ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မျိုးတုံး လုနီးပါးဖြစ်နေသောပန်ဒါနီများ သားပေါက်မျိုးပွားရန် Breeding Cente အခန်းများ စီစဉ်ထား

 329

စော (NP News) - နိုဝင်ဘာ ၁၁

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မျိုးတုံးလုနီးပါးဖြစ်နေသော ပန်ဒါနီများကို သားပေါက်မျိုးပွားရန် Breeding Center အခန်းများ စီစဉ်ထားကြောင်း Yangon Zoo မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာနိုင်ငံရှိ ပန်ဒါနီ(ခေါ်) ကြောင်နီမျိုးစိတ်သည် ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ တရုတ် နိုင်ငံနယ်စပ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်တို့တွင် အဓိကနေထိုင်ပြီး အကောင်အရေအတွက်မှာ (၁၀ဝဝဝ) အောက်သို့ကျဆင်းနေ၍ မျိုးတုံးလုနီးပါးအန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၃၀)ရက်က ကချင်ပြည်နယ် ကံပိုင်တည်မြို့မှ အသက် (၂)နှစ်အရွယ် ဝန်း ကျင်ရှိ ပန်ဒါနီ (၄)ကောင်သည် Conservation ဆိုသည့် ထိန်းသိမ်းရေးလုပ်ငန်း၌ တစ်ခုပါဝင်သော Captive Breeding (သားပေါက်မျိုးပွားခြင်း) ကို အောင်မြင်စွာလုပ်ဆောင်ရန်အတွက် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။
“ပြနေတဲ့အခန်းထက်ပိုပြီး ကျယ်လည်း ကျယ်ဝန်းမယ် မျိုးဆက်သားပေါက်ဖို့။ ကျွန်တော်တို့ ပြောမယ်ဆိုရင်တော့ သူတို့အထီးအမ သဘာဝကိုက်ညီတဲ့ သူတို့ကြိုက်တယ်တွဲတယ်။ မိတ်လိုက် တော့မယ့်အနေအထားရောက်ရင် သီးသန့်အခန်းခွဲပြီးတော့ သူတို့ကို မျိုးပွားသားဖောက်ဖို့အတွက်လည်း Breeding Center ပေါ့နော်။ အဲဒီဟာလည်း လုပ်နေပါတယ်”ဟု ၎င်းကပြောသည်။
ပန်ဒါနီများအတွက် မိတ်လိုက်ရာသီသည် ဇန်နဝါရီလလယ်မှ မတ်လအထိဖြစ်ပြီး ပျမ်းမျှအား ဖြင့် ပန်ဒါနီအမတစ်ကောင်၏ သားလွယ်ကာလ မှာ (၁၁၂ မှ ၁၅၈) ရက်အတွင်းဖြစ်၍ ဇူလိုင်လ နှောင်း ပိုင်းမှ ဇွန်လလယ်အတွင်း သားတစ်ကောင်မှ (၄)ကောင်အထိပေါက်တတ်ကြောင်းသိရသည်။
လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးပန်ဒါနီ အထီး (၂)ကောင်နှင့် အမ (၄)ကောင် စုစု ပေါင်း (၆)ကောင်ကိုပြသကာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။“ပန်ဒါနီလေးတွေက အအေးပိုင်းဒေသမှာ နေတာလေ။ ပေ (၈၀ဝဝ)မြင့်တဲ့တောင်တန်းမှာနေတယ်။ တောင်ပေါ်မှာနေတယ်။ အအေးပိုင်းကိုသူတို့ နှစ်သက်တယ်။ လက်ရှိ ကျွန်တော်တို့ ဒေသအပူပိုင်းနဲ့ရာသီဥတုမမျှတဲ့အတွက် လုံ လောက်တဲ့အဲကွန်းနဲ့ ထားထားပါတယ်။ ပန်ဒါနီလေးတွေက ဘာစားလဲဆိုတော့ ဝါးရွက်၊ ဝါးနုလေးတွေ စားတယ်။ ဒါကြောင့်မို့လို့ ဝါးပင်လေးတွေစိုက်ပြီးတော့ အထဲမှာလည်း သဘာဝ သစ်တုံးလေးတွေ ပေါ် မှာနေမယ်။ သစ်ပင်ပေါ်မှာနေမယ်။ ကျောက်တောင်လေးမှာနေမယ်။ အဲဒီလိုမျိုးဖြစ်အောင် ပြကွက်ထဲ မှာလည်း ခင်းကျင်းပြင်ဆင်ပြီးတော့မှ ပြသပေးပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပန်ဒါနီများကိုခြိမ်းခြောက်နေသောအန္တရာယ် များမှာ သစ်တောများ ခုတ်ထွင်ရှင်းလင်းရာမှ နောက်ဆက်တွဲဖြစ်ပေါ်လာသည့်သစ်တောများ ပျက်စီးဆုံးရှုံးလာမှု၊ လူသားတို့၏ပယောဂကြောင့် သေ ကျေပျက်စီးမှု၊ ပြည်တွင်း အသားထုတ်ကုန်ဈေးကွက်နှင့်အပြိုင် ဖမ်းဆီးသတ်ဖြတ်ခံရမှုများသည် မျိုးတုံး ပျောက်ကွယ်နိုင်သည့်အခြေအနေများဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တိရစာၦန္ဥယ်ာဥ္တြင္ မ်ိဳးတုံး လုနီးပါးျဖစ္ေနေသာပန္ဒါနီမ်ား သားေပါက္မ်ိဳးပြားရန္ Breeding Cente အခန္းမ်ား စီစဥ္ထား
ေစာ (NP News) - ႏိုဝင္ဘာ ၁၁
ရန္ကုန္တိရစာၦန္ဥယ်ာဥ္တြင္ မ်ိဳးတုံးလုနီးပါးျဖစ္ေနေသာ ပန္ဒါနီမ်ားကို သားေပါက္မ်ိဳးပြားရန္ Breeding Center အခန္းမ်ား စီစဥ္ထားေၾကာင္း Yangon Zoo မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံရွိ ပန္ဒါနီ(ေခၚ) ေၾကာင္နီမ်ိဳးစိတ္သည္ ကခ်င္ျပည္နယ္ ေျမာက္ဖ်ားပိုင္း၊ တ႐ုတ္ ႏိုင္ငံနယ္စပ္ႏွင့္ အိႏၵိယႏိုင္ငံနယ္စပ္တို႔တြင္ အဓိကေနထိုင္ၿပီး အေကာင္အေရအတြက္မွာ (၁၀ဝဝဝ) ေအာက္သို႔က်ဆင္းေန၍ မ်ိဳးတုံးလုနီးပါးအႏၲရာယ္ က်ေရာက္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ (၃၀)ရက္က ကခ်င္ျပည္နယ္ ကံပိုင္တည္ၿမိဳ႕မွ အသက္ (၂)ႏွစ္အ႐ြယ္ ဝန္း က်င္ရွိ ပန္ဒါနီ (၄)ေကာင္သည္ Conservation ဆိုသည့္ ထိန္းသိမ္းေရးလုပ္ငန္း၌ တစ္ခုပါဝင္ေသာ Captive Breeding (သားေပါက္မ်ိဳးပြားျခင္း) ကို ေအာင္ျမင္စြာလုပ္ေဆာင္ရန္အတြက္ ရန္ကုန္တိရစာၦန္ ဥယ်ာဥ္သို႔ေရာက္ရွိလာခဲ့ေၾကာင္းသိရသည္။
“ျပေနတဲ့အခန္းထက္ပိုၿပီး က်ယ္လည္း က်ယ္ဝန္းမယ္ မ်ိဳးဆက္သားေပါက္ဖို႔။ ကြၽန္ေတာ္တို႔ ေျပာမယ္ဆိုရင္ေတာ့ သူတို႔အထီးအမ သဘာဝကိုက္ညီတဲ့ သူတို႔ႀကိဳက္တယ္တြဲတယ္။ မိတ္လိုက္ ေတာ့မယ့္အေနအထားေရာက္ရင္ သီးသန႔္အခန္းခြဲၿပီးေတာ့ သူတို႔ကို မ်ိဳးပြားသားေဖာက္ဖို႔အတြက္လည္း Breeding Center ေပါ့ေနာ္။ အဲဒီဟာလည္း လုပ္ေနပါတယ္”ဟု ၎ကေျပာသည္။
ပန္ဒါနီမ်ားအတြက္ မိတ္လိုက္ရာသီသည္ ဇန္နဝါရီလလယ္မွ မတ္လအထိျဖစ္ၿပီး ပ်မ္းမွ်အား ျဖင့္ ပန္ဒါနီအမတစ္ေကာင္၏ သားလြယ္ကာလ မွာ (၁၁၂ မွ ၁၅၈) ရက္အတြင္းျဖစ္၍ ဇူလိုင္လ ေႏွာင္း ပိုင္းမွ ဇြန္လလယ္အတြင္း သားတစ္ေကာင္မွ (၄)ေကာင္အထိေပါက္တတ္ေၾကာင္းသိရသည္။
လက္ရွိတြင္ ရန္ကုန္တိရစာၦန္ဥယ်ာဥ္၌ ရွားပါးပန္ဒါနီ အထီး (၂)ေကာင္ႏွင့္ အမ (၄)ေကာင္ စုစု ေပါင္း (၆)ေကာင္ကိုျပသကာ ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။“ပန္ဒါနီေလးေတြက အေအးပိုင္းေဒသမွာ ေနတာေလ။ ေပ (၈၀ဝဝ)ျမင့္တဲ့ေတာင္တန္းမွာေနတယ္။ ေတာင္ေပၚမွာေနတယ္။ အေအးပိုင္းကိုသူတို႔ ႏွစ္သက္တယ္။ လက္ရွိ ကြၽန္ေတာ္တို႔ ေဒသအပူပိုင္းနဲ႔ရာသီဥတုမမွ်တဲ့အတြက္ လုံ ေလာက္တဲ့အဲကြန္းနဲ႔ ထားထားပါတယ္။ ပန္ဒါနီေလးေတြက ဘာစားလဲဆိုေတာ့ ဝါး႐ြက္၊ ဝါးႏုေလးေတြ စားတယ္။ ဒါေၾကာင့္မို႔လို႔ ဝါးပင္ေလးေတြစိုက္ၿပီးေတာ့ အထဲမွာလည္း သဘာဝ သစ္တုံးေလးေတြ ေပၚ မွာေနမယ္။ သစ္ပင္ေပၚမွာေနမယ္။ ေက်ာက္ေတာင္ေလးမွာေနမယ္။ အဲဒီလိုမ်ိဳးျဖစ္ေအာင္ ျပကြက္ထဲ မွာလည္း ခင္းက်င္းျပင္ဆင္ၿပီးေတာ့မွ ျပသေပးပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ပန္ဒါနီမ်ားကိုၿခိမ္းေျခာက္ေနေသာအႏၲရာယ္ မ်ားမွာ သစ္ေတာမ်ား ခုတ္ထြင္ရွင္းလင္းရာမွ ေနာက္ဆက္တြဲျဖစ္ေပၚလာသည့္သစ္ေတာမ်ား ပ်က္စီးဆုံးရႈံးလာမႈ၊ လူသားတို႔၏ပေယာဂေၾကာင့္ ေသ ေက်ပ်က္စီးမႈ၊ ျပည္တြင္း အသားထုတ္ကုန္ေဈးကြက္ႏွင့္အၿပိဳင္ ဖမ္းဆီးသတ္ျဖတ္ခံရမႈမ်ားသည္ မ်ိဳးတုံး ေပ်ာက္ကြယ္ႏိုင္သည့္အေျခအေနမ်ားျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.