ရုရှားကို အားနည်းစေရန်နှင့် ပြိုကွဲသွားစေရန် အနောက်အုပ်စု၏ ကြိုးပမ်းမှုများ ကျရှုံးခဲ့ဟု ရုရှားသမ္မတပြော

 281

Pika (NP News) - နိုဝင်ဘာ ၉

ရုရှားနိုင်ငံက မဟာဗျူဟာမြောက်ရှုံးနိမ့်မှုကို ကြုံတွေ့စေရန်နှင့် နိုင်ငံကိုပြိုကွဲစေရန် အနောက်အုပ်စုနိုင်ငံများ၏ ကြိုးပမ်းမှုများမှာ ကျရှုံးခဲ့ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ အမျိုးသားမူဝါဒ မဟာဗျူဟာ နှင့် အကောင်အထည်ဖော်မှုကို အာရုံစိုက်သည့် လူမျိုးပေါင်းစုံဆက်ဆံရေးကောင်စီ၏ အစည်းအဝေးအတွင်း ပူတင် က ယင်းကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံပြင်ပတွင် နိုင်ငံကို ဆန့်ကျင်သည့်သတင်းအချက်အလက် စစ်ပွဲ၏ လက်နက်ကိရိယာများအဖြစ် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အယောင်ဆောင်အမျိုးသားရေးစင်တာများကို ထူထောင်လျက်ရှိကြောင်း ပူတင်က သတိပေးပြောဆိုခဲ့သည်။ အဆိုပါအယောင်ဆောင်အဖွဲ့အစည်းများသည် ရုရှားနိုင်ငံ ပြိုကွဲစေရန်နှင့် မဟာဗျူဟာမြောက်ရှုံးနိမ့်မှုကို ကြုံတွေ့စေရန် ကြိုးပမ်းနေကြောင်း ပူတင်ကပြောဆိုခဲ့သည်။
ထိုပြင် ရုရှားနိုင်ငံသားများကြားတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်စေရန် ရန်စမှုများနှင့် ကြိုးပမ်းမှုများကို ချက်ချင်းရပ်တန့်ရမည်ဟု ပူတင်က ထပ်မံပြောကြားခဲ့သည်။ ရုရှားနိုင်ငံသားများကြားတွင် သဘောထား ကွဲလွဲမှုများဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို ပြည်ပတွင်ရှိနေသောသူများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့ကိုနိုင်ငံခြားရေးဆိုင်ရာ ထောက်လှမ်းရေးဝန်ဆောင်မှုများက ကြီးကြပ်မှု၊ငွေကြေးထောက်ပံ့မှုနှင့် ညွှန်ကြားမှုများ လုပ်ဆောင်နေကြောင်း ပူတင်က ပြောခဲ့သည်။
ပူတင်က “သူတို့တွေရဲ့ရည်မှန်းချက်ပန်းတိုင်က ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်မှုကို ပျက်ပြားစေဖို့ပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် ပြင်ပအန္တရာယ်များနှင့်စိန်ခေါ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ခိုင်ခိုင်မာမာနှင့် စနစ်တကျ လုပ်ဆောင်ရန်အားလုံးကို ပူတင်က တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွားကို အားနည္းေစရန္ႏွင့္ ၿပိဳကြဲသြားေစရန္ အေနာက္အုပ္စု၏ ႀကိဳးပမ္းမႈမ်ား က်ရႈံးခဲ့ဟု ႐ုရွားသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၉
႐ုရွားႏိုင္ငံက မဟာဗ်ဴဟာေျမာက္ရႈံးနိမ့္မႈကို ႀကဳံေတြ႕ေစရန္ႏွင့္ ႏိုင္ငံကိုၿပိဳကြဲေစရန္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ႀကိဳးပမ္းမႈမ်ားမွာ က်ရႈံးခဲ့ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အမ်ိဳးသားမူဝါဒ မဟာဗ်ဴဟာ ႏွင့္ အေကာင္အထည္ေဖာ္မႈကို အာ႐ုံစိုက္သည့္ လူမ်ိဳးေပါင္းစုံဆက္ဆံေရးေကာင္စီ၏ အစည္းအေဝးအတြင္း ပူတင္ က ယင္းကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံျပင္ပတြင္ ႏိုင္ငံကို ဆန႔္က်င္သည့္သတင္းအခ်က္အလက္ စစ္ပြဲ၏ လက္နက္ကိရိယာမ်ားအျဖစ္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ အေယာင္ေဆာင္အမ်ိဳးသားေရးစင္တာမ်ားကို ထူေထာင္လ်က္ရွိေၾကာင္း ပူတင္က သတိေပးေျပာဆိုခဲ့သည္။ အဆိုပါအေယာင္ေဆာင္အဖြဲ႕အစည္းမ်ားသည္ ႐ုရွားႏိုင္ငံ ၿပိဳကြဲေစရန္ႏွင့္ မဟာဗ်ဴဟာေျမာက္ရႈံးနိမ့္မႈကို ႀကဳံေတြ႕ေစရန္ ႀကိဳးပမ္းေနေၾကာင္း ပူတင္ကေျပာဆိုခဲ့သည္။
ထိုျပင္ ႐ုရွားႏိုင္ငံသားမ်ားၾကားတြင္ သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚေစရန္ ရန္စမႈမ်ားႏွင့္ ႀကိဳးပမ္းမႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ရမည္ဟု ပူတင္က ထပ္မံေျပာၾကားခဲ့သည္။ ႐ုရွားႏိုင္ငံသားမ်ားၾကားတြင္ သေဘာထား ကြဲလြဲမႈမ်ားျဖစ္ေပၚေစရန္ ႀကိဳးပမ္းမႈမ်ားကို ျပည္ပတြင္ရွိေနေသာသူမ်ားက လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ႏွင့္ ၎တို႔ကိုႏိုင္ငံျခားေရးဆိုင္ရာ ေထာက္လွမ္းေရးဝန္ေဆာင္မႈမ်ားက ႀကီးၾကပ္မႈ၊ေငြေၾကးေထာက္ပံ့မႈႏွင့္ ၫႊန္ၾကားမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ပူတင္က ေျပာခဲ့သည္။
ပူတင္က “သူတို႔ေတြရဲ႕ရည္မွန္းခ်က္ပန္းတိုင္က ကြၽန္ေတာ္တို႔ရဲ႕စည္းလုံးညီၫြတ္မႈကို ပ်က္ျပားေစဖို႔ပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။ ထို႔ျပင္ ျပင္ပအႏၲရာယ္မ်ားႏွင့္စိန္ေခၚမႈမ်ားကို တုံ႔ျပန္သည့္အေနျဖင့္ ခိုင္ခိုင္မာမာႏွင့္ စနစ္တက် လုပ္ေဆာင္ရန္အားလုံးကို ပူတင္က တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.