တောင်ကိုရီးယားမှာ ဓာတ်အားပေးစက်ရုံပြိုကျမှုကြောင့် လူ ခုှစ်ဦး ပိတ်မိနေ

 103

ရောင်နီ (NP News) - နိုဝင်ဘာ ၇

တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဓာတ်အားပေးစက်ရုံတစ်ခု ပြိုကျခြင်းကြောင့် လူခုနှစ်ဦးထက်မနည်း ပိတ်မိနေတယ်လို့ အမျိုးသားမီးသတ်အေဂျင်စီက ကြာသပတေးနေ့ (နိုဝင်ဘာ ၆ ရက်) မှာ ပြောကြားပါတယ်။
အဲဒီပြိုကျမှုဟာ အရှေ့တောင်ပိုင်းမြို့ အူဆန်ရှိ Korea East-West Power၊ အူဆန် ပါဝါ ရုံးချုပ်မှာ မွန်းလွဲ ၂ နာရီ (စင်ကာပူစံတော်ချိန် ၁ နာရီ) ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမျိုးသား မီးသတ်အေဂျင်စီက လက်ရှိ လူနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး အထဲမှာတော့ လူခုနှစ်ဦးထက်အနည်း ပိတ်မိနေသေးတယ်လို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်နေပါတယ်။ တောင်ကိုရီးယားဝန်ကြီးချုပ် ကင်မင်ဆော့ခ်က ပိတ်မိနေသူတွေကို ကယ်တင်ဖို့ အဓိကဦးစားပေးပြီး ရရှိနိုင်သမျှ ဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေအားလုံး စုစည်းဖို့ ဝန်ကြီးဌာနအားလုံးကို အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေကိုလည်း အဲဒီနေရာက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ ဝန်ကြီးချုပ်ရုံးက ထပ်လောင်းပြောကြားပါတယ်။
ဒီမတော်တဆမှုဟာ လည်ပတ်မှု ရပ်ဆိုင်းထားတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ဖြိုဖျက်ဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ဓာတ္အားေပးစက္႐ုံၿပိဳက်မႈေၾကာင့္ လူ ခုွစ္ဦး ပိတ္မိေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၇
ေတာင္ကိုရီးယားႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ ဓာတ္အားေပးစက္႐ုံတစ္ခု ၿပိဳက်ျခင္းေၾကာင့္ လူခုႏွစ္ဦးထက္မနည္း ပိတ္မိေနတယ္လို႔ အမ်ိဳးသားမီးသတ္ေအဂ်င္စီက ၾကာသပေတးေန႔ (ႏိုဝင္ဘာ ၆ ရက္) မွာ ေျပာၾကားပါတယ္။
အဲဒီၿပိဳက်မႈဟာ အေရွ႕ေတာင္ပိုင္းၿမိဳ႕ အူဆန္ရွိ Korea East-West Power၊ အူဆန္ ပါဝါ ႐ုံးခ်ဳပ္မွာ မြန္းလြဲ ၂ နာရီ (စင္ကာပူစံေတာ္ခ်ိန္ ၁ နာရီ) ခန႔္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အမ်ိဳးသား မီးသတ္ေအဂ်င္စီက လက္ရွိ လူႏွစ္ဦးကို ကယ္တင္ႏိုင္ခဲ့ၿပီး အထဲမွာေတာ့ လူခုႏွစ္ဦးထက္အနည္း ပိတ္မိေနေသးတယ္လို႔ ဆိုပါတယ္။ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကိုေတာ့ ဆက္လက္ လုပ္ေဆာင္ေနပါတယ္။ ေတာင္ကိုရီးယားဝန္ႀကီးခ်ဳပ္ ကင္မင္ေဆာ့ခ္က ပိတ္မိေနသူေတြကို ကယ္တင္ဖို႔ အဓိကဦးစားေပးၿပီး ရရွိႏိုင္သမွ် ဝန္ထမ္းေတြနဲ႔ ပစၥည္းကိရိယာေတြအားလုံး စုစည္းဖို႔ ဝန္ႀကီးဌာနအားလုံးကို အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။ ေဒသခံေတြကိုလည္း အဲဒီေနရာက ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေပးေနတယ္လို႔ ဝန္ႀကီးခ်ဳပ္႐ုံးက ထပ္ေလာင္းေျပာၾကားပါတယ္။
ဒီမေတာ္တဆမႈဟာ လည္ပတ္မႈ ရပ္ဆိုင္းထားတဲ့ အပူစြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံကို ၿဖိဳဖ်က္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သတင္းေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.