ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကျောက်တင်ရထားမှ တွဲ(၄)တွဲလမ်းချော်ကာ ရထားခရီးစဉ်များ (၂)ရက်ခန့်ရပ်နားရနိုင်

 304

သန့်ဇင်(NP News)-နိုဝင်ဘာ ၇

ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကျောက်တင်ရထားမှ တွဲ(၄)တွဲလမ်းချော်ကာ ရထားခရီးစဉ်များ (၂)ရက်ခန့်ရပ်နားရနိုင်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၇ရက်)၊ နံနက် ၈ နာရီခွဲဝန်းကျင်အချိန်ခန့်က ရန်ကုန်-မော်လမြိုင် လမ်းပိုင်းသိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူ တာကြား မိုင်တိုင် ၁၂၅/ ၁၈- ၁၉ကြားတွင် အမှတ် (၆၈၆) အစုန်ကျောက်ရထားဖြတ်သန်းစဥ် အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက် ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သံလမ်းက ဆက် (၂)ဆက်လောက်ပျက်သွားတယ်။ ပြီးတော့ ရထားက စက်ခေါင်းအပါအဝင် တွဲ (၄)တွဲကျသွားတယ်။ ပျက်စီး သွားတာက စက်ခေါင်းရှေ့မှာ မိုင်းကာတွဲကျသွားတယ်။ နောက်ပြီးတော့ စက်ခေါင်းကျတယ်။ စက်ခေါင်းနောက်မှာ စက်ခေါင်းတွေ နားနေတဲ့အတွဲကျတယ်။‌ နောက်ပြီး ကျောက်တွေတင်လာတဲ့ ကျောက်တဲ့ (၂)တွဲကျတယ်။ ကျောက်တွဲက (၁၅)တွဲပါတယ်”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယနေ့မော်လမြိုင်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် (၂) ခု အား ယာယီဖျက်သိမ်းထားရကြောင်း သိရသည်။

ထို့ပြင် ဝယ်ယူထားပြီးသော ရထားလက်မှတ်ခများအား မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက် ၈ နနာရီခွဲမှ မွန်းတည့် ၁၂နာရီ ထိ ပြန်အမ်းပေးမည်ဖြစ်ပါကြောင်းလည်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

“စက်ခေါင်းကျတဲ့အတွက် ရန်ကုန်ကနေကရိန်းလာမှရမှာ။ ရန်ကုန်ကနေ ကရိန်းစောစောထွက်နိုင်ရင်တော့ လမ်းပွင့်မှာပေါ့။ ခန့်မှန်းချေ (၂)ရက်တော့ ကြာမယ်။ ကရိန်းရောက်ရင်တော့ ပွင့်မယ့်အချိန်ကို ခန့်မှန်းလို့ရတယ်။ ခဏခဏဖြစ်တယ်။ ဒါတောင်မှ မကွဲသေးတဲ့မိုင်း တွေလည်းရှိသေးတယ်။ မိုင်းရှင်းတဲ့ရထားဖြတ်တဲ့အချိန်က ဘာမှမဖြစ်ဘူး။ မိုင်းရှင်းတဲ့ရထားဖြတ်ပြီးကျောက်ရထားဖြတ်တဲ့အချိန်မှာ ထကွဲတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Zawgyi Version:
ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ေက်ာက္တင္ရထားမွ တြဲ(၄)တြဲလမ္းေခ်ာ္ကာ ရထားခရီးစဥ္မ်ား (၂)ရက္ခန႔္ရပ္နားရႏိုင္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၇

ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ေက်ာက္တင္ရထားမွ တြဲ(၄)တြဲလမ္းေခ်ာ္ကာ ရထားခရီးစဥ္မ်ား (၂)ရက္ခန႔္ရပ္နားရႏိုင္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၇ရက္)၊ နံနက္ ၈ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ရန္ကုန္-ေမာ္လၿမိဳင္ လမ္းပိုင္းသိမ္ဆိပ္ဘူတာႏွင့္ ဒုံဝန္းဘူ တာၾကား မိုင္တိုင္ ၁၂၅/ ၁၈- ၁၉ၾကားတြင္ အမွတ္ (၆၈၆) အစုန္ေက်ာက္ရထားျဖတ္သန္းစဥ္ အၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ ခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သံလမ္းက ဆက္ (၂)ဆက္ေလာက္ပ်က္သြားတယ္။ ၿပီးေတာ့ ရထားက စက္ေခါင္းအပါအဝင္ တြဲ (၄)တြဲက်သြားတယ္။ ပ်က္စီး သြားတာက စက္ေခါင္းေရွ႕မွာ မိုင္းကာတြဲက်သြားတယ္။ ေနာက္ၿပီးေတာ့ စက္ေခါင္းက်တယ္။ စက္ေခါင္းေနာက္မွာ စက္ေခါင္းေတြ နားေနတဲ့အတြဲက်တယ္။‌ ေနာက္ၿပီး ေက်ာက္ေတြတင္လာတဲ့ ေက်ာက္တဲ့ (၂)တြဲက်တယ္။ ေက်ာက္တြဲက (၁၅)တြဲပါတယ္”ဟု ေမာ္လၿမိဳင္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ယေန႔ေမာ္လၿမိဳင္ဘူတာႀကီး မွထြက္ခြာမည့္ အမွတ္ ၈၂ အစုန္ ေမာ္လၿမိဳင္-ရန္ကုန္ ရထားႏွင့္ ရန္ကုန္ဘူတာႀကီး မွထြက္ခြာမည့္ အမွတ္ ၈၁ အဆန္ ရန္ကုန္-ေမာ္လၿမိဳင္ ရထားခရီးစဥ္ (၂) ခု အား ယာယီဖ်က္သိမ္းထားရေၾကာင္း သိရသည္။

ထို႔ျပင္ ဝယ္ယူထားၿပီးေသာ ရထားလက္မွတ္ခမ်ားအား ေမာ္လၿမိဳင္ဘူတာႀကီး ေန႔ခ်င္းလက္မွတ္႐ုံတြင္ နံနက္ ၈ နနာရီခြဲမွ မြန္းတည့္ ၁၂နာရီ ထိ ျပန္အမ္းေပးမည္ျဖစ္ပါေၾကာင္းလည္း ေမာ္လၿမိဳင္ဘူတာႀကီးက အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။

“စက္ေခါင္းက်တဲ့အတြက္ ရန္ကုန္ကေနကရိန္းလာမွရမွာ။ ရန္ကုန္ကေန ကရိန္းေစာေစာထြက္ႏိုင္ရင္ေတာ့ လမ္းပြင့္မွာေပါ့။ ခန႔္မွန္းေခ် (၂)ရက္ေတာ့ ၾကာမယ္။ ကရိန္းေရာက္ရင္ေတာ့ ပြင့္မယ့္အခ်ိန္ကို ခန႔္မွန္းလို႔ရတယ္။ ခဏခဏျဖစ္တယ္။ ဒါေတာင္မွ မကြဲေသးတဲ့မိုင္း ေတြလည္းရွိေသးတယ္။ မိုင္းရွင္းတဲ့ရထားျဖတ္တဲ့အခ်ိန္က ဘာမွမျဖစ္ဘူး။ မိုင္းရွင္းတဲ့ရထားျဖတ္ၿပီးေက်ာက္ရထားျဖတ္တဲ့အခ်ိန္မွာ ထကြဲတာ”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

Related news

© 2021. All rights reserved.