တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

 327

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၉

ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေး ကွက်အပေါ်မူတည်ကာ အပြောင်းအလဲဖြစ်ပေါ်နေပြီး လတ်တ လောတွင် ဈေးတန်းအမြင့်ပိုင်းတွင်သာ ဆက်လက်ရပ်တည်နေသည်။ ကမ္ဘာ့ရွှေဈေးသည် တစ်‌အောင်စလျှင် အမေရိကန်‌ ဒေါ်လာ လေးထောင် ဝန်းကျင်တွင်တည်ငြိမ်နေပြီး ဈေးနှုန်းကျဆင်းခြင်း မရှိပေ။ ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေများနှင့် အမေရိကန်ဗဟိုဘဏ်၏ မူဝါဒအပြောင်းအလဲများကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းဖြစ်ပြီး ယခု (၂၀၂၅)ခုနှစ် ကုန်ချိန်အထိ ဆက်လက်မြင့်တက်နိုင် ကြောင်း ခန့်မှန်းချက်များလည်းထွက်ပေါ်နေသည်။ ပြည်တွင်းရွှေဈေးသည်လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၅)သိန်းဝန်းကျင်ဖြင့် အ ရောင်းအဝယ်ဖြစ်နေ ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ပြည်တွင်းရွှေဈေးမှာ နိုင်ငံခြားငွေလဲဈေးနှုန်း တည်ငြိမ်နေခြင်းကြောင့် ဈေးကွက်အပြောင်းအလဲ နည်းပါးခြင်းဖြစ်သည်။ နိုဝင်ဘာလ (၄)ရက်တွင် အမေရိကန်ဒေါ်လာပေါက်ဈေးမှာ တစ် ဒေါ်လာလျှင် (၄၀၇၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိ ရသည်။
ဗဟိုဘဏ်မှ ဈေးကွက်အတွင်းသို့ နိုင်ငံခြား‌‌‌ငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းကြောင့် ပြည်တွင်း ဒေါ်လာဈေး အပြောင်းအလဲနည်းပါးကြောင်းသိရသည်။ စက်သုံးဆီဈေးများနှင့်စားအုန်းဆီဈေးများ လည်းတည်ငြိမ် နေရာ အခြေခံပြည်သူလူထုအတွက် အဆင်ပြေနေကြောင်းသိရသည်။ သို့သော်လည်း အခြေခံစားသောက်ကုန်နှင့် အထွေထွေကုန်ဈေးနှုန်းမှာ ငွေကြေးဖောင်းပွမှုအရ ဈေးနှုန်းများမြင့်တက်နေ ကြောင်းသိရသည်။ အိမ်ခြံမြေဈေးကွက် အတွင်း အ‌ရောင်းအဝယ်များရှိလာသော်လည်း မြေပါမစ် အတု၊ ‌မြေဂရန်အတုများဖြင့် လိမ်လည်ရောင်းချမှုများရှိနေ ခြင်းကြောင့် အိမ်ခြံမြေအကျိုးဆောင်များအကြား သတိထားလုပ်ကိုင်နေရကြောင်း သတင်းများထွက် ပေါ်လာသည်။
အိမ်ခြံမြေဈေးကွက်အတွင်း အိမ်အငှားဈေးနှုန်းများမြင့်တက်နေပြီး ဆင်ခြေဖုံးရပ်ကွက်များတွင်ပါ အိမ်ငှား ရမ်းခများ ဈေးတက်နေကြောင်းသိရသည်။ ရန်ကုန်မြို့အိမ်ခြံမြေဈေးမှာ ငလျင်ကြီးအပြီးနောက် ပိုင်းဆက်တိုက် အ‌ရောင်းအဝယ်ပြန်ဖြစ်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။ ပြည်တွင်းကားဈေးကွက်အတွင်း တွင်မူ ကားကောင်းမွန်မှု ပေါ်မူတည်ကာ ဈေးကောင်းရနေပြီး အိမ်စီးကားဈေး များမှာ ဆက်လက်မြင့်မားဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိ နိုဝင်ဘာ၊ ဒီဇင်ဘာကာလများသည် ပွင့်လင်းရာသီဖြစ်သောကြောင့် အိမ်စီးကားများ အ‌ရောင်း အဝယ်ပြန်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။ ကားဈေးကွက်အတွင်း SKD CKD စက်သုံး ဆီသုံးကားများမှာ ဈေးနှုန်းအမြင့်ပိုင်းတွင်ဆက်လက်ရပ်တည်နေပြီး လူကြိုက်များကြောင်း သိရသည်။ EV ကားဈေး ကွက်မှာ ပြိုင်ဆိုင်မှုမြင့်မားပြီး လက်ရှိဈေးကွက်အတွင်းတွင် အမှတ်တံဆိပ်မျိုးစုံ တင်သွင်းရောင်းချနေရာ ရန်ကုန်ဈေး ကွက်အတွင်း၌ သာလူသုံးများပြီး နယ်ဈေးကွက်သို့ လတ်တလော ထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
(ကမ္ဘာ့ရွှေဈေးမတည်ငြိမ်သော်လည်း‌ ပြည်တွင်းငွေလဲ ဈေးနှုန်းများနှင့်
စက်သုံးဆီဈေးများ တည်ငြိမ်နေ)
အမေရိကန်နှင့်တရုတ်တို့ နှစ်နိုင်ငံကုန်သွယ်ရေး ဆိုင်ရာဆွေးနွေးမှုအတွက် သဘောတူညီချက်များ ထွက်ပေါ်ခဲ့ ကြောင်း သတင်းများထွက်နေသော်လည်း ကမ္ဘာ့ရွှေဈေးသည် ဈေးဆက်လက်ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးဖြင့်ရပ်တန့် နေကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက် ပြည်တွင်းရွှေပေါက်ဈေးတွင် အခေါက်ရွှေတစ် ကျပ်သားလျှင်(၈၃)သိန်းရှစ်သောင်းဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ယခုတစ်ပတ် ရွှေဈေးကွက်ဖွင့်ချိန်မှစတင်ကာ ရွှေဈေးများဆက်လက်ကျဆင်းခြင်းမရှိဘဲ ရွှေတစ် အောင်စလျှင် ဒေါ်လာ(၄၀ဝဝ)ဝန်းကျင်ဖြင့် တည်ငြိမ်နေခြင်းဖြစ်သည်။ လက်ရှိ နိုဝင်ဘာလ (၄)ရက်တွင် တစ်အောင်စလျှင် (၃၉၈၂)ဒေါ်လာဖြစ်ပြီး အ ခေါက်ရွှေတစ်ကျပ်သားလျှင် (၈၅)သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်းသိရသည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေရည်ညွှန်းဈေးနှုန်းနှင့်ပြင်ပရွှေဈေးကွက်သည် ကွာဟဆဲဖြစ်ပြီး ‌ရွှေလုပ်ငန်းရှင်များအသင်းမှ အခေါက်ရွှေ တစ်ကျပ်သားလျှင် (၅၉၇၀ဝဝဝ)ကျပ်ဝန်းကျင် သတ် မှတ်ထားသည်။
စံချိန်တင်မြင့်တက်ခဲ့သောကမ္ဘာ့ရွှေဈေးသည် ဆက်လက်ကျဆင်းနိုင်သော်လည်း အပြောင်းအလဲ မြန်ဆန်သော ကြောင့် ပြည်တွင်းရွှေဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ရာတွင် ရောင်းမှားဝယ်မှား မဖြစ်စေရန် ဂရုစိုက်သင့် ကြောင်း ရွှေကုန်သည်များက သတိပေးပြောကြားထားသည်။
ပြည်တွင်းငွေလဲဈေးကွက်တွင်လည်း အတက်အကျအနည်းငယ်ဖြင့်တည်ငြိမ်နေပြီး အောက်တိုဘာ လ(၃၀) ရက်က အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၇၀)ကျပ်ခန့်ပေါက်ဈေးရှိခဲ့ပြီး လက်ရှိနိုဝင်ဘာ (၄)ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် (၄၀၇၀) ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထို့အတူ ထိုင်းတစ်ဘတ်လျှင် (၁၂၅)ကျပ်၊ တရုတ် တစ်ယွမ်လျှင် (၅၇၁)ကျပ်၊ အိန္ဒိယတစ်ရူပီးလျှင် (၄၅.၈၈)ကျပ် ပေါက်ဈေးအသီးသီးရှိကြောင်း ဈေးကွက်အ တွင်းမှသိရသည်။
စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီဈေး နှုန်းများသည် လက်ရှိ နိုဝင်ဘာလ(၄)ရက်တွင် ဒီဇယ်တစ်လီတာ လျှင် (၂၄၅၅)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၂၉၉၀) ကျပ်၊ ဓာတ်ဆီအောက်တိန်း (၉၂) တစ်လီတာလျှင်(၂၇၀၅) ကျပ်၊ ဓာတ်ဆီအောက် တိန်း(၉၅) တစ်လီတာလျှင် (၂၈၀ဝ)ကျပ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လာမည့်ပွင့်လင်းရာသီအတွက် စက်သုံး ဆီ တန်ချိန် (၈)သိန်းနီးပါး ကြိုလှောင်ထားပြီး ယခင် နှစ်ကဲ့သို့ စက်သုံးဆီမလုံလောက်မှုဖြစ်ပေါ်နိုင်မည်မ ဟုတ်ကြောင်းနှင့် ယခင်နှစ်ကဲ့သို့ တရားမဝင်ရောင်း ချမှုများကြောင့် စက်သုံးဆီမလုံလောက်မှုများမဖြစ် ပေါ်စေရန် စိစစ်ဆောင်ရွက်နေကြောင်းလည်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း ထံမှသိရသည်။ လာမည့်ရက်ပိုင်းအတွင်း ဈေးကွက် တည်ငြိမ်နေမည်ဖြစ်သည်။
(အိမ်ခြံမြေဈေးကွက် အလားအလာ ကောင်းများ ရှိနေဆဲ)
ရန်ကုန်အပါအဝင်မြို့ကြီးများတွင် အိမ်ခြံမြေ ဈေးများဆက်လက်မြင့်တက်နေပြီး ပုံမှန်အရောင်း အဝယ်ဖြစ်နေ ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။ လွန်ခဲ့သော ခုနစ်လခန့်က လှုပ်ခတ် ခဲ့သည့် မန္တလေးငလျင်ကြီး ကြောင့် အိမ်ခြံမြေအရောင်း အဝယ်များ ယာယီရပ်တန့်ခဲ့သော်လည်း လက်ရှိတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။ ရန်ကုန်မြို့တွင် ဒဂုံမြို့သစ်လေးမြို့နယ်မှာ အရောင်းအဝယ်အများဆုံးဖြင့်ရပ်တည်နေပြီး ကျန် မြို့နယ်များတွင် တိုက်ခန်းအရောင်းအဝယ်များလည်း ရှိကြောင်းသိရသည်။ ကန်ထရိုက်တိုက်ဆောက်လုပ် ရေးလုပ်ငန်း များ ပြန်လည်အားကောင်းလာပြီး ကန်ထရိုက်တိုက်ခန်းများလည်း အရောင်းအဝယ်ဖြစ် ကြောင်းသိရသည်။ ထူးခြားချက် အနေဖြင့် လတ်တလောအိမ်ခြံမြေဈေးကွက်အတွင်း မြေပါမစ်အတု၊ မြေဂရန်အတုများဖြင့် လိမ်လည်ရောင်းချမှု များရှိလာသဖြင့် အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် အထူးသတိပြု ရောင်းဝယ်နေရကြောင်းသိရသည်။ ပိုင်ရှင်ကိုယ်တိုင် တိုက်ရိုက်ရောင်းချမှုများကို ဦးစားပေးရှာဖွေနေရပြီး တစ်ဆင့်ခံရောင်းချမှုများတွင် ပြဿနာအများဆုံး ဖြစ်ပွားကြောင်း သိရသည်။
ရန်ကုန်အပါအဝင်မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်သူများပြားနေပြီး အဓိကအားဖြင့် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားရာဒေသများမှပြည်သူများ ပြောင်း ရွှေ့လာခြင်းဖြစ်ကြောင်းသိရသည်။ အိမ်ငှားရမ်းခများ လည်း ဆက်တိုက်မြင့်တက်နေရာ လတ်တလောတွင် ယခင်နှစ်များထက် ငါးဆယ်ရာခိုင်နှုန်းခန့် မြင့်တက် လာခြင်းဖြစ်ကြောင်း အကျိုးဆောင်များထံမှသိရသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများတွင် အိမ်ငှားခ တစ်လလျှင် အနည်းဆုံး တစ်သိန်းခွဲ အထက်တွင်သာရှိပြီး တစ်သိန်းအောက် အိမ်ငှားခမရှိတော့ကြောင်း အိမ်ခြံ မြေအကျိုးဆောင်များထံမှသိရသည်။ အိမ်ခြံမြေနှင့် တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ရာတွင် အွန် လိုင်းမှကြော်ငြာခြင်းများခေတ်စားလာရာ အ‌ရောင်း အဝယ်ပြုလုပ်ရာတွင်လွယ်ကူလာသော်လည်း အိမ်ခြံ မြေအငှားလုပ်ငန်းမှာ လက်ရှိအချိန်အထိ လူကိုယ်တိုင် လိုက်လံ ရှာဖွေငှားရမ်းနေရဆဲဖြစ်သည်။ ဝါကျွတ်ကာလ အိမ်ခြံမြေဈေးကွက်သည် ဈေးနှုန်းများ မြင့်တက်နေသော်လည်း အရောင်းအဝယ်ကောင်းမွန် နေဆဲဖြစ်ကြောင်းသိရသည်။ သိန်းတစ်ထောင်ဝန်းကျင်မှ သိန်းငါးထောင်ဝန်းကျင်ရှိ အိမ်ခြံမြေနှင့်တိုက်ခန်းများ အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး ကွက်သည် နိုင်ငံရေးအပြောင်းအလဲများပေါ်တွင်လည်း မူတည်နေပြီး မကြားခင်ကျင်းပမည့်ရွေးကောက်ပွဲအပေါ် စောင့်ကြည့်မှု များရှိနေကြောင်း ဈေးကွက်အတွင်း မှသိရသည်။
ရွေးကောက်ပွဲမှ အသစ်ထွက်ပေါ်လာမည့် အစိုးရသစ်၏ မူဝါဒအပြောင်းအလဲများရှိလာပါက ငွေ ကြေးဖောင်းပွ မှုကျဆင်းသွားပြီး အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်ပေါ်တတ်ကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရ သည်။ ထို့ပြင် အိမ်ခြံမြေ ရာဖြတ်ဈေးနှုန်းများ၊ အခွန်မူဝါဒအပြောင်းအလဲများ သည်လည်း အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက် မှုရှိကြောင်းသိရသည်။ မြို့အသစ်များတည် ထောင် ခြင်းနှင့် ရန်ကုန်မြို့သစ်စီမံကိန်းကဲသို့ အကြီးစား တည်ဆောက်မှုများသည်လည်း အိမ်ခြံမြေဈေးကွက် အပေါ် သက်ရောက်မှုကြီးမားကြောင်းသိရသည်။ လတ်တလော ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ရာ အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းအမြင့်ပိုင်းဖြင့် အရောင်းအဝယ် ကောင်းမွန်နေဦး မည်ဖြစ်သည်။
(ဈေးမြင့်တက်သော်လည်း အ‌ရောင်းအဝယ်ရှိလာ နိုင်သည့် ကားဈေးကွက်)
ပြည်တွင်းကားဈေးကွက်အတွင်း တစ်နှစ်ပတ်လုံး အရောင်းအဝယ်အေးနေရာမှ လက်ရှိ နိုဝင်ဘာ၊ ဒီဇင်ဘာလ တို့တွင် အရောင်းအဝယ်ပြန်ဖြစ်လာရန် မျှော်လင့်နေကြကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင် များထံမှသိရသည်။ ကားဈေးကွက်အတွင်း ကားကြံ့ ခိုင်မှုနှင့် အရည်အသွေးကောင်းမွန်မှုအပေါ်မူတည်ကာ ဈေးကောင်းရနေကြောင်းသိရ သည်။
သို့သော်လည်း တိုက်ကြေကားများနှင့် ဖောက်စွပ်ကားများမှာ လက်ရာသေသပ်စွာဖြင့် ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ကားဝယ် ယူသူများအနေဖြင့် သတိထားစစ်ဆေးနေရကြောင်း သိရသည်။ ရန်ကုန် ကားဈေးကွက် ဈေးမကျသော် လည်း အရောင်းအဝယ်ရှိလာပြီး သီတင်းကျွတ်ကာ လ၊ တန်ဆောင်တိုင်ကာလအတွင်း ရန်ကုန်မြို့ ကားဈေးကွက်အခြေအနေမှာ ယခင်ရက်သတ္တပတ်များနှင့် စာလျှင် အရောင်းအဝယ်ပြန်ရှိလာပြီး ကား အရောင်း စင်တာများတွင်လည်း အမေးရှိလာကြောင်းသိရ သည်။ ထူးခြားချက်အနေဖြင့် ကားအရောင်းအဝယ် ပြုလုပ်ရာတွင် စရန်ငွေအနည်းငယ်ရယူပြီးမှ ကားမရောင်းဘဲ လိမ်လည်ထွက်ပြေးမှုများပေါ်ပေါက်နေကြောင်း ကားဈေးကွက်အတွင်းမှသိရသည်။ လိမ်လည်မှုပြုလုပ်ပုံမှာ ကားရောင်းမည်ဟု လာရောက်ပြ သကာ ဝယ်သူဘက်မှ စရန်ငွေ ငါးသိန်းမှဆယ်သိန်း ခန့်အထိတောင်းကာ နောက်ရက်တွင် ဆက်သွယ်၍ မရခြင်းများဖြစ်ကြောင်းသိရသည်။
စရန်အလိမ်ခံရသူများမှာ ငွေကြေးပမာဏနည်း ပါးခြင်းနှင့် အမှုဖွင့်ရန် သက်ဆိုင်ရာသို့မတိုင်ကြားခြင်း တို့ကြောင့်သာ လူသိနည်းပါးနေခြင်းဖြစ်ကြောင်း ကားအကျိုးဆောင်များထံမှသိရသည်။ ကားဈေးကွက်သည် ငွေကြေး ဖောင်းပွမှုအရ ဈေးနှုန်းများဆက် တိုက်မြင့်တက်နေခြင်းဖြစ်ပြီး စက်သုံးဆီကားဈေး ကွက်ဆက်လက်ဦးဆောင် နေဆဲဖြစ်ကြောင်းသိရသည်။ စက်သုံးဆီကားများမှာ EV ကားများထက် အ‌ရောင်းအဝယ်ကောင်းမွန်နေပြီး EV ကား အများစုမှာ ပြင်ဆင်စရိတ်မြင့်မားခြင်းနှင့် ကားအပိုပစ္စည်းရှား ပါးခြင်းတို့ကြောင့် ဝယ်လက်ရှားပါးကြောင်း သိရသည်။ ထို့ပြင် EV ကားများသည် ကားမော်ဒယ်အသစ်များ ဆက်တိုက် ဈေးကွက်တွင်းဝင်ရောက်နေမှုကြောင့် သုံးစွဲသူမှရွေးချယ် စရာများပြားနေပြီး အရောင်းအ ဝယ်နည်းပါးကြောင်းသိရသည်။
သို့သော်လည်း ရန်ကုန်မြို့တွင် EV ကားသုံးစွဲမှု အတိုင်းအတာတစ်ခုအထိများပြားလာသည်ဟုဆိုနိုင်သည်။ နယ်မြို့များတွင်မူ EV ကားသုံးစွဲမှုနည်းပါးနေဆဲဖြစ်ပြီး လျှပ်စစ်မီးရရှိမှုနှင့် အားသွင်းရုံနည်းပါးခြင်း တို့ကြောင့်ဖြစ် ကြောင်းသိရသည်။ ရန်ကုန်မြို့အတွင်း EV Taxi အငှားယာဉ်များ ပြေးဆွဲမှုများပြားလာပြီး လတ်တလောတွင် မြို့နယ် အများစုမှာ တွင်တွင်ကျယ် ကျယ်သုံးစွဲလာကြောင်းသိရသည်။ စက်သုံးဆီကား ဈေးကွက်တွင် ဂျပန်တစ်ပတ်ရစ် ကား များထက် SKD စက်သုံးဆီသုံးကားများမှာ လူကြိုက်များပြီး ဈေးနှုန်းများလည်း မြင့်တက်နေကြောင်းသိရသည်။
SKD CKD စက်သုံးဆီသုံးကားများအတွင်း ဘဏ်အရစ်ကျဖြင့်ဝယ်ယူထားသည့်ကားများကိုပါ ဝယ်ရောင်းဈေး ကွက်အတွင်း ပြန်လည်ရောင်းချဝယ် ယူမှုများရှိလာကြောင်းသိရသည်။ လာမည့်လများအတွင်း ကားဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေမည် ဖြစ်သော်လည်း သုံးစွဲရန်ဝယ်ယူသူများမှာ အမြင့်ဈေးဖြင့် ဆက်လက်ဝယ်ယူနေမည် ဖြစ်သည်။

Zawgyi Version;
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၉
ျပည္တြင္းေ႐ႊေဈးကြက္သည္ ကမာၻ႔ေ႐ႊေဈး ကြက္အေပၚမူတည္ကာ အေျပာင္းအလဲျဖစ္ေပၚေနၿပီး လတ္တ ေလာတြင္ ေဈးတန္းအျမင့္ပိုင္းတြင္သာ ဆက္လက္ရပ္တည္ေနသည္။ ကမာၻ႔ေ႐ႊေဈးသည္ တစ္‌ေအာင္စလွ်င္ အေမရိကန္‌ ေဒၚလာ ေလးေထာင္ ဝန္းက်င္တြင္တည္ၿငိမ္ေနၿပီး ေဈးႏႈန္းက်ဆင္းျခင္း မရွိေပ။ ကမာၻ႔ကုန္သြယ္ေရးအေျခအေနမ်ားႏွင့္ အေမရိကန္ဗဟိုဘဏ္၏ မူဝါဒအေျပာင္းအလဲမ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈးျမင့္တက္ေနျခင္းျဖစ္ၿပီး ယခု (၂၀၂၅)ခုႏွစ္ ကုန္ခ်ိန္အထိ ဆက္လက္ျမင့္တက္ႏိုင္ ေၾကာင္း ခန႔္မွန္းခ်က္မ်ားလည္းထြက္ေပၚေနသည္။ ျပည္တြင္းေ႐ႊေဈးသည္လည္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၅)သိန္းဝန္းက်င္ျဖင့္ အ ေရာင္းအဝယ္ျဖစ္ေန ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ျပည္တြင္းေ႐ႊေဈးမွာ ႏိုင္ငံျခားေငြလဲေဈးႏႈန္း တည္ၿငိမ္ေနျခင္းေၾကာင့္ ေဈးကြက္အေျပာင္းအလဲ နည္းပါးျခင္းျဖစ္သည္။ ႏိုဝင္ဘာလ (၄)ရက္တြင္ အေမရိကန္ေဒၚလာေပါက္ေဈးမွာ တစ္ ေဒၚလာလွ်င္ (၄၀၇၀)က်ပ္ျဖင့္ အေရာင္းအဝယ္ျဖစ္ေနေၾကာင္းသိ ရသည္။
ဗဟိုဘဏ္မွ ေဈးကြက္အတြင္းသို႔ ႏိုင္ငံျခား‌‌‌ေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေပးေနျခင္းေၾကာင့္ ျပည္တြင္း ေဒၚလာေဈး အေျပာင္းအလဲနည္းပါးေၾကာင္းသိရသည္။ စက္သုံးဆီေဈးမ်ားႏွင့္စားအုန္းဆီေဈးမ်ား လည္းတည္ၿငိမ္ ေနရာ အေျခခံျပည္သူလူထုအတြက္ အဆင္ေျပေနေၾကာင္းသိရသည္။ သို႔ေသာ္လည္း အေျခခံစားေသာက္ကုန္ႏွင့္ အေထြေထြကုန္ေဈးႏႈန္းမွာ ေငြေၾကးေဖာင္းပြမႈအရ ေဈးႏႈန္းမ်ားျမင့္တက္ေန ေၾကာင္းသိရသည္။ အိမ္ၿခံေျမေဈးကြက္ အတြင္း အ‌ေရာင္းအဝယ္မ်ားရွိလာေသာ္လည္း ေျမပါမစ္ အတု၊ ‌ေျမဂရန္အတုမ်ားျဖင့္ လိမ္လည္ေရာင္းခ်မႈမ်ားရွိေန ျခင္းေၾကာင့္ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားအၾကား သတိထားလုပ္ကိုင္ေနရေၾကာင္း သတင္းမ်ားထြက္ ေပၚလာသည္။
အိမ္ၿခံေျမေဈးကြက္အတြင္း အိမ္အငွားေဈးႏႈန္းမ်ားျမင့္တက္ေနၿပီး ဆင္ေျခဖုံးရပ္ကြက္မ်ားတြင္ပါ အိမ္ငွား ရမ္းခမ်ား ေဈးတက္ေနေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕အိမ္ၿခံေျမေဈးမွာ ငလ်င္ႀကီးအၿပီးေနာက္ ပိုင္းဆက္တိုက္ အ‌ေရာင္းအဝယ္ျပန္ျဖစ္လာေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားထံမွသိရသည္။ ျပည္တြင္းကားေဈးကြက္အတြင္း တြင္မူ ကားေကာင္းမြန္မႈ ေပၚမူတည္ကာ ေဈးေကာင္းရေနၿပီး အိမ္စီးကားေဈး မ်ားမွာ ဆက္လက္ျမင့္မားဆဲျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ႏိုဝင္ဘာ၊ ဒီဇင္ဘာကာလမ်ားသည္ ပြင့္လင္းရာသီျဖစ္ေသာေၾကာင့္ အိမ္စီးကားမ်ား အ‌ေရာင္း အဝယ္ျပန္ျဖစ္လာႏိုင္ေၾကာင္း ခန႔္မွန္းခ်က္မ်ားလည္း ထြက္ေပၚေနသည္။ ကားေဈးကြက္အတြင္း SKD CKD စက္သုံး ဆီသုံးကားမ်ားမွာ ေဈးႏႈန္းအျမင့္ပိုင္းတြင္ဆက္လက္ရပ္တည္ေနၿပီး လူႀကိဳက္မ်ားေၾကာင္း သိရသည္။ EV ကားေဈး ကြက္မွာ ၿပိဳင္ဆိုင္မႈျမင့္မားၿပီး လက္ရွိေဈးကြက္အတြင္းတြင္ အမွတ္တံဆိပ္မ်ိဳးစုံ တင္သြင္းေရာင္းခ်ေနရာ ရန္ကုန္ေဈး ကြက္အတြင္း၌ သာလူသုံးမ်ားၿပီး နယ္ေဈးကြက္သို႔ လတ္တေလာ ထိုးေဖာက္ႏိုင္ျခင္းမရွိေသးေၾကာင္းသိရသည္။
(ကမာၻ႔ေ႐ႊေဈးမတည္ၿငိမ္ေသာ္လည္း‌ ျပည္တြင္းေငြလဲ ေဈးႏႈန္းမ်ားႏွင့္
စက္သုံးဆီေဈးမ်ား တည္ၿငိမ္ေန)
အေမရိကန္ႏွင့္တ႐ုတ္တို႔ ႏွစ္ႏိုင္ငံကုန္သြယ္ေရး ဆိုင္ရာေဆြးေႏြးမႈအတြက္ သေဘာတူညီခ်က္မ်ား ထြက္ေပၚခဲ့ ေၾကာင္း သတင္းမ်ားထြက္ေနေသာ္လည္း ကမာၻ႔ေ႐ႊေဈးသည္ ေဈးဆက္လက္က်ဆင္းျခင္းမရွိဘဲ အျမင့္ေဈးျဖင့္ရပ္တန႔္ ေနေၾကာင္း ေ႐ႊေဈးကြက္အတြင္းမွသိရသည္။ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၃၀) ရက္ ျပည္တြင္းေ႐ႊေပါက္ေဈးတြင္ အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္(၈၃)သိန္းရွစ္ေသာင္းဝန္းက်င္ရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
ယခုတစ္ပတ္ ေ႐ႊေဈးကြက္ဖြင့္ခ်ိန္မွစတင္ကာ ေ႐ႊေဈးမ်ားဆက္လက္က်ဆင္းျခင္းမရွိဘဲ ေ႐ႊတစ္ ေအာင္စလွ်င္ ေဒၚလာ(၄၀ဝဝ)ဝန္းက်င္ျဖင့္ တည္ၿငိမ္ေနျခင္းျဖစ္သည္။ လက္ရွိ ႏိုဝင္ဘာလ (၄)ရက္တြင္ တစ္ေအာင္စလွ်င္ (၃၉၈၂)ေဒၚလာျဖစ္ၿပီး အ ေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၅)သိန္းဝန္းက်င္ ေပါက္ေဈးရွိေၾကာင္းသိရသည္။
ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ ေ႐ႊရည္ၫႊန္းေဈးႏႈန္းႏွင့္ျပင္ပေ႐ႊေဈးကြက္သည္ ကြာဟဆဲျဖစ္ၿပီး ‌ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၅၉၇၀ဝဝဝ)က်ပ္ဝန္းက်င္ သတ္ မွတ္ထားသည္။
စံခ်ိန္တင္ျမင့္တက္ခဲ့ေသာကမာၻ႔ေ႐ႊေဈးသည္ ဆက္လက္က်ဆင္းႏိုင္ေသာ္လည္း အေျပာင္းအလဲ ျမန္ဆန္ေသာ ေၾကာင့္ ျပည္တြင္းေ႐ႊေဈးကြက္တြင္ အေရာင္းအဝယ္ျပဳလုပ္ရာတြင္ ေရာင္းမွားဝယ္မွား မျဖစ္ေစရန္ ဂ႐ုစိုက္သင့္ ေၾကာင္း ေ႐ႊကုန္သည္မ်ားက သတိေပးေျပာၾကားထားသည္။
ျပည္တြင္းေငြလဲေဈးကြက္တြင္လည္း အတက္အက်အနည္းငယ္ျဖင့္တည္ၿငိမ္ေနၿပီး ေအာက္တိုဘာ လ(၃၀) ရက္က အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၇၀)က်ပ္ခန႔္ေပါက္ေဈးရွိခဲ့ၿပီး လက္ရွိႏိုဝင္ဘာ (၄)ရက္တြင္ အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၀၇၀) က်ပ္ျဖစ္ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ထို႔အတူ ထိုင္းတစ္ဘတ္လွ်င္ (၁၂၅)က်ပ္၊ တ႐ုတ္ တစ္ယြမ္လွ်င္ (၅၇၁)က်ပ္၊ အိႏၵိယတစ္႐ူပီးလွ်င္ (၄၅.၈၈)က်ပ္ ေပါက္ေဈးအသီးသီးရွိေၾကာင္း ေဈးကြက္အ တြင္းမွသိရသည္။
စက္သုံးဆီေဈးကြက္အတြင္း စက္သုံးဆီေဈး ႏႈန္းမ်ားသည္ လက္ရွိ ႏိုဝင္ဘာလ(၄)ရက္တြင္ ဒီဇယ္တစ္လီတာ လွ်င္ (၂၄၅၅)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ (၂၉၉၀) က်ပ္၊ ဓာတ္ဆီေအာက္တိန္း (၉၂) တစ္လီတာလွ်င္(၂၇၀၅) က်ပ္၊ ဓာတ္ဆီေအာက္ တိန္း(၉၅) တစ္လီတာလွ်င္ (၂၈၀ဝ)က်ပ္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ လာမည့္ပြင့္လင္းရာသီအတြက္ စက္သုံး ဆီ တန္ခ်ိန္ (၈)သိန္းနီးပါး ႀကိဳေလွာင္ထားၿပီး ယခင္ ႏွစ္ကဲ့သို႔ စက္သုံးဆီမလုံေလာက္မႈျဖစ္ေပၚႏိုင္မည္မ ဟုတ္ေၾကာင္းႏွင့္ ယခင္ႏွစ္ကဲ့သို႔ တရားမဝင္ေရာင္း ခ်မႈမ်ားေၾကာင့္ စက္သုံးဆီမလုံေလာက္မႈမ်ားမျဖစ္ ေပၚေစရန္ စိစစ္ေဆာင္႐ြက္ေနေၾကာင္းလည္း ျမန္မာႏိုင္ငံ စက္သုံးဆီတင္သြင္း ေရာင္းခ်ျဖန႔္ျဖဴးေရးအသင္း ထံမွသိရသည္။ လာမည့္ရက္ပိုင္းအတြင္း ေဈးကြက္ တည္ၿငိမ္ေနမည္ျဖစ္သည္။
(အိမ္ၿခံေျမေဈးကြက္ အလားအလာ ေကာင္းမ်ား ရွိေနဆဲ)
ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးမ်ားတြင္ အိမ္ၿခံေျမ ေဈးမ်ားဆက္လက္ျမင့္တက္ေနၿပီး ပုံမွန္အေရာင္း အဝယ္ျဖစ္ေန ေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားထံမွသိရသည္။ လြန္ခဲ့ေသာ ခုနစ္လခန႔္က လႈပ္ခတ္ ခဲ့သည့္ မႏၲေလးငလ်င္ႀကီး ေၾကာင့္ အိမ္ၿခံေျမအေရာင္း အဝယ္မ်ား ယာယီရပ္တန႔္ခဲ့ေသာ္လည္း လက္ရွိတြင္ ပုံမွန္အေျခအေနသို႔ ျပန္လည္ေရာက္ရွိ လာေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕တြင္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွာ အေရာင္းအဝယ္အမ်ားဆုံးျဖင့္ရပ္တည္ေနၿပီး က်န္ ၿမိဳ႕နယ္မ်ားတြင္ တိုက္ခန္းအေရာင္းအဝယ္မ်ားလည္း ရွိေၾကာင္းသိရသည္။ ကန္ထ႐ိုက္တိုက္ေဆာက္လုပ္ ေရးလုပ္ငန္း မ်ား ျပန္လည္အားေကာင္းလာၿပီး ကန္ထ႐ိုက္တိုက္ခန္းမ်ားလည္း အေရာင္းအဝယ္ျဖစ္ ေၾကာင္းသိရသည္။ ထူးျခားခ်က္ အေနျဖင့္ လတ္တေလာအိမ္ၿခံေျမေဈးကြက္အတြင္း ေျမပါမစ္အတု၊ ေျမဂရန္အတုမ်ားျဖင့္ လိမ္လည္ေရာင္းခ်မႈ မ်ားရွိလာသျဖင့္ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားအေနျဖင့္ အထူးသတိျပဳ ေရာင္းဝယ္ေနရေၾကာင္းသိရသည္။ ပိုင္ရွင္ကိုယ္တိုင္ တိုက္႐ိုက္ေရာင္းခ်မႈမ်ားကို ဦးစားေပးရွာေဖြေနရၿပီး တစ္ဆင့္ခံေရာင္းခ်မႈမ်ားတြင္ ျပႆနာအမ်ားဆုံး ျဖစ္ပြားေၾကာင္း သိရသည္။
ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ားျပားေနၿပီး အဓိကအားျဖင့္ လက္နက္ကိုင္ ပဋိပကၡမ်ားျဖစ္ပြားရာေဒသမ်ားမွျပည္သူမ်ား ေျပာင္း ေ႐ႊ႕လာျခင္းျဖစ္ေၾကာင္းသိရသည္။ အိမ္ငွားရမ္းခမ်ား လည္း ဆက္တိုက္ျမင့္တက္ေနရာ လတ္တေလာတြင္ ယခင္ႏွစ္မ်ားထက္ ငါးဆယ္ရာခိုင္ႏႈန္းခန႔္ ျမင့္တက္ လာျခင္းျဖစ္ေၾကာင္း အက်ိဳးေဆာင္မ်ားထံမွသိရသည္။ ရန္ကုန္ၿမိဳ႕ ဆင္ေျခဖုံးေဒသမ်ားတြင္ အိမ္ငွားခ တစ္လလွ်င္ အနည္းဆုံး တစ္သိန္းခြဲ အထက္တြင္သာရွိၿပီး တစ္သိန္းေအာက္ အိမ္ငွားခမရွိေတာ့ေၾကာင္း အိမ္ၿခံ ေျမအက်ိဳးေဆာင္မ်ားထံမွသိရသည္။ အိမ္ၿခံေျမႏွင့္ တိုက္ခန္းမ်ား အေရာင္းအဝယ္ျပဳလုပ္ရာတြင္ အြန္ လိုင္းမွေၾကာ္ျငာျခင္းမ်ားေခတ္စားလာရာ အ‌ေရာင္း အဝယ္ျပဳလုပ္ရာတြင္လြယ္ကူလာေသာ္လည္း အိမ္ၿခံ ေျမအငွားလုပ္ငန္းမွာ လက္ရွိအခ်ိန္အထိ လူကိုယ္တိုင္ လိုက္လံ ရွာေဖြငွားရမ္းေနရဆဲျဖစ္သည္။ ဝါကြၽတ္ကာလ အိမ္ၿခံေျမေဈးကြက္သည္ ေဈးႏႈန္းမ်ား ျမင့္တက္ေနေသာ္လည္း အေရာင္းအဝယ္ေကာင္းမြန္ ေနဆဲျဖစ္ေၾကာင္းသိရသည္။ သိန္းတစ္ေထာင္ဝန္းက်င္မွ သိန္းငါးေထာင္ဝန္းက်င္ရွိ အိမ္ၿခံေျမႏွင့္တိုက္ခန္းမ်ား အေရာင္းအဝယ္ ျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၏ အိမ္ၿခံေျမေဈး ကြက္သည္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားေပၚတြင္လည္း မူတည္ေနၿပီး မၾကားခင္က်င္းပမည့္ေ႐ြးေကာက္ပြဲအေပၚ ေစာင့္ၾကည့္မႈ မ်ားရွိေနေၾကာင္း ေဈးကြက္အတြင္း မွသိရသည္။
ေ႐ြးေကာက္ပြဲမွ အသစ္ထြက္ေပၚလာမည့္ အစိုးရသစ္၏ မူဝါဒအေျပာင္းအလဲမ်ားရွိလာပါက ေငြ ေၾကးေဖာင္းပြ မႈက်ဆင္းသြားၿပီး အိမ္ၿခံေျမေဈးကြက္ အေျပာင္းအလဲျဖစ္ေပၚတတ္ေၾကာင္း ဝါရင့္အိမ္ၿခံေျမ အက်ိဳးေဆာင္မ်ားထံမွသိရ သည္။ ထို႔ျပင္ အိမ္ၿခံေျမ ရာျဖတ္ေဈးႏႈန္းမ်ား၊ အခြန္မူဝါဒအေျပာင္းအလဲမ်ား သည္လည္း အိမ္ၿခံေျမေဈးကြက္အေပၚ သက္ေရာက္ မႈရွိေၾကာင္းသိရသည္။ ၿမိဳ႕အသစ္မ်ားတည္ ေထာင္ ျခင္းႏွင့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကဲသို႔ အႀကီးစား တည္ေဆာက္မႈမ်ားသည္လည္း အိမ္ၿခံေျမေဈးကြက္ အေပၚ သက္ေရာက္မႈႀကီးမားေၾကာင္းသိရသည္။ လတ္တေလာ ပြင့္လင္းရာသီသို႔ေရာက္ရွိလာၿပီျဖစ္ရာ အိမ္ၿခံေျမေဈးကြက္မွာ ေဈးႏႈန္းအျမင့္ပိုင္းျဖင့္ အေရာင္းအဝယ္ ေကာင္းမြန္ေနဦး မည္ျဖစ္သည္။
(ေဈးျမင့္တက္ေသာ္လည္း အ‌ေရာင္းအဝယ္ရွိလာ ႏိုင္သည့္ ကားေဈးကြက္)
ျပည္တြင္းကားေဈးကြက္အတြင္း တစ္ႏွစ္ပတ္လုံး အေရာင္းအဝယ္ေအးေနရာမွ လက္ရွိ ႏိုဝင္ဘာ၊ ဒီဇင္ဘာလ တို႔တြင္ အေရာင္းအဝယ္ျပန္ျဖစ္လာရန္ ေမွ်ာ္လင့္ေနၾကေၾကာင္း ကားဝယ္ေရာင္းလုပ္ငန္းရွင္ မ်ားထံမွသိရသည္။ ကားေဈးကြက္အတြင္း ကားႀကံ့ ခိုင္မႈႏွင့္ အရည္အေသြးေကာင္းမြန္မႈအေပၚမူတည္ကာ ေဈးေကာင္းရေနေၾကာင္းသိရ သည္။
သို႔ေသာ္လည္း တိုက္ေၾကကားမ်ားႏွင့္ ေဖာက္စြပ္ကားမ်ားမွာ လက္ရာေသသပ္စြာျဖင့္ ေဈးကြက္အတြင္း ျပန္လည္ဝင္ေရာက္လာျခင္းေၾကာင့္ ကားဝယ္ ယူသူမ်ားအေနျဖင့္ သတိထားစစ္ေဆးေနရေၾကာင္း သိရသည္။ ရန္ကုန္ ကားေဈးကြက္ ေဈးမက်ေသာ္ လည္း အေရာင္းအဝယ္ရွိလာၿပီး သီတင္းကြၽတ္ကာ လ၊ တန္ေဆာင္တိုင္ကာလအတြင္း ရန္ကုန္ၿမိဳ႕ ကားေဈးကြက္အေျခအေနမွာ ယခင္ရက္သတၱပတ္မ်ားႏွင့္ စာလွ်င္ အေရာင္းအဝယ္ျပန္ရွိလာၿပီး ကား အေရာင္း စင္တာမ်ားတြင္လည္း အေမးရွိလာေၾကာင္းသိရ သည္။ ထူးျခားခ်က္အေနျဖင့္ ကားအေရာင္းအဝယ္ ျပဳလုပ္ရာတြင္ စရန္ေငြအနည္းငယ္ရယူၿပီးမွ ကားမေရာင္းဘဲ လိမ္လည္ထြက္ေျပးမႈမ်ားေပၚေပါက္ေနေၾကာင္း ကားေဈးကြက္အတြင္းမွသိရသည္။ လိမ္လည္မႈျပဳလုပ္ပုံမွာ ကားေရာင္းမည္ဟု လာေရာက္ျပ သကာ ဝယ္သူဘက္မွ စရန္ေငြ ငါးသိန္းမွဆယ္သိန္း ခန႔္အထိေတာင္းကာ ေနာက္ရက္တြင္ ဆက္သြယ္၍ မရျခင္းမ်ားျဖစ္ေၾကာင္းသိရသည္။
စရန္အလိမ္ခံရသူမ်ားမွာ ေငြေၾကးပမာဏနည္း ပါးျခင္းႏွင့္ အမႈဖြင့္ရန္ သက္ဆိုင္ရာသို႔မတိုင္ၾကားျခင္း တို႔ေၾကာင့္သာ လူသိနည္းပါးေနျခင္းျဖစ္ေၾကာင္း ကားအက်ိဳးေဆာင္မ်ားထံမွသိရသည္။ ကားေဈးကြက္သည္ ေငြေၾကး ေဖာင္းပြမႈအရ ေဈးႏႈန္းမ်ားဆက္ တိုက္ျမင့္တက္ေနျခင္းျဖစ္ၿပီး စက္သုံးဆီကားေဈး ကြက္ဆက္လက္ဦးေဆာင္ ေနဆဲျဖစ္ေၾကာင္းသိရသည္။ စက္သုံးဆီကားမ်ားမွာ EV ကားမ်ားထက္ အ‌ေရာင္းအဝယ္ေကာင္းမြန္ေနၿပီး EV ကား အမ်ားစုမွာ ျပင္ဆင္စရိတ္ျမင့္မားျခင္းႏွင့္ ကားအပိုပစၥည္းရွား ပါးျခင္းတို႔ေၾကာင့္ ဝယ္လက္ရွားပါးေၾကာင္း သိရသည္။ ထို႔ျပင္ EV ကားမ်ားသည္ ကားေမာ္ဒယ္အသစ္မ်ား ဆက္တိုက္ ေဈးကြက္တြင္းဝင္ေရာက္ေနမႈေၾကာင့္ သုံးစြဲသူမွေ႐ြးခ်ယ္ စရာမ်ားျပားေနၿပီး အေရာင္းအ ဝယ္နည္းပါးေၾကာင္းသိရသည္။
သို႔ေသာ္လည္း ရန္ကုန္ၿမိဳ႕တြင္ EV ကားသုံးစြဲမႈ အတိုင္းအတာတစ္ခုအထိမ်ားျပားလာသည္ဟုဆိုႏိုင္သည္။ နယ္ၿမိဳ႕မ်ားတြင္မူ EV ကားသုံးစြဲမႈနည္းပါးေနဆဲျဖစ္ၿပီး လွ်ပ္စစ္မီးရရွိမႈႏွင့္ အားသြင္း႐ုံနည္းပါးျခင္း တို႔ေၾကာင့္ျဖစ္ ေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕အတြင္း EV Taxi အငွားယာဥ္မ်ား ေျပးဆြဲမႈမ်ားျပားလာၿပီး လတ္တေလာတြင္ ၿမိဳ႕နယ္ အမ်ားစုမွာ တြင္တြင္က်ယ္ က်ယ္သုံးစြဲလာေၾကာင္းသိရသည္။ စက္သုံးဆီကား ေဈးကြက္တြင္ ဂ်ပန္တစ္ပတ္ရစ္ ကား မ်ားထက္ SKD စက္သုံးဆီသုံးကားမ်ားမွာ လူႀကိဳက္မ်ားၿပီး ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေနေၾကာင္းသိရသည္။
SKD CKD စက္သုံးဆီသုံးကားမ်ားအတြင္း ဘဏ္အရစ္က်ျဖင့္ဝယ္ယူထားသည့္ကားမ်ားကိုပါ ဝယ္ေရာင္းေဈး ကြက္အတြင္း ျပန္လည္ေရာင္းခ်ဝယ္ ယူမႈမ်ားရွိလာေၾကာင္းသိရသည္။ လာမည့္လမ်ားအတြင္း ကားေဈးႏႈန္းမ်ားမွာ ဆက္လက္ျမင့္တက္ေနမည္ ျဖစ္ေသာ္လည္း သုံးစြဲရန္ဝယ္ယူသူမ်ားမွာ အျမင့္ေဈးျဖင့္ ဆက္လက္ဝယ္ယူေနမည္ ျဖစ္သည္။

Related news

© 2021. All rights reserved.