ထရမ့်မိန့်ခွန်းကို လွှတ်တော်စီးနင်းမှု အားပေးအားမြှောက်ပြုကြောင်း ပေါ်လွင်စေရန် ဘီဘီစီ ရွေးချယ်တည်းဖြတ်ခဲ့ကြောင်း စွပ်စွဲချက်ထွက်ပေါ်

514

ALynn (NP news)- နိုဝင်ဘာ ၆
ဘီဘီစီသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကို ရွေးချယ်တည်းဖြတ်ခြင်းဖြင့် ထရမ့်က (၂၀၂၁) ခုနှစ်၊ လွှတ်တော်စီးနင်းတိုက်ခိုက်မှုကို အားပေးအားမြှောက်ပြုခဲ့သလို ပုံစံမျိုးဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ဘီဘီစီ၏ ပြင်ပအကြံပေးဟောင်းတစ်ဦးက စွပ်စွဲပြောဆိုခဲ့သည်။
အမေရိကန် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် ထုတ်လွှင့်ခဲ့သော Panorama အစီအစဉ်တစ်ခုတွင် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီ (၆) ရက်နေ့က ထရမ့်ပြောကြားခဲ့သော မိန့်ခွန်းအပိုင်းအစများကို ပေါင်းစပ်ပြသခဲ့သည်။ ထိုသို့ပြသခဲ့သော အပိုင်းတွင် ထရမ့်က ပရိသတ်ကို "ကျွန်တော်တို့ လွှတ်တော်ဆီ ဦးတည်သွားမယ်၊ ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ ရှိနေမယ်၊ ပြီးတော့ တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့ ရေကုန်ရေခမ်း တိုက်ပွဲဝင်မယ်" ဟု တိုက်တွန်းခဲ့ကြောင်း ဖော်ပြ ထားသည်။
အဆိုပါစကားများကို ၎င်း၏မိန့်ခွန်းအရှည်ကြီးထဲမှ တစ်ခုချင်းစီအား ပြန်လည် ဖြတ်တောက် ထားခြင်းဖြစ်ကြောင်း သိရသည်။ ထရမ့်က ၎င်း၏ ထောက်ခံသူများကို "နိုင်ငံချစ်စိတ်အပြည့်နဲ့ မင်းတို့ရဲ့အသံကို ငြိမ်းချမ်းစွာထုတ်ဖော်စေချင်တယ်" ဟု ပြောကြားခဲ့သော အပိုင်းကိုမူ ထည့်သွင်းမပြသခဲ့ပေ။
ထိုကဲ့သို့ အလွဲသုံးစားပြုတည်းဖြတ်မှုနှင့် ပတ်သက်၍ ဘီဘီစီ၏ တည်းဖြတ်ခြင်းနှင့် စံနှုန်းဆိုင်ရာ ကော်မတီ (EGSC) ၏ အလွတ်တန်း ပြင်ပအကြံပေးဟောင်းဖြစ်သူ မိုက်ကယ် ပရက်စကော့က ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။
Telegraph သတင်းစာက ပထမဆုံး ဖော်ပြခဲ့သော ပရက်စကော့၏ အစီရင်ခံစာတွင် အဆိုပါအစီအစဉ်သည် ဗီဒီယိုဖိုင်များကို ပေါင်းစပ်တည်းဖြတ်ခြင်းဖြင့် “ထရမ့် တစ်ခါမှ မပြောခဲ့သည့် စကားများကို ပြောခဲ့သည်ဟု ထင်ရအောင် ပြုလုပ်ခဲ့သည်" ဟု ဖော်ပြထားသည်။
ထိုကဲ့သို့ အလွဲသုံးစားပြုတည်းဖြတ်ထားခြင်းများကို (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်လွှင့်ခဲ့သော "Trump: A Second Chance?" ခေါင်းစဉ်ဖြင့် တစ်နာရီကြာ Panorama အစီအစဉ်တွင် ကြည့်ရှုနိုင်သည်။
ပရက်စကော့က ဘီဘီစီဘုတ်အဖွဲ့သို့ အကြောင်းကြားခဲ့သော်လည်း ဘီဘီစီ အမှုဆောင်အဖွဲ့မှ အရေးယူဆောင်ရွက်မှုမရှိခြင်းအပေါ် စိတ်ပျက်သည့်အတွက် ယခုကဲ့သို့ ထုတ်ဖော်ပြောကြားရခြင်း ဖြစ်ကြောင်း သိရသည်။
ဘီဘီစီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် မှတ်ချက်မပြုလိုပါ။ ဘီဘီစီသို့ အကြံပြုတုံ့ပြန်လာခြင်းများကို အလေးအနက်ထား စဉ်းစားပါသည်။ မိုက်ကယ် ပရက်စကော့သည် ဘုတ်အဖွဲ့ကော်မတီ၏ အကြံပေးဟောင်းတစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့၏ သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ ကွဲပြားသော အမြင်များနှင့် ထင်မြင်ချက်များကို ပုံမှန်ဆွေးနွေးငြင်းခုံလေ့ရှိသည်" ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် အိမ်ဖြူတော်နှင့် ဘီဘီစီတို့၏ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေနိုင်သည်။ ထရမ့်အစိုးရသည် ယခင်က ဘီဘီစီအား ဂါဇာရှိ အမေရိကန်ကျောထောက်နောက်ခံပြု စားနပ်ရိက္ခာဖြန့်ဖြူးရေးနေရာအနီး တိုက်ခိုက်ခံရခြင်း သတင်းကို ဖယ်ရှားခဲ့ခြင်းနှင့်ပတ်သက်၍ စွပ်စွဲခဲ့ဖူးသည်။

Zawgyi Version:
ထရမ့္မိန႔္ခြန္းကို လႊတ္ေတာ္စီးနင္းမႈ အားေပးအားေျမႇာက္ျပဳေၾကာင္း ေပၚလြင္ေစရန္ ဘီဘီစီ ေ႐ြးခ်ယ္တည္းျဖတ္ခဲ့ေၾကာင္း စြပ္စြဲခ်က္ထြက္ေပၚ
ALynn (NP news)- ႏိုဝင္ဘာ ၆
ဘီဘီစီသည္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္၏ မိန႔္ခြန္းကို ေ႐ြးခ်ယ္တည္းျဖတ္ျခင္းျဖင့္ ထရမ့္က (၂၀၂၁) ခုႏွစ္၊ လႊတ္ေတာ္စီးနင္းတိုက္ခိုက္မႈကို အားေပးအားေျမႇာက္ျပဳခဲ့သလို ပုံစံမ်ိဳးျဖစ္ေအာင္ ျပဳလုပ္ခဲ့ေၾကာင္း ဘီဘီစီ၏ ျပင္ပအႀကံေပးေဟာင္းတစ္ဦးက စြပ္စြဲေျပာဆိုခဲ့သည္။
အေမရိကန္ ေ႐ြးေကာက္ပြဲမတိုင္မီ တစ္ပတ္အလိုတြင္ ထုတ္လႊင့္ခဲ့ေသာ Panorama အစီအစဥ္တစ္ခုတြင္ (၂၀၂၁) ခုႏွစ္၊ ဇန္နဝါရီ (၆) ရက္ေန႔က ထရမ့္ေျပာၾကားခဲ့ေသာ မိန႔္ခြန္းအပိုင္းအစမ်ားကို ေပါင္းစပ္ျပသခဲ့သည္။ ထိုသို႔ျပသခဲ့ေသာ အပိုင္းတြင္ ထရမ့္က ပရိသတ္ကို "ကြၽန္ေတာ္တို႔ လႊတ္ေတာ္ဆီ ဦးတည္သြားမယ္၊ ကြၽန္ေတာ္လည္း ခင္ဗ်ားတို႔နဲ႔အတူ ရွိေနမယ္၊ ၿပီးေတာ့ တိုက္ပြဲဝင္မယ္။ ကြၽန္ေတာ္တို႔ ေရကုန္ေရခမ္း တိုက္ပြဲဝင္မယ္" ဟု တိုက္တြန္းခဲ့ေၾကာင္း ေဖာ္ျပ ထားသည္။
အဆိုပါစကားမ်ားကို ၎၏မိန႔္ခြန္းအရွည္ႀကီးထဲမွ တစ္ခုခ်င္းစီအား ျပန္လည္ ျဖတ္ေတာက္ ထားျခင္းျဖစ္ေၾကာင္း သိရသည္။ ထရမ့္က ၎၏ ေထာက္ခံသူမ်ားကို "ႏိုင္ငံခ်စ္စိတ္အျပည့္နဲ႔ မင္းတို႔ရဲ႕အသံကို ၿငိမ္းခ်မ္းစြာထုတ္ေဖာ္ေစခ်င္တယ္" ဟု ေျပာၾကားခဲ့ေသာ အပိုင္းကိုမူ ထည့္သြင္းမျပသခဲ့ေပ။
ထိုကဲ့သို႔ အလြဲသုံးစားျပဳတည္းျဖတ္မႈႏွင့္ ပတ္သက္၍ ဘီဘီစီ၏ တည္းျဖတ္ျခင္းႏွင့္ စံႏႈန္းဆိုင္ရာ ေကာ္မတီ (EGSC) ၏ အလြတ္တန္း ျပင္ပအႀကံေပးေဟာင္းျဖစ္သူ မိုက္ကယ္ ပရက္စေကာ့က ထုတ္ေဖာ္ေျပာၾကားလာျခင္းျဖစ္သည္။
Telegraph သတင္းစာက ပထမဆုံး ေဖာ္ျပခဲ့ေသာ ပရက္စေကာ့၏ အစီရင္ခံစာတြင္ အဆိုပါအစီအစဥ္သည္ ဗီဒီယိုဖိုင္မ်ားကို ေပါင္းစပ္တည္းျဖတ္ျခင္းျဖင့္ “ထရမ့္ တစ္ခါမွ မေျပာခဲ့သည့္ စကားမ်ားကို ေျပာခဲ့သည္ဟု ထင္ရေအာင္ ျပဳလုပ္ခဲ့သည္" ဟု ေဖာ္ျပထားသည္။
ထိုကဲ့သို႔ အလြဲသုံးစားျပဳတည္းျဖတ္ထားျခင္းမ်ားကို (၂၀၂၄) ခုႏွစ္၊ ေအာက္တိုဘာလတြင္ ထုတ္လႊင့္ခဲ့ေသာ "Trump: A Second Chance?" ေခါင္းစဥ္ျဖင့္ တစ္နာရီၾကာ Panorama အစီအစဥ္တြင္ ၾကည့္ရႈႏိုင္သည္။
ပရက္စေကာ့က ဘီဘီစီဘုတ္အဖြဲ႕သို႔ အေၾကာင္းၾကားခဲ့ေသာ္လည္း ဘီဘီစီ အမႈေဆာင္အဖြဲ႕မွ အေရးယူေဆာင္႐ြက္မႈမရွိျခင္းအေပၚ စိတ္ပ်က္သည့္အတြက္ ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာၾကားရျခင္း ျဖစ္ေၾကာင္း သိရသည္။
ဘီဘီစီ၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ေပါက္ၾကားလာေသာ စာ႐ြက္စာတမ္းမ်ားႏွင့္ ပတ္သက္၍ ကြၽႏ္ုပ္တို႔အေနျဖင့္ မွတ္ခ်က္မျပဳလိုပါ။ ဘီဘီစီသို႔ အႀကံျပဳတုံ႔ျပန္လာျခင္းမ်ားကို အေလးအနက္ထား စဥ္းစားပါသည္။ မိုက္ကယ္ ပရက္စေကာ့သည္ ဘုတ္အဖြဲ႕ေကာ္မတီ၏ အႀကံေပးေဟာင္းတစ္ဦးျဖစ္ၿပီး ကြၽႏ္ုပ္တို႔၏ သတင္းေဖာ္ျပမႈမ်ားႏွင့္ ပတ္သက္၍ ကြဲျပားေသာ အျမင္မ်ားႏွင့္ ထင္ျမင္ခ်က္မ်ားကို ပုံမွန္ေဆြးေႏြးျငင္းခုံေလ့ရွိသည္" ဟု ေျပာၾကားခဲ့သည္။
အဆိုပါျဖစ္ရပ္သည္ အိမ္ျဖဴေတာ္ႏွင့္ ဘီဘီစီတို႔၏ ဆက္ဆံေရးကို ပိုမိုဆိုး႐ြားေစႏိုင္သည္။ ထရမ့္အစိုးရသည္ ယခင္က ဘီဘီစီအား ဂါဇာရွိ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ စားနပ္ရိကၡာျဖန႔္ျဖဴးေရးေနရာအနီး တိုက္ခိုက္ခံရျခင္း သတင္းကို ဖယ္ရွားခဲ့ျခင္းႏွင့္ပတ္သက္၍ စြပ္စြဲခဲ့ဖူးသည္။