ပြင်ဦးလွင်မြို့ရှိ အောင်စံပယ်ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ဝန်ထမ်းတစ်ဦး သေဆုံး

735

NP News - နိုဝင်ဘာ ၁၂
ပြင်ဦးလွင်မြို့လယ်ခေါင်မှာရှိသော အောင်စံပယ်ရွှေဆိုင်အား နိုဝင်ဘာ ၁၂ နံနက်ပိုင်းက လက်နက်ကိုင် ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဓားပြတစ်ဦးကို လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့သော်လည်း ဓားပြကို ထိုးကြိတ်ဖမ်းဆီးခဲ့တဲ့သူ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်၊ မြို့လယ်ရှိ နာရီစင်အနီး အောင်စံပယ်ရွှေဆိုင်ဖွင့်ချိန်မှာ သေနတ်ကိုင်ဆောင်ထားသူ ဓားပြနှစ်ဦးဟာ ဆိုင်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
ဓားပြတိုက်မှုအတွင်း ဆိုင်ဝန်ထမ်းတွေနှင့် ဓားပြများကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်းဖြစ်သူ ဦးစိန်ဝင်းသည် ကျည်သင့်ဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးခဲ့ပြီး ဓားပြနှင့် လုံးထွေးသတ်ပုတ်ခဲ့သည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ဓားပြနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြသော်လည်း အနီးနားရှိ ပြည်သူများ၏ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးမှုကြောင့် ဓားပြတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
သေနတ်ကိုင်ဆောင်လုယက်မှုကျူးလွန်သူတစ်ဦးကို ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးမှာ ရွှေထည်များနှင့်အတူ လွတ်မြောက်သွားခဲ့ကြောင်း၊ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျပင္ဦးလြင္ၿမိဳ႕ရွိ ေအာင္စံပယ္ေ႐ႊဆိုင္ ဓါးျပတိုက္ခံရၿပီး ဝန္ထမ္းတစ္ဦး ေသဆုံး
NP News - ႏိုဝင္ဘာ ၁၂
ျပင္ဦးလြင္ၿမိဳ႕လယ္ေခါင္မွာရွိေသာ ေအာင္စံပယ္ေ႐ႊဆိုင္အား ႏိုဝင္ဘာ ၁၂ နံနက္ပိုင္းက လက္နက္ကိုင္ ဓားျပတိုက္မႈတစ္ခုျဖစ္ပြားခဲ့သည္။
ဓားျပတစ္ဦးကို လက္နက္ႏွင့္တကြ ဖမ္းဆီးရမိခဲ့ေသာ္လည္း ဓားျပကို ထိုးႀကိတ္ဖမ္းဆီးခဲ့တဲ့သူ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ နံနက္ ၈ နာရီ ၃၀ မိနစ္အခ်ိန္ခန႔္၊ ၿမိဳ႕လယ္ရွိ နာရီစင္အနီး ေအာင္စံပယ္ေ႐ႊဆိုင္ဖြင့္ခ်ိန္မွာ ေသနတ္ကိုင္ေဆာင္ထားသူ ဓားျပႏွစ္ဦးဟာ ဆိုင္အတြင္းသို႔ အတင္းအဓမၼ ဝင္ေရာက္ကာ ဓားျပတိုက္ခဲ့ျခင္းျဖစ္သည္။
ဓားျပတိုက္မႈအတြင္း ဆိုင္ဝန္ထမ္းေတြႏွင့္ ဓားျပမ်ားၾကား ႐ုန္းရင္းဆန္ခတ္ အၾကမ္းဖက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ပစ္ခတ္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
အဆိုပါပစ္ခတ္မႈေၾကာင့္ ဆိုင္ဝန္ထမ္းျဖစ္သူ ဦးစိန္ဝင္းသည္ က်ည္သင့္ဒဏ္ရာျဖင့္ ေနရာမွာပင္ ေသဆုံးခဲ့ၿပီး ဓားျပႏွင့္ လုံးေထြးသတ္ပုတ္ခဲ့သည့္ ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးလည္း ဒဏ္ရာရရွိခဲ့သည္။
ဓားျပႏွစ္ဦးသည္ ဆိုင္ကယ္ျဖင့္ ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း အနီးနားရွိ ျပည္သူမ်ား၏ ဝိုင္းဝန္းပိတ္ဆို႔ဖမ္းဆီးမႈေၾကာင့္ ဓားျပတစ္ဦးကို လက္ရဖမ္းဆီးႏိုင္ခဲ့ေၾကာင္းသိရသည္။
ေသနတ္ကိုင္ေဆာင္လုယက္မႈက်ဴးလြန္သူတစ္ဦးကို ဖမ္းမိခဲ့ၿပီး က်န္တစ္ဦးမွာ ေ႐ႊထည္မ်ားႏွင့္အတူ လြတ္ေျမာက္သြားခဲ့ေၾကာင္း၊ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးတာဝန္ရွိသူမ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။