နျူကလီးယားစမ်းသပ်မှုတွေ ပြန်လည်စတင်နိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်ဆီကနေ ရှင်းလင်းချက်တွေကို မရသေးဘူးလို့ ရုရှားအစိုးရ ဝေဖန်

165

Pika (NP News) - နိုဝင်ဘာ ၁၂
နျူကလီးယားစမ်းသပ်မှုတွေ ပြန်လည်စတင်နိုင်ခြေရှိတဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တွေကို အမေရိကန်ဆီကနေ ရရှိတာမျိုး မရှိခဲ့ဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နျူကလီးယား လက်နက်စမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လမှာ အမိန့်ပေးခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အခြားနိုင်ငံတွေရဲ့နျူကလီးယားလက်နက်စမ်းသပ်မှုအစီအစဉ်တွေကြောင့် ကျွန်တော်တို့ရဲ့ နျူကလီးယားလက်နက်တွေကို တန်းတူအခြေခံနဲ့စတင်စမ်းသပ်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားထားပါ တယ်။ နျူကလီးယားလက်နက်စမ်းသပ်မှု လုပ်ငန်းစဉ်ကို ချက်ချင်းစတင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေက အမျိုးသားနျူကလီးယားဘေးကင်းရေးအုပ်ချုပ်ရေးက လုပ်ဆောင်မယ့် နျူကလီးယားလက်နက်ဖောက်ခွဲမှုစမ်းသပ်မှုကို ရည်ညွှန်းပြောဆိုတာလား ဒါမှမဟုတ် နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေ ပျံသန်းမှုစမ်းသပ်မှုကို ရည်ညွှန်းပြောဆိုတာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။
အဲဒီအခြေအတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ရှင်းလင်းမှုတွေလုပ်ဆောင်စေလိုပေမယ့်လည်း အမေရိကန် ဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်တာမျိုးမရှိသေးဘူးလို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ် က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားစမ္းသပ္မႈေတြ ျပန္လည္စတင္ႏိုင္ေျခနဲ႔ပတ္သက္ၿပီး အေမရိကန္ဆီကေန ရွင္းလင္းခ်က္ေတြကို မရေသးဘူးလို႔ ႐ုရွားအစိုးရ ေဝဖန္
Pika (NP News) - ႏိုဝင္ဘာ ၁၂
န်ဴကလီးယားစမ္းသပ္မႈေတြ ျပန္လည္စတင္ႏိုင္ေျခရွိတဲ့မွတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းခ်က္ေတြကို အေမရိကန္ဆီကေန ရရွိတာမ်ိဳး မရွိခဲ့ဘူးလို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ န်ဴကလီးယား လက္နက္စမ္းသပ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့လမွာ အမိန႔္ေပးခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ျဖစ္ပြားလာတာလည္းျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အျခားႏိုင္ငံေတြရဲ႕န်ဴကလီးယားလက္နက္စမ္းသပ္မႈအစီအစဥ္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ န်ဴကလီးယားလက္နက္ေတြကို တန္းတူအေျခခံနဲ႔စတင္စမ္းသပ္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ၫႊန္ၾကားထားပါ တယ္။ န်ဴကလီးယားလက္နက္စမ္းသပ္မႈ လုပ္ငန္းစဥ္ကို ခ်က္ခ်င္းစတင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြက အမ်ိဳးသားန်ဴကလီးယားေဘးကင္းေရးအုပ္ခ်ဳပ္ေရးက လုပ္ေဆာင္မယ့္ န်ဴကလီးယားလက္နက္ေဖာက္ခြဲမႈစမ္းသပ္မႈကို ရည္ၫႊန္းေျပာဆိုတာလား ဒါမွမဟုတ္ န်ဴကလီးယားထိပ္ဖူးတပ္ဒုံးက်ည္ေတြ ပ်ံသန္းမႈစမ္းသပ္မႈကို ရည္ၫႊန္းေျပာဆိုတာလားဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။
အဲဒီအေျခအေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ကို ရွင္းလင္းမႈေတြလုပ္ေဆာင္ေစလိုေပမယ့္လည္း အေမရိကန္ ဘက္ကေတာ့ တစ္စုံတစ္ရာတုံ႔ျပန္တာမ်ိဳးမရွိေသးဘူးလို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္ က ေျပာၾကားခဲ့ပါတယ္။