ကြည့်ရှုမှု သန်း (၁၀ဝ)ကျော်သွားခဲ့သော BLACKPINK အဖွဲ့ဝင်ဂျင်းနီ၏ လေးခုမြောက် သီချင်း ExtraL

192

Pika (NP News) - နိုဝင်ဘာ ၉
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူဂျင်းနီသည် ကြည့်ရှုမှု သန်း(၁၀ဝ)ကျော်ရှိသော နောက်ထပ်သီချင်းတစ်ပုဒ်ကို ၎င်း၏တစ်ကိုယ် တော်မှတ်တိုင်များထဲသို့ ထည့်သွင်း နိုင်ခဲ့ကြောင်းသိရသည်။ ဂျင်းနီ၏ Ruby အယ်လ်ဘမ်တွင်ပါဝင်သည့် သီချင်းတစ်ပုဒ်ဖြစ်သော ExtraL သည့် YouTube ပလက်ဖောင်းတွင် ကြည့်ရှုမှု သန်း (၁၀ဝ) ကျော်သွားခဲ့ကြောင်း OA Entertainment က ထုတ်ပြန်ကြေညာခဲ့သည်။
ExtraL သီချင်းသည် ကြည့်ရှုမှု သန်း (၁၀ဝ)ကျော်သွားခဲ့သော ဂျင်းနီ၏ လေးခုမြောက်သီချင်းဖြစ်ပြီး အခြား သီချင်းများမှာ SOLO၊ Mantra နှင့် like JENNIE တို့ဖြစ်ကြောင်းသိရသည်။ အဆို ပါသီချင်းများထဲမှ SOLO သီချင်းသည် ပြီးခဲ့သည့်နှစ် ဧပြီလတွင် ကြည့်ရှုမှု (၁)ဘီလျံကျော်သွားခဲ့ပြီး ထွက် ရှိပြီးနောက် အချိန်(၅)နှစ်နီးပါးအကြာတွင် အဆိုပါ မှတ်တိုင်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဂျင်းနီသည် ယင်းမှတ်တိုင်ကို ရရှိခဲ့သည့် ပထမဆုံးအမျိုးသမီး K-pop အနုပညာရှင် ဖြစ်လာခဲ့ကြောင်း လည်းသိရသည်။ ExtraL သီချင်းသည် ကိုယ်ပိုင်နည်းလမ်းဖြင့် ဘဝကိုနေထိုင်ခြင်း အကြောင်းရေးသားထားသည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး ဂျင်းနီက ၎င်းရွေးချယ်သည့်လမ်းကြောင်းကို ယုံကြည်မှုရှိရှိလျှောက်လှမ်းကာ တစ်ကိုယ်တော် ခရီးကို အောင်မြင်မှုများစွာနှင့်အတူ ဆက်လက်လျှောက်လှမ်း နေသည့်အကြောင်းကိုပြသနေသည့်သီချင်းလည်း ဖြစ် သည်။
ExtraL သီချင်းသည် ကမ္ဘာလုံးဆိုင်ရာ ဇယားများတွင်လည်း နေရာတစ်ခုတွင်ရပ်တည်နိုင်ခဲ့ကာ ဂျင်းနီက ၎င်း၏အဆင့်အတန်းတစ်ခုကို အောင်မြင်စွာသက်သေပြနိုင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ၾကည့္ရႈမႈ သန္း (၁၀ဝ)ေက်ာ္သြားခဲ့ေသာ BLACKPINK အဖြဲ႕ဝင္ဂ်င္းနီ၏ ေလးခုေျမာက္ သီခ်င္း ExtraL
Pika (NP News) - ႏိုဝင္ဘာ ၉
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕ BLACKPINK ၏ အဖြဲ႕ဝင္တစ္ဦး ျဖစ္သူဂ်င္းနီသည္ ၾကည့္ရႈမႈ သန္း(၁၀ဝ)ေက်ာ္ရွိေသာ ေနာက္ထပ္သီခ်င္းတစ္ပုဒ္ကို ၎၏တစ္ကိုယ္ ေတာ္မွတ္တိုင္မ်ားထဲသို႔ ထည့္သြင္း ႏိုင္ခဲ့ေၾကာင္းသိရသည္။ ဂ်င္းနီ၏ Ruby အယ္လ္ဘမ္တြင္ပါဝင္သည့္ သီခ်င္းတစ္ပုဒ္ျဖစ္ေသာ ExtraL သည့္ YouTube ပလက္ေဖာင္းတြင္ ၾကည့္ရႈမႈ သန္း (၁၀ဝ) ေက်ာ္သြားခဲ့ေၾကာင္း OA Entertainment က ထုတ္ျပန္ေၾကညာခဲ့သည္။
ExtraL သီခ်င္းသည္ ၾကည့္ရႈမႈ သန္း (၁၀ဝ)ေက်ာ္သြားခဲ့ေသာ ဂ်င္းနီ၏ ေလးခုေျမာက္သီခ်င္းျဖစ္ၿပီး အျခား သီခ်င္းမ်ားမွာ SOLO၊ Mantra ႏွင့္ like JENNIE တို႔ျဖစ္ေၾကာင္းသိရသည္။ အဆို ပါသီခ်င္းမ်ားထဲမွ SOLO သီခ်င္းသည္ ၿပီးခဲ့သည့္ႏွစ္ ဧၿပီလတြင္ ၾကည့္ရႈမႈ (၁)ဘီလ်ံေက်ာ္သြားခဲ့ၿပီး ထြက္ ရွိၿပီးေနာက္ အခ်ိန္(၅)ႏွစ္နီးပါးအၾကာတြင္ အဆိုပါ မွတ္တိုင္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ဂ်င္းနီသည္ ယင္းမွတ္တိုင္ကို ရရွိခဲ့သည့္ ပထမဆုံးအမ်ိဳးသမီး K-pop အႏုပညာရွင္ ျဖစ္လာခဲ့ေၾကာင္း လည္းသိရသည္။ ExtraL သီခ်င္းသည္ ကိုယ္ပိုင္နည္းလမ္းျဖင့္ ဘဝကိုေနထိုင္ျခင္း အေၾကာင္းေရးသားထားသည့္ သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး ဂ်င္းနီက ၎ေ႐ြးခ်ယ္သည့္လမ္းေၾကာင္းကို ယုံၾကည္မႈရွိရွိေလွ်ာက္လွမ္းကာ တစ္ကိုယ္ေတာ္ ခရီးကို ေအာင္ျမင္မႈမ်ားစြာႏွင့္အတူ ဆက္လက္ေလွ်ာက္လွမ္း ေနသည့္အေၾကာင္းကိုျပသေနသည့္သီခ်င္းလည္း ျဖစ္ သည္။
ExtraL သီခ်င္းသည္ ကမာၻလုံးဆိုင္ရာ ဇယားမ်ားတြင္လည္း ေနရာတစ္ခုတြင္ရပ္တည္ႏိုင္ခဲ့ကာ ဂ်င္းနီက ၎၏အဆင့္အတန္းတစ္ခုကို ေအာင္ျမင္စြာသက္ေသျပႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။