နိုင်ငံဧရိယာ၏ ၅ဝ ရာခိုင်နှုန်းကို သစ်တောဖုံးလွှမ်းမှု တိုးမြှင့်လာစေရေး ရည်မှန်းဆောင်ရွက်နေ

174

Pearl (NP News) - နိုဝင်ဘာ ၈
နိုင်ငံဧရိယာ၏ ၅ဝ ရာခိုင်နှုန်းကို သစ်တောဖုံးလွှမ်းမှု တိုးမြှင့်လာစေရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်နေ ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်ထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥ တုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆွေးနွေးရာတွင် သစ်တောများနှင့် သမုဒ္ဒရာများ၏ ဂေဟစနစ်များ ရေရှည်တည်တံ့ စေခြင်းသည် ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်မှုရှိစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ပင်လယ်ပြင်အခြေပြု အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့စေရေးတို့ အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာက အသိအမှတ်ပြုထားသည့် ဇီဝမျိုးစုံမျိုးကွဲများစုံလင်သည့် အချက်အချာကျသည့် ဒေသတစ်ခုဖြစ်ပြီး နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသည် သစ်တောဖုံးလွှမ်းလျက်ရှိကြောင်းနှင့် နိုင်ငံ ဧရိယာ၏ ၅၀ ရာခိုင်နှုန်းကို သစ်တော ဖုံးလွှမ်းမှု တိုးမြှင့်လာစေရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မူဝါဒများ ချမှတ်၍ ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပါရီသဘောတူညီချက်အရ မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (NDC)” တွင် သစ်တောကဏ္ဍသည် အဓိကမဟာဗျူဟာကျသည့် မဏ္ဍိုင်တစ်ခုဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ ၃၀ ရာခိုင်နှုန်း အား ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ်လည်းကောင်း ဖွဲ့စည်းသတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြား ခဲ့သည်။
ကမ်းရိုးတန်းနှင့် အဏ္ဏဝါပင်လယ်ပြင်ဆိုင်ရာ ကတိကဝတ်များအနေဖြင့် ဒီရေတောဧရိယာဟက်တာ ၅ သိန်း ကျော်ကို ထိန်းသိမ်းကာကွယ်ထား လျက်ရှိပြီး ရေရှည်တည်တံ့သော “အပြာရောင်စီးပွားရေး” ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးစားပေးဆောင်ရွက်လျက်ရှိကာ ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်ဖြင့် ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အပူပိုင်း သစ်တောများ ထာဝရရန်ပုံငွေ “TFFF” ကြေညာချက်အား လက်မှတ်ရေး ထိုးနိုင်ရေး အတည်ပြုထားပြီးဖြစ် ကြောင်းနှင့် ကမ္ဘာ့ရာသီဥတုပြောင်း လဲလာမှုဆိုင်ရာ အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုး ဆက်များ အတွက် ကမ္ဘာမြေအား ထိန်းသိမ်းကာကွယ်ရန် နိုင်ငံတကာအသိုက် အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ႏိုင္ငံဧရိယာ၏ ၅ဝ ရာခိုင္ႏႈန္းကို သစ္ေတာဖုံးလႊမ္းမႈ တိုးျမႇင့္လာေစေရး ရည္မွန္းေဆာင္႐ြက္ေန
Pearl (NP News) - ႏိုဝင္ဘာ ၈
ႏိုင္ငံဧရိယာ၏ ၅ဝ ရာခိုင္ႏႈန္းကို သစ္ေတာဖုံးလႊမ္းမႈ တိုးျမႇင့္လာေစေရး ရည္မွန္းခ်က္ထား၍ ေဆာင္႐ြက္ေန ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ေျပာသည္။
ဘရာဇီးႏိုင္ငံသမၼတ လူးဝစ္အင္နာစီယို လူလာဒါေဆးလ္ဗား၏ ဖိတ္ၾကားခ်က္အရ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ (ကိုယ္စား) သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ ဦးေဆာင္ေသာ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕သည္ ဘရာဇီးႏိုင္ငံ ဘဲလ္လမ္ၿမိဳ႕၌ ႏိုဝင္ဘာ ၆ ရက္မွ ၇ ရက္ထိ က်င္းပသည့္ ဘဲလ္လမ္ရာသီဥ တုဆိုင္ရာ ထိပ္သီးအစည္းအေဝး (Belem Climate Summit) သို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝး၌ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ေဆြးေႏြးရာတြင္ သစ္ေတာမ်ားႏွင့္ သမုဒၵရာမ်ား၏ ေဂဟစနစ္မ်ား ေရရွည္တည္တံ့ ေစျခင္းသည္ ရာသီဥတုဒဏ္ႀကံ့ႀကံ့ခံႏိုင္မႈရွိေစေရး၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ထိန္းသိမ္း ေစာင့္ေရွာက္ေရးႏွင့္ ပင္လယ္ျပင္အေျချပဳ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား ေရရွည္တည္တံ့ေစေရးတို႔ အတြက္ အေျခခံအုတ္ျမစ္ျဖစ္ပါေၾကာင္းေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံသည္ ကမာၻက အသိအမွတ္ျပဳထားသည့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားစုံလင္သည့္ အခ်က္အခ်ာက်သည့္ ေဒသတစ္ခုျဖစ္ၿပီး ႏိုင္ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင္ႏႈန္းသည္ သစ္ေတာဖုံးလႊမ္းလ်က္ရွိေၾကာင္းႏွင့္ ႏိုင္ငံ ဧရိယာ၏ ၅၀ ရာခိုင္ႏႈန္းကို သစ္ေတာ ဖုံးလႊမ္းမႈ တိုးျမႇင့္လာေစေရး ရည္မွန္းခ်က္ထား၍ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ ႏိုင္ငံေတာ္အေနျဖင့္လည္း သစ္ေတာက႑ ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ မူဝါဒမ်ား ခ်မွတ္၍ ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ပါရီသေဘာတူညီခ်က္အရ ျမန္မာႏိုင္ငံ၏ “အမ်ိဳးသားအဆင့္ ရာသီဥတုေျပာင္းလဲမႈေလွ်ာ့ခ်ေရးႏွင့္ လိုက္ေလ်ာညီေထြရွိေစေရး ဆိုင္ရာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္လုပ္ငန္းအစီအစဥ္ (NDC)” တြင္ သစ္ေတာက႑သည္ အဓိကမဟာဗ်ဴဟာက်သည့္ မ႑ိဳင္တစ္ခုျဖစ္ၿပီး ၂၀၃၀ ျပည့္ႏွစ္တြင္ ႏိုင္ငံ၏ ၃၀ ရာခိုင္ႏႈန္း အား ႀကိဳးဝိုင္း/ ႀကိဳးျပင္ကာကြယ္ေတာမ်ားအျဖစ္လည္းေကာင္း၊ ၁၀ ရာခိုင္ႏႈန္းကို သဘာဝထိန္းသိမ္းေရး နယ္ေျမမ်ားအျဖစ္လည္းေကာင္း ဖြဲ႕စည္းသတ္မွတ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ေျပာၾကား ခဲ့သည္။
ကမ္း႐ိုးတန္းႏွင့္ အဏၰဝါပင္လယ္ျပင္ဆိုင္ရာ ကတိကဝတ္မ်ားအေနျဖင့္ ဒီေရေတာဧရိယာဟက္တာ ၅ သိန္း ေက်ာ္ကို ထိန္းသိမ္းကာကြယ္ထား လ်က္ရွိၿပီး ေရရွည္တည္တံ့ေသာ “အျပာေရာင္စီးပြားေရး” ဖြံ႕ၿဖိဳးတိုးတက္ေရး ကို ဦးစားေပးေဆာင္႐ြက္လ်က္ရွိကာ ပင္လယ္ကမ္း႐ိုးတန္းသယံဇာတ ဘက္စုံစီမံအုပ္ခ်ဳပ္ျခင္းအစီအစဥ္ျဖင့္ ကမ္း႐ိုးတန္းသယံဇာတထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံ အေနျဖင့္ အပူပိုင္း သစ္ေတာမ်ား ထာဝရရန္ပုံေငြ “TFFF” ေၾကညာခ်က္အား လက္မွတ္ေရး ထိုးႏိုင္ေရး အတည္ျပဳထားၿပီးျဖစ္ ေၾကာင္းႏွင့္ ကမာၻ႔ရာသီဥတုေျပာင္း လဲလာမႈဆိုင္ရာ အစီအစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ လက္ရွိမ်ိဳးဆက္ႏွင့္ အနာဂတ္မ်ိဳး ဆက္မ်ား အတြက္ ကမာၻေျမအား ထိန္းသိမ္းကာကြယ္ရန္ ႏိုင္ငံတကာအသိုက္ အဝန္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္အသင့္ရွိေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။