေနထုတ္တဲ့စာအုပ္ေပါ့ေနာ္”ဟု သတင္းမီဒီယာေကာင္စီဥကၠ႒ ေဒါက္တာတင္ထြန္းဦးက ေျပာသည္။
အဆိုပါစာအုပ္ကို သတင္းမီဒီယာေကာင္စီမွ အဖြဲ႕ဝင္ (၇)ဦးက စာအုပ္ျပဳစုေရးေကာ္မတီဖြဲ႕စည္းကာ ျပဳစုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းစာအုပ္အတြင္းပါအခ်က္အလက္မ်ားသည္ (၂၀၁၅)ခုႏွစ္ႏွင့္ (၂၀၂၀)ခုႏွစ္က ထုတ္ေဝခဲ့ေသာ ေ႐ြးေကာက္ပြဲလမ္းၫႊန္ စာအုပ္ မ်ားမွ အခ်က္အလက္မ်ားႏွင့္ လက္ရွိအေျခအေနႏွင့္အခ်ိန္အခါအား လိုက္ေလ်ာညီေထြေသာ အခ်က္အလက္မ်ားကိုလည္း စီစစ္သုံးသပ္ ျပဳစုထားျခင္းျဖစ္ေၾကာင္း ေဒါက္တာတင္ထြန္းဦးက ဆိုသည္။
“ဘယ္လိုျပဳစုခဲ့လဲဆိုရင္ ကြၽန္ေတာ္တို႔ ေကာင္စီဝင္ေတြထဲက (၇)ဦးေပါ့။ စာအုပ္ျပဳစုေရးေကာ္မတီဆိုၿပီးဖြဲ႕ပါတယ္။ ဖြဲ႕ၿပီးတဲ့အခါက်ေတာ့ အရင္ထြက္ၿပီးသားစာအုပ္ (၂) အုပ္စီထဲက (၂၀၁၅)နဲ႔ (၂၀၂၀)က အဲဒါကို ကြၽန္ေတာ္က အစီရင္ခံတယ္။ အစီရင္ခံၿပီးေတာ့မွ အဲဒီကေနၿပီး ေတာ့မွ အေျခအေနအခ်ိန္အခါနဲ႔ လိုက္ေလ်ာညီ ေထြျဖစ္တဲ့ အခ်က္အလက္ေတြကို စိစစ္သုံးသပ္ၿပီးေတာ့မွ ျပဳစုပါတယ္”ဟု ေဒါက္တာ တင္ထြန္းဦးက ေျပာသည္။
၂၀၂၅ခုႏွစ္ ေ႐ြးေကာက္ပြဲဆိုင္ရာ လမ္းၫႊန္စာအုပ္ကို ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ သတင္းမီဒီယာေကာင္စီ ႏွင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC)တို႔ကတစ္ဆင့္ အုပ္ေရ (၂၀၀၀) ျဖန႔္ေဝမည္ျဖစ္ေၾကာင္း သိရသည္။