ကလောမြို့နယ်တွင်မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၃)ဦးသေဆုံး

491

သက်ပိုင်(NP News) - နိုဝင်ဘာ ၉
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာကြား မိုင်တိုင်အမှတ် (၅၆/၆) တွင် ယနေ့မွန်းလွဲပိုင်းက မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၃) ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (နိုဝင်ဘာလ ၉ ရက်)၊ မွန်းလွဲ (၁) နာရီခန့်က တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသော JINBEI အမျိုးအစားယာဉ်သည် ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာကြား မိုင်တိုင်အမှတ် (၅၆/၆) တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်ချောက်ထဲသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၈)၊ မ(၉) ဦး၊ စုစုပေါင်း (၁၇) အနက် မ(၂)ဦး၊ ကျား(၁)ဦး စုစုပေါင်း(၃)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၄)ဦးအထိရှိခဲ့ကြောင်းနှင့် အဆိုပါသေဆုံးဒဏ်ရာရရှိသူများကို ကလောမြို့နယ်မီးသတ်စခန်းမှတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ကလောမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ကားက တော်တော်အရှိန်များမယ်ထင်တယ်။ အဆင်းဆိုတော့လေ။ ကားက လမ်းဘေးချောက်ထဲကျပြီး ကျွန်းပင်ကိုဝင်တိုက်တာ မုန့်ကြိုးလိမ်လိုဖြစ်သွားတယ်။ သေဆုံးတဲ့အမျိုးသမီးတွေထဲမှာ ကလေးတစ်ဦးလည်းပါနေတယ်။ အမျိုးသမီးထဲက တစ်ဦးကတော့ မိတ္ထီလာနဲ့ မန္တလေးကြားက တရားစု ဆိုတဲ့ရွာကလို့တော့ သိရတယ်။ကျန်တာတွေကတော့ မသိရသေးဘူး ” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် မဟာလူမှုကယ်ဆယ်ရေးအသင်း(အောင်ပန်း)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ မိုင်တိုင်အမှတ် (၅၆/၆)အနီးတစ်ဝိုက်သည် ယာဉ်မတော်မှုများ မကြာခဏဖြစ်လေ့ရှိသော နေရာတစ်ခုဖြစ်ကြောင်းနှင့် ပြီးခဲ့လပိုင်းကလည်း အဆိုပါနေရာအနီးတွင် တွဲကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သေးကြောင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူထံမှ သိရသည်။

Zawgyi Version;
ကေလာၿမိဳ႕နယ္တြင္ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ လူ(၃)ဦးေသဆုံး
သက္ပိုင္(NP News) - ႏိုဝင္ဘာ ၉
ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕နယ္၊ ဝက္ျဖဴေရေက်း႐ြာႏွင့္ မေဂြေက်း႐ြာၾကား မိုင္တိုင္အမွတ္ (၅၆/၆) တြင္ ယေန႔မြန္းလြဲပိုင္းက ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ လူ(၃) ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔ (ႏိုဝင္ဘာလ ၉ ရက္)၊ မြန္းလြဲ (၁) နာရီခန႔္က ေတာင္ႀကီးမွ မႏၲေလးသို႔ ေမာင္းႏွင္လာေသာ JINBEI အမ်ိဳးအစားယာဥ္သည္ ကေလာၿမိဳ႕နယ္၊ ဝက္ျဖဴေရေက်း႐ြာႏွင့္ မေဂြေက်း႐ြာၾကား မိုင္တိုင္အမွတ္ (၅၆/၆) တြင္ ဘရိတ္ေပါက္ၿပီး အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ဘယ္ဘက္ေခ်ာက္ထဲသို႔ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထိုသို႔တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ က်ား(၈)၊ မ(၉) ဦး၊ စုစုေပါင္း (၁၇) အနက္ မ(၂)ဦး၊ က်ား(၁)ဦး စုစုေပါင္း(၃)ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ (၁၄)ဦးအထိရွိခဲ့ေၾကာင္းႏွင့္ အဆိုပါေသဆုံးဒဏ္ရာရရွိသူမ်ားကို ကေလာၿမိဳ႕နယ္မီးသတ္စခန္းမွတာဝန္ရွိသူမ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားက ကေလာၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
“ကားက ေတာ္ေတာ္အရွိန္မ်ားမယ္ထင္တယ္။ အဆင္းဆိုေတာ့ေလ။ ကားက လမ္းေဘးေခ်ာက္ထဲက်ၿပီး ကြၽန္းပင္ကိုဝင္တိုက္တာ မုန႔္ႀကိဳးလိမ္လိုျဖစ္သြားတယ္။ ေသဆုံးတဲ့အမ်ိဳးသမီးေတြထဲမွာ ကေလးတစ္ဦးလည္းပါေနတယ္။ အမ်ိဳးသမီးထဲက တစ္ဦးကေတာ့ မိတၳီလာနဲ႔ မႏၲေလးၾကားက တရားစု ဆိုတဲ့႐ြာကလို႔ေတာ့ သိရတယ္။က်န္တာေတြကေတာ့ မသိရေသးဘူး ” ဟု ကူညီကယ္ဆယ္ေရးလုပ္ေဆာင္ခဲ့သည့္ မဟာလူမႈကယ္ဆယ္ေရးအသင္း(ေအာင္ပန္း)အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ မိုင္တိုင္အမွတ္ (၅၆/၆)အနီးတစ္ဝိုက္သည္ ယာဥ္မေတာ္မႈမ်ား မၾကာခဏျဖစ္ေလ့ရွိေသာ ေနရာတစ္ခုျဖစ္ေၾကာင္းႏွင့္ ၿပီးခဲ့လပိုင္းကလည္း အဆိုပါေနရာအနီးတြင္ တြဲကားတစ္စီး တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ေသးေၾကာင္း လူမႈကူညီေရးအသင္းတာဝန္ရွိသူထံမွ သိရသည္။