မန္တလေးကားဈေးကွက်ထဲ ဥရောပထုတ်ကားများ စိတ်ဝင်စားသူများပြီးအရောင်းအဝယ်သွက်နေ

 493

NP News - နိုဝင်ဘာ ၈

မန္တလေးကားဈေးကွက်အတွင်း၊ ဥရောပနိုင်ငံထုတ်တစ်ပတ်ရစ်ကားများ၊ လူစိတ်ဝင်စားမှုများပြီး အရောင်းအဝယ်သွက်နေကြောင်း သိရသည်။
Volkswagen, BMW, Vauxhall, Ford အစရှိသည့် ဥရောပနိုင်ငံထုတ်ကားများအနက် Volkswagen အမှတ်တံဆိပ်အိမ်စီးကားများ အရောင်းအဝယ်သွက်နေခြင်းဖြစ်ကြောင်း ဝယ်/ရောင်း အကျိုးဆောင်များက ဆိုသည်။
“ဥရောပတစ်ပတ်ရစ်ကားတွေထဲကမှ Volkswagen တွေ အရောင်းအ၀ယ်သွက်လာတာ၊ သူက အိမ်စီးကားသီးသန့်ပေ့ါနော်။ ညာမောင်းကို ပိုကြိုက်ကြတယ်။ အရင်က Volkswagen ဆိုရင် ငြင်းပယ်ထားတဲ့ Car Showroom တွေတောင်၊ အခုနောက်ပိုင်းတင်ရောင်းနေကြပြီ” ဟု မန္တလေးလမ်း ၆၀ ကားဝိုင်းမှ အိမ်စီးကားသီးသန့်ဝယ်ရောင်း အကျိုးဆောင်တစ်ဦးက ပြောသည်။
Golf, Polo, Cross Polo, Beetle အစရှိသည့် ဂျာမဏီနိုင်ငံထုတ် Volkswagen အမှတ်တံဆိပ်ကားများအနက်၊ Golf နှင့် Polo အိမ်စီးကားများ ယခင်ကထက် ပိုမိုအရောင်းအဝယ်သွက်လာခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးကားဈေးကွက်အတွင်း၊ ၂၀၁၀ မော်ဒယ်လ်နှင့်အထက် Golf နှင့် Polo တစ်စီးလျှင် ကျပ်သိန်း (၆၀၀) နှင့် အထက်ပေါက်ဈေးရှိနေပြီး၊ ထိုဈေးတန်းရှိ ဂျပန်တစ်ပတ်ရစ် Saloon ကားထက်၊ စီးရပိုကောင်းသဖြင့် စိတ်ဝင်စားသူများလာခြင်းဖြစ်ကြောင်း ကားဝယ်ရောင်းအကျိုးဆောင်များက ဆိုသည်။

Zawgyi Version:
မႏၲေလးကားေဈးကြက္ထဲ ဥေရာပထုတ္ကားမ်ား စိတ္ဝင္စားသူမ်ားၿပီးအေရာင္းအဝယ္သြက္ေန
NP News - ႏိုဝင္ဘာ ၈
မႏၲေလးကားေဈးကြက္အတြင္း၊ ဥေရာပႏိုင္ငံထုတ္တစ္ပတ္ရစ္ကားမ်ား၊ လူစိတ္ဝင္စားမႈမ်ားၿပီး အေရာင္းအဝယ္သြက္ေနေၾကာင္း သိရသည္။
Volkswagen, BMW, Vauxhall, Ford အစရွိသည့္ ဥေရာပႏိုင္ငံထုတ္ကားမ်ားအနက္ Volkswagen အမွတ္တံဆိပ္အိမ္စီးကားမ်ား အေရာင္းအဝယ္သြက္ေနျခင္းျဖစ္ေၾကာင္း ဝယ္/ေရာင္း အက်ိဳးေဆာင္မ်ားက ဆိုသည္။
“ဥေရာပတစ္ပတ္ရစ္ကားေတြထဲကမွ Volkswagen ေတြ အေရာင္းအ၀ယ္သြက္လာတာ၊ သူက အိမ္စီးကားသီးသန႔္ေပ့ါေနာ္။ ညာေမာင္းကို ပိုႀကိဳက္ၾကတယ္။ အရင္က Volkswagen ဆိုရင္ ျငင္းပယ္ထားတဲ့ Car Showroom ေတြေတာင္၊ အခုေနာက္ပိုင္းတင္ေရာင္းေနၾကၿပီ” ဟု မႏၲေလးလမ္း ၆၀ ကားဝိုင္းမွ အိမ္စီးကားသီးသန႔္ဝယ္ေရာင္း အက်ိဳးေဆာင္တစ္ဦးက ေျပာသည္။
Golf, Polo, Cross Polo, Beetle အစရွိသည့္ ဂ်ာမဏီႏိုင္ငံထုတ္ Volkswagen အမွတ္တံဆိပ္ကားမ်ားအနက္၊ Golf ႏွင့္ Polo အိမ္စီးကားမ်ား ယခင္ကထက္ ပိုမိုအေရာင္းအဝယ္သြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၲေလးကားေဈးကြက္အတြင္း၊ ၂၀၁၀ ေမာ္ဒယ္လ္ႏွင့္အထက္ Golf ႏွင့္ Polo တစ္စီးလွ်င္ က်ပ္သိန္း (၆၀၀) ႏွင့္ အထက္ေပါက္ေဈးရွိေနၿပီး၊ ထိုေဈးတန္းရွိ ဂ်ပန္တစ္ပတ္ရစ္ Saloon ကားထက္၊ စီးရပိုေကာင္းသျဖင့္ စိတ္ဝင္စားသူမ်ားလာျခင္းျဖစ္ေၾကာင္း ကားဝယ္ေရာင္းအက်ိဳးေဆာင္မ်ားက ဆိုသည္။

Related news

© 2021. All rights reserved.