ပြည်တွင်းထုတ် Tejas တိုက်လေယာဉ်တွေအတွက် အင်ဂျင်အလုံးရေ(၁ဝဝ)ကျော်ကို အိန္ဒိယဝယ်ယူ

168

Pika (NP News) - နိုဝင်ဘာ ၁ဝ
ပြည်တွင်းမှာထုတ်လုပ်ထားတဲ့ Tejas တိုက်လေယာဉ်တွေအတွက် အင်ဂျင်အလုံးရေ(၁၀၀)ကျော်ဝယ်ယူဖို့ အမေရိကန်ကုမ္ပဏီ General Electric နဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ အိန္ဒိယနိုင်ငံပိုင်လေကြောင်းကုမ္ပဏီတစ်ခုက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားရေနံဆက်လက်ဝယ်ယူနေမှုနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ အိန္ဒိယကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေ မြင့်တက်နေချိန်မှာ အဲဒီသဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေ မြင့်တက်လာခဲ့တာကြောင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ဟာ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပေမယ့်လည်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
GE Aerospace ကုမ္ပဏီဟာ Tejas တိုက်လေယာဉ်တွေရဲ့အဆင့်မြင့်ဗားရှင်းအတွက် အင်ဂျင်အလုံးရေ(၁၁၃)လုံး ထောက်ပံ့ပေးဖို့ သဘောတူညီခဲ့တယ်လို့ Hindustan Aeronautics Limited (HAL)ကုမ္ပဏီက ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။ Hindustan Aeronautics Limited (HAL) က “အင်ဂျင်ပို့ဆောင်မှုတွေကို (၂၀၂၇)ခုနှစ်ကနေ (၂၀၃၂)ခုနှစ်အထိ လုပ်ဆောင်သွားပါလိ့မ်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီသဘောတူစာချုပ်ရဲ့တန်ဖိုးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို Hindustan Aeronautics Limited (HAL)ကုမ္ပဏီက ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ျပည္တြင္းထုတ္ Tejas တိုက္ေလယာဥ္ေတြအတြက္ အင္ဂ်င္အလုံးေရ(၁ဝဝ)ေက်ာ္ကို အိႏၵိယဝယ္ယူ
Pika (NP News) - ႏိုဝင္ဘာ ၁ဝ
ျပည္တြင္းမွာထုတ္လုပ္ထားတဲ့ Tejas တိုက္ေလယာဥ္ေတြအတြက္ အင္ဂ်င္အလုံးေရ(၁၀၀)ေက်ာ္ဝယ္ယူဖို႔ အေမရိကန္ကုမၸဏီ General Electric နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ အိႏၵိယႏိုင္ငံပိုင္ေလေၾကာင္းကုမၸဏီတစ္ခုက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားေရနံဆက္လက္ဝယ္ယူေနမႈနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ အိႏၵိယၾကား ကုန္သြယ္ေရးဆိုင္ရာတင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ အဲဒီသေဘာတူညီခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးဆိုင္ရာတင္းမာမႈေတြ ျမင့္တက္လာခဲ့တာေၾကာင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီတို႔ဟာ ေတြ႕ဆုံေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့ေပမယ့္လည္း ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြ ရရွိခဲ့တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
GE Aerospace ကုမၸဏီဟာ Tejas တိုက္ေလယာဥ္ေတြရဲ႕အဆင့္ျမင့္ဗားရွင္းအတြက္ အင္ဂ်င္အလုံးေရ(၁၁၃)လုံး ေထာက္ပံ့ေပးဖို႔ သေဘာတူညီခဲ့တယ္လို႔ Hindustan Aeronautics Limited (HAL)ကုမၸဏီက ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။ Hindustan Aeronautics Limited (HAL) က “အင္ဂ်င္ပို႔ေဆာင္မႈေတြကို (၂၀၂၇)ခုႏွစ္ကေန (၂၀၃၂)ခုႏွစ္အထိ လုပ္ေဆာင္သြားပါလိ့မ္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲ့ဒီသေဘာတူစာခ်ဳပ္ရဲ႕တန္ဖိုးနဲ႔ပတ္သက္တဲ့အေသးစိတ္အခ်က္အလက္ေတြကို Hindustan Aeronautics Limited (HAL)ကုမၸဏီက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။