မလေးရှားတွင် ခရီးဆောင်အိတ်များကျန်ခဲ့သည်မှာ MAIပေါ့ဆမှုမဟုတ်ဘဲ မြေပြင်လုပ်ငန်းကို ဆောင်ရွက်သော ကုမ္ပဏီ၏ ပေါ့ဆမှုဟုဆို

791

သန့်ဇင်၊ စော(NP News)- နိုဝင်ဘာ ၁၃
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူလေဆိပ်တွင် နိုဝင်ဘာ ၁၀ရက်က ခရီးဆောင်အိတ်ပေါင်း(၁၇၀)ခန့် ကျန်ခဲ့သည့်ဖြစ်စဉ်မှာ MAIလေကြောင်းလိုင်း၏ ပေါ့ဆမှုမဟုတ်ဘဲ မြေပြင်လုပ်ငန်းကို ဆောင်ရွက်သော Ground Handler ကုမ္ပဏီ၏ ပေါ့ဆမှုဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsမှတဆင့် ပြောကြားသည်။
ထိုသို့ ခရီးဆောင်အိတ်များကျန်ခဲ့သည်ကို ခရီးသည်များက ရန်ကုန်လေဆိပ်ရောက်မှ သိရှိခဲ့ရပြီး MAI ဘက်မှ ကြိုတင်အသိပေးမှု မရှိခြင်း၊ လေဆိပ်ရောက်ချိန်တွင် ကြေညာချက် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီကိစ္စကလေ မလေးရှားမှာ ကျွန်တော်တို့က check in counter ဝင်တာကနေစပြီး လေယာဉ်ပေါ်မှာ အိတ်တွေတင်တဲ့အထိကို ဒီ Ground Handler ဆိုတဲ့ ကုမ္ပဏီပေါ့။ ဒီ Ground Handler လုပ်တယ်ဆိုတာ မြေပြင်လုပ်ငန်းတွေကိုလုပ်ပေးတဲ့ ကုမ္ပဏီကို ကျွန်တော်တို့က ငှားထားတာပေါ့နော်။ သူတို့က အဲဒီလိုလုပ်ပေးတာ။ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကျွန်တော်တို့က ဒီမြန်မာပြည်ကိုလွှတ်ပြီး ခိုင်းတာမဟုတ်ဘူး။ ဒီဘက်မှာရှိတဲ့ မြေပြင်ဝန်ဆောင်မှုကုမ္ပဏီတွေကို ကျွန်တော်တို့က ငှားတာ။ ငှားပြီးမှ အဲဒီကုမ္ပဏီတွေကနေပြီးတော့ Captain ကို Report ပေးတယ်။ အိတ်တွေအကုန်တင်ပြီးပါပြီ။ အဲဒီလို Report ပေးတယ်။ နောက် ဆီဘယ်လောက်ဖြည့်လို့ရပါတယ်။ ဝိတ်ကဘယ်လောက်ရှိပါတယ်။ အဲဒီ Reportကို ဟိုဘက် Ground Handler ကုမ္ပဏီက မှားပြီးပေးတာ။ လေယာဉ်မှားပြီးပေးတော့ Captain ကလည်း အဲဒီမှာ ဝိတ်တွေပေါ့နေတယ်ဆိုပြီး မြန်မာပြည်မှာကလည်း လေယာဉ်ဆီက ဈေးကြီးတော့ လေယာဉ်ဆီထပ်ဖြည့်လိုက်တာ။ ပြီးသွားတော့မှ မှားသွားလို့ဆိုတဲ့အချိန်မှာ စာလာပို့တဲ့အချိန်မှာ ကျွန်တော်တို့က ဘာမှပြန်လုပ်လို့မရတော့ဘူး”ဟု ၎င်းကပြောသည်။
အဆိုပါခရီးဆောင်အိတ်များ ကွာလာလမ်ပူလေဆိပ်တွင် ကျန်ခဲ့သောဖြစ်စဉ်မှာမှန်ကန်ကြောင်းနှင့် လက်ရှိတွင် ယမန်နေ့ (နိုဝင်ဘာ ၁၂ရက်)က နောက်လေယာဉ်များဖြင့် အိတ်များကိုခွဲသယ်ကာ အိတ်အားလုံးကို ပြန်သယ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“နောက်တစ်ခုက မြန်မာနိုင်ငံကို သယ်လာလို့ ရောက်ပြီဆိုရင်လည်း ဒီ Baggage တွေကို လေဆိပ်ထဲက Conveyor တွေနဲ့ သယ်ရတာဗျာ။ အဲဒီ Conveyor မှာ ညှပ်ပြီးတော့ အိတ်ကျိုးတာတို့ အိတ်ဘီးတွေကျိုးတာတို့ဆိုရင်လည်း ကျွန်တော်တို့နဲ့မဆိုင်ဘူး။ အဲဒါကလေဆိပ်ရဲ့တာဝန်ဖြစ်သွားပြီးပေါ့နော်။ အဲဒါကြောင့် လေကြောင်းလိုင်းရယ် လေဆိပ်ရယ်နဲ့ အဲဒီလေကြောင်းလိုင်းနဲ့ လေဆိပ်ကြားထဲမှာ မြေပြင်ဝန်ဆောင်မှုလုပ်ပေးနေတဲ့ ကုမ္ပဏီတွေရယ် နောက်တစ်ခါ Air Treatment Control ဆိုတဲ့ လေကြောင်းထိမ်းသိမ်းမှုဌာန သူတို့ကနေပြီးတော့ ရာသီဥတုပေါ်မူတည်ပြီးတော့ လေယာဉ်ထွက်ခွင့်ပေးတယ်။ လေယာဉ်ထွက်ခွင့်မပေးဘူး။ အဲဒီလိုဟာတွေရဲ့ အစအဆုံး လေကြောင်းတစ်ခုပျံသန်းဖို့ဆိုတာ ဌာန (၄) (၅) ခုပေါင်းပြီးတော့ လုပ်နေကြတာပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Ground Handler ကုမ္ပဏီဘက်မှ လေယာဉ်မှူးအား မှားယွင်းစွာ အစီရင်ခံစာပို့ပေးသူကို အလုပ်နားလိုက်ကြောင်း သိရသည်။

Zawgyi Version:
မေလးရွားတြင္ ခရီးေဆာင္အိတ္မ်ားက်န္ခဲ့သည္မွာ MAIေပါ့ဆမႈမဟုတ္ဘဲ ေျမျပင္လုပ္ငန္းကို ေဆာင္႐ြက္ေသာ ကုမၸဏီ၏ ေပါ့ဆမႈဟုဆို
သန႔္ဇင္၊ ေစာ(NP News)- ႏိုဝင္ဘာ ၁၃
မေလးရွားႏိုင္ငံ ၊ ကြာလာလမ္ပူေလဆိပ္တြင္ ႏိုဝင္ဘာ ၁၀ရက္က ခရီးေဆာင္အိတ္ေပါင္း(၁၇၀)ခန႔္ က်န္ခဲ့သည့္ျဖစ္စဥ္မွာ MAIေလေၾကာင္းလိုင္း၏ ေပါ့ဆမႈမဟုတ္ဘဲ ေျမျပင္လုပ္ငန္းကို ေဆာင္႐ြက္ေသာ Ground Handler ကုမၸဏီ၏ ေပါ့ဆမႈျဖစ္ေၾကာင္း MAI ေလေၾကာင္းလိုင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsမွတဆင့္ ေျပာၾကားသည္။
ထိုသို႔ ခရီးေဆာင္အိတ္မ်ားက်န္ခဲ့သည္ကို ခရီးသည္မ်ားက ရန္ကုန္ေလဆိပ္ေရာက္မွ သိရွိခဲ့ရၿပီး MAI ဘက္မွ ႀကိဳတင္အသိေပးမႈ မရွိျခင္း၊ ေလဆိပ္ေရာက္ခ်ိန္တြင္ ေၾကညာခ်က္ တစ္စုံတစ္ရာ မျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
“ဒီကိစၥကေလ မေလးရွားမွာ ကြၽန္ေတာ္တို႔က check in counter ဝင္တာကေနစၿပီး ေလယာဥ္ေပၚမွာ အိတ္ေတြတင္တဲ့အထိကို ဒီ Ground Handler ဆိုတဲ့ ကုမၸဏီေပါ့။ ဒီ Ground Handler လုပ္တယ္ဆိုတာ ေျမျပင္လုပ္ငန္းေတြကိုလုပ္ေပးတဲ့ ကုမၸဏီကို ကြၽန္ေတာ္တို႔က ငွားထားတာေပါ့ေနာ္။ သူတို႔က အဲဒီလိုလုပ္ေပးတာ။ ႏိုင္ငံတိုင္းႏိုင္ငံတိုင္းမွာ ကြၽန္ေတာ္တို႔က ဒီျမန္မာျပည္ကိုလႊတ္ၿပီး ခိုင္းတာမဟုတ္ဘူး။ ဒီဘက္မွာရွိတဲ့ ေျမျပင္ဝန္ေဆာင္မႈကုမၸဏီေတြကို ကြၽန္ေတာ္တို႔က ငွားတာ။ ငွားၿပီးမွ အဲဒီကုမၸဏီေတြကေနၿပီးေတာ့ Captain ကို Report ေပးတယ္။ အိတ္ေတြအကုန္တင္ၿပီးပါၿပီ။ အဲဒီလို Report ေပးတယ္။ ေနာက္ ဆီဘယ္ေလာက္ျဖည့္လို႔ရပါတယ္။ ဝိတ္ကဘယ္ေလာက္ရွိပါတယ္။ အဲဒီ Reportကို ဟိုဘက္ Ground Handler ကုမၸဏီက မွားၿပီးေပးတာ။ ေလယာဥ္မွားၿပီးေပးေတာ့ Captain ကလည္း အဲဒီမွာ ဝိတ္ေတြေပါ့ေနတယ္ဆိုၿပီး ျမန္မာျပည္မွာကလည္း ေလယာဥ္ဆီက ေဈးႀကီးေတာ့ ေလယာဥ္ဆီထပ္ျဖည့္လိုက္တာ။ ၿပီးသြားေတာ့မွ မွားသြားလို႔ဆိုတဲ့အခ်ိန္မွာ စာလာပို႔တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က ဘာမွျပန္လုပ္လို႔မရေတာ့ဘူး”ဟု ၎ကေျပာသည္။
အဆိုပါခရီးေဆာင္အိတ္မ်ား ကြာလာလမ္ပူေလဆိပ္တြင္ က်န္ခဲ့ေသာျဖစ္စဥ္မွာမွန္ကန္ေၾကာင္းႏွင့္ လက္ရွိတြင္ ယမန္ေန႔ (ႏိုဝင္ဘာ ၁၂ရက္)က ေနာက္ေလယာဥ္မ်ားျဖင့္ အိတ္မ်ားကိုခြဲသယ္ကာ အိတ္အားလုံးကို ျပန္သယ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
“ေနာက္တစ္ခုက ျမန္မာႏိုင္ငံကို သယ္လာလို႔ ေရာက္ၿပီဆိုရင္လည္း ဒီ Baggage ေတြကို ေလဆိပ္ထဲက Conveyor ေတြနဲ႔ သယ္ရတာဗ်ာ။ အဲဒီ Conveyor မွာ ညႇပ္ၿပီးေတာ့ အိတ္က်ိဳးတာတို႔ အိတ္ဘီးေတြက်ိဳးတာတို႔ဆိုရင္လည္း ကြၽန္ေတာ္တို႔နဲ႔မဆိုင္ဘူး။ အဲဒါကေလဆိပ္ရဲ႕တာဝန္ျဖစ္သြားၿပီးေပါ့ေနာ္။ အဲဒါေၾကာင့္ ေလေၾကာင္းလိုင္းရယ္ ေလဆိပ္ရယ္နဲ႔ အဲဒီေလေၾကာင္းလိုင္းနဲ႔ ေလဆိပ္ၾကားထဲမွာ ေျမျပင္ဝန္ေဆာင္မႈလုပ္ေပးေနတဲ့ ကုမၸဏီေတြရယ္ ေနာက္တစ္ခါ Air Treatment Control ဆိုတဲ့ ေလေၾကာင္းထိမ္းသိမ္းမႈဌာန သူတို႔ကေနၿပီးေတာ့ ရာသီဥတုေပၚမူတည္ၿပီးေတာ့ ေလယာဥ္ထြက္ခြင့္ေပးတယ္။ ေလယာဥ္ထြက္ခြင့္မေပးဘူး။ အဲဒီလိုဟာေတြရဲ႕ အစအဆုံး ေလေၾကာင္းတစ္ခုပ်ံသန္းဖို႔ဆိုတာ ဌာန (၄) (၅) ခုေပါင္းၿပီးေတာ့ လုပ္ေနၾကတာေပါ့ေနာ္” ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ Ground Handler ကုမၸဏီဘက္မွ ေလယာဥ္မႉးအား မွားယြင္းစြာ အစီရင္ခံစာပို႔ေပးသူကို အလုပ္နားလိုက္ေၾကာင္း သိရသည္။