စလင်း - ပခုက္ကူလမ်း (သို့မဟုတ်) ဧရာဝတီမြစ်ကမ်းနံဘေး မှ တိုက်စားခံနေရသော အိပ်မက်များ (လမ်းခရီး ဆောင်းပါး)

191

သုတကျော် (NP News) - နိုဝင်ဘာလ ၁၃
" ကျွန်တော်တို့ အဲဒီလမ်းကနေမသွားရဲလို့ တခြားလမ်းကနေပတ်သွားခဲ့တယ်"ဟုဆိုလာသူက စလင်းမြို့ခံတစ်ဦးဖြစ်သည်။
အဆိုပါမြို့ခံပြောသောလမ်းပိုင်းကား စလင်း- ဆင်ဖြူကျွန်း-ဆိပ်ဖြူ-ချောက်-ညောင်ဦး- ပခုက္ကူ လမ်းပိုင်းဖြစ်ပြီး တစ်ချိန်က ပြည်သူများ၏အခက်အခဲ ကြောင့် ပေါ်ပေါက်ခဲ့ရသော ဒေသအကျိုးပြုလမ်းပိုင်း တစ်ခု အဘယ်ကြောင့် ပြည်သူများစိုးရွံ့သောလမ်း ပိုင်းတစ်ခုအဖြစ်ကျရောက်သွားသည်ကို စာဖတ်သူ များသိရှိစေရန် ယခုဆောင်းပါးက တစ်ထောင့်တစ် နေရာမှ ဖော်ပြပေးနိုင်မည်ဟုမျှော်လင့်ပါသည်။
ဧရာဝတီမြစ်ကမ်းဘေးကိုမေးတင်ထားသော စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့သည် စိုက်ပျိုးရေးကို အားထားဆောင်ရွက်သောမြို့များ ဖြစ်ပြီး တစ်ချိန်က အဆိုပါမြို့များမှထွက်ရှိသောထွက် ကုန်များအတွက် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ ရန် အခက်အခဲများကြုံတွေ့ရသည်။
ဈေးကွက်ဆိုသည်မှာကား ဒေသအဆင့်မှ နိုင်ငံ တော်အဆင့်၊ ထိုမှ ကမ္ဘာ့အဆင့်အထိရှိလေရာ ဒေသ တွင်းဈေးကွက်သည် စိုက်ပျိုးသူတောင်သူများအ တွက် အကျိုးမြတ်ရရှိရန်နည်းပါးခဲ့သောကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့စိုက်ပျိုးသောသီးနှံများ နှင့်ပတ်သက်၍ ဈေးကောင်းရရှိလိုသော မျှော်လင့် ချက်အိပ်မက်ကား အဘယ်မျှ ကြီးကျယ်လိမ့်မည်ဖြစ် ကြောင်း စာရှုသူများအနေဖြင့် ခန့်မှန်းမိပေလိမ့်မည်။
တစ်ဖန် ချောက်၊ ညောင်ဦးနှင့် ပခုက္ကူမြို့တို့သည် အဆိုပါမြို့တို့၏ တည်ရှိနေပုံအနေအထားအရ ဈေး ကွက်ကို ကျယ်ပြန့်စွာဖြန့်ဖြူးနိုင်ရန်အတွက် ကုန် သွယ်ရေးမြို့များဖြစ်သောကြောင့် စလင်းမှအစပြု သောပခုက္ကူအထိလမ်းကြောင်းမှာ ဒေသခံများအ တွက် ခေတ်အဆက်ဆက်ကမျှော်လင့်ခဲ့ကြသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်းကို ငြင်းချက်ထုတ် ဖွယ်ရာမရှိပေ။
လမ်းတို့မည်သည်မှာ ဒေသခံတို့၏လိုလားချက်၊ အစိုးရ၏အုပ်ချုပ်ရေးအတွက် လိုအပ်သောအခြေ အနေပေါ်မူတည်၍ ဖြစ်ပေါ်လာကြခြင်းဖြစ်လေရာ လမ်းကောင်း လမ်းမွန်တစ်ခုဖြစ်ရန်အတွက် ဖော်ပြပါ အချက်နှစ်ချက်နှင့်ကိုက်ညီစေရန်အတွက် အဘယ်မျှ စောင့်ဆိုင်းခဲ့ကြရသည်ကို လိုအပ်သူများထက်ပို၍ သိလိမ့်မည်မဟုတ်ချေ။
လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်မီအချိန် က အညာဆန်လှေဟုခေါ်သောလှေကြီးများဖြင့်ကုန် သွယ်ခဲ့ကြသောခေတ်တစ်ခေတ်ရှိခဲ့ဖူးပြီး ယင်းလှေ များဖြင့်ပါလာရာကုန်တို့ကို ဒေသခံများက မက်မက် မောမောဝယ်ယူခဲ့ကြဖူး၏။
လှေခွက်ချည်းကျန် အလံမလှဲ ဆိုသော စကားပုံ မှာ အညာဆန်လှေများကိုအကြောင်းပြု၍ ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်ဟု ပခုက္ကူ ဦးအုန်းဖေက ဦးသုခကို ပြောခဲ့ဖူးကြောင်း မှတ်သားရဖူးသည်။ ပခုက္ကူ ဦးအုန်း ဖေက စကားပုံ၏အနက်ကိုရှင်းပြရာ ယင်းတွင်အညာ ဆန်လှေတို့သည် ကုန်ရှိကြောင်းကို အလံထောင်ကာ ပြကြပြီး မိမိတို့လှေတွင် ကုန်များရောင်းကုန်ပြီးသည့် တိုင် အလံမလှဲဘဲ မိမိတို့တွင်ကုန်ရှိလေဟန်ဖြင့် အခြားလှေများမှကုန်တို့ကို တစ်ဆင့်ပြန်ယူ ရောင်းချ လေ့ရှိကြောင်းဆိုသည်။ အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုချက် အရ တစ်ချိန်က အညာဆန်လှေတို့၏အခန်းကဏ္ဍနှင့် လိုအပ်ချက် အဘယ်မျှမြင့်မားခဲ့သည်ကိုသိရှိနိုင် ပါသည်။ အညာဆန်လှေတို့ဖြင့်ပါလာမည့် ကုန်စုံတို့ ကို ဝယ်သူတို့ အဘယ်မျှမျှော်လေမည်ကိုလည်း ခန့် မှန်းနိုင်ပါလိမ့်မည်။
ထို့နောက် ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့ ရာ ဒီရေအတက်အကျကိုချိန်ဆပြီး အချိန်ယူကာ ဧရာဝတီမြစ်ကို လူးလာခေါက်တုံ့ကုန်စည်ကူးသန်း ခဲ့ကြသော အညာဆန်လှေတို့၏အခန်းကဏ္ဍပျောက် ကွယ်၍ လှည်းတို့၏ခေတ်အပြီး မော်တော်ကားခေတ် ကိုရောက်ရှိကာ ကုန်စည်နှင့် ခရီးသည်တို့ အချိန်တို အတွင်း လျင်မြန်စွာကူးသန်းသွားလာနိုင်ခဲ့ကြသည်။
သို့သော် နွားလှည်းမှ စက်ကိရိယာတို့အသုံးပြု မောင်းနှင်သောခေတ်သို့ရောက်လာခဲ့သည့်တိုင် လမ်း ပန်းဆက်သွယ်ရေးအတွက် အဓိကကျသောအချက် မှာ အထစ်အငေါ့မရှိသွားလာနိုင်သော၊ ချိုင့်ခွက်တို့ ကင်းစင်သောလမ်းကောင်းကား လိုအပ်သည်ဖြစ်ရာ အဆင်ပြေချောမွေ့ပြီး အချိန်တိုအတွင်းရောက်နိုင် သောလမ်းတစ်ခုဖြစ်ရန်အတွက် အချိန်နှင့်ငွေတို့ အဘယ်မျှလိုအပ်ကြောင်းကို အဆိုပါလမ်း၏အကျိုး ကိုခံစားရသော ဒေသခံပြည်သူများသိရှိကြပါ၏။
ဖော်ပြပါ ဆိပ်ဖြူ-ပခုက္ကူလမ်းသည်လည်း ယင်းလမ်းများအနက် လမ်းတစ်လမ်းဖြစ်လေရာ အရေးပါသောလမ်းများကြုံလေ့ရှိသော အနိမ့်အမြင့် အတက်အကျလောကဓံတို့ကို ကောင်းစွာကြုံပြီးပြီဖြစ် ကြောင်းဆိုရပေလိမ့်မည်။ သို့သော် ယင်းလမ်းသည် ယခုတစ်ဖန်ကြုံရသောလောကဓံက ပိုမိုရိုက်ချက်ပြင်း သောကြောင့် ဆောင်းပါးအစတွင်ဖော်ပြခဲ့သည့်အ တိုင်း ဒေသခံတို့၏ ကြောက်ကြောက်လန့်လန့် အသုံး ပြုခြင်းကိုခံနေရပေပြီ။
လမ်းအကြောင်းမပြောမီ ယခုဆောင်းပါးတွင် ဖော်ပြထားသော ခရီးလမ်းအစ စလင်းမြို့နှင့် ခရီး လမ်းဆုံး ပခုက္ကူမြို့တို့၏ လက်ရှိအခြေအနေကို အနည်းငယ်ဖော်ပြမှ ပိုမိုပြည့်စုံမည်ဖြစ်ပါသည်။
စလင်းမြို့သည် အစဉ်အဆက် အေးချမ်းသာယာ ခဲ့သောမြို့အဖြစ်မှ PDF တို့ရောက်လာအပြီးတွင် ဒေသခံတို့အကြား စိုးရိမ်စိတ်မြင့်တက်နေရသော မြို့ တစ်မြို့ဖြစ်သည်။ မြို့ကို PDF တို့က မစိုးမိုးနိုင်သည့် တိုင် ကျေးလက်တွင်ရှိနေပြီး စလင်းမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင်အခြေပြုကာ ၎င်းတို့ရှိနေသော ရွာပတ်ပတ်လည်ကို မိုင်းထောင်၍ အကာအကွယ် ယူတတ်သော PDF တို့ရှိရာဒေသဖြစ်သည်။
ထို့ပြင် ယင်းဒေသမှ PDF တို့သည် မြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သွေးတိုးစမ်းတတ်သော် လည်း မြို့ကိုသိမ်းနိုင်လောက်သည်အထိ ကောင်းစွာ မအောင်မြင်သော်ငြား အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရင်း ဒေသခံကျေးရွာသားတို့ထံမှ ဆက် ကြေးကောက်ပြီး ရှင်သန်နေကြသူများဖြစ်သည်။
ပခုက္ကူမြို့ကား လမ်းပန်းဆက်သွယ်ရေး၏ ဗဟို ချက်မြို့တစ်မြို့ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် စည်ပင်သာယာဝပြောမှု ဆက်တိုက်တက်လာခဲ့သော မြို့တစ်မြို့ဖြစ်ပြီး မြို့ကြီးစာရင်းဝင်ပင် ဖြစ်ခဲ့လေပြီ။ သို့သော် PDF တို့က ယင်းနယ်မြေတွင်စိုးမိုးလာသည့် အခါ ငါနှင့်မတူ ငါ့ရန်သူဆိုသောမူဖြင့် ပြည်သူများကို သတ်ဖြတ်ခြင်းများရှိလာသည်။
တစ်ဖန် ကျေးရွာများတွင်အခြေပြုကာ ဒီမိုက ရေစီအရေးအော်ကာ လက်နက်ကိုင်ခဲ့သော်လည်း လက်နက်အရသာကို တဖြည်းဖြည်းနှင့်သိပြီး ကြိုက် လာနေသော PDF တို့ရှိရာမြို့နယ်ကို ပိုင်ဆိုင်ထား သည့်မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို မကြိုက်ကြောင်းပြောမိလျှင် ကြားရုံဖြင့် နေရာတွင်ပင် ထိုးကြိတ်ရိုက်နှက်တတ်သော PDF များလည်း မရှား လှပေ။
" အစောတုန်းကတော့ PDF တွေက မြို့က ကလေးတွေပဲ။ သူတို့ ကသိသေးတယ်။ နောက်တော့ ဘယ်ကကောင်တွေမှန်းမသိရောက်လာပြီး တဖြည်း ဖြည်းဆိုးလာတာ"ဟုပခုက္ကူမြို့ခံတစ်ဦးကပြော သည်။
အချုပ်ဆိုရလျှင် (၂၀၂၁) ခုနှစ်နောက်ပိုင်းတွင် စလင်း-ပခုက္ကူလမ်းပိုင်း၌ လက်နက်ကိုင်အသီးသီး တို့ပေါ်ပေါက်လာခဲ့ရာ ယင်း၏အကျိုးဆက်ကား ပြည်သူတို့ ဖြောင့်ဖြောင့်တန်းတန်း ခရီးလမ်းကို စိတ် ချလက်ချမသွားရဲတော့ခြင်းသာ အဖတ်တင်ခဲ့သည်။ အဆိုပါလက်နက်ကိုင်တို့က ဒီမိုကရေစီအတွက်ဟု မည်မျှပင်ပြောစေကာမူ ၎င်းတို့လိုလားတောင့်တ သော၊ ရရှိရန် လက်နက်ကိုင်နည်းဖြင့်ကြိုးပမ်းနေ သောကြိုးပမ်းချက်များ၏အကျိုးကျေးဇူးကို ဒေသခံ တို့ခံစားနေကြရပြီဖြစ်သည်။ ကောင်းသောအကျိုး ဆက်ကား မဟုတ်ချေ။
" အခုကျတော့ စလင်းကနေသွားမယ်ဆို ကျွန် တော်တို့ကတော့ ပွင့်ဖြူ-မင်းဘူး-မကွေး- ရေနံ ချောင်း-ဂွေးချို-ကျောက်ပန်းတောင်း-ညောင်ဦး- ပခုက္ကူ လမ်းကနေသွားရတယ်။ အရင်တုန်းကတော့ (၃)နာရီလောက်ပဲကြာတာပေါ့ဗျာ။ အခုကတော့ ဘယ်ကလိမ့်မလဲ။ (၈) နာရီ၊ (၉)နာရီလောက် အချိန် ပေးရတယ်"ဟု အဆိုပါလမ်းကို အသုံးပြုသွားလာခဲ့ သူတစ်ဦးက NP News သို့ပြော သည်။
အစောပိုင်းတွင် ဧရာဝတီအနောက်ဘက်ကမ်း လမ်းဟု ခေါ်သော ယခင်သွားရိုးလမ်းဟောင်းကို သူပုန်တို့ မျက်စိကျခြင်းမရှိပါ။ သို့သော် ငွေကြေး တည်းဟူသောအရသာကိုသိပြီး လက်နက်တည်းဟူ သောအရာက ကျောထောက်နောက်ခံပြုပေးလိုက် သောအခါ လမ်းပေါ်တက်ရမည်၊ ဂိတ်ဖွင့်ရမည်ဟု သူပုန်တို့နားလည်လာခဲ့သည်။ ထို့ပြင် ၎င်းတို့ ဩဇာ အာဏာကိုပြရန်အတွက် တပ်မတော်၏ အလစ်အ ငိုက်တွင် လမ်းပေါ်တက်ပြီး စစ်ဆေးရေးလုပ်ပြရမည် ဟု အတတ်ကျူးလာခဲ့သည်။
" ကျွန်တော်က လမ်းဟောင်းကို (၂၀၂၃) လောက်ကသွားဖူးသေးတယ်။ ကျွန်တော်သွားတုန်းက ပွင့်ဖြူနဲ့စလင်းကြားမှာ နှစ်ဂိတ်ဗျ။ ဂိတ်နှစ်ဂိတ်က အရမ်းမဝေးဘူး။ ကိုက် (၁၀ဝ) လောက်ပဲဝေးတယ်။ ကျွန်တော်တို့ကို ပထမဂိတ်မှာစစ်တယ်။ ခွင့်ပြုပေး တယ်။ ဒုတိယဂိတ်က ဆက်ပြီး စစ်ပြန်ရော။ စဉ်းစား ကြည့်လေ၊ ပထမဂိတ်ကလွှတ်ပေးလိုက်တာကို ဒုတိယဂိတ်က ဘာလို့စစ်ဖို့လိုလဲ။ ကျွန်တော်ကတော့ ပိုက်ဆံမပေးခဲ့ဘူးဗျ။ သူတို့ကို အကျင့်မလုပ်တာ။ ဒါပေမဲ့ တခြားလူတွေက ပိုက်ဆံပေးတာတော့ ရှိချင် ရှိမှာပေါ့။ ကျွန်တော်ကတော့ အဲဒီတစ်ခါသွားပြီးက တည်းက ကြောက်လို့ အဲဒီလမ်းကိုထပ်မသွား တော့ ဘူး"ဟု စလင်းမြို့ခံတစ်ဦးကဆိုသည်။
ယင်းနောက် PDF တို့ ပိုက်ဆံအရသာသိကာ လမ်းပေါ်တက်လာချိန်တွင် ဂိတ်တို့ပိုများလာသော အခါ ပြည်သူတို့အနေဖြင့် စိုးရိမ်မှုများ ပိုမိုတိုးလာ သည်။ ဂိတ်ဖွင့်ပြီးငွေရှာရာ လမ်းအသုံးပြုခအတွက် ဆက်ကြေးဟုအမည်မခံသောကြောင့် နာမည်ပြောင်း လိုက်ပုံက အလှူငွေမည်၏။
ကြောက်လန့်ရှာကြလေသော ပြည်သူတို့မှာ နည်းသည် များသည်မဟူ ငွေပေးခြင်းဖြင့် လမ်းပိုင်း ကိုအသုံးပြုကြရရာ လုံခြုံစိတ်ချရမှုမရှိသည့်အတွက် စလင်း-ဆင်ဖြူကျွန်း-ဆိပ်ဖြူ-ချောက်-ညောင်ဦး- ပခုက္ကူ လမ်းပိုင်းကို ရှောင်စပြုလာသည်။ သို့မဟုတ် ရင်တထိတ်ထိတ်ဖြင့် ဆက်သုံးကြရရှာသည်။
" ကျွန်တော်က ဘုန်းကြီးကားကို မောင်းပို့ပေး တာ။ ဘေးမှာ ဘုန်းကြီးလည်းပါတယ်နော်။ စလင်းက သွားတော့ PDF က လမ်းမှာ တားစစ်တယ်။ သူတို့ မဖြတ်ရဘူးဆိုတဲ့အချိန် ဖြတ်လို့ပေါ့။ တကယ်က မိနစ်နည်းနည်းလေးပဲစွန်းတာ။ ဘုန်းကြီးပါတာ တောင်မှ သေနတ်တွေ ဘာတွေ ကောက်မောင်းတင် ပြီး ပစ်မယ့်ခတ်မယ့်ပုံစံလုပ်တာ"ဟု စလင်းမြို့ခံ တစ်ဦးက ယင်းလမ်းကိုရှောင်ရသည့်အကြောင်းကို ပြောပြသည်။
စလင်းမှအစပြုသော ပခုက္ကူအထိ လမ်းပိုင်းတွင် ဖြတ်သန်းရာတွင် ဝေးဝေးလံလံမဆိုထားဘိ စလင်း နှင့်ဆင်ဖြူကျွန်းကဲ့သို့ (၈) မိုင်သာသာကွာဝေးသော လမ်းကိုပင် ဖြတ်သန်းရန်အတွက် ပြည်သူများအကြား စိုးရိမ်စိတ်ရှိနေသည်။ ယင်းလမ်းတစ်လျှောက်တွင် PDF တို့ရှိနေလေရာ ပြည်သူတို့မှာ ရင်တထိတ်ထိတ် ဖြင့် အရဲစွန့်သွားရမည်ထက် လာနိုင်သောဘေးကို ဝေးဝေးကရှောင်ခြင်းဖြင့် အလိမ္မာသုံးလာကြသည်။
" စလင်းကနေပခုက္ကူကို ပတ်ပြီးသွားလိုက်တော့ ရှစ်နာရီနီးပါလောက်ကြာသွားတယ်။ လမ်းကကြာပေ မယ့် ဘေးကင်းဖို့ကို ပြည်သူတွေက ရွေးလာကြတာ ပေါ့။ လမ်းမှာတက်ပြီး တားတာ ပြုတာလည်း လုပ် တတ်တော့ ပြည်သူတွေကကြောက်တာ။ အစိုးရတပ် မဟုတ်တော့ ကိုယ့်ကို ဘာလုပ်မယ်ဆိုတာ မပြောနိုင် ဘူး"ဟု ပခုက္ကူနှင့်စလင်းမြို့အကြား ကုန်သွယ်၊ ကူး သန်းသွားလာရေးဆောင်ရွက်နေသော ကုန်သည် တစ်ဦးကဆိုသည်။
ပွင့်ဖြူမှ ပခုက္ကူသို့သွားရန် ယခင်လမ်းဟောင်း အတိုင်းအသုံးပြုသူမှာ လုံးဝနည်းပါးနေခြင်းတော့ မဟုတ်ပါ။ ရှိသည်။ သို့သော် စိုးရိမ်စိတ်ဖြင့် သွားလာ နေကြရခြင်းမျိုးဖြစ်ပြီး လမ်းပိတ်ပြီဆိုလျှင်လည်း စောင့်ကြရသည်။ လမ်းဖွင့်လျှင်လည်း စောင့်ရသည်။
" ဥပမာ တစ်ခုခုစစ်လို့ ကိုယ့်ကိုဖမ်းခေါ်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်ရှိတယ်။ အဓိက ကတော့ ဥပဒေမရှိတာပေါ့။ သူတို့မှာ ဥပဒေမရှိတော့ ဒလန်ဆိုပြီးသတ်လိုက်ရင်လည်း ခံရမယ်လေ။ အဲဒီ တော့ သွားတော့သွားတယ်။ ဒါပေမဲ့ သတိထားပေါ့။ ဒီလိုသုံးရတယ်"ဟု ပွင့်ဖြူဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ လမ်းပိုင်းတစ်ကြောက PDF တို့အနေ ဖြင့် လည်လည်ပတ်ပတ်ရှိသည်ဟုလည်း တစ်ဖက်က ယူဆစရာရှိသည်။ အဘယ်ကြောင့်ဆိုသော် တပ်မ တော်က စစ်ကြောင်းထိုးသောအခါ အူယားဖားယား ဆုတ်ပြေးပြီး တပ်မတော်မရှိသည့်အချိန်တွင် ပြန် လည်ဝင်ရောက်လာခြင်းမျိုးဖြစ်သည်ဟု ဒေသခံ တို့ကဆိုသည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ ဒေသခံတို့ အကြား စိုးရိမ်မှုမြင့်တက်စေသော ပွင့်ဖြူ-ပခုက္ကူ လမ်းပိုင်းကား ပေါ်ပေါက်နေပြီဖြစ်သည်။ လုံးဝမသွား နိုင်သောလမ်းလည်းမဟုတ်ပါ။ သို့သော် သွားလျှင် လည်း ပြည်သူတို့မှာ ရင်တထိတ်ထိတ်ဖြင့်ရှိနေရ သည်။
ယင်းသို့ နှလုံးစိတ်ဝမ်းအေးချမ်းဖွယ် လမ်းအ ဖြစ်မှ နှလုံးစိတ်ဝမ်းညှိုးနွမ်းဖွယ်လမ်းအဖြစ် ပြောင်း လဲသွားခြင်းမှာ မျက်လှည့်ပြလိုက်ခြင်းကားမဟုတ်ပါ။ လက်နက်ကိုင်တည်းဟူသော သူပုန်တို့ယူလာခဲ့သည့် စစ်မီး၏နောက်ဆက်တွဲမျှသာဖြစ်ကြောင်း အဖြေ ထွက်နေမှာ ငြင်းနိုင်လိမ့်မည်မဟုတ်ပေ။

Zawgyi Version:
စလင္း - ပခုကၠဴလမ္း (သို႔မဟုတ္) ဧရာဝတီျမစ္ကမ္းနံေဘး မွ တိုက္စားခံေနရေသာ အိပ္မက္မ်ား
(လမ္းခရီး ေဆာင္းပါး)
သုတေက်ာ္ (NP News) - ႏိုဝင္ဘာလ ၁၃
" ကြၽန္ေတာ္တို႔ အဲဒီလမ္းကေနမသြားရဲလို႔ တျခားလမ္းကေနပတ္သြားခဲ့တယ္"ဟုဆိုလာသူက စလင္းၿမိဳ႕ခံတစ္ဦးျဖစ္သည္။
အဆိုပါၿမိဳ႕ခံေျပာေသာလမ္းပိုင္းကား စလင္း- ဆင္ျဖဴကြၽန္း-ဆိပ္ျဖဴ-ေခ်ာက္-ေညာင္ဦး- ပခုကၠဴ လမ္းပိုင္းျဖစ္ၿပီး တစ္ခ်ိန္က ျပည္သူမ်ား၏အခက္အခဲ ေၾကာင့္ ေပၚေပါက္ခဲ့ရေသာ ေဒသအက်ိဳးျပဳလမ္းပိုင္း တစ္ခု အဘယ္ေၾကာင့္ ျပည္သူမ်ားစိုး႐ြံ႕ေသာလမ္း ပိုင္းတစ္ခုအျဖစ္က်ေရာက္သြားသည္ကို စာဖတ္သူ မ်ားသိရွိေစရန္ ယခုေဆာင္းပါးက တစ္ေထာင့္တစ္ ေနရာမွ ေဖာ္ျပေပးႏိုင္မည္ဟုေမွ်ာ္လင့္ပါသည္။
ဧရာဝတီျမစ္ကမ္းေဘးကိုေမးတင္ထားေသာ စလင္းၿမိဳ႕၊ ဆင္ျဖဴကြၽန္းၿမိဳ႕ႏွင့္ ဆိပ္ျဖဴၿမိဳ႕တို႔သည္ စိုက္ပ်ိဳးေရးကို အားထားေဆာင္႐ြက္ေသာၿမိဳ႕မ်ား ျဖစ္ၿပီး တစ္ခ်ိန္က အဆိုပါၿမိဳ႕မ်ားမွထြက္ရွိေသာထြက္ ကုန္မ်ားအတြက္ ေဈးကြက္အတြင္းသို႔ တင္ပို႔ေရာင္းခ် ရန္ အခက္အခဲမ်ားႀကဳံေတြ႕ရသည္။
ေဈးကြက္ဆိုသည္မွာကား ေဒသအဆင့္မွ ႏိုင္ငံ ေတာ္အဆင့္၊ ထိုမွ ကမာၻ႔အဆင့္အထိရွိေလရာ ေဒသ တြင္းေဈးကြက္သည္ စိုက္ပ်ိဳးသူေတာင္သူမ်ားအ တြက္ အက်ိဳးျမတ္ရရွိရန္နည္းပါးခဲ့ေသာေၾကာင့္ ေဒသခံမ်ားအေနျဖင့္ ၎တို႔စိုက္ပ်ိဳးေသာသီးႏွံမ်ား ႏွင့္ပတ္သက္၍ ေဈးေကာင္းရရွိလိုေသာ ေမွ်ာ္လင့္ ခ်က္အိပ္မက္ကား အဘယ္မွ် ႀကီးက်ယ္လိမ့္မည္ျဖစ္ ေၾကာင္း စာရႈသူမ်ားအေနျဖင့္ ခန႔္မွန္းမိေပလိမ့္မည္။
တစ္ဖန္ ေခ်ာက္၊ ေညာင္ဦးႏွင့္ ပခုကၠဴၿမိဳ႕တို႔သည္ အဆိုပါၿမိဳ႕တို႔၏ တည္ရွိေနပုံအေနအထားအရ ေဈး ကြက္ကို က်ယ္ျပန႔္စြာျဖန႔္ျဖဴးႏိုင္ရန္အတြက္ ကုန္ သြယ္ေရးၿမိဳ႕မ်ားျဖစ္ေသာေၾကာင့္ စလင္းမွအစျပဳ ေသာပခုကၠဴအထိလမ္းေၾကာင္းမွာ ေဒသခံမ်ားအ တြက္ ေခတ္အဆက္ဆက္ကေမွ်ာ္လင့္ခဲ့ၾကေသာ လမ္းေၾကာင္းတစ္ခုျဖစ္ေၾကာင္းကို ျငင္းခ်က္ထုတ္ ဖြယ္ရာမရွိေပ။
လမ္းတို႔မည္သည္မွာ ေဒသခံတို႔၏လိုလားခ်က္၊ အစိုးရ၏အုပ္ခ်ဳပ္ေရးအတြက္ လိုအပ္ေသာအေျခ အေနေပၚမူတည္၍ ျဖစ္ေပၚလာၾကျခင္းျဖစ္ေလရာ လမ္းေကာင္း လမ္းမြန္တစ္ခုျဖစ္ရန္အတြက္ ေဖာ္ျပပါ အခ်က္ႏွစ္ခ်က္ႏွင့္ကိုက္ညီေစရန္အတြက္ အဘယ္မွ် ေစာင့္ဆိုင္းခဲ့ၾကရသည္ကို လိုအပ္သူမ်ားထက္ပို၍ သိလိမ့္မည္မဟုတ္ေခ်။
လမ္းပန္းဆက္သြယ္ေရးမေကာင္းမြန္မီအခ်ိန္ က အညာဆန္ေလွဟုေခၚေသာေလွႀကီးမ်ားျဖင့္ကုန္ သြယ္ခဲ့ၾကေသာေခတ္တစ္ေခတ္ရွိခဲ့ဖူးၿပီး ယင္းေလွ မ်ားျဖင့္ပါလာရာကုန္တို႔ကို ေဒသခံမ်ားက မက္မက္ ေမာေမာဝယ္ယူခဲ့ၾကဖူး၏။
ေလွခြက္ခ်ည္းက်န္ အလံမလွဲ ဆိုေသာ စကားပုံ မွာ အညာဆန္ေလွမ်ားကိုအေၾကာင္းျပဳ၍ ေပၚေပါက္ ခဲ့ျခင္းျဖစ္သည္ဟု ပခုကၠဴ ဦးအုန္းေဖက ဦးသုခကို ေျပာခဲ့ဖူးေၾကာင္း မွတ္သားရဖူးသည္။ ပခုကၠဴ ဦးအုန္း ေဖက စကားပုံ၏အနက္ကိုရွင္းျပရာ ယင္းတြင္အညာ ဆန္ေလွတို႔သည္ ကုန္ရွိေၾကာင္းကို အလံေထာင္ကာ ျပၾကၿပီး မိမိတို႔ေလွတြင္ ကုန္မ်ားေရာင္းကုန္ၿပီးသည့္ တိုင္ အလံမလွဲဘဲ မိမိတို႔တြင္ကုန္ရွိေလဟန္ျဖင့္ အျခားေလွမ်ားမွကုန္တို႔ကို တစ္ဆင့္ျပန္ယူ ေရာင္းခ် ေလ့ရွိေၾကာင္းဆိုသည္။ အဆိုပါအဓိပၸာယ္ဖြင့္ဆိုခ်က္ အရ တစ္ခ်ိန္က အညာဆန္ေလွတို႔၏အခန္းက႑ႏွင့္ လိုအပ္ခ်က္ အဘယ္မွ်ျမင့္မားခဲ့သည္ကိုသိရွိႏိုင္ ပါသည္။ အညာဆန္ေလွတို႔ျဖင့္ပါလာမည့္ ကုန္စုံတို႔ ကို ဝယ္သူတို႔ အဘယ္မွ်ေမွ်ာ္ေလမည္ကိုလည္း ခန႔္ မွန္းႏိုင္ပါလိမ့္မည္။
ထို႔ေနာက္ ေခတ္အဆက္ဆက္ေျပာင္းလဲလာခဲ့ ရာ ဒီေရအတက္အက်ကိုခ်ိန္ဆၿပီး အခ်ိန္ယူကာ ဧရာဝတီျမစ္ကို လူးလာေခါက္တုံ႔ကုန္စည္ကူးသန္း ခဲ့ၾကေသာ အညာဆန္ေလွတို႔၏အခန္းက႑ေပ်ာက္ ကြယ္၍ လွည္းတို႔၏ေခတ္အၿပီး ေမာ္ေတာ္ကားေခတ္ ကိုေရာက္ရွိကာ ကုန္စည္ႏွင့္ ခရီးသည္တို႔ အခ်ိန္တို အတြင္း လ်င္ျမန္စြာကူးသန္းသြားလာႏိုင္ခဲ့ၾကသည္။
သို႔ေသာ္ ႏြားလွည္းမွ စက္ကိရိယာတို႔အသုံးျပဳ ေမာင္းႏွင္ေသာေခတ္သို႔ေရာက္လာခဲ့သည့္တိုင္ လမ္း ပန္းဆက္သြယ္ေရးအတြက္ အဓိကက်ေသာအခ်က္ မွာ အထစ္အေငါ့မရွိသြားလာႏိုင္ေသာ၊ ခ်ိဳင့္ခြက္တို႔ ကင္းစင္ေသာလမ္းေကာင္းကား လိုအပ္သည္ျဖစ္ရာ အဆင္ေျပေခ်ာေမြ႕ၿပီး အခ်ိန္တိုအတြင္းေရာက္ႏိုင္ ေသာလမ္းတစ္ခုျဖစ္ရန္အတြက္ အခ်ိန္ႏွင့္ေငြတို႔ အဘယ္မွ်လိုအပ္ေၾကာင္းကို အဆိုပါလမ္း၏အက်ိဳး ကိုခံစားရေသာ ေဒသခံျပည္သူမ်ားသိရွိၾကပါ၏။
ေဖာ္ျပပါ ဆိပ္ျဖဴ-ပခုကၠဴလမ္းသည္လည္း ယင္းလမ္းမ်ားအနက္ လမ္းတစ္လမ္းျဖစ္ေလရာ အေရးပါေသာလမ္းမ်ားႀကဳံေလ့ရွိေသာ အနိမ့္အျမင့္ အတက္အက်ေလာကဓံတို႔ကို ေကာင္းစြာႀကဳံၿပီးၿပီျဖစ္ ေၾကာင္းဆိုရေပလိမ့္မည္။ သို႔ေသာ္ ယင္းလမ္းသည္ ယခုတစ္ဖန္ႀကဳံရေသာေလာကဓံက ပိုမို႐ိုက္ခ်က္ျပင္း ေသာေၾကာင့္ ေဆာင္းပါးအစတြင္ေဖာ္ျပခဲ့သည့္အ တိုင္း ေဒသခံတို႔၏ ေၾကာက္ေၾကာက္လန႔္လန႔္ အသုံး ျပဳျခင္းကိုခံေနရေပၿပီ။
လမ္းအေၾကာင္းမေျပာမီ ယခုေဆာင္းပါးတြင္ ေဖာ္ျပထားေသာ ခရီးလမ္းအစ စလင္းၿမိဳ႕ႏွင့္ ခရီး လမ္းဆုံး ပခုကၠဴၿမိဳ႕တို႔၏ လက္ရွိအေျခအေနကို အနည္းငယ္ေဖာ္ျပမွ ပိုမိုျပည့္စုံမည္ျဖစ္ပါသည္။
စလင္းၿမိဳ႕သည္ အစဥ္အဆက္ ေအးခ်မ္းသာယာ ခဲ့ေသာၿမိဳ႕အျဖစ္မွ PDF တို႔ေရာက္လာအၿပီးတြင္ ေဒသခံတို႔အၾကား စိုးရိမ္စိတ္ျမင့္တက္ေနရေသာ ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္။ ၿမိဳ႕ကို PDF တို႔က မစိုးမိုးႏိုင္သည့္ တိုင္ ေက်းလက္တြင္ရွိေနၿပီး စလင္းၿမိဳ႕နယ္အတြင္းမွ ေက်း႐ြာအခ်ိဳ႕တြင္အေျချပဳကာ ၎တို႔ရွိေနေသာ ႐ြာပတ္ပတ္လည္ကို မိုင္းေထာင္၍ အကာအကြယ္ ယူတတ္ေသာ PDF တို႔ရွိရာေဒသျဖစ္သည္။
ထို႔ျပင္ ယင္းေဒသမွ PDF တို႔သည္ ၿမိဳ႕ေပၚမွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ေသြးတိုးစမ္းတတ္ေသာ္ လည္း ၿမိဳ႕ကိုသိမ္းႏိုင္ေလာက္သည္အထိ ေကာင္းစြာ မေအာင္ျမင္ေသာ္ျငား အဖ်က္အေမွာင့္လုပ္ငန္းမ်ား ေဆာင္႐ြက္ရင္း ေဒသခံေက်း႐ြာသားတို႔ထံမွ ဆက္ ေၾကးေကာက္ၿပီး ရွင္သန္ေနၾကသူမ်ားျဖစ္သည္။
ပခုကၠဴၿမိဳ႕ကား လမ္းပန္းဆက္သြယ္ေရး၏ ဗဟို ခ်က္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ေခတ္အဆက္ဆက္တြင္ စည္ပင္သာယာဝေျပာမႈ ဆက္တိုက္တက္လာခဲ့ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕ႀကီးစာရင္းဝင္ပင္ ျဖစ္ခဲ့ေလၿပီ။ သို႔ေသာ္ PDF တို႔က ယင္းနယ္ေျမတြင္စိုးမိုးလာသည့္ အခါ ငါႏွင့္မတူ ငါ့ရန္သူဆိုေသာမူျဖင့္ ျပည္သူမ်ားကို သတ္ျဖတ္ျခင္းမ်ားရွိလာသည္။
တစ္ဖန္ ေက်း႐ြာမ်ားတြင္အေျချပဳကာ ဒီမိုက ေရစီအေရးေအာ္ကာ လက္နက္ကိုင္ခဲ့ေသာ္လည္း လက္နက္အရသာကို တျဖည္းျဖည္းႏွင့္သိၿပီး ႀကိဳက္ လာေနေသာ PDF တို႔ရွိရာၿမိဳ႕နယ္ကို ပိုင္ဆိုင္ထား သည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ထို႔ျပင္ ၎တို႔ကို မႀကိဳက္ေၾကာင္းေျပာမိလွ်င္ ၾကား႐ုံျဖင့္ ေနရာတြင္ပင္ ထိုးႀကိတ္႐ိုက္ႏွက္တတ္ေသာ PDF မ်ားလည္း မရွား လွေပ။
" အေစာတုန္းကေတာ့ PDF ေတြက ၿမိဳ႕က ကေလးေတြပဲ။ သူတို႔ ကသိေသးတယ္။ ေနာက္ေတာ့ ဘယ္ကေကာင္ေတြမွန္းမသိေရာက္လာၿပီး တျဖည္း ျဖည္းဆိုးလာတာ"ဟုပခုကၠဴၿမိဳ႕ခံတစ္ဦးကေျပာ သည္။
အခ်ဳပ္ဆိုရလွ်င္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းတြင္ စလင္း-ပခုကၠဴလမ္းပိုင္း၌ လက္နက္ကိုင္အသီးသီး တို႔ေပၚေပါက္လာခဲ့ရာ ယင္း၏အက်ိဳးဆက္ကား ျပည္သူတို႔ ေျဖာင့္ေျဖာင့္တန္းတန္း ခရီးလမ္းကို စိတ္ ခ်လက္ခ်မသြားရဲေတာ့ျခင္းသာ အဖတ္တင္ခဲ့သည္။ အဆိုပါလက္နက္ကိုင္တို႔က ဒီမိုကေရစီအတြက္ဟု မည္မွ်ပင္ေျပာေစကာမူ ၎တို႔လိုလားေတာင့္တ ေသာ၊ ရရွိရန္ လက္နက္ကိုင္နည္းျဖင့္ႀကိဳးပမ္းေန ေသာႀကိဳးပမ္းခ်က္မ်ား၏အက်ိဳးေက်းဇူးကို ေဒသခံ တို႔ခံစားေနၾကရၿပီျဖစ္သည္။ ေကာင္းေသာအက်ိဳး ဆက္ကား မဟုတ္ေခ်။
" အခုက်ေတာ့ စလင္းကေနသြားမယ္ဆို ကြၽန္ ေတာ္တို႔ကေတာ့ ပြင့္ျဖဴ-မင္းဘူး-မေကြး- ေရနံ ေခ်ာင္း-ေဂြးခ်ိဳ-ေက်ာက္ပန္းေတာင္း-ေညာင္ဦး- ပခုကၠဴ လမ္းကေနသြားရတယ္။ အရင္တုန္းကေတာ့ (၃)နာရီေလာက္ပဲၾကာတာေပါ့ဗ်ာ။ အခုကေတာ့ ဘယ္ကလိမ့္မလဲ။ (၈) နာရီ၊ (၉)နာရီေလာက္ အခ်ိန္ ေပးရတယ္"ဟု အဆိုပါလမ္းကို အသုံးျပဳသြားလာခဲ့ သူတစ္ဦးက NP News သို႔ေျပာ သည္။
အေစာပိုင္းတြင္ ဧရာဝတီအေနာက္ဘက္ကမ္း လမ္းဟု ေခၚေသာ ယခင္သြား႐ိုးလမ္းေဟာင္းကို သူပုန္တို႔ မ်က္စိက်ျခင္းမရွိပါ။ သို႔ေသာ္ ေငြေၾကး တည္းဟူေသာအရသာကိုသိၿပီး လက္နက္တည္းဟူ ေသာအရာက ေက်ာေထာက္ေနာက္ခံျပဳေပးလိုက္ ေသာအခါ လမ္းေပၚတက္ရမည္၊ ဂိတ္ဖြင့္ရမည္ဟု သူပုန္တို႔နားလည္လာခဲ့သည္။ ထို႔ျပင္ ၎တို႔ ဩဇာ အာဏာကိုျပရန္အတြက္ တပ္မေတာ္၏ အလစ္အ ငိုက္တြင္ လမ္းေပၚတက္ၿပီး စစ္ေဆးေရးလုပ္ျပရမည္ ဟု အတတ္က်ဴးလာခဲ့သည္။
" ကြၽန္ေတာ္က လမ္းေဟာင္းကို (၂၀၂၃) ေလာက္ကသြားဖူးေသးတယ္။ ကြၽန္ေတာ္သြားတုန္းက ပြင့္ျဖဴနဲ႔စလင္းၾကားမွာ ႏွစ္ဂိတ္ဗ်။ ဂိတ္ႏွစ္ဂိတ္က အရမ္းမေဝးဘူး။ ကိုက္ (၁၀ဝ) ေလာက္ပဲေဝးတယ္။ ကြၽန္ေတာ္တို႔ကို ပထမဂိတ္မွာစစ္တယ္။ ခြင့္ျပဳေပး တယ္။ ဒုတိယဂိတ္က ဆက္ၿပီး စစ္ျပန္ေရာ။ စဥ္းစား ၾကည့္ေလ၊ ပထမဂိတ္ကလႊတ္ေပးလိုက္တာကို ဒုတိယဂိတ္က ဘာလို႔စစ္ဖို႔လိုလဲ။ ကြၽန္ေတာ္ကေတာ့ ပိုက္ဆံမေပးခဲ့ဘူးဗ်။ သူတို႔ကို အက်င့္မလုပ္တာ။ ဒါေပမဲ့ တျခားလူေတြက ပိုက္ဆံေပးတာေတာ့ ရွိခ်င္ ရွိမွာေပါ့။ ကြၽန္ေတာ္ကေတာ့ အဲဒီတစ္ခါသြားၿပီးက တည္းက ေၾကာက္လို႔ အဲဒီလမ္းကိုထပ္မသြား ေတာ့ ဘူး"ဟု စလင္းၿမိဳ႕ခံတစ္ဦးကဆိုသည္။
ယင္းေနာက္ PDF တို႔ ပိုက္ဆံအရသာသိကာ လမ္းေပၚတက္လာခ်ိန္တြင္ ဂိတ္တို႔ပိုမ်ားလာေသာ အခါ ျပည္သူတို႔အေနျဖင့္ စိုးရိမ္မႈမ်ား ပိုမိုတိုးလာ သည္။ ဂိတ္ဖြင့္ၿပီးေငြရွာရာ လမ္းအသုံးျပဳခအတြက္ ဆက္ေၾကးဟုအမည္မခံေသာေၾကာင့္ နာမည္ေျပာင္း လိုက္ပုံက အလႉေငြမည္၏။
ေၾကာက္လန႔္ရွာၾကေလေသာ ျပည္သူတို႔မွာ နည္းသည္ မ်ားသည္မဟူ ေငြေပးျခင္းျဖင့္ လမ္းပိုင္း ကိုအသုံးျပဳၾကရရာ လုံၿခဳံစိတ္ခ်ရမႈမရွိသည့္အတြက္ စလင္း-ဆင္ျဖဴကြၽန္း-ဆိပ္ျဖဴ-ေခ်ာက္-ေညာင္ဦး- ပခုကၠဴ လမ္းပိုင္းကို ေရွာင္စျပဳလာသည္။ သို႔မဟုတ္ ရင္တထိတ္ထိတ္ျဖင့္ ဆက္သုံးၾကရရွာသည္။
" ကြၽန္ေတာ္က ဘုန္းႀကီးကားကို ေမာင္းပို႔ေပး တာ။ ေဘးမွာ ဘုန္းႀကီးလည္းပါတယ္ေနာ္။ စလင္းက သြားေတာ့ PDF က လမ္းမွာ တားစစ္တယ္။ သူတို႔ မျဖတ္ရဘူးဆိုတဲ့အခ်ိန္ ျဖတ္လို႔ေပါ့။ တကယ္က မိနစ္နည္းနည္းေလးပဲစြန္းတာ။ ဘုန္းႀကီးပါတာ ေတာင္မွ ေသနတ္ေတြ ဘာေတြ ေကာက္ေမာင္းတင္ ၿပီး ပစ္မယ့္ခတ္မယ့္ပုံစံလုပ္တာ"ဟု စလင္းၿမိဳ႕ခံ တစ္ဦးက ယင္းလမ္းကိုေရွာင္ရသည့္အေၾကာင္းကို ေျပာျပသည္။
စလင္းမွအစျပဳေသာ ပခုကၠဴအထိ လမ္းပိုင္းတြင္ ျဖတ္သန္းရာတြင္ ေဝးေဝးလံလံမဆိုထားဘိ စလင္း ႏွင့္ဆင္ျဖဴကြၽန္းကဲ့သို႔ (၈) မိုင္သာသာကြာေဝးေသာ လမ္းကိုပင္ ျဖတ္သန္းရန္အတြက္ ျပည္သူမ်ားအၾကား စိုးရိမ္စိတ္ရွိေနသည္။ ယင္းလမ္းတစ္ေလွ်ာက္တြင္ PDF တို႔ရွိေနေလရာ ျပည္သူတို႔မွာ ရင္တထိတ္ထိတ္ ျဖင့္ အရဲစြန႔္သြားရမည္ထက္ လာႏိုင္ေသာေဘးကို ေဝးေဝးကေရွာင္ျခင္းျဖင့္ အလိမၼာသုံးလာၾကသည္။
" စလင္းကေနပခုကၠဴကို ပတ္ၿပီးသြားလိုက္ေတာ့ ရွစ္နာရီနီးပါေလာက္ၾကာသြားတယ္။ လမ္းကၾကာေပ မယ့္ ေဘးကင္းဖို႔ကို ျပည္သူေတြက ေ႐ြးလာၾကတာ ေပါ့။ လမ္းမွာတက္ၿပီး တားတာ ျပဳတာလည္း လုပ္ တတ္ေတာ့ ျပည္သူေတြကေၾကာက္တာ။ အစိုးရတပ္ မဟုတ္ေတာ့ ကိုယ့္ကို ဘာလုပ္မယ္ဆိုတာ မေျပာႏိုင္ ဘူး"ဟု ပခုကၠဴႏွင့္စလင္းၿမိဳ႕အၾကား ကုန္သြယ္၊ ကူး သန္းသြားလာေရးေဆာင္႐ြက္ေနေသာ ကုန္သည္ တစ္ဦးကဆိုသည္။
ပြင့္ျဖဴမွ ပခုကၠဴသို႔သြားရန္ ယခင္လမ္းေဟာင္း အတိုင္းအသုံးျပဳသူမွာ လုံးဝနည္းပါးေနျခင္းေတာ့ မဟုတ္ပါ။ ရွိသည္။ သို႔ေသာ္ စိုးရိမ္စိတ္ျဖင့္ သြားလာ ေနၾကရျခင္းမ်ိဳးျဖစ္ၿပီး လမ္းပိတ္ၿပီဆိုလွ်င္လည္း ေစာင့္ၾကရသည္။ လမ္းဖြင့္လွ်င္လည္း ေစာင့္ရသည္။
" ဥပမာ တစ္ခုခုစစ္လို႔ ကိုယ့္ကိုဖမ္းေခၚသြားရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ စိုးရိမ္စိတ္ရွိတယ္။ အဓိက ကေတာ့ ဥပေဒမရွိတာေပါ့။ သူတို႔မွာ ဥပေဒမရွိေတာ့ ဒလန္ဆိုၿပီးသတ္လိုက္ရင္လည္း ခံရမယ္ေလ။ အဲဒီ ေတာ့ သြားေတာ့သြားတယ္။ ဒါေပမဲ့ သတိထားေပါ့။ ဒီလိုသုံးရတယ္"ဟု ပြင့္ျဖဴေဒသခံတစ္ဦးက ဆိုသည္။
အဆိုပါ လမ္းပိုင္းတစ္ေၾကာက PDF တို႔အေန ျဖင့္ လည္လည္ပတ္ပတ္ရွိသည္ဟုလည္း တစ္ဖက္က ယူဆစရာရွိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ တပ္မ ေတာ္က စစ္ေၾကာင္းထိုးေသာအခါ အူယားဖားယား ဆုတ္ေျပးၿပီး တပ္မေတာ္မရွိသည့္အခ်ိန္တြင္ ျပန္ လည္ဝင္ေရာက္လာျခင္းမ်ိဳးျဖစ္သည္ဟု ေဒသခံ တို႔ကဆိုသည္။
သို႔ေသာ္ မည္သို႔ပင္ျဖစ္ေစကာမူ ေဒသခံတို႔ အၾကား စိုးရိမ္မႈျမင့္တက္ေစေသာ ပြင့္ျဖဴ-ပခုကၠဴ လမ္းပိုင္းကား ေပၚေပါက္ေနၿပီျဖစ္သည္။ လုံးဝမသြား ႏိုင္ေသာလမ္းလည္းမဟုတ္ပါ။ သို႔ေသာ္ သြားလွ်င္ လည္း ျပည္သူတို႔မွာ ရင္တထိတ္ထိတ္ျဖင့္ရွိေနရ သည္။
ယင္းသို႔ ႏွလုံးစိတ္ဝမ္းေအးခ်မ္းဖြယ္ လမ္းအ ျဖစ္မွ ႏွလုံးစိတ္ဝမ္းညႇိဳးႏြမ္းဖြယ္လမ္းအျဖစ္ ေျပာင္း လဲသြားျခင္းမွာ မ်က္လွည့္ျပလိုက္ျခင္းကားမဟုတ္ပါ။ လက္နက္ကိုင္တည္းဟူေသာ သူပုန္တို႔ယူလာခဲ့သည့္ စစ္မီး၏ေနာက္ဆက္တြဲမွ်သာျဖစ္ေၾကာင္း အေျဖ ထြက္ေနမွာ ျငင္းႏိုင္လိမ့္မည္မဟုတ္ေပ။