ဆော်ဒီအာရေဗျနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသား အမျိုးသမီး(၃) ဦးအား ပြန်လည်ပို့ဆောင်

226
Pearl (NP News) - နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသား အမျိုးသမီး(၃) ဦးအား မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ကူညီ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးနှင့် ပတ်သက်၍ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့သည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ညှိနှိုင်းပြီး၌ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးအား ကူညီပေးခဲ့ပြီးပြီးခဲ့သည့် နိုဝင်ဘာလ (၈)ရက်၊ ညပိုင်းတွင် ရီရတ်ဒ်-ဗန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version: