တစ်ပတ်အကြာအထိ စက်သုံးဆီပြတ်နေသော မွန်ပြည်နယ်တွင် ဆီဆိပ်ကမ်းမှထုတ်ယူရန်ပင် (၃)ရက်ခန့် တန်းစီနေရဟုဆို

413

သန့်ဇင် (NP News) - နိုဝင်ဘာ ၉
မွန်ပြည်နယ်တစ်ပြည်နယ်လုံး တစ်ပတ်အကြာအထိစက်သုံးဆီပြတ်လပ်နေပြီး ဆီဆိပ်ကမ်း မှထုတ်ယူရန်ပင် (၃)ရက်ခန့် တန်းစီနေရကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက် များအရ သိရသည်။
မွန်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် စက်သုံးဆီပြတ်လပ်ခြင်းကို ပြီးခဲ့သည့် နိုဝင် ဘာ (၁)ရက်က စတင်ကြုံတွေ့ခဲ့ရပြီး နိုဝင်ဘာ(၇) ရက်အထိ ပြတ်လပ်နေဆဲဖြစ်ကြောင်း သိရသည်။
‘အခုထိတော့ ပြတ်နေတုန်းပဲ။ ပရီမီယမ် ဒီဇယ်တစ်မျိုးပဲရသေးတယ်။ ဓာတ်ဆီပြတ်တာက ဒီနေ့ဆိုရင် တစ်ပတ်တိတိရှိပြီ။ ကြားထဲမှာ ပရီမီယမ် ရလိုက်နဲ့ ရိုးရိုးဒီဇယ်ရလိုက်ဖြစ်တယ်။ ဓာတ်ဆီက တော့ (၉၂)ရော (၉၅) ပါပြတ်နေတာ။ တော်တော်များများပဲ။ မွန်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ဘုရားဖူးကားတွေလည်း တော်တော်များ များဆီပြတ်တယ်။ ကျွန်တော်တို့ဆိုင်တွေလည်းဝင်ထည့်တယ်။ ဒါပေမဲ့ ကုလားဘုရားလိုပဲ လက်ခါပြနေရတယ်။ အခုကား တွေ ဝေါအထိ မောင်းပြီးသွားဝယ်နေရတယ်လို့ ပြောတယ်’ ဟု ဒေသခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တစ်ပြည်နယ်လုံး၏ စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းကို ပြီးခဲ့သည့် အောက်တိုဘာ လက စတင် ကာ Myanmar Energy King(MEK)Co.,Ltd ကုမ္ပဏီတစ်ခုတည်းက တာဝန်ယူ၍ မုဒုံမြို့ နယ် ကတုံးပေါ်ကျေးရွာအနီး ဏဏှုဏွှ ဆီဆိပ်ကမ်းမှ ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း သိရသည်။
‘မွန်ပြည်နယ်တစ်ခုလုံးအတွက် မုဒုံ၊ ကတုံးပေါ်ကျေးရွာကနေပေးတာ။ အဲဒီတော့ မုဒုံကို သင်္ဘောမကပ်နိုင်တဲ့ အတွက် တစ်ပတ်လောက်ရှိပြီ ဆီပြတ်နေတာ။ ဖြစ်နိုင်ရင် ကျွန်တော်တို့ စလုပ်တုန်း တည်းကမေးတယ်လေ။ ကျွန်တော်တို့ မုဒုံကမယူဘဲနဲ့ ရန်ကုန်ကယူမယ်ရလားဆို မရဘူးတဲ့။ ရွေးချယ်ခွင့် မရှိဘူးပေါ့နော်။ အခုက ဆီကမရတဲ့ အပြင် တစ်လီ တာကို (၁၅၀)ကျပ်လောက် များနေတယ်’ဟု ၎င်း ကဆက် ပြောသည်။
အဆိုပါ စက်သုံးဆီပြတ်လပ်သည့် ဒဏ်ကို မွန်ပြည်နယ်တစ်ပြည်နယ်လုံးကြုံတွေ့နေရသည့်အပြင် တစ်လီတာ လျှင် ငွေကျပ်(၁၅၀)နှင့် (၃၀ဝ)အကြားအထိ ဈေးမြင့်တက်နေပြီး မှောင်ခိုရောင်း ဝယ်သည့် စက်သုံးဆီဆိုင်များလည်း ပေါများလာ ကြောင်း သိရသည်။
‘ပရီမီယမ်ဒီဇယ်ကားဆိုရင်ပိုဆိုးတယ်။ ကျွန်တော်တို့က ရိုးရိုးဒီဇယ် ထည့်လို့မရဘူး။ အဲဒီ ကားဆို ရပ်ထားရတယ်။ အခုက ပရီမီယမ်ပဲ ထည့်လို့ရတဲ့ သီးသန့်ကားက ရပ်ထားရတယ်။ မသုံးရဲဘူး။ မွန်ပြည်နယ်မှာ ဆီဝယ်လို့မရလို့။ တော်တော်ကြီးကြီး မားမားရင်ဆိုင်နေရတယ်။ အပြင်မှာရောင်းတဲ့ဈေး ကလည်း လက်ရှိပေါက် ဈေးထက် (၃၀ဝ)လောက် ဈေးကြီးတယ်။ ပရီမီယမ်ဒီဇယ်ဆိုရင် အပြင်မှာ (၃၆၀ဝ)ကျပ်နဲ့ (၃၇၀ဝ)ကျပ်တွေဖြစ်နေ တယ်။ မှောင်ခိုဈေးမှာ။ (၉၂)လည်းအဲဒီလိုပဲ။ ဆိုင်ကယ် ဆိုရင် (၃၀ဝဝ)ကျပ်နဲ့ (၄၀ဝဝ)ကျပ် အပြင်ပိုမထည့် ပေးဘူး}ဟု မော်လမြိုင်မြို့မှ ပရဟိတအသင်းတစ် သင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် မွန်ပြည်နယ်အတွင်း စက်သုံး ဆီပြတ်လပ်မှုကြောင့် ကုန်စည်စီးဆင်းရေးလုပ် ငန်းများ ကြန့်ကြာ ခြင်း၊ ဒေသခံပြည်သူများ အခက် အခဲများစွာဖြစ်ပေါ်ခြင်းနှင့် ကြုံနေရပြီး ဆီဆိပ်ကမ်းမှ သွားရောက်ထုတ်ယူသည့် ခွဲတန်းရဆီဆိုင်များတွင်ပင် (၃)ရက်ခန့် တန်းဆီထုတ်ယူနေရကြောင်း ၎င်းကဆို သည်။
‘ခွဲတမ်းရတဲ့လူတွေတောင်မှပဲ ဆီထုတ် မရတာနဲ့ ဆီမရှိတာနဲ့တိုးတော့ တစ်ခါတစ်ခါ (၃) ရက် ခန့်တန်းစီ နေရတယ်။ မော်လမြိုင်နဲ့ ကတုံးပေါ် ဆိုတာကသွားရင် မိနစ်(၃၀)လောက်ပဲကြာတယ်။ အခုအဲဒီမှာ ဆီထည့်နေတဲ့ကား တွေက အနည်းဆုံး (၃) ရက်၊ (၄)ရက်လောက် ကြာတယ်။ ရန်ကုန်မှာ သွားထည့်ရင်တောင် အဲဒီလောက်မကြာဘူး}ဟု ၎င်းကဆက်ပြောသည်။
မွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လပ် ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းများမရှိကြောင်း မွန်ပြည် နယ်အစိုးရ အဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးတင်ဇော် ထွန်းကဆိုသည်။ ‘ကုမ္ပဏီကတော့ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တွေ အကုန်လုံးရပြီး ပို့တယ်။ ဖြန့်ချိခွင့်ကိုပေးထားတာပေါ့ လေ။ ဈေးနှုန်းလေးကပိုပြီးလျော့တယ်ပေါ့လေ။ ဈေး ကပိုတောင်လျော့တယ်လို့ပြောပါတယ်။ လာကြည့်လို့ ရပါတယ်’ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးရာ ဝန်ကြီး ဦးတင်ဇော်ထွန်းက ပြောသည်။
မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးမည့် စက်သုံး ဆီများကို ယခင်တွင် ရန်ကုန်သီလဝါဆိပ်ကမ်းမှတစ် ဆင့် တင်သွင်းခဲ့ရာ မုဒုံဆိပ်ကမ်းကို စီးပွား ရေးဇုန် အဖြစ်လုပ်ဆောင်လိုသဖြင့် ဖြန့်ဖြူးမည့်ဆီများကို မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာဘက်သို့ပြောင်းလဲ တင်ပို့လာခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တစ္ပတ္အၾကာအထိ စက္သုံးဆီျပတ္ေနေသာ မြန္ျပည္နယ္တြင္ ဆီဆိပ္ကမ္းမွထုတ္ယူရန္ပင္ (၃)ရက္ခန႔္ တန္းစီေနရ ဟုဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၉
မြန္ျပည္နယ္တစ္ျပည္နယ္လုံး တစ္ပတ္အၾကာအထိစက္သုံးဆီျပတ္လပ္ေနၿပီး ဆီဆိပ္ကမ္း မွထုတ္ယူရန္ပင္ (၃)ရက္ခန႔္ တန္းစီေနရေၾကာင္း ေဒသခံမ်ားႏွင့္ ပရဟိတအသင္းမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္ မ်ားအရ သိရသည္။
မြန္ျပည္နယ္တစ္ျပည္နယ္လုံးအတိုင္းအတာႏွင့္ စက္သုံးဆီျပတ္လပ္ျခင္းကို ၿပီးခဲ့သည့္ ႏိုဝင္ ဘာ (၁)ရက္က စတင္ႀကဳံေတြ႕ခဲ့ရၿပီး ႏိုဝင္ဘာ(၇) ရက္အထိ ျပတ္လပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။
‘အခုထိေတာ့ ျပတ္ေနတုန္းပဲ။ ပရီမီယမ္ ဒီဇယ္တစ္မ်ိဳးပဲရေသးတယ္။ ဓာတ္ဆီျပတ္တာက ဒီေန႔ဆိုရင္ တစ္ပတ္တိတိရွိၿပီ။ ၾကားထဲမွာ ပရီမီယမ္ ရလိုက္နဲ႔ ႐ိုး႐ိုးဒီဇယ္ရလိုက္ျဖစ္တယ္။ ဓာတ္ဆီက ေတာ့ (၉၂)ေရာ (၉၅) ပါျပတ္ေနတာ။ ေတာ္ေတာ္မ်ားမ်ားပဲ။ မြန္ျပည္နယ္ တစ္ျပည္နယ္လုံးမွာ ဘုရားဖူးကားေတြလည္း ေတာ္ေတာ္မ်ား မ်ားဆီျပတ္တယ္။ ကြၽန္ေတာ္တို႔ဆိုင္ေတြလည္းဝင္ထည့္တယ္။ ဒါေပမဲ့ ကုလားဘုရားလိုပဲ လက္ခါျပေနရတယ္။ အခုကား ေတြ ေဝါအထိ ေမာင္းၿပီးသြားဝယ္ေနရတယ္လို႔ ေျပာတယ္’ ဟု ေဒသခံတစ္ဦးက ေျပာသည္။
မြန္ျပည္နယ္တစ္ျပည္နယ္လုံး၏ စက္သုံးဆီတင္သြင္းျဖန႔္ျဖဴးျခင္းကို ၿပီးခဲ့သည့္ ေအာက္တိုဘာ လက စတင္ ကာ Myanmar Energy King(MEK)Co.,Ltd ကုမၸဏီတစ္ခုတည္းက တာဝန္ယူ၍ မုဒုံၿမိဳ႕ နယ္ ကတုံးေပၚေက်း႐ြာအနီး ဏဏႈဏႊ ဆီဆိပ္ကမ္းမွ ျဖန႔္ျဖဴးေနျခင္း ျဖစ္ေၾကာင္း သိရသည္။
‘မြန္ျပည္နယ္တစ္ခုလုံးအတြက္ မုဒုံ၊ ကတုံးေပၚေက်း႐ြာကေနေပးတာ။ အဲဒီေတာ့ မုဒုံကို သေဘၤာမကပ္ႏိုင္တဲ့ အတြက္ တစ္ပတ္ေလာက္ရွိၿပီ ဆီျပတ္ေနတာ။ ျဖစ္ႏိုင္ရင္ ကြၽန္ေတာ္တို႔ စလုပ္တုန္း တည္းကေမးတယ္ေလ။ ကြၽန္ေတာ္တို႔ မုဒုံကမယူဘဲနဲ႔ ရန္ကုန္ကယူမယ္ရလားဆို မရဘူးတဲ့။ ေ႐ြးခ်ယ္ခြင့္ မရွိဘူးေပါ့ေနာ္။ အခုက ဆီကမရတဲ့ အျပင္ တစ္လီ တာကို (၁၅၀)က်ပ္ေလာက္ မ်ားေနတယ္’ဟု ၎ ကဆက္ ေျပာသည္။
အဆိုပါ စက္သုံးဆီျပတ္လပ္သည့္ ဒဏ္ကို မြန္ျပည္နယ္တစ္ျပည္နယ္လုံးႀကဳံေတြ႕ေနရသည့္အျပင္ တစ္လီတာ လွ်င္ ေငြက်ပ္(၁၅၀)ႏွင့္ (၃၀ဝ)အၾကားအထိ ေဈးျမင့္တက္ေနၿပီး ေမွာင္ခိုေရာင္း ဝယ္သည့္ စက္သုံးဆီဆိုင္မ်ားလည္း ေပါမ်ားလာ ေၾကာင္း သိရသည္။
‘ပရီမီယမ္ဒီဇယ္ကားဆိုရင္ပိုဆိုးတယ္။ ကြၽန္ေတာ္တို႔က ႐ိုး႐ိုးဒီဇယ္ ထည့္လို႔မရဘူး။ အဲဒီ ကားဆို ရပ္ထားရတယ္။ အခုက ပရီမီယမ္ပဲ ထည့္လို႔ရတဲ့ သီးသန႔္ကားက ရပ္ထားရတယ္။ မသုံးရဲဘူး။ မြန္ျပည္နယ္မွာ ဆီဝယ္လို႔မရလို႔။ ေတာ္ေတာ္ႀကီးႀကီး မားမားရင္ဆိုင္ေနရတယ္။ အျပင္မွာေရာင္းတဲ့ေဈး ကလည္း လက္ရွိေပါက္ ေဈးထက္ (၃၀ဝ)ေလာက္ ေဈးႀကီးတယ္။ ပရီမီယမ္ဒီဇယ္ဆိုရင္ အျပင္မွာ (၃၆၀ဝ)က်ပ္နဲ႔ (၃၇၀ဝ)က်ပ္ေတြျဖစ္ေန တယ္။ ေမွာင္ခိုေဈးမွာ။ (၉၂)လည္းအဲဒီလိုပဲ။ ဆိုင္ကယ္ ဆိုရင္ (၃၀ဝဝ)က်ပ္နဲ႔ (၄၀ဝဝ)က်ပ္ အျပင္ပိုမထည့္ ေပးဘူး}ဟု ေမာ္လၿမိဳင္ၿမိဳ႕မွ ပရဟိတအသင္းတစ္ သင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ မြန္ျပည္နယ္အတြင္း စက္သုံး ဆီျပတ္လပ္မႈေၾကာင့္ ကုန္စည္စီးဆင္းေရးလုပ္ ငန္းမ်ား ၾကန႔္ၾကာ ျခင္း၊ ေဒသခံျပည္သူမ်ား အခက္ အခဲမ်ားစြာျဖစ္ေပၚျခင္းႏွင့္ ႀကဳံေနရၿပီး ဆီဆိပ္ကမ္းမွ သြားေရာက္ထုတ္ယူသည့္ ခြဲတန္းရဆီဆိုင္မ်ားတြင္ပင္ (၃)ရက္ခန႔္ တန္းဆီထုတ္ယူေနရေၾကာင္း ၎ကဆို သည္။
‘ခြဲတမ္းရတဲ့လူေတြေတာင္မွပဲ ဆီထုတ္ မရတာနဲ႔ ဆီမရွိတာနဲ႔တိုးေတာ့ တစ္ခါတစ္ခါ (၃) ရက္ ခန႔္တန္းစီ ေနရတယ္။ ေမာ္လၿမိဳင္နဲ႔ ကတုံးေပၚ ဆိုတာကသြားရင္ မိနစ္(၃၀)ေလာက္ပဲၾကာတယ္။ အခုအဲဒီမွာ ဆီထည့္ေနတဲ့ကား ေတြက အနည္းဆုံး (၃) ရက္၊ (၄)ရက္ေလာက္ ၾကာတယ္။ ရန္ကုန္မွာ သြားထည့္ရင္ေတာင္ အဲဒီေလာက္မၾကာဘူး}ဟု ၎ကဆက္ေျပာသည္။
မြန္ျပည္နယ္တြင္ စက္သုံးဆီျပတ္လပ္ ျခင္းႏွင့္ ေဈးႏႈန္းႀကီးျမင့္ျခင္းမ်ားမရွိေၾကာင္း မြန္ျပည္ နယ္အစိုးရ အဖြဲ႕မွ လူမႈေရးရာဝန္ႀကီး ဦးတင္ေဇာ္ ထြန္းကဆိုသည္။ ‘ကုမၸဏီကေတာ့ ႏိုင္ငံေတာ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္ေတြ အကုန္လုံးရၿပီး ပို႔တယ္။ ျဖန႔္ခ်ိခြင့္ကိုေပးထားတာေပါ့ ေလ။ ေဈးႏႈန္းေလးကပိုၿပီးေလ်ာ့တယ္ေပါ့ေလ။ ေဈး ကပိုေတာင္ေလ်ာ့တယ္လို႔ေျပာပါတယ္။ လာၾကည့္လို႔ ရပါတယ္’ဟု မြန္ျပည္နယ္ အစိုးရအဖြဲ႕မွ လူမႈေရးရာ ဝန္ႀကီး ဦးတင္ေဇာ္ထြန္းက ေျပာသည္။
မြန္ျပည္နယ္အတြင္း ျဖန႔္ျဖဴးမည့္ စက္သုံး ဆီမ်ားကို ယခင္တြင္ ရန္ကုန္သီလဝါဆိပ္ကမ္းမွတစ္ ဆင့္ တင္သြင္းခဲ့ရာ မုဒုံဆိပ္ကမ္းကို စီးပြား ေရးဇုန္ အျဖစ္လုပ္ေဆာင္လိုသျဖင့္ ျဖန႔္ျဖဴးမည့္ဆီမ်ားကို မုဒုံၿမိဳ႕နယ္၊ ကတုံးေပၚ ေက်း႐ြာဘက္သို႔ေျပာင္းလဲ တင္ပို႔လာျခင္းျဖစ္ေၾကာင္း သိရသည္။