အကြမ်းဖက်သမားဟု အမေရိကန်၏ ဆုငွေထုတ်ခံခဲ့ရဖူးသူက ဆီးရီးယားသမ္မတအဖြစ် ဒေါ်နယ်ထရမ့်နှင့် တရားဝင်တွေ့ဆုံရန် ရောက်ရှိလာ

 162

Htay Oung (NP News)-နိုဝင်ဘာ-၁၀
===
ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာဟာ တရားဝင်ခရီးစဉ်အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိလာခဲ့ ကြောင်း၊ ခရီးစဉ်အတွင်း ISIL (ISIS) “အိုင်စစ် အကြမ်းဖက်” တို့ကို တိုက်ဖျက်ရာမှာ အမေရိကန်ဦးဆောင် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဆီးရီးယားက သဘောတူညီကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း “အယ်လ်ဂျာဇီး ယား” (9 November 2025) က ရေးပါတယ်။

နိုင်ငံတစ်ဝှန်းလုံးရှိ ISIL ဆဲလ်များကို ပစ်မှတ်ထားတဲ့ အကြီးစား လုံခြုံရေးစစ်ဆင်မှုကို ဆီးရီးယားပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာပြီးနောက် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့များဟာ စီးနင်းမှု ၆၁ ကြိမ် ပြုလုပ်ခဲ့ရာ လူ ၇၁ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများနဲ့ လက် နက်အ များအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆီးရီးယားအရာရှိများက ပြောပါတယ်။

အယ်လ်ရှာရာရဲ့ တပ်ဖွဲ့တွေဟာ ယခင်အာဏာရှင် ဘာရှာအယ်လ်အာဆတ်ကို ပြီးခဲ့တဲ့နှစ်မှာ ဖယ်ရှားခဲ့ပါ တယ်။ ၁၉၄၆ ခုနှစ်နောက်ပိုင်း ဆီးရီးယားသမ္မတတစ်ဦးရဲ့ အမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်လည် ပတ်မှုလို့ ဆိုရပါလိမ့်မယ်။ အယ်လ်အာရှာဟာ တနင်္လာနေ့ အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ မကြာသေးမီက အယ်လ်ရှာရာနဲ့ သူ့ရဲ့အဖွဲ့ကို ပိတ်ဆို့အရေးယူထားတဲ့ အကြမ်းဖက်ဖွဲ့အစည်း စာရင်းမှ အမေရိကန်က ဖယ်ရှားပေးခဲ့ပါတယ်။ ISIL ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှာ တရားဝင် ပါဝင်ကြောင်း သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးဖို့ ဝါရှင်တန်က ပြင်ဆင်နေပါတယ်။

ဆီးရီးယားနဲ့ အစ္စရေးတို့အကြား ဖြစ်နိုင်ချေရှိတဲ့ လုံခြုံရေးဆိုင်ရာသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်က ဒမတ်စကတ်မြို့မှာ လေတပ်စခန်းတစ်ခု ဖွင့်လှစ်ခြင်းဖြင့် စစ်ရေးတည်ဆောက်မှာဖြစ်ကြောင်း သတင်းများက ဖော်ပြနေကြပေမယ့် ဆီးရီးယားက အဲ့ဒီအချက်ကို တရားဝင်ငြင်းဆိုပါတယ်။ ၁၃ နှစ်ကြာ ပြည် တွင်းစစ်အပြီး ပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့မှုကိုလည်း အယ်လ်ရှာရာက ရှာဖွေနေ ပါတယ်။ ပြန်လည်တည်ဆောက်ရမယ့်ကိစ္စဟာ အနည်းဆုံး ဒေါ်လာ ၂၁၆ ဘီလီယံ ကုန်ကျလိမ့်မယ်လို့ ကမ္ဘာ့ ဘဏ်က ခန့်မှန်းပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလ ကုလသမဂ္ဂသို့ သွားရောက်လည်ပတ်စဉ် သူ့အပေါ် ပိတ် ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မကြာသေးမီက မဲခွဲဆုံးဖြတ်မှုအပြီး အယ်လ်အာရှာ ရဲ့ ဝါရှင်တန် ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

((အသက် ၄၃-နှစ်အရွယ် အာမက် ဟူစိန် အယ်လ်ရှာရာ (အဘူ မိုဟာမက် အယ်လ် ဂျူလာနီ) ဟာ ဆော်ဒီအာ ရေးဗီးယားနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဆီးရီးယားနိုင်ငံမှာ ကြီးပြင်းခဲ့ပါတယ်။ ၂၀၀၃-ခုနှစ် အမေရိကန်ရဲ့ အီရတ်ကျူး ကျော်မှု မတိုင်မီ အီရတ် အယ်လ်ကိုင်ဒါအဖွဲ့နဲ့ ပူးပေါင်းပြီး ၃-နှစ်ကြာ သူပုန်ထခဲ့ပါတယ်။ အမေရိကန်က ဖမ်း ဆီးပြီး ထောင်ဒဏ် ၅-နှစ် အပြစ် ပေးခံရပါတယ်။ ၂၀၁၂-ခုနှစ် ထောင်က လွတ်မြောက်တဲ့အခါ အာဆတ်အစိုး ရကို တော်လှန်ဖို့အတွက် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ “ဂျဘတ် အယ်လ်နျုးဆာ တပ်ဦး” ကို တည်ထောင်ခဲ့ပါတယ်။

အယ်လ်ရှာရာဦးဆောင်တဲ့ အယ်လ်နျူးဆာဟာ လစ်ဗျားနဲ့ လက်ဘနွန်နိုင်ငံမှာ အသေခံဗုံးခွဲမှု၊ အာဆတ်အစိုး ရဝန်ထမ်းများနဲ့ အယ်လာဝိုက်မျိုးနွယ်စုများ၊ ရှီအာ မွတ်စလင်များကို အစုအပုံလိုက် သတ်ဖြတ်မှု၊ အတင်းအ ဓမ္မ ဘာသာကူးပြောင်းစေမှု၊ ဂိုဏ်းဂဏစွဲနဲ့ လူမျိုးသုတ်သင်မှုစတဲ့ စစ်ရာဇဝတ်မှုများအပြင် အမေရိကန်ကို ခြိမ်းခြောက်မှုကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၁၂-ခုနှစ်မှာ ဝါရှင်တန်က ကြေညာပါတယ်။ အယ်လ်ရှာရာ ကိုလည်း ဆုငွေ ဒေါ်လာ ၁၀-သန်း ထုတ်ပြန်ခဲ့ပြီး လေကြောင်းမှ သုတ်သင်ရှင်းလင်းရန် အကြိမ်ကြိမ် ကြိူး စားခဲ့ပါတယ်။

၂၀၁၄-ခုနှစ် ISIL တို့က အတူ ပူးပေါင်းရန် သိမ်းသွင်းမှုကို အယ်လ်နျူးဆာက ပယ်ချခဲ့တဲ့အတွက် အဖွဲ့အ စည်းနှစ်ခုအကြား လက်နက်ကိုင်ပဋိပက္ခ စတင်ခဲ့ပါတယ်။ ၂၀၁၆-ခုနှစ်မှာ အယ်လ်နျူးဆာဟာ အယ်လ်ကိုင် ဒါနဲ့လည်း အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။ အဲ့ဒီနောက် အယ်လ်ရှာရာဟာ အစွန်းရောက်မှုများကို စွန့်လွှတ်ပြီး ဆီးရီးယားပြည်သူများကို မျက်နှာမူတဲ့ သူပန်အဖွဲ့ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄-ခုနှစ် နိုဝင်ဘာနောက်ဆုံးရက်သတ္တပတ်မှာ အယ်လ်ရှာရာဦးဆောင် သူပုန်များက အစိုးရတပ်များကို ထိုးဖောက်တိုက်ခိုက်ပြီး ဒမတ်စကက်မြို့ကို သိမ်းယူတဲ့အတွက် ရုရှားလိုလားသူ သမ္မတ ဘာရှာအာဆတ် လည်း တိုင်းပြည်မှ ထွက်ပြေးူသွားရပါတယ်။ အဲ့ဒီနောက် အမေရိကန်က အယ်လ်ရှာရာအပေါ် ဆုငွေထုတ် ပြန်ထားမှုကို ပယ်ဖျက်လိုက်ပြီး ဆီးရီးယားနိုင်ငံကို ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သံတမန်စေ လွှတ်ခဲ့ပါတယ်။

အစ္စလာမ်မစ် အစွန်းရောက်များအဖြစ် (အိုစမာဘင်လာဒင် စတင်တည်ထောင်ခဲ့တဲ့) အယ်လ်ကိုင်ဒါ၊ (အာဖဂန် နစ္စတန်) တာလီဘန်နဲ့ (ဆီးရီးယား-အီရတ်) အိုင်စစ် (ISIL) တို့ကို လူသိများပါတယ်။ တမန်တော်မိုဟာမက် ပေါ်ထွန်းစ ရှေးဦးမွတ်စလင်များရဲ့ ဝတ်စားဆင်ယင်နေထိုင်ပုံကို အတုယူတဲ့ ‘ ဆလားဖစ်ဝါ ဒ”၊ တမန်တော် ကွယ်လွန်ပြီးနောက်ပိုင်း ခလီဖာ သာဝကကြီးများရဲ့ ရှရီယာဥပဒေအရ အုပ်ချုပ်တဲ့ လက်နက် အင်ပါယာထူ ထောင်ရေး “ခလီဖိတ်” ဝါဒကို လက်ခံပြီး သဘောထားတင်းမာသူ ဂျီဟတ်ဝါဒီများဖြစ်ကြပေမယ့် အဲ့ဒီ ၃-ဖွဲ့ဟာ အချင်းချင်း မသင့်မြတ်တဲ့အပြင် တွေ့ရာသင်းချိုင်း ဒါးမဆိုင်းပဲ ဖြစ်နေကြပါတယ်။ “အစ္စလာမ် မိုက်ဇေးရှင်း” ဖြစ်ပေမယ့် တာလီဘန်တို့က အာဖဂန်စော်ဘွားနိုင်ငံ တူထောင်ရေး၊ အိုင်စစ်တို့က မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး၊ အယ်လ်ကိုင်ဒါတို့က နိုင်ငံဖြတ်ကျော် စစ်မက်ပြုရေးဖြစ် နေလို့ပါ။

အားလုံးမှာ တူညီတဲ့အချက်က အဲ့ဒီအဖွဲ့အစည်းခေါင်းဆောင် ရာနှုန်းအများစုဟာ အစ္စလာမ်ဘာသာရေး တက္ကသိုလ်များမှ ပါရဂူဘွဲ့အထိ ရရှိကြပေမယ့် အတန်းပညာသင်ယူဖူးသူ အလွန်နည်းပါတယ်။ ယခု အယ်လ် ရှာရာကတော့ ဒမတ်စကတ်တက္ကသိုလ်ထွက်ပါ။ ကျမ်းစာကို မိမိတို့ အဓိပ္ပါယ်ဖွင့်ဆိုချက်သည်သာ အမှန်ဖြစ်ပြီး ကျန် ကမ္ဘာ့မွတ်စလင်အားလုံးတို့ကို ဖောက်ပြန်နေတဲ့ ဇာတ်ပျက်များအဖြစ် သတ်မှတ်ရာမှာလည်း တူညီကြပါတယ်။
.

Zawgyi Version:
အၾကမ္းဖက္သမားဟု အေမရိကန္၏ ဆုေငြထုတ္ခံခဲ့ရဖူးသူက ဆီးရီးယားသမၼတအျဖစ္ ေဒၚနယ္ထရမ့္ႏွင့္ တရားဝင္ေတြ႕ဆုံရန္ ေရာက္ရွိလာ
Htay Oung (NP News)-ႏိုဝင္ဘာ-၁၀
===
ဆီးရီးယားသမၼတ အာမက္ အယ္လ္ရွာရာဟာ တရားဝင္ခရီးစဥ္အတြက္ အေမရိကန္ႏိုင္ငံကို ေရာက္ရွိလာခဲ့ ေၾကာင္း၊ ခရီးစဥ္အတြင္း ISIL (ISIS) “အိုင္စစ္ အၾကမ္းဖက္” တို႔ကို တိုက္ဖ်က္ရာမွာ အေမရိကန္ဦးေဆာင္ မဟာမိတ္အဖြဲ႕နဲ႔ ပူးေပါင္းဖို႔ ဆီးရီးယားက သေဘာတူညီၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း “အယ္လ္ဂ်ာဇီး ယား” (9 November 2025) က ေရးပါတယ္။

ႏိုင္ငံတစ္ဝွန္းလုံးရွိ ISIL ဆဲလ္မ်ားကို ပစ္မွတ္ထားတဲ့ အႀကီးစား လုံၿခဳံေရးစစ္ဆင္မႈကို ဆီးရီးယားျပည္ထဲေရး ဝန္ႀကီးဌာနက ေၾကညာၿပီးေနာက္ ယခုခရီးစဥ္ ေပၚေပါက္လာျခင္းျဖစ္ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕မ်ားဟာ စီးနင္းမႈ ၆၁ ႀကိမ္ ျပဳလုပ္ခဲ့ရာ လူ ၇၁ ဦးထက္မနည္းကို ဖမ္းဆီးခဲ့ၿပီး ေပါက္ကြဲေစတတ္တဲ့ ပစၥည္းမ်ားနဲ႔ လက္ နက္အ မ်ားအျပားကို သိမ္းဆည္းရမိခဲ့တယ္လို႔ ဆီးရီးယားအရာရွိမ်ားက ေျပာပါတယ္။

အယ္လ္ရွာရာရဲ႕ တပ္ဖြဲ႕ေတြဟာ ယခင္အာဏာရွင္ ဘာရွာအယ္လ္အာဆတ္ကို ၿပီးခဲ့တဲ့ႏွစ္မွာ ဖယ္ရွားခဲ့ပါ တယ္။ ၁၉၄၆ ခုႏွစ္ေနာက္ပိုင္း ဆီးရီးယားသမၼတတစ္ဦးရဲ႕ အေမရိကန္ကို ပထမဆုံးအႀကိမ္ လာေရာက္လည္ ပတ္မႈလို႔ ဆိုရပါလိမ့္မယ္။ အယ္လ္အာရွာဟာ တနလၤာေန႔ အိမ္ျဖဴေတာ္မွာ သမၼတ ေဒၚနယ္ထရမ့္နဲ႔ ေတြ႕ဆုံဖို႔ ရွိေနပါတယ္။ မၾကာေသးမီက အယ္လ္ရွာရာနဲ႔ သူ႔ရဲ႕အဖြဲ႕ကို ပိတ္ဆို႔အေရးယူထားတဲ့ အၾကမ္းဖက္ဖြဲ႕အစည္း စာရင္းမွ အေမရိကန္က ဖယ္ရွားေပးခဲ့ပါတယ္။ ISIL ဆန႔္က်င္ေရး မဟာမိတ္အဖြဲ႕မွာ တရားဝင္ ပါဝင္ေၾကာင္း သေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးဖို႔ ဝါရွင္တန္က ျပင္ဆင္ေနပါတယ္။

ဆီးရီးယားနဲ႔ အစၥေရးတို႔အၾကား ျဖစ္ႏိုင္ေခ်ရွိတဲ့ လုံၿခဳံေရးဆိုင္ရာသေဘာတူညီခ်က္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ အေမရိကန္က ဒမတ္စကတ္ၿမိဳ႕မွာ ေလတပ္စခန္းတစ္ခု ဖြင့္လွစ္ျခင္းျဖင့္ စစ္ေရးတည္ေဆာက္မွာျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပေနၾကေပမယ့္ ဆီးရီးယားက အဲ့ဒီအခ်က္ကို တရားဝင္ျငင္းဆိုပါတယ္။ ၁၃ ႏွစ္ၾကာ ျပည္ တြင္းစစ္အၿပီး ျပန္လည္တည္ေဆာက္ေရးအတြက္ ေငြေၾကးေထာက္ပံ့မႈကိုလည္း အယ္လ္ရွာရာက ရွာေဖြေန ပါတယ္။ ျပန္လည္တည္ေဆာက္ရမယ့္ကိစၥဟာ အနည္းဆုံး ေဒၚလာ ၂၁၆ ဘီလီယံ ကုန္က်လိမ့္မယ္လို႔ ကမာၻ႔ ဘဏ္က ခန႔္မွန္းပါတယ္။ လြန္ခဲ့တဲ့ စက္တင္ဘာလ ကုလသမဂၢသို႔ သြားေရာက္လည္ပတ္စဥ္ သူ႔အေပၚ ပိတ္ ဆို႔အေရးယူမႈမ်ားကို ဖယ္ရွားေပးရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ မၾကာေသးမီက မဲခြဲဆုံးျဖတ္မႈအၿပီး အယ္လ္အာရွာ ရဲ႕ ဝါရွင္တန္ ခရီးစဥ္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

((အသက္ ၄၃-ႏွစ္အ႐ြယ္ အာမက္ ဟူစိန္ အယ္လ္ရွာရာ (အဘူ မိုဟာမက္ အယ္လ္ ဂ်ဴလာနီ) ဟာ ေဆာ္ဒီအာ ေရးဗီးယားႏိုင္ငံမွာ ေမြးဖြားခဲ့ၿပီး ဆီးရီးယားႏိုင္ငံမွာ ႀကီးျပင္းခဲ့ပါတယ္။ ၂၀၀၃-ခုႏွစ္ အေမရိကန္ရဲ႕ အီရတ္က်ဴး ေက်ာ္မႈ မတိုင္မီ အီရတ္ အယ္လ္ကိုင္ဒါအဖြဲ႕နဲ႔ ပူးေပါင္းၿပီး ၃-ႏွစ္ၾကာ သူပုန္ထခဲ့ပါတယ္။ အေမရိကန္က ဖမ္း ဆီးၿပီး ေထာင္ဒဏ္ ၅-ႏွစ္ အျပစ္ ေပးခံရပါတယ္။ ၂၀၁၂-ခုႏွစ္ ေထာင္က လြတ္ေျမာက္တဲ့အခါ အာဆတ္အစိုး ရကို ေတာ္လွန္ဖို႔အတြက္ အယ္လ္ကိုင္ဒါအၾကမ္းဖက္အဖြဲ႕အစည္းရဲ႕ အကူအညီနဲ႔ “ဂ်ဘတ္ အယ္လ္န်ဳးဆာ တပ္ဦး” ကို တည္ေထာင္ခဲ့ပါတယ္။

အယ္လ္ရွာရာဦးေဆာင္တဲ့ အယ္လ္န်ဴးဆာဟာ လစ္ဗ်ားနဲ႔ လက္ဘႏြန္ႏိုင္ငံမွာ အေသခံဗုံးခြဲမႈ၊ အာဆတ္အစိုး ရဝန္ထမ္းမ်ားနဲ႔ အယ္လာဝိုက္မ်ိဳးႏြယ္စုမ်ား၊ ရွီအာ မြတ္စလင္မ်ားကို အစုအပုံလိုက္ သတ္ျဖတ္မႈ၊ အတင္းအ ဓမၼ ဘာသာကူးေျပာင္းေစမႈ၊ ဂိုဏ္းဂဏစြဲနဲ႔ လူမ်ိဳးသုတ္သင္မႈစတဲ့ စစ္ရာဇဝတ္မႈမ်ားအျပင္ အေမရိကန္ကို ၿခိမ္းေျခာက္မႈေၾကာင့္ အၾကမ္းဖက္အဖြဲ႕အျဖစ္ ၂၀၁၂-ခုႏွစ္မွာ ဝါရွင္တန္က ေၾကညာပါတယ္။ အယ္လ္ရွာရာ ကိုလည္း ဆုေငြ ေဒၚလာ ၁၀-သန္း ထုတ္ျပန္ခဲ့ၿပီး ေလေၾကာင္းမွ သုတ္သင္ရွင္းလင္းရန္ အႀကိမ္ႀကိမ္ ႀကိဴး စားခဲ့ပါတယ္။

၂၀၁၄-ခုႏွစ္ ISIL တို႔က အတူ ပူးေပါင္းရန္ သိမ္းသြင္းမႈကို အယ္လ္န်ဴးဆာက ပယ္ခ်ခဲ့တဲ့အတြက္ အဖြဲ႕အ စည္းႏွစ္ခုအၾကား လက္နက္ကိုင္ပဋိပကၡ စတင္ခဲ့ပါတယ္။ ၂၀၁၆-ခုႏွစ္မွာ အယ္လ္န်ဴးဆာဟာ အယ္လ္ကိုင္ ဒါနဲ႔လည္း အဆက္အသြယ္ ျဖတ္ေတာက္လိုက္ပါတယ္။ အဲ့ဒီေနာက္ အယ္လ္ရွာရာဟာ အစြန္းေရာက္မႈမ်ားကို စြန႔္လႊတ္ၿပီး ဆီးရီးယားျပည္သူမ်ားကို မ်က္ႏွာမူတဲ့ သူပန္အဖြဲ႕ျဖစ္လာခဲ့တယ္လို႔ ဆိုပါတယ္။

၂၀၂၄-ခုႏွစ္ ႏိုဝင္ဘာေနာက္ဆုံးရက္သတၱပတ္မွာ အယ္လ္ရွာရာဦးေဆာင္ သူပုန္မ်ားက အစိုးရတပ္မ်ားကို ထိုးေဖာက္တိုက္ခိုက္ၿပီး ဒမတ္စကက္ၿမိဳ႕ကို သိမ္းယူတဲ့အတြက္ ႐ုရွားလိုလားသူ သမၼတ ဘာရွာအာဆတ္ လည္း တိုင္းျပည္မွ ထြက္ေျပးူသြားရပါတယ္။ အဲ့ဒီေနာက္ အေမရိကန္က အယ္လ္ရွာရာအေပၚ ဆုေငြထုတ္ ျပန္ထားမႈကို ပယ္ဖ်က္လိုက္ၿပီး ဆီးရီးယားႏိုင္ငံကို ဆယ္စုႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ သံတမန္ေစ လႊတ္ခဲ့ပါတယ္။

အစၥလာမ္မစ္ အစြန္းေရာက္မ်ားအျဖစ္ (အိုစမာဘင္လာဒင္ စတင္တည္ေထာင္ခဲ့တဲ့) အယ္လ္ကိုင္ဒါ၊ (အာဖဂန္ နစၥတန္) တာလီဘန္နဲ႔ (ဆီးရီးယား-အီရတ္) အိုင္စစ္ (ISIL) တို႔ကို လူသိမ်ားပါတယ္။ တမန္ေတာ္မိုဟာမက္ ေပၚထြန္းစ ေရွးဦးမြတ္စလင္မ်ားရဲ႕ ဝတ္စားဆင္ယင္ေနထိုင္ပုံကို အတုယူတဲ့ ‘ ဆလားဖစ္ဝါ ဒ”၊ တမန္ေတာ္ ကြယ္လြန္ၿပီးေနာက္ပိုင္း ခလီဖာ သာဝကႀကီးမ်ားရဲ႕ ရွရီယာဥပေဒအရ အုပ္ခ်ဳပ္တဲ့ လက္နက္ အင္ပါယာထူ ေထာင္ေရး “ခလီဖိတ္” ဝါဒကို လက္ခံၿပီး သေဘာထားတင္းမာသူ ဂ်ီဟတ္ဝါဒီမ်ားျဖစ္ၾကေပမယ့္ အဲ့ဒီ ၃-ဖြဲ႕ဟာ အခ်င္းခ်င္း မသင့္ျမတ္တဲ့အျပင္ ေတြ႕ရာသင္းခ်ိဳင္း ဒါးမဆိုင္းပဲ ျဖစ္ေနၾကပါတယ္။ “အစၥလာမ္ မိုက္ေဇးရွင္း” ျဖစ္ေပမယ့္ တာလီဘန္တို႔က အာဖဂန္ေစာ္ဘြားႏိုင္ငံ တူေထာင္ေရး၊ အိုင္စစ္တို႔က ေျမထဲပင္လယ္အေရွ႕ပိုင္း အစၥလာမ္မစ္ႏိုင္ငံထူေထာင္ေရး၊ အယ္လ္ကိုင္ဒါတို႔က ႏိုင္ငံျဖတ္ေက်ာ္ စစ္မက္ျပဳေရးျဖစ္ ေနလို႔ပါ။

အားလုံးမွာ တူညီတဲ့အခ်က္က အဲ့ဒီအဖြဲ႕အစည္းေခါင္းေဆာင္ ရာႏႈန္းအမ်ားစုဟာ အစၥလာမ္ဘာသာေရး တကၠသိုလ္မ်ားမွ ပါရဂူဘြဲ႕အထိ ရရွိၾကေပမယ့္ အတန္းပညာသင္ယူဖူးသူ အလြန္နည္းပါတယ္။ ယခု အယ္လ္ ရွာရာကေတာ့ ဒမတ္စကတ္တကၠသိုလ္ထြက္ပါ။ က်မ္းစာကို မိမိတို႔ အဓိပၸါယ္ဖြင့္ဆိုခ်က္သည္သာ အမွန္ျဖစ္ၿပီး က်န္ ကမာၻ႔မြတ္စလင္အားလုံးတို႔ကို ေဖာက္ျပန္ေနတဲ့ ဇာတ္ပ်က္မ်ားအျဖစ္ သတ္မွတ္ရာမွာလည္း တူညီၾကပါတယ္။
.

Related news

© 2021. All rights reserved.