တိုင်းပြည်နှင့်လူမျိုးကိုစောင့်ရှောက်ဖို့ အမျိုးစစ်ဖို့တော့လိုသည် (အတွေးအမြင် ဆောင်းပါး)

 188

စစ်မုန်း (NP News) - နိုဝင်ဘာလ ၁၃

ရွေးကောက်ပွဲနှင့်နိုင်ငံရေးခေါင်းဆောင်များ
ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံများတွင်ရွေးကောက်ပွဲများကျင်းပကာ နိုင်ငံကိုဦးဆောင်မည့် သူများအား ရွေးချယ်လေ့ရှိတတ်ကြသည်။ မိမိတို့နိုင် ငံ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည်များဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဦးဆောင်မှုပေးနိုင်မည့်ပုဂ္ဂိုလ် များကိုရွေးချယ်ကြခြင်းပင်ဖြစ်သည်။ ထို့အတူ မိမိတို့ နိုင်ငံအား တိုင်းတစ်ပါးမှ ဝင်ရောက်စွက်ဖက်ခြင်း၊ ထိ ပါးခြင်းမရှိစေရန် ဦးဆောင်မှုပေးနိုင်မည့်သူများကို လည်း အလေးထားရွေးချယ်တတ်ကြသည်။ သို့ဖြစ် လေရာ မိမိတို့ရွေးချယ်ပေးလိုက်သည့် နိုင်ငံရေးခေါင်း ဆောင်များသည် အမျိုးသားရေးကိုယ်ခံအားကောင်း သူများဖြစ်ရန်လိုအပ်သည်။ အမျိုးသားရေးကိုယ်ခံ အားကောင်းဖို့ဆိုသည်မှာလည်း အဆိုပါပုဂ္ဂိုလ်များ သည် တိုင်းရင်းသားစစ်စစ်၊ နိုင်ငံသားစစ်စစ် ဖြစ်ရန် လိုအပ်သည်။ ဆိုရလျှင် အမျိုးစစ်မှ အမျိုးကိုချစ်နိုင် ကြမည်ဖြစ်သည်။ "မျိုးစေ့မမှန် ပင်မသန် ဖူးတန်ငုံ ကင်း သီးနှံဖျင်း၏" ဆိုသည့်စကားကိုလည်း သတိ ထားကြရန်လိုသည်။ ဘာသာမျိုးခြား၊ စာစကားနှင့် ယဉ်ကျေးမှုများကိုအထင်ကြီးသောသူများကား အ ဘယ်မှာလျှင် လူမျိုးနှင့်နိုင်ငံကိုချစ်ခင်သူများဖြစ်နိုင် ပါမည်နည်း။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းသည့် ပြည်သူ့လွှတ် တော်ဆိုသည်များကို မြန်မာပြည်သူတို့ဖြတ်သန်းခဲ့ ကြရပြီးဖြစ်သည်။ (၁၉၄၇) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ ဒေ(၁၉၇၄)ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် (၂၀ဝ၈)ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေများက ပြဋ္ဌာန်း သတ်မှတ်ချက်များနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကိုရွေးချယ်နိုင်ခဲ့ကြသည်။ စာရေးသူတို့ အနီးကပ် ဆုံးဖြတ်သန်းခဲ့ရသည်မှာ (၂၀ဝ၈) ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသတ်မှတ်ထားသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများဖြစ်ရာ (၂၀၁၀)၊ (၂၀၁၅)၊ (၂၀၂၀)အထိကျင်းပခဲ့သော ရွေးကောက်ပွဲသုံးကြိမ် တွင် ပြည်သူများ စိတ်တိုင်းကျ ပြည်သူ့ကိုယ်စားလှယ် များကိုရွေးချယ်ပေးနိုင်ခဲ့ကြသည်။ ြွခင်းချက်အားဖြင့် (၂၀၂၀)ပြည့်နှစ်ရွေးကောက်ပွဲတွင်ကား ပြည်သူ့ ကိုယ်စားလှယ်များရွေးချယ်ရာတွင် အစစ်အမှန်ရွေးချယ်နိုင်ခြင်းမရှိခဲ့ကြ။ မဲမသမာမှုများဖြင့် ပြည်သူတို့၏ဆန္ဒကို အလွဲသုံးစားပြုလုပ်ခြင်းခံခဲ့ကြရသည်။ မဲမသ မာမှုများကိုဖြေရှင်းခြင်းမပြုခဲ့သဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ပြည်သူများခံစားနေကြရခြင်း လည်းဖြစ်သည်။ မည်သို့ဆိုပါစေ လက်ရှိတွေ့ကြုံ နေကြရသော နိုင်ငံရေးအကျပ်အတည်းများကိုဖြေ ရှင်းပေးနိုင်မည်လည်းဖြစ်၊ အမျိုးသားရင်ကြားစေ့ရေး အတွက် အရေးကြီးသည်လည်းဖြစ်သော စတုတ္ထအ ကြိမ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်တွင်ကျင်း ပတော့မည်ဖြစ်သည်။
တိုင်းပြည်တွင်ဖြစ်ပေါ်နေသောလုံခြုံရေးအခြေအနေအရ ပထမအဆင့်ရွေးကောက်ပွဲကို ဒီဇင်ဘာလ (၂၈)ရက်နေ့၌ မြို့နယ်(၁၀၂)မြို့နယ်တွင်လည်း ကောင်း၊ (၂၀၂၆) ခုဇန်နဝါရီလတွင်ကျင်းပမည့် ဒုတိ ယအဆင့်ရွေးကောက်ပွဲကို မြို့နယ်(၁၀ဝ)တွင်လည်း ကောင်း ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရ သည်။ စတုတ္တအကြိမ်ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြုင်ကြမည့် နိုင်ငံရေးပါတီပေါင်း (၅၇)ပါတီရှိကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အသီးသီး တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းသူ(၅၀၂၃)ဦးရှိခဲ့ပြီး ၎င်းတို့အနက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေး ကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိ သည့်အတွက်ပယ်ဖျက်ခဲ့ရသည့်ကိုယ်စားလှယ်ပေါင်း (၈၆)ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၏ထုတ်ပြန်ချက်များအရသိရသည်။ စတုတ္ထအ ကြိမ် ပါတီစုံရွေးကောက်ပွဲ၏ထူးခြားချက်မှာ မဲပေးပုံ စနစ်ကွဲပြားလာခြင်းနှင့် နိုင်ငံရေးပါတီများ၏ သွင်ပြင် လက္ခဏာများလည်း ကွဲပြားသည်ကိုတွေ့ရသည်။ ယခင်က နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ခွင့်ရလျှင် မြန်မာနိုင်ငံမဲဆန္ဒနယ်အားလုံးတွင် အကြားအလပ်မရှိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြသော်လည်း ယခုကျင်း ပမည့် စတုတ္ထအကြိမ်ရွေးကောက်ပွဲတွင်မူ မြန်မာနိုင်ငံ မဲဆန္ဒနယ်အားလုံး ပါဝင်ယှဉ်ပြိုင်မည့်ပါတီ၊ တိုင်းဒေ သကြီး၊ ပြည်နယ်များတွင် ရွေးကောက်ပွဲဝင်ရောက် မည့်ပါတီ စသည်အားဖြင့် သီးခြားသတ်မှတ်၍ မှတ်ပုံ တင်ခဲ့ရခြင်းဖြစ်သည်။ ဤသို့သတ်မှတ် မှတ်ပုံတင် ခြင်းပြုခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ (၆)ပါတီရှိပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သီးသန့်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ(၅၁)ပါတီရှိခဲ့ကြောင်းလည်းသိရသည်။ အဆိုပါ ပါတီများအနက် ပါတီ (၆)ခုကသာလျှင် နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်မည့်အစိုးရအဖွဲ့ကိုဖွဲ့စည်းနိုင်မည် ဖြစ်သည်။ ကျန်ရှိနေသော တိုင်းဒေသကြီး/ ပြည် နယ်ကိုယ်စားပြုပါတီများမှာကား မိမိတို့အနိုင်ရလျှင် မိမိတို့သက်ဆိုင်ရာဒေသအစိုးရများကိုသာ ဦးဆောင် ဖွဲ့စည်းနိုင်ကြမည်ဖြစ်သည်။
ပြည်သူများကရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်ထောင်စုလွှတ်တော်နှင့်တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ပြည်သူ့ကိုယ်စားလှယ်များသည် နိုင်ငံတော်ကို စီမံအုပ်ချုပ်သွားမည့် နိုင်ငံတော်သမ္မတ နှင့် အစိုးရအဖွဲ့ကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအဖွဲ့များကို လည်းကောင်း ဖွဲ့စည်းကြရမည်ဖြစ်သည်။ ပြည်သူ့ကိုယ် စားလှယ်ဆိုသူများသည် နိုင်ငံရေးသမားများဖြစ်ကြ သည်။ နိုင်ငံရေးသမားတို့ နိုင်ငံရေးလုပ်သည်မှာ အများအကျိုး၊ ကိုယ့်နိုင်ငံကိုယ့်ပြည်သူလူထု အကျိုး အတွက် ကိုယ့်ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ကိုယ့်ဘာ သာတာဝန်ယူကာလုပ်ကိုင်ကြခြင်းဖြစ်သည်။ ရွေး ကောက်ခံကိုယ်စားလှယ်များသည်နိုင်ငံတော်၏အကျိုးစီးပွားနှင့် ပြည်ထောင်စုအကျိုးစီးပွား မိမိတို့ ဒေသဆိုင်ရာအကျိုးစီးပွားကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားနိုင်ကြမည့်သူများ ဖြစ်ရန်လိုသည်။အကျိုးစီးပွားဆိုရာ၌ ပြည်ထောင်စုမပြိုကွဲရေးကို အ လေးထားသည့်စိတ်ဓာတ်များ ရှိရန်လိုအပ်သည်။သို့ ဖြစ်လေရာ ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည် သူများအနေဖြင့် မိမိတို့ကိုယ်စားပြုသည့်ကိုယ်စား လှယ်များအား အလေးထားစီစစ်ရွေးချယ်ကြရန် တာဝန်ရှိလာသည်။
သတိထားရမည့်

ကိုလိုနီလက်သစ်နိုင်ငံများအန္တရာယ်

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေ ဖြင့် သတ်မှတ်ပိုင်းခြားထားသောနယ်နိမိတ်၊ နိုင်ငံ တွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားလူမျိုးများ၊ အစိုးရနှင့်အချုပ်အခြာအာဏာ စသည့်အင်္ဂါ (၄) ရပ် ရှိကြောင်းသတ်မှတ်ကြသည်။ ကိုလိုနီလက်သစ်ဝါဒီ တို့သည် နိုင်ငံတစ်နိုင်ငံအား ပြိုကွဲအောင်ကြံစည် ဖန် တီးလုပ်ဆောင်ကာ ဩဇာခံနိုင်ငံအဖြစ် ထူထောင်နိုင် ရန် ကြိုးပမ်းလုပ်ဆောင်နေကြသည်။ ဤသို့လုပ် ဆောင်ရာတွင် နိုင်ငံ၏နယ်နိမိတ်ကိုထိပါးခြင်း၊ ကျူး ကျော်ဝင်ရောက်ခြင်း၊ တစ်စိတ်တစ်ဒေသ(သို့မဟုတ်)အစိတ်အပိုင်းတစ်ခုကိုသိမ်းပိုက်ခြေကုပ်ရယူခြင်းနှင့် နယ်နိမိတ်အငြင်းပွားမှုများကိုဖန်တီးခြင်းများနှင့်အတူ နယ်နိမိတ်(သို့မဟုတ်)နယ်စပ်တစ်လျှောက် မတည်မငြိမ်ဖြစ်အောင်၊ တင်းမာမှုများဖြစ်အောင် လုပ်ဆောင်တတ်ကြသည်။ လူများနှင့်ပတ်သက်၍ လည်း နိုင်ငံအတွင်း တိုင်းရင်းသားပြည်သူများအချင်း ချင်း သွေးစည်းညီညွတ်မှုပြိုကွဲအောင်ဖန်တီးပေး ခြင်း၊ လူမျိုးရေးဝါးမျိုခြင်းနည်းလမ်းဖြင့် နိုင်ငံအတွင်း သို့ခိုးဝင်အခြေချခြင်း၊ ဒေသခံတိုင်းရင်းသားများ(အထူးသဖြင့် အမျိုးသမီးငယ်များ)နှင့်လက်ထပ်ထိမ်းမြား ရယူပြီး သွေးရောနှောခြင်းများပြုလုပ်တတ်သည်။ အ ခြားတစ်ဖက်တွင်လည်း တိုင်းရင်းသားလူမျိုးများ အ စဉ်အလာယုံကြည်ကိုးကွယ်လာသည့်ဘာသာတရားများကို ပျောက်ကွယ်အောင်ပြုလုပ်ခြင်း၊ တိုင်းရင်း သားလူမျိုးများ အစဉ်တစိုက်လက်ခံကျင့်သုံးလာသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ပျက်ပြားအောင်ပြု လုပ်ခြင်းဖြင့် ယဉ်ကျေးမှုဝါးမျိုခြင်းများကိုပြုလုပ် တတ်ကြသေးသည်။
ဤလုပ်ရပ်များမှာ ကိုလိုနီလက်သစ်ဝါဒီများ၏မရိုးစင်းသောလုပ်ရပ်များဖြစ်ကြသည်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးယိုယွင်းလာသည့်အခါ၊ အုပ်ချုပ်ရေးယန္တရား ချည့်နဲ့လာသည့်အခါများတွင်ကိုလိုနီလက်သစ်ဝါဒီနိုင်ငံများ၏ နိုင်ငံပြိုကွဲရေးဝင် ရောက်စွက်ဖက်လုပ်ဆောင်တတ်သည့်လုပ်ရပ်များလည်းဖြစ်သည်။ အမှန်အားဖြင့် ကိုလိုနီလက်သစ်နိုင် ငံများသည်အ ချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်အား ပြိုကွဲစေရန် ゞင်းတို့၏အယူဝါဒရေးရာများကိုလက်ခံ ကျင့်သုံးစေရန်ဆောင်ရွက်ရာတွင် စစ်ရေး၊ နိုင်ငံရေး ထိပါးလုပ်ဆောင်ခြင်းမှာ သိသာမြင်သာရှိနိုင်သဖြင့် ထိုနည်းလမ်းများကိုအသုံးချခြင်းနည်းပါးတတ်ပြီး ဘာသာရေး၊ လူမှုရေး၊ အစဉ်အလာကျင့်သုံးနေသည့် ယဉ်ကျေးမှုနယ်ပယ်များအတွင်းသို့ ထိုးဖောက်ဝင် ရောက်ပြီး လူမျိုးရေးစရိုက်လက္ခဏာများပျောက်အောင် လွှမ်းမိုးဝါးမျိုခြင်းပင်ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုကိုဖျက်ဆီး

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်သည် ဗုဒ္ဓဘာသာကို အခြေခံထားပြီး ဟိရိဩတပ္ပတရားဖြင့်ထိန်းချုပ်ထား ခြင်းဖြစ်ရာ လူငယ်များအမြင်တွင် တင်းကြပ်လွန်း သည်ဟုထင်ရတတ်ကြသည်။ သို့ဖြင့် လူငယ်များ သည် လွတ်လပ်ပေါ့ပါးသောဝတ်စားဆင်ဆင်မှု၊ သွား လာလှုပ်ရှားမှုနှင့် လွတ်လပ်စွာနေထိုင်မှုပုံစံများကို လက်ခံကျင့်သုံးလာကြသည်။ အနုပညာနယ်ပယ်တွင် သရုပ်ဆောင်များသည် ဖုံးကွယ်အပ်သည့်အရာများကို မဖုံးကွယ်ဘဲ ပေါ်ပေါ်ထင်ထင်ဝတ်စားဆင်ယင်ကာစင်ပေါ်တက်ရှိုးပြနေသည်များကိုလည်း တွေ့မြင်နေရ သည်။ အဆိုးဆုံးမှာကား မြန်မာ့လူမှုရေးနယ်ပယ်တွင် မည်သို့မျှလက်ခံမရနိုင်သည့် လူပုံအလယ်တွင် ဖက် ယမ်းနမ်းရှုပ်ကြသည့်ပုံစံမျိုးကိုပင် အရှက်အကြောက် ကင်းမဲ့စွာပြုမူကျင့်ကြံလာကြသည်ကိုတွေ့ရသည်။ ရုပ်ရှင်အနုပညာနယ်ပယ်တွင်လည်း ရုပ်ရှင်ဇာတ်ဝင် ခန်းများတွင် နမ်းရှုပ်သည့်သရုပ်ဖော်များကို ထည့် သွင်းဖော်ပြလာသည်သာမက၊ ပြင်ပနယ်ပယ်တွင်ပင် ပေါ်ပေါ်တင်တင်ပင်နမ်းရှုပ်လာကြသည်ကို ရုပ်ရှင် အကယ်ဒမီတက်ပွဲများတွင်တွေ့မြင်ရသည်မှာ မောင် နှင့်နှမ၊ သားနှင့်အမိ မမြင်ဖွယ်ရာပင်ဖြစ်သည်။
(၂၀၁၅-၂၀၂၀)အထိတာဝန်ယူခဲ့သော ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သည့် ြီူ အစိုးရ လက်ထက်တွင်လည်း မြန်မာလူမျိုးတို့၏အမျိုးဘာ သာ၊ သာသနာနှင့် ယဉ်ကျေးမှုတို့ပျောက်ကွယ်စေနိုင် သည့်လုပ်ရပ်များကိုအတောမသတ်လုပ်ဆောင်ခဲ့သည် ကိုတွေ့ရသည်။ မြန်မာတိုင်းရင်းသားတို့၏ဘာသာ ရေးနှင့်ဆက်စပ်နေပြီး မင်္ဂလာအခါသမယဖြစ်သော သင်္ကြန်ပွဲတော်ကို မြန်မာတို့ မူးရူးပျော်ပါးသည့်ပွဲဟုပြောဆိုကာ မကျင်းပနိုင်စေရန်လုပ်ဆောင်ခြင်း၊ ဗုဒ္ဓ ဘာသာဝင်တို့အထွတ်အမြတ်ထားကိုးကွယ်ဆည်းကပ် ရာဘုရားရှင်အား သာမန်လူသားသာဖြစ်ကြောင်းပြော ဆိုစော်ကားခြင်း၊ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားပြီး အမျိုးသမီးများမဝင်ရဆိုသည့်နေရာသို့ဝင် ရောက်ခြင်း၊ ဗုဒ္ဓဘာသာနှင့်အခြားဘာသာဝင်များကို တန်းညှိဆက်ဆံခြင်း၊ မော်လဝီဆရာများအား ခုံတန်း တွင်ထိုင်ခွင့်ပြုပြီး ရှင်သာမဏေအား အောက်တွင်ထိုင် ခိုင်းခြင်း၊ စစ်ကိုင်းကောင်းမှုတော်စေတီရင်ပြင်ပေါ် တွင် မော်လဝီဆရာအား တက်ရောက်ခွင့်ပြုကာ မွတ် စလင်ဘာသာရေးတရားဟောခွင့်ပြုခဲ့ခြင်းများကို တွေ့ ရသည်။ ထို့အတူ မွတ်စလင်များကို ကုလားဟု ခေါ်ခြင်းကိုခွင့်မပြုဘဲ မွတ်စလင်ဘာသာဝင်ကိုးကွယ် သူလူမျိုးများ၊ ရခိုင်ပြည်နယ်တွင်နေထိုင်သူ ရခိုင်တိုင်း ရင်းသားများကိုလည်း ရခိုင်ပြည်နယ်တွင်နေထိုင်သူ ဗုဒ္ဓဘာသာကိုးကွယ်သူများ စသည်ဖြင့်ခေါ်ဝေါ်ရန် ကမ္ဘာသိထုတ်ဖော်ကြေညာခဲ့ခြင်း၊ မြန်မာနိုင်ငံ၏အသက်တမျှအရေးကြီးသော (၂၀ဝ၈) ခုနှစ် နိုင်ငံ သားဥပဒေကိုပြင်ဆင်ရန်ကြိုးပမ်းခဲ့ခြင်း၊ အဆိုပါဥပ ဒေကို လက်တစ်လုံးခြားကျော်လွှားစေသည့် မွေးစား ဥပဒေပြဋ္ဌာန်းခြင်း စသည့် ဘာသာရေးဆိုင်ရာလုပ် ဆောင်ချက်များကို များစွာတွေ့ခဲ့ရသည်။ ယင်းပြင် ဗုဒ္ဓဘုရားရှင်၏ရုပ်ပုံပါ ခန်းဆီးလုပ်ကိုင်စေခဲ့ခြင်းနှင့် မဖွယ်မရာသောဘုရားပုံတော်များကိုရေးဆွဲခဲ့သည် များကိုလည်း NLD အစိုးရ၏လက်ထက်တွင် တွေ့ မြင်ခဲ့ရသည်။
ယဉ်ကျေးမှုပျောက်ကွယ်လျှင် လူမျိုးပါပျောက် သည်ဟုဆိုစကားရှိသည်။ မိမိတို့ကိုးကွယ်သည့် ဘာ သာ၊ ယဉ်ကျေးမှုစတာတွေပျောက်ကွယ်သွားလျှင် မိမိတို့လူမျိုးလည်းကွယ်ပျောက်သွားနိုင်သည်။ ထို့ ကြောင့် မိမိတို့လူမျိုးတို့မကွယ်ပျောက်ရန် အမျိုးသားရေး စိတ်ဓာတ်များ ကိုယ်ခံအားကောင်းရန်လိုအပ်သည်။ လူဦးရေထူထပ်များပြားသည့်နိုင်ငံများ၊ စီးပွားရေးအင် အားတောင့်တင်းသည့်နိုင်ငံများအကြားတွင်ရှိနေ သည့် မိမိတို့မြန်မာနိုင်ငံလို နိုင်ငံငယ်တစ်နိုင်ငံအားကာကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန် အမျိုးဘာ သာ သာသနာနှင့် အမျိုးသားယဉ်ကျေးမှုကို လေးစား တန်ဖိုးထားပြီး စောင့်ထိန်းတတ်ကြသူများရှိနေရန် လိုအပ်သည်။ အထူးသဖြင့် နိုင်ငံခေါင်းဆောင်များအ နေဖြင့် အမျိုးသားရေးစိတ်ဓာတ်အပြည့်အဝရှိပြီး ကိုယ်ခံအားကောင်းသူများဖြစ်ရန်လိုအပ်သည်။

မျိုးစေ့မသန် ပင်မမှန်

ယနေ့မြန်မာနိုင်ငံသည် လူဦးရေထူထပ်များပြား သောနိုင်ငံတစ်ခု၏ နယ်မြေချဲ့ထွင်လိုရေးအန္တရာယ်၊ မြန်မာနိုင်ငံပင်လယ်ရေကြောင်းထွက်ပေါက်တည်ရှိရာကမ်းရိုးတန်းကိုအကြောင်းပြု၍ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံအားအသုံးချရန်လိုအပ်နေသည့်အန္တ ရာယ်၊ အဆိုပါနိုင်ငံကြီး၏လုပ်ဆောင်ချက်ဟူသမျှကို ဖျက်လိုဖျက်ဆီးပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအပေါ် မတည်မငြိမ်ဖြစ်စေရန် အစဉ်သဖြင့်ဆောင်ရွက်ရန်လို နေသည့် နိုင်ငံကြီးတစ်နိုင်ငံ၏အန္တရာယ် စသည်များ ဖြင့်ဝန်းရံနေသည်ကိုတွေ့ရပေမည်။ ထိုထိုသော အန္တရာယ်များကို ကာကွယ်တားဆီးနိုင်ရန် စစ်မှန် သော အမျိုးသားရေးစိတ်ဓာတ်ပြည့်ဝသူများ၊ အမျိုးသားရေးကိုယ်ခံအားကောင်းသူများကို မြန်မာနိုင်ငံအ တွက်အရေးကြီးလိုအပ်နေပေသည်။ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ရာတွင် ပြည် သူလူထု၏အင်အားသည်လည်းကောင်း၊ နိုင်ငံရေး ပါတီများ၏အင်အားသည်လည်းကောင်း အရေးကြီး သည့်အခန်းကဏ္ဍမှပါဝင်နေသည်။
အချုပ်အားဖြင့်ပြောရလျှင် နိုင်ငံတစ်နိုင်ငံ အ ဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲရေးမှာ ဘာသာ၊ သာသနာ ကို ချစ်မြတ်နိုးသောနိုင်ငံသားပြည်သူများ၊ ခေါင်း ဆောင်များ လိုအပ်ပေသည်။ အထူးသဖြင့် အမျိုးစစ် သောနိုင်ငံသား၊ တိုင်းရင်းသားများဖြစ်ရန်လည်းလိုအပ်ပေသည်။ အမျိုးသားကိုယ်ခံအားကောင်းသောသူများ ဖြစ်မဖြစ်ကိုစိစစ်ရန်မှာ အမျိုးသားနိုင်ငံရေး အမြင်ရှိသူ၊ အမျိုးသားများ၏ရန်ကို ကာကွယ်ရေး၊ စည်းရုံးရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့်စည်းရုံးရေးအမြင်ရှိသူ၊ အမျိုးသားကြီးပွားတိုး တက်ရေးနှင့်စည်းရုံးရေးအမြင်ရှိသူဖြစ်ရန်လိုအပ်ပြီး အမျိုးသားစရိုက်လက္ခဏာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ များကို လက်ခံယုံကြည်သူဖြစ်ရန်လိုအပ်ပေသည်။
မကြာမြင့်မီ နိုင်ငံကိုဦးဆောင်မည့်နိုင်ငံကို ခေါင်းဆောင်မည့် နိုင်ငံရေးသမားများကို ရွေး ချယ်ကြရတော့မည်ဖြစ်သည်။ ဤသို့ရွေးချယ်ရာတွင် မျိုးစေ့မသန်၊ ပင်မမှန်၊ ဖူးတံငုံကင်း၊ သီးနှံဖျင်းမဖြစ်ရ လေအောင် အမျိုးစစ်သော အမျိုးကောင်းသားများကို ရွေ ချယ်ပေးနိုင်ကြဖို့လိုအပ်ကြသည်။ အထူးသဖြင့် ကြက်မှာအရိုး လူမှာအမျိုးဟုဆိုသည့်စကားရပ်အ တိုင်း မိမိမတို့ရွေးချယ်ပေးမည့်ပုဂ္ဂိုလ်သည် အမျိုး သန့်မသန့်၊ အမျိုးစစ်မစစ်ကိုလည်း လေ့လာဆန်းစစ် ကာရွေးချယ်ကြရမည်ဖြစ်ကြောင်း ရေးသားတင်ပြရပါ သည်။

Zawgyi Version:
တိုင္းျပည္ႏွင့္လူမ်ိဳးကိုေစာင့္ေရွာက္ဖို႔ အမ်ိဳးစစ္ဖို႔ေတာ့လိုသည္
(အေတြးအျမင္ ေဆာင္းပါး)
စစ္မုန္း (NP News) - ႏိုဝင္ဘာလ ၁၃

ေ႐ြးေကာက္ပြဲႏွင့္ႏိုင္ငံေရးေခါင္းေဆာင္မ်ား
ဒီမိုကေရစီစနစ္ကိုက်င့္သုံးသည့္ႏိုင္ငံမ်ားတြင္ေ႐ြးေကာက္ပြဲမ်ားက်င္းပကာ ႏိုင္ငံကိုဦးေဆာင္မည့္ သူမ်ားအား ေ႐ြးခ်ယ္ေလ့ရွိတတ္ၾကသည္။ မိမိတို႔ႏိုင္ ငံ၏ စီးပြားေရး၊ ပညာေရး၊ လူမႈေရးစသည္မ်ားဖြံ႕ၿဖိဳးတိုး တက္ေစရန္အတြက္ ဦးေဆာင္မႈေပးႏိုင္မည့္ပုဂၢိဳလ္ မ်ားကိုေ႐ြးခ်ယ္ၾကျခင္းပင္ျဖစ္သည္။ ထို႔အတူ မိမိတို႔ ႏိုင္ငံအား တိုင္းတစ္ပါးမွ ဝင္ေရာက္စြက္ဖက္ျခင္း၊ ထိ ပါးျခင္းမရွိေစရန္ ဦးေဆာင္မႈေပးႏိုင္မည့္သူမ်ားကို လည္း အေလးထားေ႐ြးခ်ယ္တတ္ၾကသည္။ သို႔ျဖစ္ ေလရာ မိမိတို႔ေ႐ြးခ်ယ္ေပးလိုက္သည့္ ႏိုင္ငံေရးေခါင္း ေဆာင္မ်ားသည္ အမ်ိဳးသားေရးကိုယ္ခံအားေကာင္း သူမ်ားျဖစ္ရန္လိုအပ္သည္။ အမ်ိဳးသားေရးကိုယ္ခံ အားေကာင္းဖို႔ဆိုသည္မွာလည္း အဆိုပါပုဂၢိဳလ္မ်ား သည္ တိုင္းရင္းသားစစ္စစ္၊ ႏိုင္ငံသားစစ္စစ္ ျဖစ္ရန္ လိုအပ္သည္။ ဆိုရလွ်င္ အမ်ိဳးစစ္မွ အမ်ိဳးကိုခ်စ္ႏိုင္ ၾကမည္ျဖစ္သည္။ "မ်ိဳးေစ့မမွန္ ပင္မသန္ ဖူးတန္ငုံ ကင္း သီးႏွံဖ်င္း၏" ဆိုသည့္စကားကိုလည္း သတိ ထားၾကရန္လိုသည္။ ဘာသာမ်ိဳးျခား၊ စာစကားႏွင့္ ယဥ္ေက်းမႈမ်ားကိုအထင္ႀကီးေသာသူမ်ားကား အ ဘယ္မွာလွ်င္ လူမ်ိဳးႏွင့္ႏိုင္ငံကိုခ်စ္ခင္သူမ်ားျဖစ္ႏိုင္ ပါမည္နည္း။
ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖင့္ဖြဲ႕စည္းသည့္ ျပည္သူ႔လႊတ္ ေတာ္ဆိုသည္မ်ားကို ျမန္မာျပည္သူတို႔ျဖတ္သန္းခဲ့ ၾကရၿပီးျဖစ္သည္။ (၁၉၄၇) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပ ေဒ(၁၉၇၄)ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ (၂၀ဝ၈)ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒမ်ားက ျပ႒ာန္း သတ္မွတ္ခ်က္မ်ားႏွင့္အညီ ျပည္သူ႔ကိုယ္စားလွယ္မ်ားကိုေ႐ြးခ်ယ္ႏိုင္ခဲ့ၾကသည္။ စာေရးသူတို႔ အနီးကပ္ ဆုံးျဖတ္သန္းခဲ့ရသည္မွာ (၂၀ဝ၈) ခုႏွစ္၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရသတ္မွတ္ထားသည့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမ်ားျဖစ္ရာ (၂၀၁၀)၊ (၂၀၁၅)၊ (၂၀၂၀)အထိက်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲသုံးႀကိမ္ တြင္ ျပည္သူမ်ား စိတ္တိုင္းက် ျပည္သူ႔ကိုယ္စားလွယ္ မ်ားကိုေ႐ြးခ်ယ္ေပးႏိုင္ခဲ့ၾကသည္။ ျြခင္းခ်က္အားျဖင့္ (၂၀၂၀)ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ကား ျပည္သူ႔ ကိုယ္စားလွယ္မ်ားေ႐ြးခ်ယ္ရာတြင္ အစစ္အမွန္ေ႐ြးခ်ယ္ႏိုင္ျခင္းမရွိခဲ့ၾက။ မဲမသမာမႈမ်ားျဖင့္ ျပည္သူတို႔၏ဆႏၵကို အလြဲသုံးစားျပဳလုပ္ျခင္းခံခဲ့ၾကရသည္။ မဲမသ မာမႈမ်ားကိုေျဖရွင္းျခင္းမျပဳခဲ့သျဖင့္ လက္ရွိႏိုင္ငံေရး အခင္းအက်င္းကို ျပည္သူမ်ားခံစားေနၾကရျခင္း လည္းျဖစ္သည္။ မည္သို႔ဆိုပါေစ လက္ရွိေတြ႕ႀကဳံ ေနၾကရေသာ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကိုေျဖ ရွင္းေပးႏိုင္မည္လည္းျဖစ္၊ အမ်ိဳးသားရင္ၾကားေစ့ေရး အတြက္ အေရးႀကီးသည္လည္းျဖစ္ေသာ စတုတၳအ ႀကိမ္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမ်ားကို (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၂၈) ရက္ေန႔တြင္ စတင္တြင္က်င္း ပေတာ့မည္ျဖစ္သည္။
တိုင္းျပည္တြင္ျဖစ္ေပၚေနေသာလုံၿခဳံေရးအေျခအေနအရ ပထမအဆင့္ေ႐ြးေကာက္ပြဲကို ဒီဇင္ဘာလ (၂၈)ရက္ေန႔၌ ၿမိဳ႕နယ္(၁၀၂)ၿမိဳ႕နယ္တြင္လည္း ေကာင္း၊ (၂၀၂၆) ခုဇန္နဝါရီလတြင္က်င္းပမည့္ ဒုတိ ယအဆင့္ေ႐ြးေကာက္ပြဲကို ၿမိဳ႕နယ္(၁၀ဝ)တြင္လည္း ေကာင္း က်င္းပသြားမည္ျဖစ္ေၾကာင္းလည္းသိရ သည္။ စတုတၱအႀကိမ္ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ ပြဲတြင္ ဝင္ေရာက္ယွဥ္ျပဳင္ၾကမည့္ ႏိုင္ငံေရးပါတီေပါင္း (၅၇)ပါတီရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္အသီးသီး တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္အမည္စာရင္းတင္သြင္းသူ(၅၀၂၃)ဦးရွိခဲ့ၿပီး ၎တို႔အနက္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြး ေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီၫြတ္မႈမရွိ သည့္အတြက္ပယ္ဖ်က္ခဲ့ရသည့္ကိုယ္စားလွယ္ေပါင္း (၈၆)ဦးရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္ မရွင္၏ထုတ္ျပန္ခ်က္မ်ားအရသိရသည္။ စတုတၳအ ႀကိမ္ ပါတီစုံေ႐ြးေကာက္ပြဲ၏ထူးျခားခ်က္မွာ မဲေပးပုံ စနစ္ကြဲျပားလာျခင္းႏွင့္ ႏိုင္ငံေရးပါတီမ်ား၏ သြင္ျပင္ လကၡဏာမ်ားလည္း ကြဲျပားသည္ကိုေတြ႕ရသည္။ ယခင္က ႏိုင္ငံေရးပါတီမ်ားသည္ မွတ္ပုံတင္ခြင့္ရလွ်င္ ျမန္မာႏိုင္ငံမဲဆႏၵနယ္အားလုံးတြင္ အၾကားအလပ္မရွိ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ၾကေသာ္လည္း ယခုက်င္း ပမည့္ စတုတၳအႀကိမ္ေ႐ြးေကာက္ပြဲတြင္မူ ျမန္မာႏိုင္ငံ မဲဆႏၵနယ္အားလုံး ပါဝင္ယွဥ္ၿပိဳင္မည့္ပါတီ၊ တိုင္းေဒ သႀကီး၊ ျပည္နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲဝင္ေရာက္ မည့္ပါတီ စသည္အားျဖင့္ သီးျခားသတ္မွတ္၍ မွတ္ပုံ တင္ခဲ့ရျခင္းျဖစ္သည္။ ဤသို႔သတ္မွတ္ မွတ္ပုံတင္ ျခင္းျပဳခဲ့ရာ ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီ (၆)ပါတီရွိၿပီး၊ တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ သီးသန႔္ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ပါတီ(၅၁)ပါတီရွိခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါ ပါတီမ်ားအနက္ ပါတီ (၆)ခုကသာလွ်င္ ႏိုင္ငံေတာ္ကို တာဝန္ယူအုပ္ခ်ဳပ္မည့္အစိုးရအဖြဲ႕ကိုဖြဲ႕စည္းႏိုင္မည္ ျဖစ္သည္။ က်န္ရွိေနေသာ တိုင္းေဒသႀကီး/ ျပည္ နယ္ကိုယ္စားျပဳပါတီမ်ားမွာကား မိမိတို႔အႏိုင္ရလွ်င္ မိမိတို႔သက္ဆိုင္ရာေဒသအစိုးရမ်ားကိုသာ ဦးေဆာင္ ဖြဲ႕စည္းႏိုင္ၾကမည္ျဖစ္သည္။
ျပည္သူမ်ားကေ႐ြးခ်ယ္တင္ေျမႇာက္ေပးလိုက္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ႏွင့္တိုင္းေဒသႀကီး ႏွင့္ျပည္နယ္မ်ားမွ ျပည္သူ႔ကိုယ္စားလွယ္မ်ားသည္ ႏိုင္ငံေတာ္ကို စီမံအုပ္ခ်ဳပ္သြားမည့္ ႏိုင္ငံေတာ္သမၼတ ႏွင့္ အစိုးရအဖြဲ႕ကိုလည္းေကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္၊ ျပည္နယ္အစိုးရအဖြဲ႕မ်ားကို လည္းေကာင္း ဖြဲ႕စည္းၾကရမည္ျဖစ္သည္။ ျပည္သူ႔ကိုယ္ စားလွယ္ဆိုသူမ်ားသည္ ႏိုင္ငံေရးသမားမ်ားျဖစ္ၾက သည္။ ႏိုင္ငံေရးသမားတို႔ ႏိုင္ငံေရးလုပ္သည္မွာ အမ်ားအက်ိဳး၊ ကိုယ့္ႏိုင္ငံကိုယ့္ျပည္သူလူထု အက်ိဳး အတြက္ ကိုယ့္ကိုယ္ပိုင္အသိစိတ္ဓာတ္ျဖင့္ ကိုယ့္ဘာ သာတာဝန္ယူကာလုပ္ကိုင္ၾကျခင္းျဖစ္သည္။ ေ႐ြး ေကာက္ခံကိုယ္စားလွယ္မ်ားသည္ႏိုင္ငံေတာ္၏အက်ိဳးစီးပြားႏွင့္ ျပည္ေထာင္စုအက်ိဳးစီးပြား မိမိတို႔ ေဒသဆိုင္ရာအက်ိဳးစီးပြားကိစၥရပ္မ်ားကိုလည္း ေဆာင္႐ြက္သြားႏိုင္ၾကမည့္သူမ်ား ျဖစ္ရန္လိုသည္။အက်ိဳးစီးပြားဆိုရာ၌ ျပည္ေထာင္စုမၿပိဳကြဲေရးကို အ ေလးထားသည့္စိတ္ဓာတ္မ်ား ရွိရန္လိုအပ္သည္။သို႔ ျဖစ္ေလရာ ယခုက်င္းပမည့္ေ႐ြးေကာက္ပြဲတြင္ ျပည္ သူမ်ားအေနျဖင့္ မိမိတို႔ကိုယ္စားျပဳသည့္ကိုယ္စား လွယ္မ်ားအား အေလးထားစီစစ္ေ႐ြးခ်ယ္ၾကရန္ တာဝန္ရွိလာသည္။
သတိထားရမည့္

ကိုလိုနီလက္သစ္ႏိုင္ငံမ်ားအႏၲရာယ္

အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံအေန ျဖင့္ သတ္မွတ္ပိုင္းျခားထားေသာနယ္နိမိတ္၊ ႏိုင္ငံ တြင္း မွီတင္းေနထိုင္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား၊ အစိုးရႏွင့္အခ်ဳပ္အျခာအာဏာ စသည့္အဂၤါ (၄) ရပ္ ရွိေၾကာင္းသတ္မွတ္ၾကသည္။ ကိုလိုနီလက္သစ္ဝါဒီ တို႔သည္ ႏိုင္ငံတစ္ႏိုင္ငံအား ၿပိဳကြဲေအာင္ႀကံစည္ ဖန္ တီးလုပ္ေဆာင္ကာ ဩဇာခံႏိုင္ငံအျဖစ္ ထူေထာင္ႏိုင္ ရန္ ႀကိဳးပမ္းလုပ္ေဆာင္ေနၾကသည္။ ဤသို႔လုပ္ ေဆာင္ရာတြင္ ႏိုင္ငံ၏နယ္နိမိတ္ကိုထိပါးျခင္း၊ က်ဴး ေက်ာ္ဝင္ေရာက္ျခင္း၊ တစ္စိတ္တစ္ေဒသ(သို႔မဟုတ္)အစိတ္အပိုင္းတစ္ခုကိုသိမ္းပိုက္ေျခကုပ္ရယူျခင္းႏွင့္ နယ္နိမိတ္အျငင္းပြားမႈမ်ားကိုဖန္တီးျခင္းမ်ားႏွင့္အတူ နယ္နိမိတ္(သို႔မဟုတ္)နယ္စပ္တစ္ေလွ်ာက္ မတည္မၿငိမ္ျဖစ္ေအာင္၊ တင္းမာမႈမ်ားျဖစ္ေအာင္ လုပ္ေဆာင္တတ္ၾကသည္။ လူမ်ားႏွင့္ပတ္သက္၍ လည္း ႏိုင္ငံအတြင္း တိုင္းရင္းသားျပည္သူမ်ားအခ်င္း ခ်င္း ေသြးစည္းညီၫြတ္မႈၿပိဳကြဲေအာင္ဖန္တီးေပး ျခင္း၊ လူမ်ိဳးေရးဝါးမ်ိဳျခင္းနည္းလမ္းျဖင့္ ႏိုင္ငံအတြင္း သို႔ခိုးဝင္အေျခခ်ျခင္း၊ ေဒသခံတိုင္းရင္းသားမ်ား(အထူးသျဖင့္ အမ်ိဳးသမီးငယ္မ်ား)ႏွင့္လက္ထပ္ထိမ္းျမား ရယူၿပီး ေသြးေရာေႏွာျခင္းမ်ားျပဳလုပ္တတ္သည္။ အ ျခားတစ္ဖက္တြင္လည္း တိုင္းရင္းသားလူမ်ိဳးမ်ား အ စဥ္အလာယုံၾကည္ကိုးကြယ္လာသည့္ဘာသာတရားမ်ားကို ေပ်ာက္ကြယ္ေအာင္ျပဳလုပ္ျခင္း၊ တိုင္းရင္း သားလူမ်ိဳးမ်ား အစဥ္တစိုက္လက္ခံက်င့္သုံးလာသည့္ ႐ိုးရာယဥ္ေက်းမႈဓေလ့ထုံးစံမ်ား ပ်က္ျပားေအာင္ျပဳ လုပ္ျခင္းျဖင့္ ယဥ္ေက်းမႈဝါးမ်ိဳျခင္းမ်ားကိုျပဳလုပ္ တတ္ၾကေသးသည္။
ဤလုပ္ရပ္မ်ားမွာ ကိုလိုနီလက္သစ္ဝါဒီမ်ား၏မ႐ိုးစင္းေသာလုပ္ရပ္မ်ားျဖစ္ၾကသည္။ အထူးသျဖင့္ ႏိုင္ငံတစ္ႏိုင္ငံ၏စီးပြားေရးယိုယြင္းလာသည့္အခါ၊ အုပ္ခ်ဳပ္ေရးယႏၲရား ခ်ည့္နဲ႔လာသည့္အခါမ်ားတြင္ကိုလိုနီလက္သစ္ဝါဒီႏိုင္ငံမ်ား၏ ႏိုင္ငံၿပိဳကြဲေရးဝင္ ေရာက္စြက္ဖက္လုပ္ေဆာင္တတ္သည့္လုပ္ရပ္မ်ားလည္းျဖစ္သည္။ အမွန္အားျဖင့္ ကိုလိုနီလက္သစ္ႏိုင္ ငံမ်ားသည္အ ခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏိုင္အား ၿပိဳကြဲေစရန္ ゞင္းတို႔၏အယူဝါဒေရးရာမ်ားကိုလက္ခံ က်င့္သုံးေစရန္ေဆာင္႐ြက္ရာတြင္ စစ္ေရး၊ ႏိုင္ငံေရး ထိပါးလုပ္ေဆာင္ျခင္းမွာ သိသာျမင္သာရွိႏိုင္သျဖင့္ ထိုနည္းလမ္းမ်ားကိုအသုံးခ်ျခင္းနည္းပါးတတ္ၿပီး ဘာသာေရး၊ လူမႈေရး၊ အစဥ္အလာက်င့္သုံးေနသည့္ ယဥ္ေက်းမႈနယ္ပယ္မ်ားအတြင္းသို႔ ထိုးေဖာက္ဝင္ ေရာက္ၿပီး လူမ်ိဳးေရးစ႐ိုက္လကၡဏာမ်ားေပ်ာက္ေအာင္ လႊမ္းမိုးဝါးမ်ိဳျခင္းပင္ျဖစ္သည္။

ျမန္မာ့ယဥ္ေက်းမႈကိုဖ်က္ဆီး

ျမန္မာ့ယဥ္ေက်းမႈနယ္ပယ္သည္ ဗုဒၶဘာသာကို အေျခခံထားၿပီး ဟိရိဩတပၸတရားျဖင့္ထိန္းခ်ဳပ္ထား ျခင္းျဖစ္ရာ လူငယ္မ်ားအျမင္တြင္ တင္းၾကပ္လြန္း သည္ဟုထင္ရတတ္ၾကသည္။ သို႔ျဖင့္ လူငယ္မ်ား သည္ လြတ္လပ္ေပါ့ပါးေသာဝတ္စားဆင္ဆင္မႈ၊ သြား လာလႈပ္ရွားမႈႏွင့္ လြတ္လပ္စြာေနထိုင္မႈပုံစံမ်ားကို လက္ခံက်င့္သုံးလာၾကသည္။ အႏုပညာနယ္ပယ္တြင္ သ႐ုပ္ေဆာင္မ်ားသည္ ဖုံးကြယ္အပ္သည့္အရာမ်ားကို မဖုံးကြယ္ဘဲ ေပၚေပၚထင္ထင္ဝတ္စားဆင္ယင္ကာစင္ေပၚတက္ရႈိးျပေနသည္မ်ားကိုလည္း ေတြ႕ျမင္ေနရ သည္။ အဆိုးဆုံးမွာကား ျမန္မာ့လူမႈေရးနယ္ပယ္တြင္ မည္သို႔မွ်လက္ခံမရႏိုင္သည့္ လူပုံအလယ္တြင္ ဖက္ ယမ္းနမ္းရႈပ္ၾကသည့္ပုံစံမ်ိဳးကိုပင္ အရွက္အေၾကာက္ ကင္းမဲ့စြာျပဳမူက်င့္ႀကံလာၾကသည္ကိုေတြ႕ရသည္။ ႐ုပ္ရွင္အႏုပညာနယ္ပယ္တြင္လည္း ႐ုပ္ရွင္ဇာတ္ဝင္ ခန္းမ်ားတြင္ နမ္းရႈပ္သည့္သ႐ုပ္ေဖာ္မ်ားကို ထည့္ သြင္းေဖာ္ျပလာသည္သာမက၊ ျပင္ပနယ္ပယ္တြင္ပင္ ေပၚေပၚတင္တင္ပင္နမ္းရႈပ္လာၾကသည္ကို ႐ုပ္ရွင္ အကယ္ဒမီတက္ပြဲမ်ားတြင္ေတြ႕ျမင္ရသည္မွာ ေမာင္ ႏွင့္ႏွမ၊ သားႏွင့္အမိ မျမင္ဖြယ္ရာပင္ျဖစ္သည္။
(၂၀၁၅-၂၀၂၀)အထိတာဝန္ယူခဲ့ေသာ ေဒၚ ေအာင္ဆန္းစုၾကည္ဦးေဆာင္ခဲ့သည့္ ျီူ အစိုးရ လက္ထက္တြင္လည္း ျမန္မာလူမ်ိဳးတို႔၏အမ်ိဳးဘာ သာ၊ သာသနာႏွင့္ ယဥ္ေက်းမႈတို႔ေပ်ာက္ကြယ္ေစႏိုင္ သည့္လုပ္ရပ္မ်ားကိုအေတာမသတ္လုပ္ေဆာင္ခဲ့သည္ ကိုေတြ႕ရသည္။ ျမန္မာတိုင္းရင္းသားတို႔၏ဘာသာ ေရးႏွင့္ဆက္စပ္ေနၿပီး မဂၤလာအခါသမယျဖစ္ေသာ သၾကၤန္ပြဲေတာ္ကို ျမန္မာတို႔ မူး႐ူးေပ်ာ္ပါးသည့္ပြဲဟုေျပာဆိုကာ မက်င္းပႏိုင္ေစရန္လုပ္ေဆာင္ျခင္း၊ ဗုဒၶ ဘာသာဝင္တို႔အထြတ္အျမတ္ထားကိုးကြယ္ဆည္းကပ္ ရာဘုရားရွင္အား သာမန္လူသားသာျဖစ္ေၾကာင္းေျပာ ဆိုေစာ္ကားျခင္း၊ ဗုဒၶဘာသာဝင္တို႔ အထြတ္အျမတ္ ထားၿပီး အမ်ိဳးသမီးမ်ားမဝင္ရဆိုသည့္ေနရာသို႔ဝင္ ေရာက္ျခင္း၊ ဗုဒၶဘာသာႏွင့္အျခားဘာသာဝင္မ်ားကို တန္းညႇိဆက္ဆံျခင္း၊ ေမာ္လဝီဆရာမ်ားအား ခုံတန္း တြင္ထိုင္ခြင့္ျပဳၿပီး ရွင္သာမေဏအား ေအာက္တြင္ထိုင္ ခိုင္းျခင္း၊ စစ္ကိုင္းေကာင္းမႈေတာ္ေစတီရင္ျပင္ေပၚ တြင္ ေမာ္လဝီဆရာအား တက္ေရာက္ခြင့္ျပဳကာ မြတ္ စလင္ဘာသာေရးတရားေဟာခြင့္ျပဳခဲ့ျခင္းမ်ားကို ေတြ႕ ရသည္။ ထို႔အတူ မြတ္စလင္မ်ားကို ကုလားဟု ေခၚျခင္းကိုခြင့္မျပဳဘဲ မြတ္စလင္ဘာသာဝင္ကိုးကြယ္ သူလူမ်ိဳးမ်ား၊ ရခိုင္ျပည္နယ္တြင္ေနထိုင္သူ ရခိုင္တိုင္း ရင္းသားမ်ားကိုလည္း ရခိုင္ျပည္နယ္တြင္ေနထိုင္သူ ဗုဒၶဘာသာကိုးကြယ္သူမ်ား စသည္ျဖင့္ေခၚေဝၚရန္ ကမာၻသိထုတ္ေဖာ္ေၾကညာခဲ့ျခင္း၊ ျမန္မာႏိုင္ငံ၏အသက္တမွ်အေရးႀကီးေသာ (၂၀ဝ၈) ခုႏွစ္ ႏိုင္ငံ သားဥပေဒကိုျပင္ဆင္ရန္ႀကိဳးပမ္းခဲ့ျခင္း၊ အဆိုပါဥပ ေဒကို လက္တစ္လုံးျခားေက်ာ္လႊားေစသည့္ ေမြးစား ဥပေဒျပ႒ာန္းျခင္း စသည့္ ဘာသာေရးဆိုင္ရာလုပ္ ေဆာင္ခ်က္မ်ားကို မ်ားစြာေတြ႕ခဲ့ရသည္။ ယင္းျပင္ ဗုဒၶဘုရားရွင္၏႐ုပ္ပုံပါ ခန္းဆီးလုပ္ကိုင္ေစခဲ့ျခင္းႏွင့္ မဖြယ္မရာေသာဘုရားပုံေတာ္မ်ားကိုေရးဆြဲခဲ့သည္ မ်ားကိုလည္း NLD အစိုးရ၏လက္ထက္တြင္ ေတြ႕ ျမင္ခဲ့ရသည္။
ယဥ္ေက်းမႈေပ်ာက္ကြယ္လွ်င္ လူမ်ိဳးပါေပ်ာက္ သည္ဟုဆိုစကားရွိသည္။ မိမိတို႔ကိုးကြယ္သည့္ ဘာ သာ၊ ယဥ္ေက်းမႈစတာေတြေပ်ာက္ကြယ္သြားလွ်င္ မိမိတို႔လူမ်ိဳးလည္းကြယ္ေပ်ာက္သြားႏိုင္သည္။ ထို႔ ေၾကာင့္ မိမိတို႔လူမ်ိဳးတို႔မကြယ္ေပ်ာက္ရန္ အမ်ိဳးသားေရး စိတ္ဓာတ္မ်ား ကိုယ္ခံအားေကာင္းရန္လိုအပ္သည္။ လူဦးေရထူထပ္မ်ားျပားသည့္ႏိုင္ငံမ်ား၊ စီးပြားေရးအင္ အားေတာင့္တင္းသည့္ႏိုင္ငံမ်ားအၾကားတြင္ရွိေန သည့္ မိမိတို႔ျမန္မာႏိုင္ငံလို ႏိုင္ငံငယ္တစ္ႏိုင္ငံအားကာကာကြယ္ေစာင့္ေရွာက္ထိန္းသိမ္းရန္ အမ်ိဳးဘာ သာ သာသနာႏွင့္ အမ်ိဳးသားယဥ္ေက်းမႈကို ေလးစား တန္ဖိုးထားၿပီး ေစာင့္ထိန္းတတ္ၾကသူမ်ားရွိေနရန္ လိုအပ္သည္။ အထူးသျဖင့္ ႏိုင္ငံေခါင္းေဆာင္မ်ားအ ေနျဖင့္ အမ်ိဳးသားေရးစိတ္ဓာတ္အျပည့္အဝရွိၿပီး ကိုယ္ခံအားေကာင္းသူမ်ားျဖစ္ရန္လိုအပ္သည္။

မ်ိဳးေစ့မသန္ ပင္မမွန္

ယေန႔ျမန္မာႏိုင္ငံသည္ လူဦးေရထူထပ္မ်ားျပား ေသာႏိုင္ငံတစ္ခု၏ နယ္ေျမခ်ဲ႕ထြင္လိုေရးအႏၲရာယ္၊ ျမန္မာႏိုင္ငံပင္လယ္ေရေၾကာင္းထြက္ေပါက္တည္ရွိရာကမ္း႐ိုးတန္းကိုအေၾကာင္းျပဳ၍ ပထဝီႏိုင္ငံေရးအရ ျမန္မာႏိုင္ငံအားအသုံးခ်ရန္လိုအပ္ေနသည့္အႏၲ ရာယ္၊ အဆိုပါႏိုင္ငံႀကီး၏လုပ္ေဆာင္ခ်က္ဟူသမွ်ကို ဖ်က္လိုဖ်က္ဆီးျပဳလုပ္ႏိုင္ရန္ ျမန္မာႏိုင္ငံအေပၚ မတည္မၿငိမ္ျဖစ္ေစရန္ အစဥ္သျဖင့္ေဆာင္႐ြက္ရန္လို ေနသည့္ ႏိုင္ငံႀကီးတစ္ႏိုင္ငံ၏အႏၲရာယ္ စသည္မ်ား ျဖင့္ဝန္းရံေနသည္ကိုေတြ႕ရေပမည္။ ထိုထိုေသာ အႏၲရာယ္မ်ားကို ကာကြယ္တားဆီးႏိုင္ရန္ စစ္မွန္ ေသာ အမ်ိဳးသားေရးစိတ္ဓာတ္ျပည့္ဝသူမ်ား၊ အမ်ိဳးသားေရးကိုယ္ခံအားေကာင္းသူမ်ားကို ျမန္မာႏိုင္ငံအ တြက္အေရးႀကီးလိုအပ္ေနေပသည္။ ႏိုင္ငံေတာ္၏အမ်ိဳးသားအက်ိဳးစီးပြားကိုေဖာ္ေဆာင္ရာတြင္ ျပည္ သူလူထု၏အင္အားသည္လည္းေကာင္း၊ ႏိုင္ငံေရး ပါတီမ်ား၏အင္အားသည္လည္းေကာင္း အေရးႀကီး သည့္အခန္းက႑မွပါဝင္ေနသည္။
အခ်ဳပ္အားျဖင့္ေျပာရလွ်င္ ႏိုင္ငံတစ္ႏိုင္ငံ အ ဓြန႔္ရွည္ၾကာတည္တံ့ခိုင္ၿမဲေရးမွာ ဘာသာ၊ သာသနာ ကို ခ်စ္ျမတ္ႏိုးေသာႏိုင္ငံသားျပည္သူမ်ား၊ ေခါင္း ေဆာင္မ်ား လိုအပ္ေပသည္။ အထူးသျဖင့္ အမ်ိဳးစစ္ ေသာႏိုင္ငံသား၊ တိုင္းရင္းသားမ်ားျဖစ္ရန္လည္းလိုအပ္ေပသည္။ အမ်ိဳးသားကိုယ္ခံအားေကာင္းေသာသူမ်ား ျဖစ္မျဖစ္ကိုစိစစ္ရန္မွာ အမ်ိဳးသားႏိုင္ငံေရး အျမင္ရွိသူ၊ အမ်ိဳးသားမ်ား၏ရန္ကို ကာကြယ္ေရး၊ စည္း႐ုံးေရးအျမင္ရွိသူ၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္း ေရးႏွင့္စည္း႐ုံးေရးအျမင္ရွိသူ၊ အမ်ိဳးသားႀကီးပြားတိုး တက္ေရးႏွင့္စည္း႐ုံးေရးအျမင္ရွိသူျဖစ္ရန္လိုအပ္ၿပီး အမ်ိဳးသားစ႐ိုက္လကၡဏာႏွင့္ ယဥ္ေက်းမႈဓေလ့ထုံးစံ မ်ားကို လက္ခံယုံၾကည္သူျဖစ္ရန္လိုအပ္ေပသည္။
မၾကာျမင့္မီ ႏိုင္ငံကိုဦးေဆာင္မည့္ႏိုင္ငံကို ေခါင္းေဆာင္မည့္ ႏိုင္ငံေရးသမားမ်ားကို ေ႐ြး ခ်ယ္ၾကရေတာ့မည္ျဖစ္သည္။ ဤသို႔ေ႐ြးခ်ယ္ရာတြင္ မ်ိဳးေစ့မသန္၊ ပင္မမွန္၊ ဖူးတံငုံကင္း၊ သီးႏွံဖ်င္းမျဖစ္ရ ေလေအာင္ အမ်ိဳးစစ္ေသာ အမ်ိဳးေကာင္းသားမ်ားကို ေ႐ြ ခ်ယ္ေပးႏိုင္ၾကဖို႔လိုအပ္ၾကသည္။ အထူးသျဖင့္ ၾကက္မွာအ႐ိုး လူမွာအမ်ိဳးဟုဆိုသည့္စကားရပ္အ တိုင္း မိမိမတို႔ေ႐ြးခ်ယ္ေပးမည့္ပုဂၢိဳလ္သည္ အမ်ိဳး သန႔္မသန႔္၊ အမ်ိဳးစစ္မစစ္ကိုလည္း ေလ့လာဆန္းစစ္ ကာေ႐ြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္း ေရးသားတင္ျပရပါ သည္။

Related news

© 2021. All rights reserved.