ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးတွေအတွက် တောင်ကိုရီးယားသရုပ်ဆောင် လီဂျောင်ဂျေးက လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ကိုရီးယားဝမ် ၁၁ သန်း (အမေရိကန်ဒေါ်လာ ၇၅၄ဝ ခန့်) လှူဒါန်း

 168

ရောင်နီ (NP News) - နိုဝင်ဘာ ၉

တောင်ကိုရီးယားသရုပ်ဆောင် လီဂျောင်ဂျေး ဟာ ဆင်းရဲနွမ်းပါးအမျိုးသမီးငယ်တွေကို ထောက်ပံ့ဖို့ အတွက် NGO G Foundation ကို ဝမ် ၁၁ သန်း (အမေရိကန်ဒေါ်လာ ၇၅၄၀) ခန့် လှူဒါန်းခဲ့ပါတယ်။
အလှူငွေမှာ သူ့ရဲ့လူကြိုက်များတဲ့ အစီအစဉ် 'You Quiz on the Block' မှ ရရှိတဲ့ ဆု ကိုရီးယားဝမ် ၁ သန်း (အမေရိကန်ဒေါ်လာ ၇၅၄၀ ခန့်) နဲ့ သူ့ရဲ့ ကိုယ်ပိုင်ရန်ပုံငွေမှ ရရှိတဲ့ နောက်ထပ် ဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆၈၅၃ ခန့်) ကို စုပေါင်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ G Foundation က “အလှူငွေကို လစဉ်သုံးပစ္စည်း ချို့တဲ့မှု ကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးငယ်တွေကို ထောက်ပံ့ဖို့အတွက် အသုံးပြုသွားမှာဖြစ်ပြီး မင်းသား လီဂျောင်ဂျေးရဲ့လှူဒါန်းမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်" လို့ ဆိုခဲ့ပါတယ်။
လီဂျောင်ဂျေးဟာ Netflix ရဲ့ "Squide Game" ဇာတ်ကားနဲ့ အောင်မြင်မှုများစွာ ရရှိထားတာဖြစ်ပြီး လက်ရှိ tvN ရဲ့ 'Nice to Not Meet You' ဒရာမာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Zawgyi Version;

Related news

© 2021. All rights reserved.