မိုင်းခွဲခံရခြင်းကြောင့် ယာယီရပ်နားထားသော မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို မနက်ဖြန် (နိုဝင်ဘာ ၉ ရက်) တွင် ပြန်လည်ပြေးဆွဲမည်

164

စော (NP News) - နိုဝင်ဘာ ၈
မိုင်းခွဲခံရခြင်းကြောင့် ယာယီရပ်နားထားသော မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို မနက်ဖြန်(နိုဝင်ဘာ ၉ ရက်) တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၇ ရက်)က မိုင်းခွဲခံရသော မော်လမြိုင် - ရန်ကုန်လမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းအား ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ယနေ့ (နိုဝင်ဘာ ၈ ရက်) ညနေပိုင်းမှသာ ပြင်ဆင်ဆောင်ရွက်မှုများကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ကြောင့် ယနေ့(နိုဝင်ဘာ ၈ ရက်) တွင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် ၈၁ အဆန်ရထား ခရီးစဥ်များအား ယာယီဖျက်သိမ်း၍ ၄င်းနေ့အတွက် ဝယ်ယူထားသော ရိုးရိုးတန်း၊ အထက်တန်းလက်မှတ်များကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံ၌ နံနက် (၇)နာရီမှ (၁၀)နာရီအထိ ပြန်အမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂)အစုန် ရထားကို ရိုးရိုး (AAR) ရထားတွဲဆိုင်းဖြင့် နိုဝင်ဘာ ၉ ရက်၊ နံနက် (၈)နာရီခွဲအချိန်တွင် ပြေးဆွဲသွားမည်ဖြစ်၍ ယင်းနေ့အတွက် အထက်တန်းရက်ကြို လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ခငွေများ ပြန်အမ်းပေးတော့မည်မဟုတ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထားသည်။

Zawgyi Version:
မိုင္းခြဲခံရျခင္းေၾကာင့္ ယာယီရပ္နားထားေသာ ေမာ္လၿမိဳင္-ရန္ကုန္ ရထားခရီးစဥ္ကို မနက္ျဖန္ (ႏိုဝင္ဘာ ၉ ရက္) တြင္ ျပန္လည္ေျပးဆြဲမည္
ေစာ (NP News) - ႏိုဝင္ဘာ ၈
မိုင္းခြဲခံရျခင္းေၾကာင့္ ယာယီရပ္နားထားေသာ ေမာ္လၿမိဳင္-ရန္ကုန္ ရထားခရီးစဥ္ကို မနက္ျဖန္(ႏိုဝင္ဘာ ၉ ရက္) တြင္ ျပန္လည္ေျပးဆြဲမည္ျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးထံမွ သိရသည္။
ယမန္ေန႔ (ႏိုဝင္ဘာ ၇ ရက္)က မိုင္းခြဲခံရေသာ ေမာ္လၿမိဳင္ - ရန္ကုန္လမ္းပိုင္းရွိ သိမ္ဆိပ္ဘူတာႏွင့္ ဒုံဝန္းဘူတာၾကား ရထားလမ္းအား ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိၿပီး ယေန႔ (ႏိုဝင္ဘာ ၈ ရက္) ညေနပိုင္းမွသာ ျပင္ဆင္ေဆာင္႐ြက္မႈမ်ားကို အၿပီးသတ္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ယေန႔(ႏိုဝင္ဘာ ၈ ရက္) တြင္ ေမာ္လၿမိဳင္ဘူတာႀကီးမွ ထြက္ခြာမည့္ အမွတ္ ၈၂ အစုန္ ရထားႏွင့္ ရန္ကုန္ဘူတာႀကီးမွထြက္ခြာမည့္ အမွတ္ ၈၁ အဆန္ရထား ခရီးစဥ္မ်ားအား ယာယီဖ်က္သိမ္း၍ ၄င္းေန႔အတြက္ ဝယ္ယူထားေသာ ႐ိုး႐ိုးတန္း၊ အထက္တန္းလက္မွတ္မ်ားကို ေမာ္လၿမိဳင္ဘူတာႀကီး ေန႔ခ်င္းလက္မွတ္႐ုံ၌ နံနက္ (၇)နာရီမွ (၁၀)နာရီအထိ ျပန္အမ္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေမာ္လၿမိဳင္ဘူတာႀကီးမွ ထြက္ခြာမည့္ အမွတ္ (၈၂)အစုန္ ရထားကို ႐ိုး႐ိုး (AAR) ရထားတြဲဆိုင္းျဖင့္ ႏိုဝင္ဘာ ၉ ရက္၊ နံနက္ (၈)နာရီခြဲအခ်ိန္တြင္ ေျပးဆြဲသြားမည္ျဖစ္၍ ယင္းေန႔အတြက္ အထက္တန္းရက္ႀကိဳ လက္မွတ္ဝယ္ယူထားေသာ ခရီးသည္မ်ားအား လက္မွတ္ခေငြမ်ား ျပန္အမ္းေပးေတာ့မည္မဟုတ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးမွ အသိေပးထားသည္။