ရုရှားနှင့်စစ်ပွဲအတွက် စစ်လက်နက်ပစ္စည်းများ ပိုမိုထုတ်လုပ်ရန် နေတိုးအဖွဲ့အကြီးအကဲ တိုက်တွန်းတောင်းဆို

199

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၉
နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံအပြင် တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနိုင်ငံ တို့နှင့် ကာလအတန် ကြာဖြစ်ပွားလာဖွယ်ရှိနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး စစ်လက်နက်ပစ္စည်းများပိုမိုတိုး မြှင့်ထုတ်လုပ်ထားရမည်ဖြစ် ကြောင်း၊ နေတိုးအဖွဲ့ အကြီးအကဲ မက်ရက်တီက တိုက်တွန်းပြောဆိုလိုက် သည်။
နေတိုးအဖွဲ့အကြီးအကဲသည် ပြီးခဲ့သည့် နိုဝင်ဘာ (၆)ရက်က ကျင်းပခဲ့သော NATO-Indu stry Forum တွင် မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားလျက်ရှိ နေသည့် စစ်ပွဲသည် နေတိုးမဟာမိတ်အဖွဲ့အပေါ် ခြိမ်းခြောက်မှု များရှိနေကြောင်း၊ စစ်ပွဲကြီးပြီးဆုံးချိန်တွင်လည်း ရုရှား၏ ခြိမ်းခြောက်မှုများက ပြီးဆုံးသွားမည်မဟုတ် ကြောင်းနေတိုးမဟာမိတ်အဖွဲ့အကြီးအကဲကပြောသည်။
ရုရှားနိုင်ငံသည် အနာဂတ်တွင်လည်း ဥရောပတိုက်နှင့်ကမ္ဘာကြီးကိုတည်ငြိမ်မှုမရှိစေရန် ဆက်လက်လုပ်ဆောင် နေဖွယ်ရှိနေကြောင်း နေတိုးအဖွဲ့အကြီးအကဲကပြောသည်။ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အကြီးအကဲဖြစ်သူ မက်ရက် တီက ‘ကမ္ဘာ့စည်းမျဉ်းစည်းကမ်းများကိုမတည်ငြိမ်အောင်လုပ် ဆောင်နေတာ ရုရှားတစ်နိုင်ငံတည်းတင် မဟုတ်ဘူး၊ ရုရှားဟာမြောက်ကိုရီးယား၊ အီရန်၊ တရုတ်နိုင်ငံတို့နဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေတယ်။ အဲဒီနိုင်ငံတွေဟာ လက်ရှိ အချိန်မှာ ကာကွယ်ရေး စစ်လက်နက် ပစ္စည်းနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ကိုင်နေတယ်။ အဲဒီနိုင်ငံ တွေဟာ ကာလအတန်ကြာ ထိပ်တိုက်တွေ့ဆုံလာမယ့် စစ်ပွဲတွေအတွက်လည်းကြိုတင်ပြင်ဆင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံ တွေဟာ (၂၀၃၅)ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို အနည်းဆုံး (၅)ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာ ဖြစ်တယ်။ ဒါ့အပြင် စစ်လက်နက်ပစ္စည်းထုတ်လုပ် မှုပိုင်း၊ စစ်ဘက်နည်းပညာပိုင်းနဲ့ ပစ်အားတွေကိုလည်း ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမယ်’ ဟု ပြောသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံကြားစစ်ပွဲ ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင်နေတိုးမဟာမိတ်အဖွဲ့က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပြီး ယူကရိန်းကို စစ်ရေးအကူညီပေးခဲ့ရာ နေတိုးအဖွဲ့နှင့် ရုရှားနိုင်ငံ ကြား တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်းသိရသည်။

Zawgyi Version;
႐ုရွားႏွင့္စစ္ပြဲအတြက္ စစ္လက္နက္ပစၥည္းမ်ား ပိုမိုထုတ္လုပ္ရန္ ေနတိုးအဖြဲ႕အႀကီးအကဲ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၉
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ႐ုရွားႏိုင္ငံအျပင္ တ႐ုတ္၊ အီရန္၊ ေျမာက္ကိုရီးယားႏိုင္ငံ တို႔ႏွင့္ ကာလအတန္ ၾကာျဖစ္ပြားလာဖြယ္ရွိေနသည့္ စစ္ပြဲႏွင့္ပတ္သက္ၿပီး စစ္လက္နက္ပစၥည္းမ်ားပိုမိုတိုး ျမႇင့္ထုတ္လုပ္ထားရမည္ျဖစ္ ေၾကာင္း၊ ေနတိုးအဖြဲ႕ အႀကီးအကဲ မက္ရက္တီက တိုက္တြန္းေျပာဆိုလိုက္ သည္။
ေနတိုးအဖြဲ႕အႀကီးအကဲသည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ (၆)ရက္က က်င္းပခဲ့ေသာ NATO-Indu stry Forum တြင္ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိ ေနသည့္ စစ္ပြဲသည္ ေနတိုးမဟာမိတ္အဖြဲ႕အေပၚ ၿခိမ္းေျခာက္မႈ မ်ားရွိေနေၾကာင္း၊ စစ္ပြဲႀကီးၿပီးဆုံးခ်ိန္တြင္လည္း ႐ုရွား၏ ၿခိမ္းေျခာက္မႈမ်ားက ၿပီးဆုံးသြားမည္မဟုတ္ ေၾကာင္းေနတိုးမဟာမိတ္အဖြဲ႕အႀကီးအကဲကေျပာသည္။
႐ုရွားႏိုင္ငံသည္ အနာဂတ္တြင္လည္း ဥေရာပတိုက္ႏွင့္ကမာၻႀကီးကိုတည္ၿငိမ္မႈမရွိေစရန္ ဆက္လက္လုပ္ေဆာင္ ေနဖြယ္ရွိေနေၾကာင္း ေနတိုးအဖြဲ႕အႀကီးအကဲကေျပာသည္။ ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕အႀကီးအကဲျဖစ္သူ မက္ရက္ တီက ‘ကမာၻ႔စည္းမ်ဥ္းစည္းကမ္းမ်ားကိုမတည္ၿငိမ္ေအာင္လုပ္ ေဆာင္ေနတာ ႐ုရွားတစ္ႏိုင္ငံတည္းတင္ မဟုတ္ဘူး၊ ႐ုရွားဟာေျမာက္ကိုရီးယား၊ အီရန္၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔ ပူးေပါင္းၿပီးလုပ္ေဆာင္ေနတယ္။ အဲဒီႏိုင္ငံေတြဟာ လက္ရွိ အခ်ိန္မွာ ကာကြယ္ေရး စစ္လက္နက္ ပစၥည္းနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္လုပ္ကိုင္ေနတယ္။ အဲဒီႏိုင္ငံ ေတြဟာ ကာလအတန္ၾကာ ထိပ္တိုက္ေတြ႕ဆုံလာမယ့္ စစ္ပြဲေတြအတြက္လည္းႀကိဳတင္ျပင္ဆင္ေနတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံ ေတြဟာ (၂၀၃၅)ခုႏွစ္မွာ ကာကြယ္ေရး အသုံးစရိတ္ကို အနည္းဆုံး (၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ရမွာ ျဖစ္တယ္။ ဒါ့အျပင္ စစ္လက္နက္ပစၥည္းထုတ္လုပ္ မႈပိုင္း၊ စစ္ဘက္နည္းပညာပိုင္းနဲ႔ ပစ္အားေတြကိုလည္း ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ရမယ္’ ဟု ေျပာသည္။ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားစစ္ပြဲ ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္းတြင္ေနတိုးမဟာမိတ္အဖြဲ႕က ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့ၿပီး ယူကရိန္းကို စစ္ေရးအကူညီေပးခဲ့ရာ ေနတိုးအဖြဲ႕ႏွင့္ ႐ုရွားႏိုင္ငံ ၾကား တင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္းသိရသည္။