အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်မှာ အိမ်မှားဝင်လာတဲ့ အိမ်သန့်ရှင်းရေးအမျိုးသမီး ပစ်သတ်ခံရ

120

ရောင်နီ (NP News) - နိုဝင်ဘာ ၉
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်မှာ ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၅ ရက်) က အိမ်သန့်ရှင်းရေး အမျိုးသမီး တစ်ဦးဟာ အိမ်မှားဝင်မိလို့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
အကြောင်းကတော့ သူမမှားဝင်သွားတဲ့ အိမ်ဟာ ဖောက်ထွင်းဝင်ရောက်သူ ရှိနေတယ်ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ထားတဲ့အိမ်ဖြစ်နေတဲ့အပြင် သူမကိုလည်း ဖောက်ထွင်းသူလို့ ထင်မှတ်ကာ မှားယွင်းပစ်ခတ်မိ ခဲ့တယ်လို့ သိရပါတယ်။ စုံထောက်တွေကတော့ ကနဦးစုံစမ်းစစ်ဆေးမှုကို အပြီးသတ်လိုက်ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က သောကြာနေ့(နိုဝင်ဘာ ၇ ရက်) မှာ ပြောကြားပါတယ်။ ဝှိုက်တောင်း မြို့တော်ရဲဌာနက လူသတ်မှုနဲ့ဆက်စပ်ပြီး ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်မလား ဆိုတာကိုတော့ ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။
တရားလိုရှေ့နေ ကန့်အစ်ဝု က အင်ဒီယားနားရဲ့ "stand your ground law" အရ လူတစ်ဦးချင်းစီကို အိမ်ကျူးကျော်သူတွေရန်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်၊ အချို့ကိစ္စတွေမှာ အသက်အန္တရာယ်ရှိတဲ့ အင်အား အသုံးပြုခွင့်ပေးအပ်ထားတာကြောင့် အမှုဟာ ရှုပ်ထွေးနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးဟာ မရီယာဖလော်ရင်ဒါရီယိုပဲရစ်ဒီဗီလက်စကွက်ဇ် အမည်ရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ဂွာတီမာလာမှ ရွှေ့ပြောင်းလာသူဖြစ်ကာ ကလေးလေးယောက် မိခင်ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ အင္ဒီယားနားျပည္နယ္မွာ အိမ္မွားဝင္လာတဲ့ အိမ္သန႔္ရွင္းေရးအမ်ိဳးသမီး ပစ္သတ္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၉
အေမရိကန္ႏိုင္ငံ၊ အင္ဒီယားနားျပည္နယ္မွာ ဗုဒၶဟူးေန႔(ႏိုဝင္ဘာ ၅ ရက္) က အိမ္သန႔္ရွင္းေရး အမ်ိဳးသမီး တစ္ဦးဟာ အိမ္မွားဝင္မိလို႔ ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရပါတယ္။
အေၾကာင္းကေတာ့ သူမမွားဝင္သြားတဲ့ အိမ္ဟာ ေဖာက္ထြင္းဝင္ေရာက္သူ ရွိေနတယ္ဆိုတဲ့ သံသယနဲ႔ ရဲတပ္ဖြဲ႕ကို ဖုန္းေခၚထားတဲ့အိမ္ျဖစ္ေနတဲ့အျပင္ သူမကိုလည္း ေဖာက္ထြင္းသူလို႔ ထင္မွတ္ကာ မွားယြင္းပစ္ခတ္မိ ခဲ့တယ္လို႔ သိရပါတယ္။ စုံေထာက္ေတြကေတာ့ ကနဦးစုံစမ္းစစ္ေဆးမႈကို အၿပီးသတ္လိုက္ၿပီျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ က ေသာၾကာေန႔(ႏိုဝင္ဘာ ၇ ရက္) မွာ ေျပာၾကားပါတယ္။ ဝႈိက္ေတာင္း ၿမိဳ႕ေတာ္ရဲဌာနက လူသတ္မႈနဲ႔ဆက္စပ္ၿပီး ရာဇ၀တ္မႈဆိုင္ရာ စြဲခ်က္တင္မလား ဆိုတာကိုေတာ့ ျပန္လည္သုံးသပ္ေနတယ္လို႔ ဆိုပါတယ္။
တရားလိုေရွ႕ေန ကန႔္အစ္ဝု က အင္ဒီယားနားရဲ႕ "stand your ground law" အရ လူတစ္ဦးခ်င္းစီကို အိမ္က်ဴးေက်ာ္သူေတြရန္က ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ခြင့္၊ အခ်ိဳ႕ကိစၥေတြမွာ အသက္အႏၲရာယ္ရွိတဲ့ အင္အား အသုံးျပဳခြင့္ေပးအပ္ထားတာေၾကာင့္ အမႈဟာ ရႈပ္ေထြးေနတယ္လို႔ ဆိုပါတယ္။ ေသဆုံးသူ သန႔္ရွင္းေရးဝန္ထမ္း အမ်ိဳးသမီးဟာ မရီယာဖေလာ္ရင္ဒါရီယိုပဲရစ္ဒီဗီလက္စကြက္ဇ္ အမည္ရွိ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ျဖစ္ၿပီး ဂြာတီမာလာမွ ေ႐ႊ႕ေျပာင္းလာသူျဖစ္ကာ ကေလးေလးေယာက္ မိခင္ျဖစ္တယ္လို႔ သိရပါတယ္။