စစ်ပွဲမျိုးဆက်၊ စစ်ရေးဆိုင်ရာစိန်ခေါ်မှုများနှင့် မြန်မာနိုင်ငံ(၃ )

 87

အောင်နိုင်သူ (ဇွဲကပင်) - နိုဝင်ဘာလ ၁၄

လူမှန်လျှင် အချစ်နှင့်မကင်း၊ သစ်ပင်မှန်လျှင် အမြစ်နှင့်မကင်း၊ နိုင်ငံမှန်လျှင် စစ်နှင့်မကင်း ဟူ သော ဆိုရိုးစကားနှင့်အညီ စာရေးသူတို့နိုင်ငံသည် လည်း စစ်နှင့်ကင်း၍မရသဖြင့် စစ်ရေးစစ်ရာများကို ကောင်းစွာသိရှိနားလည်ထားကြရန်လိုသည်။ စစ် သည် လူသားတို့၏ ဖွားဖက်တော်ဖြစ်သည်။
ထိုနည်းတူ စစ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး နှင့်အတူ ပေါက်ဖွားလာခဲ့သဖြင့် လွတ်လပ်ရေး၏ဖွား ဖက်တော်လည်းဖြစ်နေသည်။ ထိုကြောင့် စစ်နှင့်ကင်း ၍မရသောမြန်မာနိုင်ငံသည်လည်း စစ်ပွဲအကြောင်းကို နှံ့နှံ့စပ်စပ်သိရှိရမည်ဖြစ်သည်။ ထိုသို့ စစ်ပွဲအကြောင်း ကိုသိရှိမှုနှင့်အတူ ခေတ်မီစစ်လက်နက်များ၊ စစ်နည်း ဗျူဟာများကို သိရှိရန်လိုမည်ဖြစ်သည်။
စစ်နည်းဗျူဟာ၊ စစ်ရေးအယူအဆများသည် ခေတ်လိုက်ပြောင်းလဲလျက်ရှိပါသည်။ ဥပမာ စစ်လာ တစ်ထောင် စစ်ခံတစ်ရာ ဆိုသည့် စစ်ရေးအယူအဆ ရှေးအခါကရှိခဲ့ဖူးသည်။ ခံစစ်၏အသာစီးရမှုကို တိုက် စစ်၊ ခံစစ်က (၁၀)ဆ(၁)ဆနှင့်ညီသည်၊ (၁၀)ဆ (၁)ဆနှင့်တိုက်မှရသည်ဟူ၍ ရှေးခေတ်က သတ်မှတ် ခဲ့ကြသည့် စစ်ရေးအယူအဆဖြစ်သည်။
သို့သော် ယခုခေတ်နှင့်မူ မကိုက်ညီတော့ပေ။ရှေးခေတ်ကပေါ်ပေါက်ခဲ့သည့် အဆိုပါစစ်ရေးအယူ အဆတော့ မဆိုပါနှင့်၊ ဒုတိယကမ္ဘာစစ်နှင့်အတူ ပေါ် ပေါက်လာခဲ့သည့် တိုက်စစ် (၃)ဆ၊ ခံစစ် (၁)ဆဖြင့် တိုက်ရသည့် စစ်ရေးအယူအဆပင် ခေတ်နှင့်မလျော် တော့သလိုဖြစ်လာခဲ့သည်ကို (၂၀၂၀)ပြည့်နှစ် စက် တင်ဘာလတွင် နိုဂိုရာ-ကာရာဘက်ဒေသစစ်ပွဲတွင် လည်းကောင်း၊ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့ သော ရုရှား-ယူကရိန်းစစ်ပွဲတွင်လည်းကောင်း မြန် မာနိုင်ငံတွင်လည်း (၂၀၂၃)ခုနှစ် အောက်တိုဘာလ တွင်စတင်ခဲ့သည့် သောင်းကျန်းသူများ၏ (၁၀၂၇) စစ်ဆင်ရေးတွင်လည်းကောင်း အသီးသီးကြုံတွေ့ခဲ့ ကြရပြီးဖြစ်သည်။ မျက်ဝါးထင်ထင်လည်း မြင်တွေ့ခဲ့ကြရပြီးဖြစ်သ လို ဆီးရီးယားနိုင်ငံဆိုလျှင် တူရကီလုပ်ဒရုန်းများ ကြောင့် (၁၁)ရက်တည်းဖြင့် တစ်နိုင်ငံလုံး သိမ်းပိုက်ခံ ခဲ့ရသည့် စစ်ရေးပြောင်းလဲမှု တွေ့လာခဲ့ရပြီးဖြစ်သည်။
ထိုသို့ စစ်ရေးအရ အလျင်အမြန်ပြောင်းလဲမှုနှင့် မောင်းသူမဲ့ဒရုန်းစစ်လက်နက်များ၏ အံ့မခန်းတိုး တက်ပြောင်းလဲလာမှုများကြောင့် စစ်ပွဲသည် ခံစစ် ထက် တိုက်စစ်က ပို၍အားသာလာခဲ့သည်ကို တွေ့ရ သည်။ မောင်းသူမဲ့ဒရုန်းများကြောင့် ခံစစ်သည် ရှောင်မရတိမ်းမရသည့် ပုံသေပစ်မှတ်များဖြစ်လာပြီး တိုက်စစ်သည် အလွန်လျင်မြန်စွာပြောင်းလဲတိုးတက် လာခဲ့သည်။ ဤအခြေအနေကိုထောက်ရှုပြီး ဤ ကာလကို စာရေးသူက ခံစစ်နေဝင်ချိန်နှင့် တိုက်စစ် မွန်းတည့်ချိန်ဟု ဆိုချင်ပါသည်။
ထိုကဲ့သို့ ခံစစ်နှင့်တိုက်စစ် အချိုးမညီ၊ ပြောင်း ပြန်အချိုးကျရောက်နေသည့်တိုက်စစ်၏ အလေးသာ မှုကို လေ့လာကြည့်သည့်အခါ စစ်မက်ရေးရာ တော် လှန်ပြောင်းလဲမှုကြောင့် ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ထို့ကြောင့် စစ်မက်ရေးရာတော်လှန်ပြောင်းလဲမှုကို ဆက်လက်လေ့လာကြည့်ပါမည်။ မောင်းသူမဲ့ဒရုန်း များမပေါ်မီအထိ ကမ္ဘာပေါ်တွင် စစ်မက်ရေးတော် လှန်ပြောင်းလဲမှု (၁၁)ကြိမ်ဖြစ်ပေါ်ခဲ့ပါသည်။
ကမ္ဘာ့စစ်သမိုင်းတစ်လျှောက်တွင် စစ်မက်ရေးရာတော်လှန်ရေး(Revolution in Military Affairs - RMA) (၁၁) ကြိမ်မျှပေါ်ပေါက်ခဲ့ရာ
(၁) ခြေလျင်တော်လှန်ရေး (Infantary Revol- ution) (၁၃ ရာစု နှောင်းပိုင်း)။
(၂) ရွက်လွှင့်ခြင်းနှင့် ရေယာဉ်တင်အမြောက် တော် လှန်ရေး(Sail and Shot Revolution)(၁၄ ရာစု)
(၃) လက်နက်ကြီးတော်လှန်ရေး ( Artillery Revolution ) (၁၅ ရာစု)။
(၄) ခံတပ်တည်ဆောက်မှုတော်လှန်ရေး ( Fortress Revolution ) (၁၆ ရာစု) ။
(၅) ယမ်းမှုန့် တော်လှန်ရေး (gunpowder Revol- ution) (၁၆-၁၇ ရာစု) ။
(၆)နပိုလီယံတော်လှန်ရေး (Napoleonic Revol- ution) (၁၈ ရာစု)။
(၇) ကြည်းတပ် စစ်ဆင်မှုတော်လှန်ရေး (Land Warfare Revolution) (၁၉ ရာစု)
(၈) ရေတပ် နည်းပညာတော်လှန်ရေး (Naval Re-volution) (၁၉-၂၀ ရာစု)။
(၉) စစ်အကြားကာလ (လေကြောင်းနှင့် အီလက်ထ ရောနစ်) တော်လှန်ရေး (Aviation and Electr- onic Warfare Revolution)
(၁၀) အဖျက်စွမ်းအားကြီး လက်နက်၊ ဒုံးပျံ နည်း ပညာ နှင့် အာကာသ နည်းပညာ တော်လှန်ရေး( W MD . Missile Technology and Space Tech- nology Revolution ) (၂၀ ရာစု)။
(၁၁) သတင်းတော်လှန်ရေး (Information Re- volution) (၂၀-၂၁ ရာစု) ဟူ၍ သတ်မှတ်ခဲ့ကြပါ သည်။
ယနေ့အခါတွင် သတင်းတော်လှန်ရေးမှသည် (၁၂)ကြိမ်မြောက် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲ မှုအဖြစ် ဒရုန်းတော်လှန်ရေး (Drone^AI-En- abled Warfare Revolution) (၂၀၂၀ ပြည့်နှစ် နောက်ပိုင်း)ကို ရောက်ရှိလာပြီဟု စစ်ပညာရှင်များ က သတ်မှတ်လာကြပါသည်။
အမှန်စင်စစ် ဒရုန်းတော်လှန်ရေးသည် AI ၏ တစ်စိတ်တစ်ပိုင်း တော်လှန်ရေးသာဖြစ်သော်လည်း စစ်ပွဲများအတွင်း သိသိသာသာပြောင်းလဲလာခဲ့သည့် အကျိုးရလဒ်များကို မြင်တွေ့ခဲ့ရပါသည်။ တစ်ဖက်မှာ လည်း စစ်ပွဲမျိုးဆက်အရ သတ္တမမြောက် နောက်ဆုံး မျိုးဆက်၌ လူသားများနေရာတွင် စက်ရုပ်များဖြင့် အစားထိုးတိုက်ခိုက်သွားမည်ဟု စစ်ပညာရှင်ကြိုတင် ခန့်မှန်းထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ကာလ (၁၂) ကြိမ်မြောက် ဒရုန်းတော်လှန်ရေးကို ကျော်လွန် သွားပြီးသည့်အခါ (၁၃)ကြိမ်မြောက် စစ်မက်ရေးရာ တော်လှန်ရေး ပေါ်ပေါက်လာနိုင်ပါသည်။ ပေါ်ပေါက် လာမည့် စစ်မက်ရေးရာတော်လှန်ရေးသည် လူသား များနေရာတွင် AI စက်ရုပ်များဖြင့် စစ်တိုက်တော့ မည့် AI စစ်စစ် စစ်မက်ရေးရာတော်လှန်ရေး ခေတ် ဆီကို ကူးပြောင်းလာနိုင်သဖြင့် အနာဂတ်စစ်ရေး ကဏ္ဍတွင် AI တော်လှန်ရေးအတွက် စနစ်တကျ ပြင်ဆင်ထားသင့်ပြီဖြစ်ပါသည်။ သို့သော် ထိုကဲ့သို့ ပြောဆိုရန် စောနေသေးပြန်ပါသည်။
အကြောင်းမူကား ယခုလအနည်းငယ်အတွင်း နိုင်ငံကြီးများက တိကျစွာပစ်ခတ်နိုင်သည့် လေဆာ လက်နက်များကို ထုတ်ပြလာခြင်းကြောင့်ဖြစ်ပါသည်။အထူးသဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံသည် နှစ်(၈၀)ပြည့် ဖက်ဆစ်ဆန့်ကျင်ရေး အောင်ပွဲနေ့တွင် လေ ဆာလက်နက်များကို ထုတ်ပြလာခဲ့ရာ Anti-drone “triad” စနစ်ပြပွဲတွင် တရုတ်လွတ်မြောက်ရေးတပ် မတော် (PLA) မှ ကာကွယ်ရေးစွမ်းပကားအဖြစ် “anti-drone triad” စနစ်များသည် drone များ ကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထား သည် လက်နက်များဖြစ်နေသည်ကို တွေ့ရှိရပါသည်။
ထို့အပြင် ယခုအခါ လေဆာလက်နက်များ ပေါ် ပေါက်လာသည့်အကြောင်းသတင်းများကိုလည်း ခပ် စိပ်စိပ်ဖတ်ရှုခွင့်ရသည့်အခါ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်မိသည်။ ကျောချမ်းစရာကောင်းသည် မှာ ပေါ်ပေါက်လာသည့် လေဆာလက်နက် အသစ် အဆန်းများသည် ကိုယ့်အိမ်နီးချင်း တရုတ်နိုင်ငံက အများဆုံး ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။ ဇူလိုင် လတုန်းက ပင်လယ်နီအတွင်းတွင် ပြုလုပ်နေသည့်
ဥရောပသမဂ္ဂ(အီးယူ) စစ်ရေးလှုပ်ရှားမှုတစ်ခုအတွင်း တရုတ်စစ်သင်္ဘောတစ်စင်းက ဂျာမန်လေယာဉ်ကို လေဆာဖြင့် ပစ်မှတ်ချိန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပါသည်။ထို့ကြောင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာ လင်ရှိ တရုတ်သံအမတ်ကို အစိုးရနှင့် လာတွေ့ပြီး ရှင်းလင်းပေးဖို့ တောင်းဆိုခံခဲ့ပါသည်။ အဆိုပါ သတင်းက မြန်မာပြည်အတွက် စိတ်ဝင်တစား စောင့် ကြည့်ရမည့် သတင်းဖြစ်သည်ဟု စာရေးသူက ယူဆ မိပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ပြိုင်ဘက် မဟုတ်သည့် အိမ်နီးချင်းကောင်းနိုင်ငံတစ် နိုင်ငံဖြစ်ပါသည်။ သို့သော် အမျိုးသားလုံခြုံရေး ရှု ထောင့်က ကြည့်သည့်အခါ မြန်မာနိုင်ငံ၏ ပြည်တွင်း
လက်နက်ကိုင် ပဋိပက္ခများကြောင့် တရုတ်လက်နက် အသစ်အဆန်းများကို သောင်းကျန်းသူများက စမ်း သပ်ခွင့်ရခဲ့သည်ကို (၁၀၂၇) မှာရော ရှေ့မှာပါ ကြုံခဲ့ ပြီးဖြစ်ပါသည်။ ထို့ကြောင့်လည်း တရုတ်လက်နက် အသစ်အဆန်းစောင့်ကြည့်ရေးဌာနတစ်ခု ဖွင့်လှစ် သင့်ပြီဖြစ်ကြောင်း (၁၀၂၇) နှင့်အတူ စာရေးသူ ဆောင်းပါးတစ်ပုဒ် ရေးပြီး တင်ပြခဲ့ဖူးပါသည်။
ရှမ်းမြောက်ဒေသ တရုတ်-မြန်မာ နယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံအရ ပြောရလျှင် တရုတ်လက်နက်အသစ်အဆန်းများ မြန် မာပြည်ထဲကို နည်းလမ်းနှစ်မျိုးနှင့် ရောက်လာတတ် သည်ကို တွေ့ရသည်။ ပထမတစ်မျိုး လက်နက်သစ် များ၏ စွမ်းပကားနှင့် စစ်ရေးအသာစီးရလိုသော သူပုန်များက အသုံးပြုတိုက်သည့်နည်းဖြင့် ရောက်ရှိ လာခြင်း ဖြစ်ပါသည်။
နောက်ထပ် ဒုတိယ တစ်မျိုးကတော့ လက်နက် နည်းပညာ ယိုဖိတ်သည့်နည်းနှင့် ရောက်လေ့ရှိပါ သည်။ လက်နက်နည်းပညာ ယိုဖိတ်ခြင်းဆိုသည်မှာ မှောင်ခို လမ်းကြောင်းကနေ မသမာသူများက သက် ဆိုင်ရာ အာဏာပိုင်များမသိဘဲ သောင်းကျန်းသူများ၊ လက်နက်ပွဲစားများထံ ခိုးရောင်းကြရာကတစ်ဆင့် ရောက်ရှိလာသည်ကို ဆိုလိုချင်းဖြစ်ပါသည်။ ဤကဲ့ သို့ တရုတ်လက်နက်အသစ်အဆန်းများ တရားမဝင် ရောက်ရှိလာမှုသည် တရုတ်နိုင်ငံအစိုးရနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ တရုတ်၊ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကို ထိခိုက်ဖျက်ဆီးနေကြသည့် ဝိသမာလောဘသား များ၏ လက်ချက်သာဖြစ်ပါသည်။
စာရေးသူသည် တလောက AI နည်းပညာ စာတမ်းတစ်စောင်ပြုစုတင်ပြခဲ့ဖူးပါသည်။ AI စာတမ်းမှာ အနာဂတ်အလားအလာနှင့် ပတ်သက်ပြီး ဤကာ လတွင် စစ်ရေးကဏ္ဍ မှာ (၁၂) ကြိမ်မြောက် စစ်မက် ရေးရာ တော်လှန်ပြောင်းလဲမှုအဖြစ် AI နည်းပညာ ကို အခြေခံထားသည့် ဒရုန်းနည်းပညာတော်လှန် ရေးနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ လာမည့် (၁၃) ကြိမ်မြောက် စစ်မက်ရေးရာတော်လှန်ရေးကျရင် လူ နေရာတွင် စက်ရုပ်များနှင့် စစ်တိုက်ကြမည့် AI စစ်စစ်တော်လှန်ရေးကို ရောက်လာတော့မည်ဖြစ်၍ မြန်မာ့တပ်မတော် အနေနှင့် AI စစ်စစ်တော်လှန်ရေးအတွက် ပြင်ဆင်ထားသင့်ပြီဖြစ်ကြောင်း တင်ပြခဲ့ဖူးပါ သည်။
ယခုအခါ လေဆာလက်နက်များကြောင့် စာ ရေးသူ၏အဆိုပါ စစ်ရေးအယူအဆကို နောက်တစ် ဆင့် ဆုတ်ရတော့မလိုဖြစ်နေပါပြီ။ အကြောင်းက တော့ ပညာရှင်တစ်ယောက်က ဒရုန်းခေတ်ပြီးရင် လေဆာခေတ်ရောက်လာမည်ဆိုပြီး ထုတ်ပြောလာ သလို လေဆာလက်နက်တော်လှန်ရေးပြီးမှ AI စစ် စစ်၊ AI မျိုးဆက်မြင့် တော်လှန်ရေးတွင် စက်ရုံများ က စစ်ပွဲများတွင် အရေးပါလာတော့မည်ဟု သုံးသပ် မိပါသည်။ ထို့ကြောင့် အနီးကပ်ဆုံး (၁၃) ကြိမ် မြောက် စစ်မက်ရေးရာတော်လှန်ပြောင်းလဲမှုက လေ ဆာလက်နက်တော်လှန်ရေး ပေါ်ပေါက်လာနိုပါသည်။
ထိုနည်းတူ (၁၄) ကြိမ်မြောက် စစ်မက်ရေးရာ တော်လှန်ပြောင်းမှုကမူ တိုက်ခိုက်ရေး သက်ရှိစစ်သား များနေရာတွင်စက်ရုံများဖြင့် အစားထိုးတိုက်ခိုက်ကြ မည့် အဆင့်မြင့် AI နည်းပညာတော်လှန်ရေး ပေါ် ပေါက်လာနိုင်သည်ဟုခန့်မှန်းသုံးသပ်မိပါသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ရေးကဏ္ဍတွင် နောက် ကျကျန်ရစ်မှုမဖြစ်စေရန် အတိတ်ကာလစစ်ပွဲများ တွင်ရရှိခဲ့သည့်အတွေ့ကြုံများကို သင်ခန်းစာယူဖို့ လို သလို အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲမျိုး ဆက်များနှင့် စစ်မက်ရေးရာတော်လှန်ပြောင်းလဲမှု များကို ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ထားဖို့လိုပါ သည်။ အတိတ်ကို ပြန်ကြည့်လျှင် မြန်မာ့မြေတွင် စစ် ပွဲမျိုးဆက် ပြောင်းလဲမှုဒဏ်ကို အလူးအလိမ့်ခံခဲ့ရ သည့် (၂)ကြိမ်ကြုံခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် ကြုံ ခဲ့ရသည်က နယ်ချဲ့အင်္ဂလိပ်ခေတ်က ဂျပန်တို့ကို မယှဉ်နိုင်၍ (၆) လလောက်ပဲ ခံခဲ့သည်။ (၆) လ အတွင်း မြန်မာတစ်ပြည်လုံးကိုအမှတ် (၁) မြန်မာ တပ်မကြီး၏ တပ်မမှူးဗိုလ်ချုပ်ကြီး ဆာဝီလီယံစလင်း နှင့်မြန်မာပြည် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး အလဇန္ဒားတို့ အိန္ဒိယကို ခွာစစ်ဆင်ခဲ့ရပါသည်။ နောက်တစ်ကြိမ် စစ်ပွဲမျိုးဆက်ပြောင်းလဲမှုကတော့ ရန်သူ၏ (၁၀၂၇) စစ်ဆင်ရေးနှင့်အတူ ပေါ်လာခဲ့ သည်ကို စာရေးသူတို့အားလုံး နဖူးတွေ့၊ ဒူးတွေ့ ကြုံ ခဲ့ကြပြီဖြစ်ပါသည်။ စစ်ပွဲမျိုးဆက်အရလည်း စတုတ္ထု မျိုးဆက်ကနေ ပဉ္စမမျိုးဆက်ကို ကူးပြောင်းချိန်ခါ ဖြစ်သလို စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှုအရ လည်း သတင်းတော်လှန်ရေးကနေ ဒရုန်းတော်လှန် ရေးကိုကူးပြောင်းချိန်ဖြစ်ခဲ့၍တော်တော်လေးကို ခါးခါးသီးသီးကြုံခဲ့ကြရပါသည်။
ယနေ့ကာလတွင်မူ အဆိုပါအခြေအနေကို ပြန် လည်ကုစားပြင်ဆင်နိုင်ခဲ့သဖြင့် စစ်ရေးရလဒ် ပြန် လည် ဦးမော့လာခဲ့ပြီးဖြစ်ပါသည်။ ဤအခြေအနေကို ဆက်လက်ကောင်းမွန်သထက်ကောင်းမွန်အောင် ထိန်းထားဖို့လိုသလို အနာဂတ်တွင်လည်း စစ်ရေးအရ စိန်ခေါ်မှုများက ဆီးကြိုးနေအုံးမည်ကိုလည်း သတိ ပြုပြင်ဆင်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာ နိုင်သည့်စစ်ပွဲမျိုးဆက်များ၊ စစ်မက်ရေးရာ တော်လှန် ပြောင်းလဲမှုများ၏စိန်ခေါ်မှုများကျော်လွှားနိုင်ရေးအ တွက် အနာဂတ်အမြင်ကိုလက်တွေ့အမြင်ဖြင့် ပြောင်း လာနိုင်ရေး ပြင်ဆင်ထားကြရမည်ဖြစ်ပါသည်။ သို့မှ သာ မိမိတို့ချစ်မြတ်နိုးလှသည့် အမိမြန်မာနိုင်ငံကို စွမ်းအားပြည့် ကာကွယ်နိုင်မည်ဖြစ်ကြောင်း အကြံပြု လိုက်ရပါသည်။

စာကိုး

ရဲကျော်၏ မျက်မှောက်ခေတ်စစ်ပွဲများနှင့် ဒရုန်းများ၏ အခန်းကဏ္ဍ
စိုးညွန့်၏ ဒရုန်းစစ်ပွဲ
မောင်အောင်မျိုး၏ မျက်မှောက်ခေတ် စစ်မက်ရေးရာ အယူအဆများ

Zawgyi Version:
စစ္ပြဲမ်ိဳးဆက္၊ စစ္ေရးဆိုင္ရာစိန္ေခၚမႈမ်ားႏွင့္ ျမန္မာႏိုင္ငံ(၃ )
ေအာင္ႏိုင္သူ (ဇြဲကပင္) - ႏိုဝင္ဘာလ ၁၄

လူမွန္လွ်င္ အခ်စ္ႏွင့္မကင္း၊ သစ္ပင္မွန္လွ်င္ အျမစ္ႏွင့္မကင္း၊ ႏိုင္ငံမွန္လွ်င္ စစ္ႏွင့္မကင္း ဟူ ေသာ ဆို႐ိုးစကားႏွင့္အညီ စာေရးသူတို႔ႏိုင္ငံသည္ လည္း စစ္ႏွင့္ကင္း၍မရသျဖင့္ စစ္ေရးစစ္ရာမ်ားကို ေကာင္းစြာသိရွိနားလည္ထားၾကရန္လိုသည္။ စစ္ သည္ လူသားတို႔၏ ဖြားဖက္ေတာ္ျဖစ္သည္။
ထိုနည္းတူ စစ္သည္ ျမန္မာႏိုင္ငံလြတ္လပ္ေရး ႏွင့္အတူ ေပါက္ဖြားလာခဲ့သျဖင့္ လြတ္လပ္ေရး၏ဖြား ဖက္ေတာ္လည္းျဖစ္ေနသည္။ ထိုေၾကာင့္ စစ္ႏွင့္ကင္း ၍မရေသာျမန္မာႏိုင္ငံသည္လည္း စစ္ပြဲအေၾကာင္းကို ႏွံ႔ႏွံ႔စပ္စပ္သိရွိရမည္ျဖစ္သည္။ ထိုသို႔ စစ္ပြဲအေၾကာင္း ကိုသိရွိမႈႏွင့္အတူ ေခတ္မီစစ္လက္နက္မ်ား၊ စစ္နည္း ဗ်ဴဟာမ်ားကို သိရွိရန္လိုမည္ျဖစ္သည္။
စစ္နည္းဗ်ဴဟာ၊ စစ္ေရးအယူအဆမ်ားသည္ ေခတ္လိုက္ေျပာင္းလဲလ်က္ရွိပါသည္။ ဥပမာ စစ္လာ တစ္ေထာင္ စစ္ခံတစ္ရာ ဆိုသည့္ စစ္ေရးအယူအဆ ေရွးအခါကရွိခဲ့ဖူးသည္။ ခံစစ္၏အသာစီးရမႈကို တိုက္ စစ္၊ ခံစစ္က (၁၀)ဆ(၁)ဆႏွင့္ညီသည္၊ (၁၀)ဆ (၁)ဆႏွင့္တိုက္မွရသည္ဟူ၍ ေရွးေခတ္က သတ္မွတ္ ခဲ့ၾကသည့္ စစ္ေရးအယူအဆျဖစ္သည္။
သို႔ေသာ္ ယခုေခတ္ႏွင့္မူ မကိုက္ညီေတာ့ေပ။ေရွးေခတ္ကေပၚေပါက္ခဲ့သည့္ အဆိုပါစစ္ေရးအယူ အဆေတာ့ မဆိုပါႏွင့္၊ ဒုတိယကမာၻစစ္ႏွင့္အတူ ေပၚ ေပါက္လာခဲ့သည့္ တိုက္စစ္ (၃)ဆ၊ ခံစစ္ (၁)ဆျဖင့္ တိုက္ရသည့္ စစ္ေရးအယူအဆပင္ ေခတ္ႏွင့္မေလ်ာ္ ေတာ့သလိုျဖစ္လာခဲ့သည္ကို (၂၀၂၀)ျပည့္ႏွစ္ စက္ တင္ဘာလတြင္ ႏိုဂိုရာ-ကာရာဘက္ေဒသစစ္ပြဲတြင္ လည္းေကာင္း၊ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ခဲ့ ေသာ ႐ုရွား-ယူကရိန္းစစ္ပြဲတြင္လည္းေကာင္း ျမန္ မာႏိုင္ငံတြင္လည္း (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ တြင္စတင္ခဲ့သည့္ ေသာင္းက်န္းသူမ်ား၏ (၁၀၂၇) စစ္ဆင္ေရးတြင္လည္းေကာင္း အသီးသီးႀကဳံေတြ႕ခဲ့ ၾကရၿပီးျဖစ္သည္။ မ်က္ဝါးထင္ထင္လည္း ျမင္ေတြ႕ခဲ့ၾကရၿပီးျဖစ္သ လို ဆီးရီးယားႏိုင္ငံဆိုလွ်င္ တူရကီလုပ္ဒ႐ုန္းမ်ား ေၾကာင့္ (၁၁)ရက္တည္းျဖင့္ တစ္ႏိုင္ငံလုံး သိမ္းပိုက္ခံ ခဲ့ရသည့္ စစ္ေရးေျပာင္းလဲမႈ ေတြ႕လာခဲ့ရၿပီးျဖစ္သည္။
ထိုသို႔ စစ္ေရးအရ အလ်င္အျမန္ေျပာင္းလဲမႈႏွင့္ ေမာင္းသူမဲ့ဒ႐ုန္းစစ္လက္နက္မ်ား၏ အံ့မခန္းတိုး တက္ေျပာင္းလဲလာမႈမ်ားေၾကာင့္ စစ္ပြဲသည္ ခံစစ္ ထက္ တိုက္စစ္က ပို၍အားသာလာခဲ့သည္ကို ေတြ႕ရ သည္။ ေမာင္းသူမဲ့ဒ႐ုန္းမ်ားေၾကာင့္ ခံစစ္သည္ ေရွာင္မရတိမ္းမရသည့္ ပုံေသပစ္မွတ္မ်ားျဖစ္လာၿပီး တိုက္စစ္သည္ အလြန္လ်င္ျမန္စြာေျပာင္းလဲတိုးတက္ လာခဲ့သည္။ ဤအေျခအေနကိုေထာက္ရႈၿပီး ဤ ကာလကို စာေရးသူက ခံစစ္ေနဝင္ခ်ိန္ႏွင့္ တိုက္စစ္ မြန္းတည့္ခ်ိန္ဟု ဆိုခ်င္ပါသည္။
ထိုကဲ့သို႔ ခံစစ္ႏွင့္တိုက္စစ္ အခ်ိဳးမညီ၊ ေျပာင္း ျပန္အခ်ိဳးက်ေရာက္ေနသည့္တိုက္စစ္၏ အေလးသာ မႈကို ေလ့လာၾကည့္သည့္အခါ စစ္မက္ေရးရာ ေတာ္ လွန္ေျပာင္းလဲမႈေၾကာင့္ ျဖစ္သည္ကို ေတြ႕ရွိခဲ့ရသည္။ထို႔ေၾကာင့္ စစ္မက္ေရးရာေတာ္လွန္ေျပာင္းလဲမႈကို ဆက္လက္ေလ့လာၾကည့္ပါမည္။ ေမာင္းသူမဲ့ဒ႐ုန္း မ်ားမေပၚမီအထိ ကမာၻေပၚတြင္ စစ္မက္ေရးေတာ္ လွန္ေျပာင္းလဲမႈ (၁၁)ႀကိမ္ျဖစ္ေပၚခဲ့ပါသည္။
ကမာၻ႔စစ္သမိုင္းတစ္ေလွ်ာက္တြင္ စစ္မက္ေရးရာေတာ္လွန္ေရး(Revolution in Military Affairs - RMA) (၁၁) ႀကိမ္မွ်ေပၚေပါက္ခဲ့ရာ
(၁) ေျခလ်င္ေတာ္လွန္ေရး (Infantary Revol- ution) (၁၃ ရာစု ေႏွာင္းပိုင္း)။
(၂) ႐ြက္လႊင့္ျခင္းႏွင့္ ေရယာဥ္တင္အေျမာက္ ေတာ္ လွန္ေရး(Sail and Shot Revolution)(၁၄ ရာစု)
(၃) လက္နက္ႀကီးေတာ္လွန္ေရး ( Artillery Revolution ) (၁၅ ရာစု)။
(၄) ခံတပ္တည္ေဆာက္မႈေတာ္လွန္ေရး ( Fortress Revolution ) (၁၆ ရာစု) ။
(၅) ယမ္းမႈန႔္ ေတာ္လွန္ေရး (gunpowder Revol- ution) (၁၆-၁၇ ရာစု) ။
(၆)နပိုလီယံေတာ္လွန္ေရး (Napoleonic Revol- ution) (၁၈ ရာစု)။
(၇) ၾကည္းတပ္ စစ္ဆင္မႈေတာ္လွန္ေရး (Land Warfare Revolution) (၁၉ ရာစု)
(၈) ေရတပ္ နည္းပညာေတာ္လွန္ေရး (Naval Re-volution) (၁၉-၂၀ ရာစု)။
(၉) စစ္အၾကားကာလ (ေလေၾကာင္းႏွင့္ အီလက္ထ ေရာနစ္) ေတာ္လွန္ေရး (Aviation and Electr- onic Warfare Revolution)
(၁၀) အဖ်က္စြမ္းအားႀကီး လက္နက္၊ ဒုံးပ်ံ နည္း ပညာ ႏွင့္ အာကာသ နည္းပညာ ေတာ္လွန္ေရး( W MD . Missile Technology and Space Tech- nology Revolution ) (၂၀ ရာစု)။
(၁၁) သတင္းေတာ္လွန္ေရး (Information Re- volution) (၂၀-၂၁ ရာစု) ဟူ၍ သတ္မွတ္ခဲ့ၾကပါ သည္။
ယေန႔အခါတြင္ သတင္းေတာ္လွန္ေရးမွသည္ (၁၂)ႀကိမ္ေျမာက္ စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲ မႈအျဖစ္ ဒ႐ုန္းေတာ္လွန္ေရး (Drone^AI-En- abled Warfare Revolution) (၂၀၂၀ ျပည့္ႏွစ္ ေနာက္ပိုင္း)ကို ေရာက္ရွိလာၿပီဟု စစ္ပညာရွင္မ်ား က သတ္မွတ္လာၾကပါသည္။
အမွန္စင္စစ္ ဒ႐ုန္းေတာ္လွန္ေရးသည္ AI ၏ တစ္စိတ္တစ္ပိုင္း ေတာ္လွန္ေရးသာျဖစ္ေသာ္လည္း စစ္ပြဲမ်ားအတြင္း သိသိသာသာေျပာင္းလဲလာခဲ့သည့္ အက်ိဳးရလဒ္မ်ားကို ျမင္ေတြ႕ခဲ့ရပါသည္။ တစ္ဖက္မွာ လည္း စစ္ပြဲမ်ိဳးဆက္အရ သတၱမေျမာက္ ေနာက္ဆုံး မ်ိဳးဆက္၌ လူသားမ်ားေနရာတြင္ စက္႐ုပ္မ်ားျဖင့္ အစားထိုးတိုက္ခိုက္သြားမည္ဟု စစ္ပညာရွင္ႀကိဳတင္ ခန႔္မွန္းထားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ ယေန႔ကာလ (၁၂) ႀကိမ္ေျမာက္ ဒ႐ုန္းေတာ္လွန္ေရးကို ေက်ာ္လြန္ သြားၿပီးသည့္အခါ (၁၃)ႀကိမ္ေျမာက္ စစ္မက္ေရးရာ ေတာ္လွန္ေရး ေပၚေပါက္လာႏိုင္ပါသည္။ ေပၚေပါက္ လာမည့္ စစ္မက္ေရးရာေတာ္လွန္ေရးသည္ လူသား မ်ားေနရာတြင္ AI စက္႐ုပ္မ်ားျဖင့္ စစ္တိုက္ေတာ့ မည့္ AI စစ္စစ္ စစ္မက္ေရးရာေတာ္လွန္ေရး ေခတ္ ဆီကို ကူးေျပာင္းလာႏိုင္သျဖင့္ အနာဂတ္စစ္ေရး က႑တြင္ AI ေတာ္လွန္ေရးအတြက္ စနစ္တက် ျပင္ဆင္ထားသင့္ၿပီျဖစ္ပါသည္။ သို႔ေသာ္ ထိုကဲ့သို႔ ေျပာဆိုရန္ ေစာေနေသးျပန္ပါသည္။
အေၾကာင္းမူကား ယခုလအနည္းငယ္အတြင္း ႏိုင္ငံႀကီးမ်ားက တိက်စြာပစ္ခတ္ႏိုင္သည့္ ေလဆာ လက္နက္မ်ားကို ထုတ္ျပလာျခင္းေၾကာင့္ျဖစ္ပါသည္။အထူးသျဖင့္ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံသည္ ႏွစ္(၈၀)ျပည့္ ဖက္ဆစ္ဆန႔္က်င္ေရး ေအာင္ပြဲေန႔တြင္ ေလ ဆာလက္နက္မ်ားကို ထုတ္ျပလာခဲ့ရာ Anti-drone “triad” စနစ္ျပပြဲတြင္ တ႐ုတ္လြတ္ေျမာက္ေရးတပ္ မေတာ္ (PLA) မွ ကာကြယ္ေရးစြမ္းပကားအျဖစ္ “anti-drone triad” စနစ္မ်ားသည္ drone မ်ား ကို ကာကြယ္တားဆီးႏိုင္ရန္ ရည္႐ြယ္ထုတ္လုပ္ထား သည္ လက္နက္မ်ားျဖစ္ေနသည္ကို ေတြ႕ရွိရပါသည္။
ထို႔အျပင္ ယခုအခါ ေလဆာလက္နက္မ်ား ေပၚ ေပါက္လာသည့္အေၾကာင္းသတင္းမ်ားကိုလည္း ခပ္ စိပ္စိပ္ဖတ္ရႈခြင့္ရသည့္အခါ ျမန္မာႏိုင္ငံအတြက္ စိုးရိမ္စရာ ျဖစ္မိသည္။ ေက်ာခ်မ္းစရာေကာင္းသည္ မွာ ေပၚေပါက္လာသည့္ ေလဆာလက္နက္ အသစ္ အဆန္းမ်ားသည္ ကိုယ့္အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံက အမ်ားဆုံး ျဖစ္ေနျခင္းေၾကာင့္ ျဖစ္ပါသည္။ ဇူလိုင္ လတုန္းက ပင္လယ္နီအတြင္းတြင္ ျပဳလုပ္ေနသည့္
ဥေရာပသမဂၢ(အီးယူ) စစ္ေရးလႈပ္ရွားမႈတစ္ခုအတြင္း တ႐ုတ္စစ္သေဘၤာတစ္စင္းက ဂ်ာမန္ေလယာဥ္ကို ေလဆာျဖင့္ ပစ္မွတ္ခ်ိန္ခဲ့သည္ဟု စြပ္စြဲခံခဲ့ရပါသည္။ထို႔ေၾကာင့္ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဘာ လင္ရွိ တ႐ုတ္သံအမတ္ကို အစိုးရႏွင့္ လာေတြ႕ၿပီး ရွင္းလင္းေပးဖို႔ ေတာင္းဆိုခံခဲ့ပါသည္။ အဆိုပါ သတင္းက ျမန္မာျပည္အတြက္ စိတ္ဝင္တစား ေစာင့္ ၾကည့္ရမည့္ သတင္းျဖစ္သည္ဟု စာေရးသူက ယူဆ မိပါသည္။ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအတြက္ ၿပိဳင္ဘက္ မဟုတ္သည့္ အိမ္နီးခ်င္းေကာင္းႏိုင္ငံတစ္ ႏိုင္ငံျဖစ္ပါသည္။ သို႔ေသာ္ အမ်ိဳးသားလုံၿခဳံေရး ရႈ ေထာင့္က ၾကည့္သည့္အခါ ျမန္မာႏိုင္ငံ၏ ျပည္တြင္း
လက္နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ တ႐ုတ္လက္နက္ အသစ္အဆန္းမ်ားကို ေသာင္းက်န္းသူမ်ားက စမ္း သပ္ခြင့္ရခဲ့သည္ကို (၁၀၂၇) မွာေရာ ေရွ႕မွာပါ ႀကဳံခဲ့ ၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္လည္း တ႐ုတ္လက္နက္ အသစ္အဆန္းေစာင့္ၾကည့္ေရးဌာနတစ္ခု ဖြင့္လွစ္ သင့္ၿပီျဖစ္ေၾကာင္း (၁၀၂၇) ႏွင့္အတူ စာေရးသူ ေဆာင္းပါးတစ္ပုဒ္ ေရးၿပီး တင္ျပခဲ့ဖူးပါသည္။
ရွမ္းေျမာက္ေဒသ တ႐ုတ္-ျမန္မာ နယ္စပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည့္ အေတြ႕အႀကဳံအရ ေျပာရလွ်င္ တ႐ုတ္လက္နက္အသစ္အဆန္းမ်ား ျမန္ မာျပည္ထဲကို နည္းလမ္းႏွစ္မ်ိဳးႏွင့္ ေရာက္လာတတ္ သည္ကို ေတြ႕ရသည္။ ပထမတစ္မ်ိဳး လက္နက္သစ္ မ်ား၏ စြမ္းပကားႏွင့္ စစ္ေရးအသာစီးရလိုေသာ သူပုန္မ်ားက အသုံးျပဳတိုက္သည့္နည္းျဖင့္ ေရာက္ရွိ လာျခင္း ျဖစ္ပါသည္။
ေနာက္ထပ္ ဒုတိယ တစ္မ်ိဳးကေတာ့ လက္နက္ နည္းပညာ ယိုဖိတ္သည့္နည္းႏွင့္ ေရာက္ေလ့ရွိပါ သည္။ လက္နက္နည္းပညာ ယိုဖိတ္ျခင္းဆိုသည္မွာ ေမွာင္ခို လမ္းေၾကာင္းကေန မသမာသူမ်ားက သက္ ဆိုင္ရာ အာဏာပိုင္မ်ားမသိဘဲ ေသာင္းက်န္းသူမ်ား၊ လက္နက္ပြဲစားမ်ားထံ ခိုးေရာင္းၾကရာကတစ္ဆင့္ ေရာက္ရွိလာသည္ကို ဆိုလိုခ်င္းျဖစ္ပါသည္။ ဤကဲ့ သို႔ တ႐ုတ္လက္နက္အသစ္အဆန္းမ်ား တရားမဝင္ ေရာက္ရွိလာမႈသည္ တ႐ုတ္ႏိုင္ငံအစိုးရႏွင့္ မည္သို႔မွ် မသက္ဆိုင္ဘဲ တ႐ုတ္၊ ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး ကို ထိခိုက္ဖ်က္ဆီးေနၾကသည့္ ဝိသမာေလာဘသား မ်ား၏ လက္ခ်က္သာျဖစ္ပါသည္။
စာေရးသူသည္ တေလာက AI နည္းပညာ စာတမ္းတစ္ေစာင္ျပဳစုတင္ျပခဲ့ဖူးပါသည္။ AI စာတမ္းမွာ အနာဂတ္အလားအလာႏွင့္ ပတ္သက္ၿပီး ဤကာ လတြင္ စစ္ေရးက႑ မွာ (၁၂) ႀကိမ္ေျမာက္ စစ္မက္ ေရးရာ ေတာ္လွန္ေျပာင္းလဲမႈအျဖစ္ AI နည္းပညာ ကို အေျခခံထားသည့္ ဒ႐ုန္းနည္းပညာေတာ္လွန္ ေရးႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရပါသည္။ လာမည့္ (၁၃) ႀကိမ္ေျမာက္ စစ္မက္ေရးရာေတာ္လွန္ေရးက်ရင္ လူ ေနရာတြင္ စက္႐ုပ္မ်ားႏွင့္ စစ္တိုက္ၾကမည့္ AI စစ္စစ္ေတာ္လွန္ေရးကို ေရာက္လာေတာ့မည္ျဖစ္၍ ျမန္မာ့တပ္မေတာ္ အေနႏွင့္ AI စစ္စစ္ေတာ္လွန္ေရးအတြက္ ျပင္ဆင္ထားသင့္ၿပီျဖစ္ေၾကာင္း တင္ျပခဲ့ဖူးပါ သည္။
ယခုအခါ ေလဆာလက္နက္မ်ားေၾကာင့္ စာ ေရးသူ၏အဆိုပါ စစ္ေရးအယူအဆကို ေနာက္တစ္ ဆင့္ ဆုတ္ရေတာ့မလိုျဖစ္ေနပါၿပီ။ အေၾကာင္းက ေတာ့ ပညာရွင္တစ္ေယာက္က ဒ႐ုန္းေခတ္ၿပီးရင္ ေလဆာေခတ္ေရာက္လာမည္ဆိုၿပီး ထုတ္ေျပာလာ သလို ေလဆာလက္နက္ေတာ္လွန္ေရးၿပီးမွ AI စစ္ စစ္၊ AI မ်ိဳးဆက္ျမင့္ ေတာ္လွန္ေရးတြင္ စက္႐ုံမ်ား က စစ္ပြဲမ်ားတြင္ အေရးပါလာေတာ့မည္ဟု သုံးသပ္ မိပါသည္။ ထို႔ေၾကာင့္ အနီးကပ္ဆုံး (၁၃) ႀကိမ္ ေျမာက္ စစ္မက္ေရးရာေတာ္လွန္ေျပာင္းလဲမႈက ေလ ဆာလက္နက္ေတာ္လွန္ေရး ေပၚေပါက္လာႏိုပါသည္။
ထိုနည္းတူ (၁၄) ႀကိမ္ေျမာက္ စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းမႈကမူ တိုက္ခိုက္ေရး သက္ရွိစစ္သား မ်ားေနရာတြင္စက္႐ုံမ်ားျဖင့္ အစားထိုးတိုက္ခိုက္ၾက မည့္ အဆင့္ျမင့္ AI နည္းပညာေတာ္လွန္ေရး ေပၚ ေပါက္လာႏိုင္သည္ဟုခန႔္မွန္းသုံးသပ္မိပါသည္။
မည္သို႔ပင္ဆိုေစကာမူ စစ္ေရးက႑တြင္ ေနာက္ က်က်န္ရစ္မႈမျဖစ္ေစရန္ အတိတ္ကာလစစ္ပြဲမ်ား တြင္ရရွိခဲ့သည့္အေတြ႕ႀကဳံမ်ားကို သင္ခန္းစာယူဖို႔ လို သလို အနာဂတ္မွာ ျဖစ္ေပၚလာႏိုင္သည့္ စစ္ပြဲမ်ိဳး ဆက္မ်ားႏွင့္ စစ္မက္ေရးရာေတာ္လွန္ေျပာင္းလဲမႈ မ်ားကို ႀကိဳတင္ေမွ်ာ္ေတြးၿပီး ျပင္ဆင္ထားဖို႔လိုပါ သည္။ အတိတ္ကို ျပန္ၾကည့္လွ်င္ ျမန္မာ့ေျမတြင္ စစ္ ပြဲမ်ိဳးဆက္ ေျပာင္းလဲမႈဒဏ္ကို အလူးအလိမ့္ခံခဲ့ရ သည့္ (၂)ႀကိမ္ႀကဳံခဲ့ၿပီးျဖစ္သည္။ ပထမအႀကိမ္ ႀကဳံ ခဲ့ရသည္က နယ္ခ်ဲ႕အဂၤလိပ္ေခတ္က ဂ်ပန္တို႔ကို မယွဥ္ႏိုင္၍ (၆) လေလာက္ပဲ ခံခဲ့သည္။ (၆) လ အတြင္း ျမန္မာတစ္ျပည္လုံးကိုအမွတ္ (၁) ျမန္မာ တပ္မႀကီး၏ တပ္မမႉးဗိုလ္ခ်ဳပ္ႀကီး ဆာဝီလီယံစလင္း ႏွင့္ျမန္မာျပည္ စစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အလဇႏၵားတို႔ အိႏၵိယကို ခြာစစ္ဆင္ခဲ့ရပါသည္။ ေနာက္တစ္ႀကိမ္ စစ္ပြဲမ်ိဳးဆက္ေျပာင္းလဲမႈကေတာ့ ရန္သူ၏ (၁၀၂၇) စစ္ဆင္ေရးႏွင့္အတူ ေပၚလာခဲ့ သည္ကို စာေရးသူတို႔အားလုံး နဖူးေတြ႕၊ ဒူးေတြ႕ ႀကဳံ ခဲ့ၾကၿပီျဖစ္ပါသည္။ စစ္ပြဲမ်ိဳးဆက္အရလည္း စတုတၳဳ မ်ိဳးဆက္ကေန ပၪၥမမ်ိဳးဆက္ကို ကူးေျပာင္းခ်ိန္ခါ ျဖစ္သလို စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲမႈအရ လည္း သတင္းေတာ္လွန္ေရးကေန ဒ႐ုန္းေတာ္လွန္ ေရးကိုကူးေျပာင္းခ်ိန္ျဖစ္ခဲ့၍ေတာ္ေတာ္ေလးကို ခါးခါးသီးသီးႀကဳံခဲ့ၾကရပါသည္။
ယေန႔ကာလတြင္မူ အဆိုပါအေျခအေနကို ျပန္ လည္ကုစားျပင္ဆင္ႏိုင္ခဲ့သျဖင့္ စစ္ေရးရလဒ္ ျပန္ လည္ ဦးေမာ့လာခဲ့ၿပီးျဖစ္ပါသည္။ ဤအေျခအေနကို ဆက္လက္ေကာင္းမြန္သထက္ေကာင္းမြန္ေအာင္ ထိန္းထားဖို႔လိုသလို အနာဂတ္တြင္လည္း စစ္ေရးအရ စိန္ေခၚမႈမ်ားက ဆီးႀကိဳးေနအုံးမည္ကိုလည္း သတိ ျပဳျပင္ဆင္ရမည္ျဖစ္ပါသည္။
ထို႔ေၾကာင့္ အနာဂတ္တြင္ ရင္ဆိုင္ႀကဳံေတြ႕လာ ႏိုင္သည့္စစ္ပြဲမ်ိဳးဆက္မ်ား၊ စစ္မက္ေရးရာ ေတာ္လွန္ ေျပာင္းလဲမႈမ်ား၏စိန္ေခၚမႈမ်ားေက်ာ္လႊားႏိုင္ေရးအ တြက္ အနာဂတ္အျမင္ကိုလက္ေတြ႕အျမင္ျဖင့္ ေျပာင္း လာႏိုင္ေရး ျပင္ဆင္ထားၾကရမည္ျဖစ္ပါသည္။ သို႔မွ သာ မိမိတို႔ခ်စ္ျမတ္ႏိုးလွသည့္ အမိျမန္မာႏိုင္ငံကို စြမ္းအားျပည့္ ကာကြယ္ႏိုင္မည္ျဖစ္ေၾကာင္း အႀကံျပဳ လိုက္ရပါသည္။

စာကိုး

ရဲေက်ာ္၏ မ်က္ေမွာက္ေခတ္စစ္ပြဲမ်ားႏွင့္ ဒ႐ုန္းမ်ား၏ အခန္းက႑
စိုးၫြန႔္၏ ဒ႐ုန္းစစ္ပြဲ
ေမာင္ေအာင္မ်ိဳး၏ မ်က္ေမွာက္ေခတ္ စစ္မက္ေရးရာ အယူအဆမ်ား

Related news

© 2021. All rights reserved.