ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းမုန်တိုင်း ဖန်းဝမ်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူတစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

576

Pika (NP News) - နိုဝင်ဘာ ၁၁
စူပါတိုင်ဖွန်းမုန်တိုင်း ဖန်းဝမ်ဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ(၂)ဦးသေဆုံးပြီး အခြားလူတစ်သန်းကျော်ကို ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း ဖန်းဝမ်ဟာ လူဇွန်ကျွန်းပေါ် မှာရှိတဲ့ အော်ရိုရာပြည်နယ်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စူပါတိုင်ဖွန်းမုန်တိုင်း ဖန်းဝမ် ဝင်ရောက်တိုက်ခတ်မှုကြောင့် လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းပြောဆိုထားပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း ဖန်းဝမ်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် Catbalogan မြို့မှာ အသက်(၆၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ရုပ်အလောင်းကို အပျက်အစီးတွေအောက်ကနေ ဆွဲထုတ်ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က “လေတိုက်တာကအရမ်းပြင်းပြီး မိုးကလည်းသည်းထန်စွာ ရွာသွန်းနေပါတယ်။ အသက် (၆၄)နှစ်အရွယ်အမျိုးသမီးက တစ်စုံတစ်ခုကို မေ့ကျန်ခဲ့တာကြောင့် အိမ်ထဲပြန်ဝင်သွားချိန်မှာပဲ အိမ်ပြိုကျပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် Catanduane ကျွန်းမှာ ရုတ်တရက်ရေကြီးမှုတွေနဲ့အတူ လူတစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ အရပ်ဘက် ကာကွယ်ရေးရုံးက အတည်ပြုပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္ကို စူပါတိုင္ဖြန္းမုန္တိုင္း ဖန္းဝမ္းဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ လူတစ္သန္းေက်ာ္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္း
Pika (NP News) - ႏိုဝင္ဘာ ၁၁
စူပါတိုင္ဖြန္းမုန္တိုင္း ဖန္းဝမ္ဟာ ဖိလစ္ပိုင္ႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္းကို ဝင္ေရာက္တိုက္ခတ္ခဲ့တာေၾကာင့္ အနည္းဆုံး လူ(၂)ဦးေသဆုံးၿပီး အျခားလူတစ္သန္းေက်ာ္ကို ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ အမ်ိဳးသားမိုးေလဝသဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ စူပါတိုင္ဖြန္းမုန္တိုင္း ဖန္းဝမ္ဟာ လူဇြန္ကြၽန္းေပၚ မွာရွိတဲ့ ေအာ္႐ိုရာျပည္နယ္ကုန္းတြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့တာျဖစ္တယ္လို႔ မိုးေလဝသဌာနက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ စူပါတိုင္ဖြန္းမုန္တိုင္း ဖန္းဝမ္ ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ေလျပင္းတိုက္ခတ္မႈေတြနဲ႔ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြျဖစ္ေပၚလာႏိုင္တယ္လို႔လည္း မိုးေလဝသဌာနက ခန႔္မွန္းေျပာဆိုထားပါတယ္။ စူပါတိုင္ဖြန္းမုန္တိုင္း ဖန္းဝမ္ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ Catbalogan ၿမိဳ႕မွာ အသက္(၆၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးရဲ႕႐ုပ္အေလာင္းကို အပ်က္အစီးေတြေအာက္ကေန ဆြဲထုတ္ရရွိခဲ့တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ကယ္ဆယ္ေရးအဖြဲ႕က “ေလတိုက္တာကအရမ္းျပင္းၿပီး မိုးကလည္းသည္းထန္စြာ ႐ြာသြန္းေနပါတယ္။ အသက္ (၆၄)ႏွစ္အ႐ြယ္အမ်ိဳးသမီးက တစ္စုံတစ္ခုကို ေမ့က်န္ခဲ့တာေၾကာင့္ အိမ္ထဲျပန္ဝင္သြားခ်ိန္မွာပဲ အိမ္ၿပိဳက်ၿပီး ေသဆုံးသြားခဲ့တာျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ Catanduane ကြၽန္းမွာ ႐ုတ္တရက္ေရႀကီးမႈေတြနဲ႔အတူ လူတစ္ဦးေရနစ္ေသဆုံးခဲ့တယ္လို႔ အရပ္ဘက္ ကာကြယ္ေရး႐ုံးက အတည္ျပဳေျပာၾကားခဲ့ပါတယ္။