ပင်လယ်ဓါးပြတွေ သိမ်းယူသွားတဲ့သင်္ဘောကို ဥရောပသမဂ္ဂရေတပ်တပ်ဖွဲ့ အောင်မြင်စွာပြန်လည်သိမ်းယူ

 84

Pika (NP News) - နိုဝင်ဘာ ၉

ဥရောပသမဂ္ဂရဲ့ ပင်လယ်ဓါးပြဆန့်ကျင်ရေးရေတပ်တပ်ဖွဲ့တွေဟာ ဆိုမာလီယာကမ်းရိုးတန်းမှာ တိုက်ခိုက်ခံခဲ့ရတဲ့ သင်္ဘောတစ်စီးကို အောင်မြင်စွာပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂရိကုမ္ပဏီ Latsco Marine Management က ဦးစီးပြီး သင်္ဘောသား(၂၄)ဦးလိုက်ပါလာတဲ့သင်္ဘောကို ပင်လယ်ဓါးပြတွေက ဝင်ရောက်စီးနင်းခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောာဟာ တောင်အာဖရိက ကနေ အိန္ဒိယကို သွားနေစဉ်အချိန်အတွင်း ယခုလိုတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရ တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆိုမာလီယာဒေသဟာ တစ်ချိန်က ပင်လယ်ဓါးပြတွေရဲ့တိုက်ခိုက်မှုတွေနဲ့ ငွေညှစ်မှုတွေအတွက် နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဓါးပြတိုက်ခံရမှု အကြိမ်ရေ နည်းပါးလာခဲ့တယ်လို့လည်း သိရပါတယ်။
ဥရောပသမဂ္ဂရေတပ်တပ်ဖွဲ့က “အစောပိုင်းအင်အားပြသမှုတွေအပြီးမှာ ပင်လယ်ဓါးပြတွေဟာ ကုန်သင်္ဘောကို စွန့်ခွါခဲ့ကြပါတယ်။ သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ အမှုထမ်း(၂၄)ဦးစလုံး ထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးကင်းတဲ့ အခြေအနေမှာရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ ပင်လယ်ဓါးပြတွေကို လိုက်လံရှာဖွေနေကြောင်းနဲ့ ဖမ်းမိခဲ့မယ်ဆိုရင် ဥပဒေအရ တရားစွဲဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဥရောပသမဂ္ဂရေတပ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ပင္လယ္ဓါးျပေတြ သိမ္းယူသြားတဲ့သေဘၤာကို ဥေရာပသမဂၢေရတပ္တပ္ဖြဲ႕ ေအာင္ျမင္စြာျပန္လည္သိမ္းယူ
Pika (NP News) - ႏိုဝင္ဘာ ၉
ဥေရာပသမဂၢရဲ႕ ပင္လယ္ဓါးျပဆန႔္က်င္ေရးေရတပ္တပ္ဖြဲ႕ေတြဟာ ဆိုမာလီယာကမ္း႐ိုးတန္းမွာ တိုက္ခိုက္ခံခဲ့ရတဲ့ သေဘၤာတစ္စီးကို ေအာင္ျမင္စြာျပန္လည္သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဂရိကုမၸဏီ Latsco Marine Management က ဦးစီးၿပီး သေဘၤာသား(၂၄)ဦးလိုက္ပါလာတဲ့သေဘၤာကို ပင္လယ္ဓါးျပေတြက ဝင္ေရာက္စီးနင္းခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။
အဲဒီသေဘၤာာဟာ ေတာင္အာဖရိက ကေန အိႏၵိယကို သြားေနစဥ္အခ်ိန္အတြင္း ယခုလိုတိုက္ခိုက္သိမ္းပိုက္ခံခဲ့ရ တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဆိုမာလီယာေဒသဟာ တစ္ခ်ိန္က ပင္လယ္ဓါးျပေတြရဲ႕တိုက္ခိုက္မႈေတြနဲ႔ ေငြညႇစ္မႈေတြအတြက္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ဓါးျပတိုက္ခံရမႈ အႀကိမ္ေရ နည္းပါးလာခဲ့တယ္လို႔လည္း သိရပါတယ္။
ဥေရာပသမဂၢေရတပ္တပ္ဖြဲ႕က “အေစာပိုင္းအင္အားျပသမႈေတြအၿပီးမွာ ပင္လယ္ဓါးျပေတြဟာ ကုန္သေဘၤာကို စြန႔္ခြါခဲ့ၾကပါတယ္။ သေဘၤာေပၚမွာလိုက္ပါလာတဲ့ အမႈထမ္း(၂၄)ဦးစလုံး ထိခိုက္ဒဏ္ရာမရရွိဘဲ ေဘးကင္းတဲ့ အေျခအေနမွာရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တဲ့ ပင္လယ္ဓါးျပေတြကို လိုက္လံရွာေဖြေနေၾကာင္းနဲ႔ ဖမ္းမိခဲ့မယ္ဆိုရင္ ဥပေဒအရ တရားစြဲဆိုမႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ဥေရာပသမဂၢေရတပ္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.