၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန် ရည်ရွယ်ဆောင် ရွက်လျက်ရှိ

 123

စော(NP News)- နိုဝင်ဘာ ၇
မြန်မာနိုင်ငံသည် (၂၀၃၀)ပြည့်နှစ်တွင် ငှက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန် ရည်ရွယ်ဆောင် ရွက်လျက်ရှိကြောင်း ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ယမန်နေ့ (နိုဝင်ဘာ ၇ရက်)က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ဒေါက်တာအေးထွန်းက အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါပိုးအားလုံး ကူးစက်မှုပပျောက်စေရန် ရည်ရွယ်ဆောင် ရွက်လျက်ရှိပြီး လွန်ခဲ့သောဆယ်စုနှစ်အတွင်း ငှက်ဖျားရောဂါ ထိန်းချုပ်ရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း ဒေါက်တာအေးထွန်းကပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုအရေအတွက်သည် ၈၈ ရာနှုန်း လျော့ကျခဲ့ပြီး သေဆုံးမှုမှာ ၉၇ ရာနှုန်းအထိလျော့ကျခဲ့သော်လည်း ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ငှက်ဖျားရောဂါထိန်းချုပ်ရေးနှင့် ကူးစက်မှုပပျောက်ရေးလုပ်ငန်းများ၊ အထူးသဖြင့် ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည့် ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် Entomological (ပိုးမွှားဗေဒ ဆိုင်ရာ) စောင့်ကြပ်ကြည့်ရှုလေ့လာရေးလုပ်ငန်းများ၏ တိုးတက်မှုကို ထိခိုက်စေခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။
ယခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ငှက်ဖျားရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၁၂၆၅၆၂) ဦး ကို စစ်ဆေးတွေ့ရှိကုသပေး နိုင်ခဲ့ပြီး ငှက်ဖျားရောဂါ စောင့်ကြပ်ကြည့်ရှုလေ့လာခြင်း၊ ရောဂါဖြစ်ပွားမှု တုံ့ပြန်ဆောင်ရွက် ခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းသွား လာသူများအကြား ငှက်ဖျားရောဂါ စစ်ဆေးကုသမှုများကို သေချာဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယခုပြုလုပ်သည့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆန်းစစ်သုံးသပ်မှုတွေ့ရှိချက်များနှင့် အကြံပြုချက်များကို နောင်လာမည့် ငှက်ဖျားရောဂါထိန်းချုပ်ရေးနှင့် ကူးစက်မှုပပျောက်ရေးအတွက် အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀)ကို ပြင်ဆင်ရာတွင် အလွန်အသုံးဝင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Zawgyi Version:
၂၀၃၀ ျပည့္ႏွစ္တြင္ ငွက္ဖ်ားေရာဂါပိုးအားလုံး ကူးစက္မႈပေပ်ာက္ေစရန္ ရည္႐ြယ္ေဆာင္ ႐ြက္လ်က္ရွိ
ေစာ(NP News)- ႏိုဝင္ဘာ ၇
ျမန္မာႏိုင္ငံသည္ (၂၀၃၀)ျပည့္ႏွစ္တြင္ ငွက္ဖ်ားေရာဂါပိုးအားလုံး ကူးစက္မႈပေပ်ာက္ေစရန္ ရည္႐ြယ္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း ဦးစြာ က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ပါေမာကၡေဒါက္တာေအးထြန္းက ထည့္သြင္းေျပာၾကားခဲ့သည္။
ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေရး စီမံခ်က္လုပ္ငန္းမ်ားအား ဆန္းစစ္သုံးသပ္ျခင္းမွ ေတြ႕ရွိခ်က္မ်ားႏွင့္ပတ္သက္၍ ညႇိႏႈိင္းေဆြးေႏြးပြဲတြင္ ယမန္ေန႔ (ႏိုဝင္ဘာ ၇ရက္)က က်န္းမာေရးဝန္ႀကီးဌာန ႐ုံးအမွတ္(၄)အစည္းအေဝးခန္းမ၌ က်င္းပစဥ္ ေဒါက္တာေအးထြန္းက အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံသည္ ၂၀၃၀ ျပည့္ႏွစ္တြင္ ငွက္ဖ်ားေရာဂါပိုးအားလုံး ကူးစက္မႈပေပ်ာက္ေစရန္ ရည္႐ြယ္ေဆာင္ ႐ြက္လ်က္ရွိၿပီး လြန္ခဲ့ေသာဆယ္စုႏွစ္အတြင္း ငွက္ဖ်ားေရာဂါ ထိန္းခ်ဳပ္ေရးတြင္ သိသာထင္ရွားေသာ တိုးတက္မႈမ်ား ရရွိခဲ့ေၾကာင္း ေဒါက္တာေအးထြန္းကေျပာၾကားခဲ့သည္။
ထို႔ျပင္ ၂၀၁၂ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အတြင္း ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈအေရအတြက္သည္ ၈၈ ရာႏႈန္း ေလ်ာ့က်ခဲ့ၿပီး ေသဆုံးမႈမွာ ၉၇ ရာႏႈန္းအထိေလ်ာ့က်ခဲ့ေသာ္လည္း ကိုဗစ္- ၁၉ ကမာၻ႔ကပ္ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း ငွက္ဖ်ားေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကူးစက္မႈပေပ်ာက္ေရးလုပ္ငန္းမ်ား၊ အထူးသျဖင့္ ကြင္းဆင္းေဆာင္႐ြက္ရန္ လိုအပ္သည့္ ငွက္ဖ်ားေရာဂါျဖစ္ပြားမႈႏွင့္ Entomological (ပိုးမႊားေဗဒ ဆိုင္ရာ) ေစာင့္ၾကပ္ၾကည့္ရႈေလ့လာေရးလုပ္ငန္းမ်ား၏ တိုးတက္မႈကို ထိခိုက္ေစခဲ့ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။
ယခုႏွစ္၊ ဇန္နဝါရီလမွ ဩဂုတ္လအထိ ငွက္ဖ်ားေရာဂါ ျဖစ္ပြားသူ စုစုေပါင္း (၁၂၆၅၆၂) ဦး ကို စစ္ေဆးေတြ႕ရွိကုသေပး ႏိုင္ခဲ့ၿပီး ငွက္ဖ်ားေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈေလ့လာျခင္း၊ ေရာဂါျဖစ္ပြားမႈ တုံ႔ျပန္ေဆာင္႐ြက္ ျခင္းလုပ္ငန္းမ်ားကို ျမႇင့္တင္ေဆာင္႐ြက္ရန္ႏွင့္ ေ႐ႊ႕ေျပာင္းသြား လာသူမ်ားအၾကား ငွက္ဖ်ားေရာဂါ စစ္ေဆးကုသမႈမ်ားကို ေသခ်ာေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
ယခုျပဳလုပ္သည့္ ငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရးဆိုင္ရာ ဆန္းစစ္သုံးသပ္မႈေတြ႕ရွိခ်က္မ်ားႏွင့္ အႀကံျပဳခ်က္မ်ားကို ေနာင္လာမည့္ ငွက္ဖ်ားေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကူးစက္မႈပေပ်ာက္ေရးအတြက္ အမ်ိဳးသားငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရးမဟာဗ်ဴဟာစီမံကိန္း (၂၀၂၆-၂၀၃၀)ကို ျပင္ဆင္ရာတြင္ အလြန္အသုံးဝင္မည္ျဖစ္ေၾကာင္းလည္း ထည့္သြင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.