အမှန်ကို အမှန်အတိုင်းမြင်ပြီး ပြည်နယ်အေးချမ်းရေးနှင့် တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ကြရန် သက်ဆိုင်သူများအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

168

သန့်ဇင်(NP News)-နိုဝင်ဘာ ၇
အမှန်ကို အမှန်အတိုင်းမြင်ပြီး ပြည်နယ်အေးချမ်းရေးနှင့် တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ကြရန် သက်ဆိုင်သူများအား ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(နိုဝင်ဘာ ၇ရက်)တွင်ကျရောက်သော နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုအမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များ အချင်းချင်းအထင် အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့သည်မှာ ယခုတိုင်ဖြစ်ကြောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ် မဲမသမာမှုများကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အမှန်တရားကို မျက်ကွယ်ပြု၍ အကြမ်းဖက်မှုများတိုးမြှင့်လုပ်ဆောင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်အပါအဝင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် ယခင်က တည်ငြိမ်အေးချမ်းမှုရှိခဲ့ပြီး တိုင်းရင်းသားပြည်သူများ အေးချမ်းလွတ်လပ်စွာသွားလာနေထိုင်ခဲ့သည့် ကရင်ပြည် နယ် ဒေသအချို့မှာ ယခုအခါ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခခံစားနေရသည်မှာ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် အမှန်ကို အမှန်အတိုင်းရှုမြင်ပြီး ပြည်နယ်အေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန် အချိန်အခါဖြစ်ကြောင်း သက်ဆိုင်သူများအား အသိပေးပြောကြားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများ ကြားမှ ပိုမိုကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရေး” ဟူသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များနှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၅/၂၀၂၅)ဖြင့် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် (၁၀၂)မြို့နယ်၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်(၁၀၀)မြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကာ ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပြီးဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
အမွန္ကို အမွန္အတိုင္းျမင္ၿပီး ျပည္နယ္ေအးခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို အေလးထားေဆာင္႐ြက္ၾကရန္ သက္ဆိုင္သူမ်ားအား ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ေျပာ
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၇
အမွန္ကို အမွန္အတိုင္းျမင္ၿပီး ျပည္နယ္ေအးခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို အေလးထားေဆာင္႐ြက္ၾကရန္ သက္ဆိုင္သူမ်ားအား ယာယီ သမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔(ႏိုဝင္ဘာ ၇ရက္)တြင္က်ေရာက္ေသာ ႏွစ္(၇၀)ျပည့္ ကရင္ျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လြတ္လပ္ေရးရရွိၿပီးေနာက္ပိုင္း ကိုလိုနီနယ္ခ်ဲ႕တို႔၏ ေသြးခြဲအုပ္ခ်ဳပ္ခဲ့မႈအေမြဆိုးေၾကာင့္ တိုင္းရင္းသားညီေနာင္မ်ား အခ်င္းခ်င္းအထင္ အျမင္လြဲမွားကာ ကရင္ျပည္နယ္အတြင္းတြင္လည္း လက္နက္ကိုင္ပဋိပကၡမ်ားျဖင့္ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားခဲ့သည္မွာ ယခုတိုင္ျဖစ္ေၾကာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္၏ ပကတိအႏွစ္သာရျဖစ္ေသာ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရလဒ္မ်ား တည္ၿငိမ္မႈရွိေစေရးအတြက္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ပါ သေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထားလုပ္ေဆာင္ခဲ့ရာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ပါဝင္လက္မွတ္ေရးထိုးၿပီး လက္တြဲပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း ၂၀၂၀ ျပည့္ႏွစ္ မဲမသမာမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ တပ္မေတာ္က တာဝန္ယူၿပီးေနာက္ပိုင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕သည္ အမွန္တရားကို မ်က္ကြယ္ျပဳ၍ အၾကမ္းဖက္မႈမ်ားတိုးျမႇင့္လုပ္ေဆာင္လာခဲ့ၾကသည္မွာ ကရင္ျပည္နယ္အပါအဝင္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ ယခင္က တည္ၿငိမ္ေအးခ်မ္းမႈရွိခဲ့ၿပီး တိုင္းရင္းသားျပည္သူမ်ား ေအးခ်မ္းလြတ္လပ္စြာသြားလာေနထိုင္ခဲ့သည့္ ကရင္ျပည္ နယ္ ေဒသအခ်ိဳ႕မွာ ယခုအခါ တည္ၿငိမ္ေအးခ်မ္းမႈကင္းမဲ့ၿပီး ျပည္သူမ်ား ဆင္းရဲဒုကၡခံစားေနရသည္မွာ ဝမ္းနည္းေၾကကြဲဖြယ္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ အမွန္ကို အမွန္အတိုင္းရႈျမင္ၿပီး ျပည္နယ္ေအးခ်မ္းသာယာေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးကို အေလးထားေဆာင္႐ြက္ၾကရန္ အခ်ိန္အခါျဖစ္ေၾကာင္း သက္ဆိုင္သူမ်ားအား အသိေပးေျပာၾကားလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္အေနျဖင့္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး အျပည့္အဝရွိလာေစရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အခက္အခဲမ်ား ၾကားမွ ပိုမိုႀကိဳးစားေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ “ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မ်ားေအာင္ျမင္ၿပီး ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေအာင္ျမင္စြာေလွ်ာက္လွမ္းႏိုင္ေရး ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈျဖင့္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေရး” ဟူသည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ဦးတည္ခ်က္မ်ားႏွင့္အညီ ေ႐ြးေကာက္ပြဲမ်ား ေအာင္ျမင္စြာက်င္းပႏိုင္ေရးေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၅ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္ေန႔တြင္ ေၾကညာခ်က္အမွတ္ (၅၅/၂၀၂၅)ျဖင့္ လႊတ္ေတာ္ အသီးသီးအတြက္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအပိုင္း(၁)ကို ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္ ၿမိဳ႕နယ္ (၁၀၂)ၿမိဳ႕နယ္၌ စတင္က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
အပိုင္း(၂)ကို ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၁ ရက္ေန႔တြင္ ၿမိဳ႕နယ္(၁၀၀)ၿမိဳ႕နယ္၌ က်င္းပျပဳလုပ္မည္ျဖစ္ကာ ဆက္လက္က်င္းပျပဳလုပ္မည့္ အပိုင္းလိုက္ေန႔ရက္မ်ားကိုလည္း ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သတ္မွတ္ေၾကညာၿပီးျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။