ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ အဖြစ် ဦးအေးဝင်းကို ထပ်မံရွေးချယ်ခဲ့

 455

စော(NP News)-နိုဝင်ဘာ ၈

၂၀၂၅-၂၀၂၈ခုနှစ်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI)၏ ဥက္ကဋ္ဌအဖြစ် ဦးအေးဝင်းကို ထပ်မံ၍ ရွေးချယ်ခန့်အပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသက်တမ်းအတွက် အမှုဆောင်များရွေးချယ်ပွဲကို ယနေ့ (နိုဝင်ဘာ ၈ရက်)က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCIရုံး၌ ကျင်းပရာ ကုန်သည်စက်မှုအသင်းချုပ်၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်မောင်သိမ်းက အမှုဆောင်များရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်တွင် ဥက္ကဋ္ဌ အဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်းကို အသင်းချုပ်၏ သက်တမ်းရှိ အသင်းသားတစ်ဦးချင်းစီထံသို့ အီးမေးလ်မှတစ်ဆင့် အောက်တိုဘာ ၈ ရက်တွင် ပေးပို့ဖိတ်ကြားပြီးဖြစ်၍ သတ်မှတ်ချက်နှင့်ပြည့်စုံသော အသင်းသားများအနေဖြင့် ဆန္ဒမဲပေးခြင်းကို Online Registration ဖြင့် အောက်တိုဘာ ၉ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ကြိုတင်မှတ်ပုံတင် စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၅-၂၀၂၈ခုနှစ်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ဦးအေးဝင်းမှ ထပ်မံ‌ရွေးချယ်ခံခဲ့ရပြီး အထွေထွေ အတွင်းရေးမှူး အဖြစ် ဒေါ်ခိုင်ခိုင်နွယ်ကလည်း ထပ်မံ ရွေးချယ်ခြင်းခံခဲ့ရသည်။
ဥက္ကဋ္ဌ ဦးအေးဝင်းသည် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် အသင်းသား၊ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်၊ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအဆင့်ဆင့်များမှ တာဝန်ယူဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။

အဆိုပါရွေးကောက်ပွဲတွင် အသင်းဝင်ပေါင်း (၂)သောင်းကျော်ရှိသည့်အနက် (၁၀၄၃)ဦးသာ ဆန္ဒမဲပေးခဲ့ကြပြီး အလုပ်အမှုဆောင် (၈၀) ဦးနှင့် ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်နိုင်ခဲ့ ကြောင်း သိရသည်။

zawgyi version

ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ အျဖစ္ ဦးေအးဝင္းကို ထပ္မံေ႐ြးခ်ယ္ခဲ့
ေစာ(NP News)-ႏိုဝင္ဘာ ၈
၂၀၂၅-၂၀၂၈ခုႏွစ္အတြက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္ မ်ား အသင္းခ်ဳပ္(UMFCCI)၏ ဥကၠ႒အျဖစ္ ဦးေအးဝင္းကို ထပ္မံ၍ ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါသက္တမ္းအတြက္ အမႈေဆာင္မ်ားေ႐ြးခ်ယ္ပြဲကို ယေန႔ (ႏိုဝင္ဘာ ၈ရက္)က ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္းရွိ UMFCCI႐ုံး၌ က်င္းပရာ ကုန္သည္စက္မႈအသင္းခ်ဳပ္၏ အႀကံေပးပုဂၢိဳလ္ ေဒါက္တာ ေမာင္ေမာင္သိမ္းက အမႈေဆာင္မ်ားေ႐ြးခ်ယ္တင္ေျမႇာက္ပြဲႀကီးၾကပ္မႈေကာ္မရွင္တြင္ ဥကၠ႒ အျဖစ္ ႀကီးၾကပ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲ က်င္းပမည္ျဖစ္ေၾကာင္းကို အသင္းခ်ဳပ္၏ သက္တမ္းရွိ အသင္းသားတစ္ဦးခ်င္းစီထံသို႔ အီးေမးလ္မွတစ္ဆင့္ ေအာက္တိုဘာ ၈ ရက္တြင္ ေပးပို႔ဖိတ္ၾကားၿပီးျဖစ္၍ သတ္မွတ္ခ်က္ႏွင့္ျပည့္စုံေသာ အသင္းသားမ်ားအေနျဖင့္ ဆႏၵမဲေပးျခင္းကို Online Registration ျဖင့္ ေအာက္တိုဘာ ၉ ရက္မွ ေအာက္တိုဘာ ၂၉ ရက္အထိ ႀကိဳတင္မွတ္ပုံတင္ စာရင္းေပးသြင္းခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၂၀၂၅-၂၀၂၈ခုႏွစ္သက္တမ္းအတြက္ ဥကၠ႒အျဖစ္ ဦးေအးဝင္းမွ ထပ္မံ‌ေ႐ြးခ်ယ္ခံခဲ့ရၿပီး အေထြေထြ အတြင္းေရးမႉး အျဖစ္ ေဒၚခိုင္ခိုင္ႏြယ္ကလည္း ထပ္မံ ေ႐ြးခ်ယ္ျခင္းခံခဲ့ရသည္။
ဥကၠ႒ ဦးေအးဝင္းသည္ ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) တြင္ အသင္းသား၊ အလုပ္အမႈေဆာင္၊ ဗဟိုအလုပ္အမႈေဆာင္၊ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ရာထူးအဆင့္ဆင့္မ်ားမွ တာဝန္ယူေဆာင္႐ြက္ခဲ့ဖူးသူျဖစ္သည္။
အဆိုပါေ႐ြးေကာက္ပြဲတြင္ အသင္းဝင္ေပါင္း (၂)ေသာင္းေက်ာ္ရွိသည့္အနက္ (၁၀၄၃)ဦးသာ ဆႏၵမဲေပးခဲ့ၾကၿပီး အလုပ္အမႈေဆာင္ (၈၀) ဦးႏွင့္ ဗဟိုအလုပ္အမႈေဆာင္မ်ားကို ေ႐ြးခ်ယ္ႏိုင္ခဲ့ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.