ခရီးသွားစဉ် ကျောက်ဆည်က မိသားစု (၂) စု (၁ဝ) ရက် ပျောက်ဆုံးကာ သတင်းပြတ်နေ

 87

NP News - နိုဝင်ဘာ ၁၂

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မှ ပုဂံ-ညောင်ဦး-ပုပ္ပါးကို တန်ဆောင်တိုင်ရုံးပိတ်ရက် နိုဝင်ဘာ (၂) ရက်က အားလပ်ရက်ခရီးထွက်ကြသော မိသားစုနှစ်စုသည် ပျောက်ဆုံးနေတာ (၁၀) ရက်ကြာပြီဖြစ်ပြီး သတင်း အဆက်အသွယ်မကြားရသေးကြောင်း သိရသည်။
ပျောက်ဆုံးသူများမှာ ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်က ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင် မိသားစုနှင့်ကျောက်ဆည်မြို့၊ ညောင်ရွှေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်၊ သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးသည့်မိသားစုနှစ်စုအနက် KK ဖိနပ်ဆိုင်ဖွင့်ထားသော ဦးထွန်းနိုင်တို့ မိသားစုသည် ပုဂ္ဂိုလ်ရေးအရ အတိုက်အခိုက်တွေမရှိသကဲ့သို့ ကျောက်ဆည်မြို့တွင် လူချစ်လူခင်ပေါများသောမိသားစုဖြစ်ပြီး ၎င်းတို့ကားသည် 7M-9611 Mark II အရပ်ခေါ် ရွှေငါး ကားဖြစ်၍ ဝိုင်းဝန်းစုံစမ်းပေးရန်လည်း မိသားစုဝင်က ဆိုထားသည်။

Zawgyi Version:
NP News - နိုဝင်ဘာ ၁၂

Related news

© 2021. All rights reserved.