မြောက်ကိုရီးယားက ပဲ့ထိန်ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့ပြီး ဂျပန်အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ဟုဆို

100

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၈
မြောက်ကိုရီးယားနိုင်ငံသည် နိုဝင်ဘာ (၇) ရက်က ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင် ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်လိုက်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့ နိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခြင်း နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် အငြင်းပွားမှုများရှိနေချိန်တွင် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံး ကျည်များကို အရှေ့ဘက်ကမ်းရိုးတန်းဘက်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ် ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။ ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီက မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်လိုက်သော ပဲ့ထိန်း ဒုံးကျည်များသည် ဂျပန် အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ဖွယ်ရှိနေသည်ဟုပြောသည်။ မြောက်ကိုရီး ယားနိုင်ငံသည် နိုဝင်ဘာ (၇) ရက်တွင် မည်သည့် ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့သလဲဆိုသောအချက်ကို မသိရသေးသလို ထိခိုက်ပျက်စီးမှုအခြေနေကို လည်း မသိရသေးကြောင်း ဂျပန်ဝန်ကြီးချုပ်ကပြောသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုသည် သီတင်းပတ် သုံးပတ်နီးပါးအတွင်း ဒုတိယ အကြိမ်မြောက် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး အာရှတိုက် အတွင်းသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မလာရောက်ခင်ကလည်း တာတိုပစ်ဒုံး ကျည်များကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သော ရက်ပိုင်းတွင် ၎င်းတို့နိုင်ငံအပေါ် အမေရိကန်နိုင်ငံကပိတ်ဆို့မှု ချမှတ် ခြင်းကို လူသိရှင်ကြား ဝေဖန်ပြစ်တင် ခဲ့ပြီး ပိတ်ဆို့မှုချမှတ်ခြင်းက နှစ်နိုင်ငံကြားတွေ့ဆုံ ဆွေးနွေးမှု ပြန်လည် ဖြစ်ပွား ရေးကို အထောက်ကူဖြစ်မည် မဟုတ်ကြောင်းပြောသည်။
ထို့ပြင် အမေရိကန်၏ပိတ်ဆို့မှုချမှတ်ခြင်းများက ရန်လိုမှုများကို သက်သေပြလိုက်ခြင်းမျိုး လည်းဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက စွပ်စွဲထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်လအတွင်း မလေးရှား နိုင်ငံနှင့် တောင်ကိုရီး ယားနိုင်ငံကို လာရောက်ချိန်အတွင်း မြောက်ကိုရီး ယားနိုင်ငံနှင့် ပြန်လည်တွေ့ဆုံဆွေးနွေးရန် လမ်းကြောင်းဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။ မြောက်ကို ရီးယားနိုင်ငံသည် အမေရိကန်နှင့်တောင်ကိုရီးယား နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးတိုးတက်ကောင်း မွန်ခြင်းများကို မကြာခဏ ဝေဖန်ပြစ်တင်ခဲ့ဖူးပြီး ဒုံးကျည်စမ်းသပ်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိနေသောနိုင်ငံဖြစ်ကြောင်းသိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှုများကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာ၏ ပစ်မှတ်ထားပိတ်ဆို့မှုအမျိုးမျိုးကို ရင်ဆိုင်နေရသောနိုင်ငံဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ေျမာက္ကိုရီးယားက ပဲ့ထိန္ဒုံးက်ည္မ်ား စမ္းသပ္ ပစ္လႊတ္ခဲ့ၿပီး ဂ်ပန္အထူးစီးပြားေရးဇုန္အတြင္း က်ေရာက္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၈
ေျမာက္ကိုရီးယားႏိုင္ငံသည္ ႏိုဝင္ဘာ (၇) ရက္က ပဲ့ထိန္းဒုံးက်ည္မ်ားကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ ကိုရီးယားစစ္တပ္က သတင္းထုတ္ျပန္လိုက္သည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ၎တို႔ ႏိုင္ငံအေပၚ ပိတ္ဆို႔မႈခ်မွတ္ျခင္း ႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံႏွင့္ အျငင္းပြားမႈမ်ားရွိေနခ်ိန္တြင္ ပဲ့ထိန္းဒုံးက်ည္မ်ားကို စမ္းသပ္ခဲ့ျခင္းျဖစ္သည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ပဲ့ထိန္းဒုံး က်ည္မ်ားကို အေရွ႕ဘက္ကမ္း႐ိုးတန္းဘက္ကို ပစ္လႊတ္ခဲ့ျခင္းျဖစ္ ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ေျပာသည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာေနးတာကိုင္ခ်ီက ေျမာက္ကိုရီးယားႏိုင္ငံမွ ပစ္လႊတ္လိုက္ေသာ ပဲ့ထိန္း ဒုံးက်ည္မ်ားသည္ ဂ်ပန္ အထူးစီးပြားေရးဇုန္အတြင္း က်ေရာက္ဖြယ္ရွိေနသည္ဟုေျပာသည္။ ေျမာက္ကိုရီး ယားႏိုင္ငံသည္ ႏိုဝင္ဘာ (၇) ရက္တြင္ မည္သည့္ ဒုံးက်ည္ကို စမ္းသပ္ပစ္ခတ္ခဲ့သလဲဆိုေသာအခ်က္ကို မသိရေသးသလို ထိခိုက္ပ်က္စီးမႈအေျခေနကို လည္း မသိရေသးေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ကေျပာသည္။
ေျမာက္ကိုရီးယားႏိုင္ငံ၏ ဒုံးက်ည္စမ္းသပ္မႈသည္ သီတင္းပတ္ သုံးပတ္နီးပါးအတြင္း ဒုတိယ အႀကိမ္ေျမာက္ စမ္းသပ္ခဲ့ျခင္းျဖစ္ၿပီး အာရွတိုက္ အတြင္းသို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ မလာေရာက္ခင္ကလည္း တာတိုပစ္ဒုံး က်ည္မ်ားကို စမ္းသပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ၿပီးခဲ့ေသာ ရက္ပိုင္းတြင္ ၎တို႔ႏိုင္ငံအေပၚ အေမရိကန္ႏိုင္ငံကပိတ္ဆို႔မႈ ခ်မွတ္ ျခင္းကို လူသိရွင္ၾကား ေဝဖန္ျပစ္တင္ ခဲ့ၿပီး ပိတ္ဆို႔မႈခ်မွတ္ျခင္းက ႏွစ္ႏိုင္ငံၾကားေတြ႕ဆုံ ေဆြးေႏြးမႈ ျပန္လည္ ျဖစ္ပြား ေရးကို အေထာက္ကူျဖစ္မည္ မဟုတ္ေၾကာင္းေျပာသည္။
ထို႔ျပင္ အေမရိကန္၏ပိတ္ဆို႔မႈခ်မွတ္ျခင္းမ်ားက ရန္လိုမႈမ်ားကို သက္ေသျပလိုက္ျခင္းမ်ိဳး လည္းျဖစ္ေၾကာင္း ေျမာက္ကိုရီးယား အစိုးရက စြပ္စြဲထားသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့သည့္လအတြင္း မေလးရွား ႏိုင္ငံႏွင့္ ေတာင္ကိုရီး ယားႏိုင္ငံကို လာေရာက္ခ်ိန္အတြင္း ေျမာက္ကိုရီး ယားႏိုင္ငံႏွင့္ ျပန္လည္ေတြ႕ဆုံေဆြးေႏြးရန္ လမ္းေၾကာင္းဖြင့္ထားေၾကာင္း ေျပာဆိုခဲ့သည္။ ေျမာက္ကို ရီးယားႏိုင္ငံသည္ အေမရိကန္ႏွင့္ေတာင္ကိုရီးယား ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရးတိုးတက္ေကာင္း မြန္ျခင္းမ်ားကို မၾကာခဏ ေဝဖန္ျပစ္တင္ခဲ့ဖူးၿပီး ဒုံးက်ည္စမ္းသပ္မႈမ်ား မၾကာခဏလုပ္ေဆာင္လ်က္ရွိေနေသာႏိုင္ငံျဖစ္ေၾကာင္းသိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ဒုံးက်ည္ႏွင့္ န်ဴကလီးယားစမ္းသပ္မႈမ်ားေၾကာင့္ ကုလသမဂၢအပါအဝင္ ႏိုင္ငံ တကာ၏ ပစ္မွတ္ထားပိတ္ဆို႔မႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ေနရေသာႏိုင္ငံျဖစ္ေၾကာင္းသိရသည္။