အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်

 44

Pika (NP News) - နိုဝင်ဘာ ၉

အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်တို့၏ ကိုယ်စားလှယ်အဖွဲ့များသည် တူရကီနိုင်ငံတွင် အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲများကို ပြန်လည်စတင်နေပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲများသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ကြား နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ရန်လိုမှုများပြန်လည် မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် ရည်ရွယ်ထားခြင်းမျိုးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နှစ်နိုင်ငံကြားနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့မှုနှင့်အတူ အာဖဂန်နစ္စတန် နှင့်ပါကစ္စတန်တို့ကြား တင်းမာမှုများ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲများ အတွင်း အရပ်သားပြည်သူ များအပါအဝင် အနည်း ဆုံး လူ(၇၀)ဦးသေဆုံးကာ အခြား လူရာချီထိခိုက်ဒဏ် ရာရရှိခဲ့ပြီးနောက် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် တို့ကြား အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန် စတင် သဘောတူညီခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သည် တူရကီနှင့်ကာတာတို့၏ ကြားဝင် စေ့စပ်ပေးမှုများအရ အပစ်အခတ်ရပ်စဲရေးလုပ် ဆောင်ရန် ပြီးခဲ့သည့် အောက်တိုဘာလ(၁၉)ရက်တွင် သဘောတူညီခဲ့သော်လည်း အသေးစိတ်အချက်အ လက်များကို လက်ရှိ အချိန်အထိ သဘောတူညီနိုင် ခြင်းမျိုးမရှိသေးကြောင်းသိရသည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ကြား ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့သည့်ရက် ပိုင်းအတွင်း အစ္စတန်ဘူလ်မြို့တွင်လုပ်ဆောင်ခဲ့သည့် ဆွေးနွေးပွဲများသည် ဖြေရှင်းချက်မရှိဘဲ ပြီးဆုံးသွားခဲ့ပြီးနောက် သီတင်း တစ်ပတ်ကျော်အကြာတွင် နှစ် နိုင်ငံကြား တွေ့ဆုံမှုအသစ်များ ထပ်မံလုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့၏ ကိုယ်စားလှယ်အဖွဲ့များကို မည်သူ ဦးဆောင်သည်ဆိုသည့် အချက်များကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။

Zawgyi Version;
အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္တို႔ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျပန္လည္စတင္
Pika (NP News) - ႏိုဝင္ဘာ ၉
အာဖဂန္နစၥတန္ႏွင့္ပါကစၥတန္တို႔၏ ကိုယ္စားလွယ္အဖြဲ႕မ်ားသည္ တူရကီႏိုင္ငံတြင္ အပစ္အခတ္ရပ္စဲ ေရးေဆြးေႏြးပြဲမ်ားကို ျပန္လည္စတင္ေနၿပီ ျဖစ္ေၾကာင္းသိရသည္။ အဆိုပါေဆြးေႏြးပြဲမ်ားသည္ အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္တို႔ၾကား ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုး႐ြားဆုံးပဋိပကၡမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ရန္လိုမႈမ်ားျပန္လည္ ျမင့္တက္လာျခင္းကို ကာကြယ္ရန္အတြက္ ရည္႐ြယ္ထားျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ႏွစ္ႏိုင္ငံၾကားနယ္စပ္တြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့မႈႏွင့္အတူ အာဖဂန္နစၥတန္ ႏွင့္ပါကစၥတန္တို႔ၾကား တင္းမာမႈမ်ား ထပ္မံျမင့္တက္လာျခင္းျဖစ္သည္။ အဆိုပါတိုက္ပြဲမ်ား အတြင္း အရပ္သားျပည္သူ မ်ားအပါအဝင္ အနည္း ဆုံး လူ(၇၀)ဦးေသဆုံးကာ အျခား လူရာခ်ီထိခိုက္ဒဏ္ ရာရရွိခဲ့ၿပီးေနာက္ အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္ တို႔ၾကား အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ရန္ စတင္ သေဘာတူညီခဲ့ျခင္းျဖစ္သည္။ အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္တို႔သည္ တူရကီႏွင့္ကာတာတို႔၏ ၾကားဝင္ ေစ့စပ္ေပးမႈမ်ားအရ အပစ္အခတ္ရပ္စဲေရးလုပ္ ေဆာင္ရန္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၁၉)ရက္တြင္ သေဘာတူညီခဲ့ေသာ္လည္း အေသးစိတ္အခ်က္အ လက္မ်ားကို လက္ရွိ အခ်ိန္အထိ သေဘာတူညီႏိုင္ ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။
အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္တို႔ၾကား ေရရွည္အပစ္အခတ္ရပ္စဲေရးအတြက္ ၿပီးခဲ့သည့္ရက္ ပိုင္းအတြင္း အစၥတန္ဘူလ္ၿမိဳ႕တြင္လုပ္ေဆာင္ခဲ့သည့္ ေဆြးေႏြးပြဲမ်ားသည္ ေျဖရွင္းခ်က္မရွိဘဲ ၿပီးဆုံးသြားခဲ့ၿပီးေနာက္ သီတင္း တစ္ပတ္ေက်ာ္အၾကာတြင္ ႏွစ္ ႏိုင္ငံၾကား ေတြ႕ဆုံမႈအသစ္မ်ား ထပ္မံလုပ္ေဆာင္ ခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္လည္း အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္တို႔၏ ကိုယ္စားလွယ္အဖြဲ႕မ်ားကို မည္သူ ဦးေဆာင္သည္ဆိုသည့္ အခ်က္မ်ားကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.