ရုရှားနဲ့စစ်ပွဲဖြစ်ပွားဖို့အတွက် အဆင်သင့်ပြင်ထားတယ်လို့ ဂျာမနီစစ်ဘက်ပြော

223

Pika (NP News) - နိုဝင်ဘာ ၁ဝ
ရုရှားနဲ့စစ်ပွဲဖြစ်ပွားဖို့အတွက် ဂျာမနီက အဆင်သင့်ပြင်ထားပြီး ရုရှားနယ်စပ်မှာ နေတိုးတပ်ဖွဲ့ဝင်(၈)သိန်းခန့် ဖြန့်ကျက်ချထားဖို့ အဆင်သင့်ရှိနေတယ်လို့ ဂျာမနီဒုဗိုလ်ချုပ်ကြီး Alexander Sollfrank က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ Alexander Sollfrank ရဲ့ပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်ပြသခဲ့တဲ့ ဂျာမနီရဲ့စစ်ဆင်ရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီအစီအစဉ်ထဲမှာ ရုရှားကိုဆန့်ကျင်တဲ့နေတိုးနိုင်ငံအများအပြားက ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ၊ ပစ္စည်းကိရိယာ တွေ ဖြန့်ကျက်ချထားဖို့အတွက် ဂျာမနီကို အဓိကထောက်ပံ့ရေးအချက်အချာနေရာအဖြစ် ပြောင်းလဲမယ့် အစီအစဉ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အဲဒီဖြန့်ကျက်ချထားမှုတွေကို ပဋိပက္ခ စတင်တဲ့ ရက်ကနေ စတင်ပြီး ရက်ပေါင်း(၁၈၀)အတွင်း အပြီးအစီးလုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားနေပေမယ့်လည်း ရုရှားက ကြီးမားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပိုင်ဆိုင်ထားတုန်းပဲလို့ Alexander Sollfrank က ပြောဆိုခဲ့ပါတယ်။ Alexander Sollfrank က “နေတိုးအဖွဲ့ရဲ့နယ်မြေတွေကို အကန့် အသတ်နဲ့ တိုက်ခိုက်နိုင်စွမ်းက ရုရှားမှာရှိနှင့်နေပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားဖို႔အတြက္ အဆင္သင့္ျပင္ထားတယ္လို႔ ဂ်ာမနီစစ္ဘက္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁ဝ
႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားဖို႔အတြက္ ဂ်ာမနီက အဆင္သင့္ျပင္ထားၿပီး ႐ုရွားနယ္စပ္မွာ ေနတိုးတပ္ဖြဲ႕ဝင္(၈)သိန္းခန႔္ ျဖန႔္က်က္ခ်ထားဖို႔ အဆင္သင့္ရွိေနတယ္လို႔ ဂ်ာမနီဒုဗိုလ္ခ်ဳပ္ႀကီး Alexander Sollfrank က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ Alexander Sollfrank ရဲ႕ေျပာဆိုခ်က္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္က ထုတ္ေဖာ္ျပသခဲ့တဲ့ ဂ်ာမနီရဲ႕စစ္ဆင္ေရးအစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီအစီအစဥ္ထဲမွာ ႐ုရွားကိုဆန႔္က်င္တဲ့ေနတိုးႏိုင္ငံအမ်ားအျပားက ေထာင္နဲ႔ခ်ီတဲ့ တပ္ဖြဲ႕ဝင္ေတြ၊ ပစၥည္းကိရိယာ ေတြ ျဖန႔္က်က္ခ်ထားဖို႔အတြက္ ဂ်ာမနီကို အဓိကေထာက္ပံ့ေရးအခ်က္အခ်ာေနရာအျဖစ္ ေျပာင္းလဲမယ့္ အစီအစဥ္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အဲဒီျဖန႔္က်က္ခ်ထားမႈေတြကို ပဋိပကၡ စတင္တဲ့ ရက္ကေန စတင္ၿပီး ရက္ေပါင္း(၁၈၀)အတြင္း အၿပီးအစီးလုပ္ေဆာင္သြားရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းနဲ႔ စစ္ပြဲျဖစ္ပြားေနေပမယ့္လည္း ႐ုရွားက ႀကီးမားတဲ့ စစ္လက္နက္ပစၥည္းေတြကို ပိုင္ဆိုင္ထားတုန္းပဲလို႔ Alexander Sollfrank က ေျပာဆိုခဲ့ပါတယ္။ Alexander Sollfrank က “ေနတိုးအဖြဲ႕ရဲ႕နယ္ေျမေတြကို အကန႔္ အသတ္နဲ႔ တိုက္ခိုက္ႏိုင္စြမ္းက ႐ုရွားမွာရွိႏွင့္ေနၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။