ကျားဖြန့်စီးပွားရေးနှင့်ပတ်သက်သည့် DKBA ခေါင်းဆောင်များအပါအဝင် အဖွဲ့အစည်း ၃ ခုကို အမေရိကန်က ပိတ်ဆို့အရေးယူ

 640

ALynn (NP news)- နိုဝင်ဘာ ၁၃
အမေရိကန်ဘဏ္ဏာဝန်ကြီးဌာန၏ နိုဝင်ဘာလ (၁၂) ရက်က ထုတ်ပြန်ချက်အရ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ လူပုဂ္ဂိုလ် ငါးဦးနှင့် အဖွဲ့အစည်း သုံးခုကို ကျားဖြန့်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ (၂၀၂၄) ခုနှစ်တွင် အမေရိကန်နိုင်ငံသားများသည် အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းလိမ်လည်မှုများ၊ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည် ပလက်ဖောင်းများကြောင့် အနည်းဆုံး ဒေါ်လာ (၁၀) ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကနေတဆင့် အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာကို ခိုးယူနေကြတယ်" ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိ ဂျွန်ဟာလေက ဆိုသည်။ "ဒီကွန်ရက်တွေကပဲ လူတွေကို ကုန်ကူးပြီး မြန်မာ့ပြည်တွင်းစစ်ကို အားဖြည့်ပေးနေပါတယ်။ အမေရိကန်အစိုးရအဖွဲ့ဟာ ဒီဆိုက်ဘာရာဇဝတ်သားတွေကို သူတို့ ဘယ်နေရာမှာပဲ လည်ပတ်နေပါစေ၊ ဖမ်းဆီးဖို့နဲ့ အမေရိကန်မိသားစုတွေအပေါ် ခေါင်းပုံဖြတ်မှုကနေ ကာကွယ်ဖို့အတွက် အရာရာလုပ်ဆောင်သွားမယ်"ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင်းမှ အရေးယူပိတ်ဆို့ခံရသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့တွင် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ၎င်း၏ ခေါင်းဆောင်သုံးဦးဖြစ်သော စောစတီး၊ စောစိန်ဝင်း နှင့် စောဆန်းအောင်တို့ ပါဝင်သည်။

အရေးယူပိတ်ဆို့မှုများတွင် ထိုင်းနိုင်ငံသား ချာမူ ဆာဝမ်အပါအဝင် Trans Asia International Holding Group Thailand ကုမ္ပဏီ နှင့် Troth Star ကုမ္ပဏီတို့လည်း ပါဝင်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့် တရုတ်နိုင်ငံမှ ဂိုဏ်းများအကြား ချိတ်ဆက်ပေးသည့်အပြင် DKBA နှင့် အခြားဒေသခံ လက်နက်ကိုင်အဖွဲ့များအား ကျားဖြန့်စင်တာများ တည်ဆောက်ရာတွင် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုအရ လိမ်လည်မှုမှ ရရှိသော ငွေကြေးအချို့ကို မြဝတီအနီး က ကျားဖြန့်စခန်းဖြစ်သည့် Tai Chang သို့ ပြန်လည်ပေးပို့နေကြောင်း တွေ့ရသည်။ အဆိုပါစခန်းသည် DKBA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး DKBA မှ ဗိုလ်မှူးချုပ် စိုင်းကျော်လှက ထိန်းချုပ်ထားသည်။

အဆိုပါ ကျားဖြန့်စင်တာကို Trans Asia ကလည်း ထောက်ပံ့ပေးနေပြီး၊ ၎င်းသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံအခြေစိုက် ရှေ့ပြေးကုမ္ပဏီအဖြစ် ဆောင်ရွက်နေသည်။ Trans Asia သည် Huanya စခန်းနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park စခန်းအပါအဝင် အွန်လိုင်း လိမ်လည်မှုစခန်းများ တည်ဆောက်ရန်အတွက် အရေးယူပိတ်ဆို့ခံထားရသည့် အဖွဲ့များနှင့်အတူ မြေငှားရမ်းမှု စာချုပ်များကိုလည်း ချုပ်ဆိုထားကြောင်း သိရသည်။

(၂၀၂၅) ခုနှစ်၊ မေလ (၅) ရက်နေ့ကလည်း မြန်မာလက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားတပ်မတော် (Karen National Army - KNA) ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်း (Transnational Criminal Organization - TCO) အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်း၏ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးဖြစ်သော စောထူးအယ်လ်မူး၊ စောချစ်ချစ်တို့ကို အရေးယူပိတ်ဆို့ခဲ့ဖူးသည်။

Zawgyi Version:
က်ားျဖန႔္စီးပြားေရးႏွင့္ပတ္သက္သည့္ DKBA ေခါင္းေဆာင္မ်ားအပါအဝင္ အဖြဲ႕အစည္း ၃ ခုကို အေမရိကန္က ပိတ္ဆို႔အေရးယူ
ALynn (NP news)- ႏိုဝင္ဘာ ၁၃
အေမရိကန္ဘဏၰာဝန္ႀကီးဌာန၏ ႏိုဝင္ဘာလ (၁၂) ရက္က ထုတ္ျပန္ခ်က္အရ ျမန္မာႏွင့္ ထိုင္းႏိုင္ငံတို႔မွ လူပုဂၢိဳလ္ ငါးဦးႏွင့္ အဖြဲ႕အစည္း သုံးခုကို က်ားျဖန႔္လုပ္ငန္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ ပါဝင္ပတ္သက္ေနျခင္းေၾကာင့္ ပိတ္ဆို႔အေရးယူလိုက္ေၾကာင္း သိရသည္။

အေမရိကန္အစိုးရ၏ ခန႔္မွန္းခ်က္အရ (၂၀၂၄) ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသားမ်ားသည္ အေရွ႕ေတာင္အာရွအေျခစိုက္ အြန္လိုင္းလိမ္လည္မႈမ်ား၊ ဒစ္ဂ်စ္တယ္ေငြေၾကးလိမ္လည္ ပလက္ေဖာင္းမ်ားေၾကာင့္ အနည္းဆုံး ေဒၚလာ (၁၀) ဘီလီယံ ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံထဲမွာ လႈပ္ရွားေနတဲ့ ရာဇဝတ္ကြန္ရက္ေတြဟာ အြန္လိုင္းလိမ္လည္မႈေတြကေနတဆင့္ အေမရိကန္ႏိုင္ငံသားေတြဆီကေန ေဒၚလာ ဘီလီယံေပါင္းမ်ားစြာကို ခိုးယူေနၾကတယ္" ဟု ဘ႑ာေရးဝန္ႀကီးဌာနက အႀကီးတန္းအရာရွိ ဂြၽန္ဟာေလက ဆိုသည္။ "ဒီကြန္ရက္ေတြကပဲ လူေတြကို ကုန္ကူးၿပီး ျမန္မာ့ျပည္တြင္းစစ္ကို အားျဖည့္ေပးေနပါတယ္။ အေမရိကန္အစိုးရအဖြဲ႕ဟာ ဒီဆိုက္ဘာရာဇဝတ္သားေတြကို သူတို႔ ဘယ္ေနရာမွာပဲ လည္ပတ္ေနပါေစ၊ ဖမ္းဆီးဖို႔နဲ႔ အေမရိကန္မိသားစုေတြအေပၚ ေခါင္းပုံျဖတ္မႈကေန ကာကြယ္ဖို႔အတြက္ အရာရာလုပ္ေဆာင္သြားမယ္"ဟု ၎က ထည့္သြင္းေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံတြင္းမွ အေရးယူပိတ္ဆို႔ခံရေသာ လူပုဂၢိဳလ္ႏွင့္ အဖြဲ႕အစည္းတို႔တြင္ ဒီမိုကရက္တစ္ ကရင္အက်ိဳးျပဳတပ္မေတာ္ (DKBA) ႏွင့္ ၎၏ ေခါင္းေဆာင္သုံးဦးျဖစ္ေသာ ေစာစတီး၊ ေစာစိန္ဝင္း ႏွင့္ ေစာဆန္းေအာင္တို႔ ပါဝင္သည္။

အေရးယူပိတ္ဆို႔မႈမ်ားတြင္ ထိုင္းႏိုင္ငံသား ခ်ာမူ ဆာဝမ္အပါအဝင္ Trans Asia International Holding Group Thailand ကုမၸဏီ ႏွင့္ Troth Star ကုမၸဏီတို႔လည္း ပါဝင္သည္။ ၎တို႔သည္ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ တ႐ုတ္ႏိုင္ငံမွ ဂိုဏ္းမ်ားအၾကား ခ်ိတ္ဆက္ေပးသည့္အျပင္ DKBA ႏွင့္ အျခားေဒသခံ လက္နက္ကိုင္အဖြဲ႕မ်ားအား က်ားျဖန႔္စင္တာမ်ား တည္ေဆာက္ရာတြင္ ကူညီေပးခဲ့သည္ဟု စြပ္စြဲခံထားရသည္။
အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာန၏ စုံစမ္းစစ္ေဆးမႈအရ လိမ္လည္မႈမွ ရရွိေသာ ေငြေၾကးအခ်ိဳ႕ကို ျမဝတီအနီး က က်ားျဖန႔္စခန္းျဖစ္သည့္ Tai Chang သို႔ ျပန္လည္ေပးပို႔ေနေၾကာင္း ေတြ႕ရသည္။ အဆိုပါစခန္းသည္ DKBA ထိန္းခ်ဳပ္နယ္ေျမအတြင္း တည္ရွိၿပီး DKBA မွ ဗိုလ္မႉးခ်ဳပ္ စိုင္းေက်ာ္လွက ထိန္းခ်ဳပ္ထားသည္။

အဆိုပါ က်ားျဖန႔္စင္တာကို Trans Asia ကလည္း ေထာက္ပံ့ေပးေနၿပီး၊ ၎သည္ ဘ႑ာေရးဝန္ႀကီးဌာန၏ အဆိုအရ တ႐ုတ္ရာဇဝတ္ဂိုဏ္းမ်ားအတြက္ ထိုင္းႏိုင္ငံအေျခစိုက္ ေရွ႕ေျပးကုမၸဏီအျဖစ္ ေဆာင္႐ြက္ေနသည္။ Trans Asia သည္ Huanya စခန္းႏွင့္ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေသာ KK Park စခန္းအပါအဝင္ အြန္လိုင္း လိမ္လည္မႈစခန္းမ်ား တည္ေဆာက္ရန္အတြက္ အေရးယူပိတ္ဆို႔ခံထားရသည့္ အဖြဲ႕မ်ားႏွင့္အတူ ေျမငွားရမ္းမႈ စာခ်ဳပ္မ်ားကိုလည္း ခ်ဳပ္ဆိုထားေၾကာင္း သိရသည္။

(၂၀၂၅) ခုႏွစ္၊ ေမလ (၅) ရက္ေန႔ကလည္း ျမန္မာလက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ ကရင္အမ်ိဳးသားတပ္မေတာ္ (Karen National Army - KNA) ကို ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈက်ဴးလြန္သည့္ အဖြဲ႕အစည္း (Transnational Criminal Organization - TCO) အျဖစ္ သတ္မွတ္ခဲ့ၿပီး ၎၏ေခါင္းေဆာင္ ေစာခ်စ္သူႏွင့္ သားႏွစ္ဦးျဖစ္ေသာ ေစာထူးအယ္လ္မူး၊ ေစာခ်စ္ခ်စ္တို႔ကို အေရးယူပိတ္ဆို႔ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.