CNG ဆိုင်များ မီးပျက်ချိန် ဓါတ်ငွေ့မဖြည့်ပေးသဖြင့် ကားများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ

 218

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၈

ရန်ကုန်မြို့ရှိ CNG အရောင်းဆိုင်များတွင်မီးစက်ရှိသော်လည်း မီးပျက်ချိန်၌ ဓါတ်ငွေ့ဖြည့်သွင်းခြင်း ရပ်ဆိုင်းထားမှု များ များပြားလာခြင်းကြောင့် YBS ယာဥ်များနှင့် တက္ကစီများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီး CNG ဖြည့်သွင်းနေရ ကြောင်း ယာဥ်မောင်းများထံမှ သိရသည် ။
“တချို့ CNG ဆိုင်တွေမှာ မီးစက်တွေရှိတယ်။ မီးစက်မောင်းပြီး ဂတ်စ်ဖြည့်ပေးရင် ရရဲ့သားနဲ့ မီးလာမှဖြည့်ပေး တယ်။ အခုတလောမီးပျက်ချိန်တွေ နည်းနည်းကြာလာတော့ စောင့်တဲ့ကားတွေအရမ်းများသွားပြီး ကားတန်း အရှည်ကြီးတွေဖြစ်ကုန်ရော ။စောင့်ရတာလဲ နှစ်နာရီ၊ သုံးနာရီလောက်ကြာတယ်” ဟု တောင်ဒဂုံမြို့နယ် မှ CNG တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ YBS ကားများနှင့် CNG တက္ကစီများမှာ တစ်မြို့လုံးရှိ CNG အရောင်းဆိုင် ၄၁ ဆိုင်တွင် ဂတ်စ် ဖြည့်သွင်းနေရခြင်းဖြစ်ပြီး မီးပျက်ချိန်များတွင် ဆိုင်များပိတ်ထားခြင်းကြောင့် ညအိပ်စောင့်ဆိုင်းမှုများ ရှိလာ ကြောင်း သိရသည်။
“ကားဆွဲရတဲ့အချိန်ထက် ဂတ်စ်မရလို့ CNG ဆိုင်မှာ ထိုင်စောင့်ရတဲ့အချိန်က ပိုများနေသလိုဘဲ။ ပွင့်လင်းရာသီရောက်လာတော့ လျှပ်စစ်မီးကလဲ ပုံမှန်မဟုတ်ဘဲ ပျက်နေတယ်။ ဂတ်စ်ဆိုင်ဖွင့်ချိန်မှာလဲ ဂတ်စ် pressure အပြည့်မရလို့ အခက်အခဲဖြစ်နေပါတယ်” ဟု YBS (၁၀၃)လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် တက္ကစီအငှားယာဉ် ခြောက်သောင်းခွဲကျော်ခန့် နှင့် YBS ဘတ်စ်ကားအစီးရေ သုံးထောင့်ငါးရာ ခန့်ရှိပြီး နေ့စဥ်ခရီးသည် တစ်သန်းခွဲခန့်ကို ခရီးသွားလာမှုဝန်ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

Zawgyi Version:
CNG ဆိုင္မ်ား မီးပ်က္ခ်ိန္ ဓါတ္ေငြ႕မျဖည့္ေပးသျဖင့္ ကားမ်ား အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းေနရ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၈

ရန္ကုန္ၿမိဳ႕ရွိ CNG အေရာင္းဆိုင္မ်ားတြင္မီးစက္ရွိေသာ္လည္း မီးပ်က္ခ်ိန္၌ ဓါတ္ေငြ႕ျဖည့္သြင္းျခင္း ရပ္ဆိုင္းထားမႈမ်ား မ်ားျပားလာျခင္းေၾကာင့္ YBS ယာဥ္မ်ားႏွင့္ တကၠစီမ်ား အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းၿပီး CNG ျဖည့္သြင္းေနရ ေၾကာင္း ယာဥ္ေမာင္းမ်ားထံမွ သိရသည္ ။
“တခ်ိဳ႕ CNG ဆိုင္ေတြမွာ မီးစက္ေတြရွိတယ္။ မီးစက္ေမာင္းၿပီး ဂတ္စ္ျဖည့္ေပးရင္ ရရဲ႕သားနဲ႔ မီးလာမွျဖည့္ေပး တယ္။ အခုတေလာမီးပ်က္ခ်ိန္ေတြ နည္းနည္းၾကာလာေတာ့ ေစာင့္တဲ့ကားေတြအရမ္းမ်ားသြားၿပီး ကားတန္း အရွည္ႀကီးေတြျဖစ္ကုန္ေရာ ။ေစာင့္ရတာလဲ ႏွစ္နာရီ၊ သုံးနာရီေလာက္ၾကာတယ္” ဟု ေတာင္ဒဂုံၿမိဳ႕နယ္ မွ CNG တကၠစီယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ YBS ကားမ်ားႏွင့္ CNG တကၠစီမ်ားမွာ တစ္ၿမိဳ႕လုံးရွိ CNG အေရာင္းဆိုင္ ၄၁ ဆိုင္တြင္ ဂတ္စ္ ျဖည့္သြင္းေနရျခင္းျဖစ္ၿပီး မီးပ်က္ခ်ိန္မ်ားတြင္ ဆိုင္မ်ားပိတ္ထားျခင္းေၾကာင့္ ညအိပ္ေစာင့္ဆိုင္းမႈမ်ား ရွိလာ ေၾကာင္း သိရသည္။
“ကားဆြဲရတဲ့အခ်ိန္ထက္ ဂတ္စ္မရလို႔ CNG ဆိုင္မွာ ထိုင္ေစာင့္ရတဲ့အခ်ိန္က ပိုမ်ားေနသလိုဘဲ။ ပြင့္လင္းရာသီေရာက္လာေတာ့ လွ်ပ္စစ္မီးကလဲ ပုံမွန္မဟုတ္ဘဲ ပ်က္ေနတယ္။ ဂတ္စ္ဆိုင္ဖြင့္ခ်ိန္မွာလဲ ဂတ္စ္ pressure အျပည့္မရလို႔ အခက္အခဲျဖစ္ေနပါတယ္” ဟု YBS (၁၀၃)လိုင္းမွ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ တကၠစီအငွားယာဥ္ ေျခာက္ေသာင္းခြဲေက်ာ္ခန႔္ ႏွင့္ YBS ဘတ္စ္ကားအစီးေရ သုံးေထာင့္ငါးရာ ခန႔္ရွိၿပီး ေန႔စဥ္ခရီးသည္ တစ္သန္းခြဲခန႔္ကို ခရီးသြားလာမႈဝန္ေဆာင္ေပးေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) မွ သိရသည္။

Related news

© 2021. All rights reserved.