သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၅)မျိုးကို FDA အသိပေး

635

Pearl (NP News) - နိုဝင်ဘာ ၈
သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၅)မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန် ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၅)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အလှကုန်ပစ္စည်းများမှာ (၁) GQHUDABEAUTY/ 18 SHADES FOR BOMB BRONZE LOOKS Eye Shadow Palette (Made in China ) (Rhodamine B & Lead)၊ (၂) GQHUDA BEAUTY / NEW NUDE EYE SHADOW Palette ( Made in China) (Rhodamine B & Lead) ၊ (၃) Karite / Velvet Cheer 3 in 1 Blusher & Highlighter Powder & Contour (Made in China) (Rhodamine B)၊ (၄) NYX / POWDER PUFF LIPPIE PPL01 COOL INTENTIONS( Made in Taiwan) (Rhodamine B) နှင့် (၅) ANYLADY / MAKE UP PALETTE (STRAWBERRY JOY) (Made in P.R.C) (Rhodamine B & Lead) တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါတားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်းလည်း FDA က အသိပေးထား သည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့်လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း FDA က သတိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္း (၅)မ်ိဳးကို FDA အသိေပး
Pearl (NP News) - ႏိုဝင္ဘာ ၈
သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္း (၅)မ်ိဳးကို အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က အသိေပးထုတ္ျပန္ထားသည္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ျပည္တြင္း၌ ေရာင္းခ်ေနသည့္ အလွကုန္ ပစၥည္းမ်ားကိုစစ္ေဆးခဲ့ရာ အလွကုန္ပစၥည္း(၅)မ်ိဳးသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓါတုပစၥည္းမ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမ်ားျပည္သူလူထု သုံးစြဲရန္မသင့္ေတာ္ေၾကာင္း အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါ အလွကုန္ပစၥည္းမ်ားမွာ (၁) GQHUDABEAUTY/ 18 SHADES FOR BOMB BRONZE LOOKS Eye Shadow Palette (Made in China ) (Rhodamine B & Lead)၊ (၂) GQHUDA BEAUTY / NEW NUDE EYE SHADOW Palette ( Made in China) (Rhodamine B & Lead) ၊ (၃) Karite / Velvet Cheer 3 in 1 Blusher & Highlighter Powder & Contour (Made in China) (Rhodamine B)၊ (၄) NYX / POWDER PUFF LIPPIE PPL01 COOL INTENTIONS( Made in Taiwan) (Rhodamine B) ႏွင့္ (၅) ANYLADY / MAKE UP PALETTE (STRAWBERRY JOY) (Made in P.R.C) (Rhodamine B & Lead) တို႔ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါတားျမစ္ဓါတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတဆင့္ ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူ၍ ထုံက်င္ျခင္း၊ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ေၾကာင္းလည္း FDA က အသိေပးထား သည္။
အလွကုန္ပစၥည္းတင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္လက္လီလက္ကားဆိုင္မ်ားသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိေသာ အမ်ားျပည္သူ သုံးစြဲရန္မသင့္ေၾကာင္းေၾကညာထားသည့္ အလွကုန္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္ (Ethic)အရ လုံးဝမျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္ (၃)(ဃ) အရ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းလည္း FDA က သတိေပးထုတ္ျပန္ထားသည္။