နေပြည်တော်ရှိ စီမံကိန်းဦးစီးဌာနအတွက် တာဝန်ထမ်းဆောင်ရန် ဒုဦးစီးမှူးရာထူးများခေါ်ယူနေ

161

စော(NP News)- နိုဝင်ဘာ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန (နေပြည်တော်) တွင် တာဝန်ထမ်းဆောင်ရန် ဒုတိယဦးစီးမှူးရာထူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူးရာထူးများ ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ ဒုတိယဦးစီးမှူးရာထူးအတွက် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) ဘွဲရရှိသူ (၁၅)ဦး၊ စီးပွားရေးဘွဲ့ (B.Com) (သို့မဟုတ်) B.Act (သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး D.A ရရှိသူ (၁)ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc)ရရှိသူ တစ်ဦးနှင့် ဒုတိယလက်ထောက်ဦးစီးမှူးရာထူးအတွက် ဘွဲ့တစ်ခုခုရရှိသူ (၈)ဦးခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
လျှောက်ထားသူသည် လျှောက်လွှာပိတ်သည့်ရက်တွင် အသက် ၂၈နှစ်ထက်မကျော်လွန်သူဖြစ်ရမည်ဖြစ်ပြီး
အနည်းဆုံးလုပ်သက် တစ်ဆက်တည်း (၃) နှစ် တာဝန်ထမ်းဆောင် နိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်ထားသူများသည် စာမေးပွဲကြေး ငွေကျပ် (၂၀၀၀) ကို နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် စီမံကိန်း ဦးစီးဌာန၊ ငွေစာရင်းအမှတ် MD – 010475 သို့ ပေးသွင်းရမည်ဖြစ်ပြီး လျှောက်လွှာကို စီမံကိန်းဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဌာနခွဲ၊ ရုံးအမှတ်(၁၅)တွင် စာမေးပွဲကြေးပေးသွင်းသော ချလန်မူရင်းပြသ၍ ယနေ့ (နိုဝင်ဘာ ၆ရက်)မှစ၍ ထုတ်ယူနိုင်ကြောင်းသိရသည်။ အဆိုပါ လျှောက်လွှာများကို လျှောက်လွှာထုတ်ယူရရှိသည့်နေရာသို့ နိုဝင်ဘာ ၂၅ရက် ညနေ (၄)နာရီခွဲနောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ နိုဝင်ဘာ ၂၉ရက်နေ့ နံနက် (၉)နာရီတွင် ဖြေဆိုမည်ဖြစ်၍ စာမေးပွဲဖြေဆိုခွင့်ကတ်များကို နိုဝင်ဘာ ၂၆ရက် မှ ၂၈ရက်နေ့အထိ စီမံကိန်းဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဌာနခွဲ၊ နေပြည်တော်၊ ရုံးအမှတ် (၁၅)တွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္ရွိ စီမံကိန္းဦးစီးဌာနအတြက္ တာဝန္ထမ္းေဆာင္ရန္ ဒုဦးစီးမႉးရာထူးမ်ားေခၚယူေန
ေစာ(NP News)- ႏိုဝင္ဘာ ၆
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ စီမံကိန္းဦးစီးဌာန (ေနျပည္ေတာ္) တြင္ တာဝန္ထမ္းေဆာင္ရန္ ဒုတိယဦးစီးမႉးရာထူးႏွင့္ ဒုတိယလက္ေထာက္ဦးစီးမႉးရာထူးမ်ား ေခၚယူေနေၾကာင္း သိရသည္။
အဆိုပါ ဒုတိယဦးစီးမႉးရာထူးအတြက္ စိုက္ပ်ိဳးေရးသိပၸံဘြဲ႕ (B.Agr.Sc) ဘြဲရရွိသူ (၁၅)ဦး၊ စီးပြားေရးဘြဲ႕ (B.Com) (သို႔မဟုတ္) B.Act (သို႔မဟုတ္) ဘြဲ႕တစ္ခုခုရရွိၿပီး D.A ရရွိသူ (၁)ဦး၊ ကြန္ပ်ဴတာသိပၸံဘြဲ႕ (B.C.Sc)ရရွိသူ တစ္ဦးႏွင့္ ဒုတိယလက္ေထာက္ဦးစီးမႉးရာထူးအတြက္ ဘြဲ႕တစ္ခုခုရရွိသူ (၈)ဦးေခၚယူသြားမည္ျဖစ္ေၾကာင္းသိရသည္။
ေလွ်ာက္ထားသူသည္ ေလွ်ာက္လႊာပိတ္သည့္ရက္တြင္ အသက္ ၂၈ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရမည္ျဖစ္ၿပီး
အနည္းဆုံးလုပ္သက္ တစ္ဆက္တည္း (၃) ႏွစ္ တာဝန္ထမ္းေဆာင္ ႏိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေလွ်ာက္ထားသူမ်ားသည္ စာေမးပြဲေၾကး ေငြက်ပ္ (၂၀၀၀) ကို ေနျပည္ေတာ္ျမန္မာ့စီးပြားေရးဘဏ္တြင္ ဖြင့္လွစ္ထားသည့္ စီမံကိန္း ဦးစီးဌာန၊ ေငြစာရင္းအမွတ္ MD – 010475 သို႔ ေပးသြင္းရမည္ျဖစ္ၿပီး ေလွ်ာက္လႊာကို စီမံကိန္းဦးစီးဌာန၊ စီမံခန႔္ခြဲေရးႏွင့္ ေငြစာရင္းဌာနခြဲ၊ ႐ုံးအမွတ္(၁၅)တြင္ စာေမးပြဲေၾကးေပးသြင္းေသာ ခ်လန္မူရင္းျပသ၍ ယေန႔ (ႏိုဝင္ဘာ ၆ရက္)မွစ၍ ထုတ္ယူႏိုင္ေၾကာင္းသိရသည္။ အဆိုပါ ေလွ်ာက္လႊာမ်ားကို ေလွ်ာက္လႊာထုတ္ယူရရွိသည့္ေနရာသို႔ ႏိုဝင္ဘာ ၂၅ရက္ ညေန (၄)နာရီခြဲေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ၿပီး ေရးေျဖစာေမးပြဲကို ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္၌ ႏိုဝင္ဘာ ၂၉ရက္ေန႔ နံနက္ (၉)နာရီတြင္ ေျဖဆိုမည္ျဖစ္၍ စာေမးပြဲေျဖဆိုခြင့္ကတ္မ်ားကို ႏိုဝင္ဘာ ၂၆ရက္ မွ ၂၈ရက္ေန႔အထိ စီမံကိန္းဦးစီးဌာန၊ စီမံခန႔္ခြဲေရးႏွင့္ ေငြစာရင္းဌာနခြဲ၊ ေနျပည္ေတာ္၊ ႐ုံးအမွတ္ (၁၅)တြင္ ထုတ္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။