တစ်ပိုင်းလျှပ်ကူးပစ္စည်း အသာစီးရရှိရေး ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှုဖြစ်နေပြီလား

 61

သန်းထိုက်စိုး (NP News) - နိုဝင်ဘာလ ၁၄

ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်၏ ရှုပ်ထွေးမှု
ဒီလိုချစ်ပ်တွေကိုထုတ်လုပ်ဖို့ လိုအပ်တဲ့ကုမ္ပဏီ တွေရဲ့ ထောက်ပံ့ရေးကွင်းဆက်ဟာ စီးပွားရေးရဲ့ ဘယ်ကဏ္ဍမှာမဆို လူသားသမိုင်းတစ်လျှောက်လုံးမှာ ရှိရှိသမျှထောက်ပံ့ရေးကွင်းဆက်တွေထဲမှာ အရှုပ် ထွေးဆုံးလည်းဖြစ်ပါတယ်။ တခြားဘယ်အရာမှ တ ကယ်နီးစပ်ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ NVIDIA က တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို တ ကယ်တမ်းထုတ်လုပ်တာမဟုတ်ပါဘူး။ တစ်ခါမှထုတ် လုပ်ခဲ့ဖူးခြင်းမရှိပါဘူး။ ထုတ်လုပ်ဖို့ကြိုးစားခဲ့ခြင်း လည်းမရှိပါဘူး။ သူက ဒီဇိုင်းပဲဆွဲတာဖြစ်ပြီး ထုတ် လုပ်မှုကို တခြားကုမ္ပဏီအများအပြားကို မှီခိုအားထား ရပါတယ်။
ဒါက ရှောင်လွှဲလို့မရဘူးလို့ကျွန်တော်ထင်ပါ တယ်။ ကမ္ဘာ့အရှုပ်ထွေးဆုံးထုတ်ကုန်တွေကိုထုတ် လုပ်ဖို့အတွက် ရှုပ်ထွေးတဲ့ ထောက်ပံ့ရေးကွင်းဆက် တစ်ခု လိုအပ်တာသေချာပါတယ်။ ဘယ်ကုမ္ပဏီမှ တစ်ယောက်တည်းလုပ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့ ဒါ က ဒီလိုကုမ္ပဏီမျိုးအတွက်နဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို အသုံးပြုသူတိုင်းအတွက် ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုဟာ မရှိမဖြစ်လိုအပ်တယ်လို့ဆိုလိုပါတယ်။ ဒါ့ပြင် ထောက်ပံ့ရေးကွင်းဆက်ကို နားလည်ခြင်း၊ ထောက်ပံ့ရေးကွင်းဆက်ထဲကဆို့နင့်မှုတွေကို နား လည်ခြင်းဟာ AI စနစ်တွေကို တကယ်တမ်း ဘယ် လိုထုတ်လုပ်လဲဆိုတာကို နားလည်ဖို့အတွက် အရေး ကြီးတယ်လို့ဆိုလိုပါတယ်။
တကယ်တော့ AI ကိုစွမ်းအားဖြည့်ပေးတဲ့ ချစ်ပ် များလို တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေရဲ့ ထောက်ပံ့ရေး ကွင်းဆက်ဟာ ကမ္ဘာတစ်ဝန်းလုံးကို ဖြန့်ကြက်ထား ပါတယ်။ ပုံမှန်တစ်ပိုင်းလျှပ်ကူးပစ္စည်းတစ်ခုကို အမေ ရိကန်ပြည်ထောင်စုမှာထုတ်လုပ်တဲ့ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး ဒီဇိုင်းဆွဲနိုင်ပါတယ်။ အမေရိကန်နဲ့ ဥရောပအခြေစိုက်ကုမ္ပဏီတွေက ဉာဏပစ္စည်းပိုင် ဆိုင်မှုကိုအသုံးပြုနိုင်ပါတယ်။ ဂျပန်ကနေ ဓာတု ပစ္စည်းတွေနဲ့ပစ္စည်းတွေကို မှီခိုအားထားနိုင်ပါတယ်။ နယ်သာလန်၊ အမေရိကန်နဲ့ဂျပန်တို့က ထုတ်လုပ်ရေး ကိရိယာတွေနဲ့ထုတ်လုပ်နိုင်ပါတယ်။ အဲဒီနောက် တရုတ်တိုင်ပေမှာ တကယ်တမ်း ထုတ်လုပ်ပြီးမှ နောက်ဆုံးထုတ်ကုန်အဖြစ်စုစည်းဖို့အတွက် တရုတ် ဒါမှမဟုတ် မလေးရှား ဒါမှမဟုတ် တခြားတစ် နေရာကိုပို့နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံတစ်နိုင်ငံ တည်းမှာ အလုံးစုံထုတ်လုပ်တဲ့ချစ်ပ်ဆိုတာ မရှိသ လောက်ပါပဲ။ တည်ရှိနေတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း တိုင်းနီးပါးဟာ နိုင်ငံများစွာကနေ ဉာဏပစ္စည်းပိုင် ဆိုင်မှု၊ ကိရိယာတွေ၊ အစိတ်အပိုင်းတွေ၊ ပစ္စည်းတွေ ကိုအသုံးပြုမှု၊ နိုင်ငံတကာကုန်သွယ်မှုနဲ့ဖလှယ်မှုကို လိုအပ်ပါတယ်။
ဒီလို နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်ကို ဘာကြောင့်မှီခိုနေရတာလဲဆိုတာ နားလည်နိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရှုပ်ထွေးမှုဟာ အရမ်း ကြီးမားလွန်းလို့ပါပဲ။ ကုမ္ပဏီတစ်ခုတည်း ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံတည်းက ကိုယ့်ဘာသာကိုယ်လုပ်နိုင်ဖို့ အတွက် အရမ်းကိုထူးခြားလွန်းပါတယ်။ ချစ်ပ်ပြုလုပ် ရာမှာပါဝင်တဲ့ ပစ္စည်းတချို့ကိုစဉ်းစားကြည့်ပါ။ ဆီလီ ကွန်ပဲဖြစ်ဖြစ်၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာအသုံးပြုတဲ့ ဓာတုပစ္စည်းတွေပဲဖြစ်ဖြစ်၊ သူတို့ဟာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းသန့်စင်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဆင့်မြင့်ချစ်ပ်ပြုလုပ်ရာမှာ အက်တမ်အ နည်းငယ်လောက်နေရာလွဲတာက circuit တွေ အ လုပ်လုပ်ပုံကို ချွတ်ယွင်းချက်ဖြစ်စေနိုင်လို့ပဲဖြစ်ပါ တယ်။
ထိရောက်မှုအရေအတွက် အဲဒီလောက်(၉)လုံး များတဲ့ပစ္စည်းတစ်ခုကို ဘယ်လိုထုတ်လုပ်ရမယ်ဆို တာသိတဲ့ကုမ္ပဏီ အများကြီးမရှိပါဘူး။ ပြီးတော့ ချစ်ပ် ပြုလုပ်ရာမှာ ပစ္စည်းတစ်ခုတည်းလိုအပ်တာမဟုတ်ပါ ဘူး။ ဒါဇင်နဲ့ချီတဲ့ပစ္စည်းတွေလိုအပ်ပါတယ်။ ချစ်ပ်ပြု လုပ်ရာမှာ စက်တစ်ခုတည်းလိုအပ်တာမဟုတ်ပါဘူး။ ကွဲပြားခြားနားတဲ့စက်အမျိုးအစား များစွာလိုအပ် ပါတယ်။ အဆင့်မြင့်ချစ်ပ်တစ်ခုထုတ်လုပ်ဖို့ ဆော့ဖ်ဝဲလ်အမျိုးအစားတစ်ခုတည်းလိုအပ်တာမဟုတ်ပါ ဘူး။ မကြာခဏဆိုသလို ဆော့ဖ်ဝဲလ်အမျိုးအစား များစွာကို မှီခိုအားထားရပါတယ်။ Óဏပစ္စည်းပိုင် ဆိုင်မှုစာကြည့်တိုက်များအတွက်လည်း အလားတူပါပဲ။
ဒါကြောင့် ဒီနေ့မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ မှာ မည်သူမျှ ကိုယ့်ဘာသာရပ်တည်နိုင်စွမ်းမရှိပါဘူး။ ကုမ္ပဏီတစ်ခုတည်းမှမရှိပါဘူး၊ နိုင်ငံတစ်နိုင်ငံတည်း မှမရှိပါဘူး။ ဒါက တစ်ပိုင်းလျှပ်ကူးပစ္စည်းထောက်ပံ့ ရေးကွင်းဆက်ဟာ စီးပွားရေးရဲ့ တခြားဘယ်ကဏ္ဍထက်မဆို နယ်နိမိတ်ကျော်ပြီး ထုတ်ကုန်တွေနဲ့ နည်း ပညာတွေ လွှဲပြောင်းနိုင်စွမ်းအပေါ် ပိုပြီးမှီခိုနေရတယ် လို့ဆိုလိုပါတယ်။ ဒါ့ပြင် အဲဒါက တရုတ်နိုင်ငံတစ်ဖက် နဲ့ အမေရိကန်ပြည်ထောင်စုတစ်ဖက်ကြားက ပထဝီ နိုင်ငံရေးပဋိပက္ခ ပိုမိုပြင်းထန်လာတာကို ပိုပြီးထိတွေ့ ခံရတဲ့စီးပွားရေးကဏ္ဍလည်းဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။
တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်၏ ပုံသဏ္ဌာန်
အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ပြုလုပ် တဲ့လုပ်ငန်းစဉ်မှာ ဘယ်သူကဘာလုပ်တတ တလ လဲ။ တစ်ပိုင်း လျှပ်ကူးပစ္စည်းထောက်ပံ့ရေးကွင်းဆက်မှာ အမေရိ ကန်ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်တိုင်ပေ၊ ဥရောပ၊ တရုတ်နဲ့ အခြားနိုင်ငံ အနည်းငယ်ပါဝင်ပါတယ်။ ချစ်ပ်တစ်ခုထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးကွင်းဆက်အဆင့် တွေကိုတော့ အောက်ပါအတိုင်းတွေ့ရပါတယ်။ ပထမဆုံးကတော့ EDA(Electronic Design Automation) ဆော့ဖ်ဝဲလ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း တွေကိုဒီဇိုင်းဆွဲရာမှာအသုံးပြုတဲ့ အထူးပြုကိရိယာ တွေဖြစ်ပါတယ်။
ဒုတိယကတော့ ဒီဇိုင်းလုပ်ငန်းစဉ်မှာအသုံးပြုတဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှု (IP) စာကြည့်တိုက်တွေဖြစ်တဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုဖြစ်ပါတယ်။
တတိယကတော့ ဆီလီကွန်ဝေဖာတွေကို တကယ် တမ်းထုတ်လုပ်ခြင်းဖြစ်ပြီး ကုမ္ပဏီအနည်းငယ်သာ လိုအပ်တဲ့ သန့်စင်မှုအဆင့်နဲ့လုပ်ဆောင်နိုင်ပါတယ်။
စတုတ္ထကတော့ ထုတ်လုပ်ရေးကိရိယာများ(ခဏနေ ရင်ပိုသိရပါမယ်)ကို ထုတ်လုပ်ခြင်းဖြစ်ပြီး အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေထုတ်လုပ်ဖို့အတွက် မရှိ မဖြစ်လိုအပ်တဲ့ အလွန်ရှုပ်ထွေးတဲ့ကိရိယာတွေဖြစ်ပါတယ်။ အဲဒီနောက် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို ဒီဇိုင်းဆွဲခြင်း၊ ထုတ်လုပ်ခြင်းနဲ့ နောက်ဆုံး ထုတ်ကုန် အဖြစ်စုစည်းခြင်း၊ စမ်းသပ်ခြင်းနှင့် ထုပ်ပိုးခြင်းလုပ် ငန်းစဉ်တွေပါဝင်ပါတယ်။ ဒါတွေဟာ တစ်ပိုင်းလျှပ် ကူးပစ္စည်းထောက်ပံ့ရေးကွင်းဆက်ရဲ့ အကျယ်အား ဖြင့် အဓိကကဏ္ဍတွေဖြစ်ပါတယ်။ ဒါကို ကြည့်မယ်ဆို ရင် ဘယ်သူမှ အားလုံးကိုလုပ်ဆောင်နိုင်ခြင်းမရှိတာ ကိုတွေ့ရပါလိမ့်မယ်။ အမေရိကန်က အားလုံးကို မလုပ်နိုင်ပါဘူး။ တရုတ်တိုင်ပေက အားလုံးကိုမလုပ် နိုင်ပါဘူး။ ကိုရီးယားကမလုပ်နိုင်ပါဘူး။ အလားတူ ဂျပန်လည်းမလုပ်နိုင်ပါဘူး။ ထောက်ပံ့ရေးကွင်းဆက် ရဲ့အစိတ်အပိုင်းတိုင်းအတွက် ကွဲပြားခြားနားတဲ့နိုင်ငံ တွေမှာ အထူးပြုမှုတွေရှိနေတာကိုတွေ့ရပါလိမ့်မယ်။
ဒါ့ပြင် အံ့ဩစရာကောင်းတာက ကမ္ဘာ့ထုတ်လုပ် ရေးစူပါပါဝါဖြစ်တဲ့ တရုတ်နိုင်ငံဟာ အံ့ဩစရာကောင်း လောက်အောင် သေးငယ်တဲ့အခန်းကဏ္ဍမှာသာပါဝင် နေတာကိုတွေ့ရပါလိမ့်မယ်။ တကယ်တော့ တရုတ် နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေတင်သွင်းဖို့အတွက် တစ်နှစ်ကို သုံးစွဲ တဲ့ငွေပမာဏဟာ ရေနံဝယ်ယူဖို့သုံးစွဲတဲ့ငွေပမာဏနဲ့အတူတူပါပဲ။ ဒါကို စဉ်းစားကြည့်ပါ။ တရုတ်နိုင်ငံဟာ ရေနံဝယ်တာထက် ချစ်ပ်ဝယ်ဖို့ ပိုများတဲ့ငွေကို သုံးစွဲ နေပါတယ်။
တကယ်တော့ ကမ္ဘာ့ကုန်သွယ်မှုအားလုံးမှာ တရုတ်နိုင်ငံထဲကို ချစ်ပ်တွေစီးဆင်းမှုထက်ပိုများတဲ့ ကုန်ပစ္စည်းစီးဆင်းမှုမရှိပါဘူး။ ကိုရီးယားကချစ်ပ်တွေ၊ ဂျပန်ကချစ်ပ်တွေ၊ အရှေ့တောင် အာရှကချစ်ပ်တွေ၊ အမေရိကန်ကချစ်ပ်တွေ၊ ပြီးတော့ ဖြစ်နိုင်ခြေအရှိဆုံး ကတော့ တရုတ်တိုင်ပေကချစ်ပ်တွေပဲ ဖြစ်ပါတယ်။ ဒီချစ်ပ်တွေကို တရုတ်နိုင်ငံမှာ ဖုန်း ဒါမှမဟုတ် PC လိုကိရိယာတွေစုစည်းပြီးမှ ကမ္ဘာ့တခြားနေရာတွေကိုရောင်းချဖို့အတွက်အသုံးပြုသလို တရုတ် နိုင်ငံရဲ့ ပြည်တွင်းသုံးစွဲမှုအတွက်လည်း အသုံးပြုပါတယ်။
တရုတ်ခေါင်းဆောင်ပိုင်းနေရာမှာ ကိုယ့်ကိုယ် ကိုယ်ထားကြည့်မယ်ဆိုရင် ဒါဟာ ထူးခြားတဲ့ တုန် လှုပ်စရာကောင်းတဲ့ ထိခိုက်လွယ်မှုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးထုတ်လုပ်သူဟာ သူလိုအပ်တဲ့ချစ်ပ် တွေအားလုံးကို ကိုယ့်ဘာသာမထုတ်လုပ်နိုင်ပါဘူး။ ဒါပေမဲ့ ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေဟာ နှစ်စဉ် နှစ်တိုင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို ပိုပြီးမှီခိုနေရ ပါတယ်။ ဒီချစ်ပ်တွေမရှိရင် ဒီနေ့ တရုတ်နိုင်ငံရဲ့ ထုတ်လုပ်မှုအခြေခံဟာ ရပ်တန့်သွားပါလိမ့်မယ်။ ဥပမာအားဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေမပါဘဲ ကားတစ်စီးကိုထုတ်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ တရုတ်မှာထုတ်လုပ်တဲ့ကားတွေထဲက ချစ်ပ်အများစု ကိုသွင်းနေရတာဖြစ်ပါတယ်။ ကွန်ပျူတာတွေအ တွက်လည်းအလားတူပါပဲ။ တရုတ်ပြည်က ဖုန်းအများ စုအတွက်လည်း အလားတူပါပဲ။
ဆေးဘက်ဆိုင်ရာကိရိယာတွေ၊ ဆောက်လုပ် ရေးစက်ပစ္စည်းတွေနဲ့ စိုက်ပျိုးရေးစက်ပစ္စည်းတွေ အတွက်လည်း အလားတူပါပဲ။ တရုတ်နိုင်ငံဟာ သူမှီ ခိုနေရတဲ့ချစ်ပ်အများစုကိုတင်သွင်းနေရပါတယ်။စီးပွားရေး အရ ဒီအခြေအနေကို သူမကြိုက်ပါဘူး။ ဂျပန်၊ ကိုရီးယားနဲ့ တရုတ်တိုင်ပေလို နိုင်ငံတွေဟာ ချစ်ပ်လုပ်ငန်းမှာ ကျွမ်းကျင်မှုကြောင့် တချို့ သောအတိုင်းအတာအထိချမ်းသာလာတာကို တရုတ် ခေါင်းဆောင်တွေက အာရှတစ်ဝိုက်ကိုကြည့်ရင်း သတိထားမိတဲ့အတွက် ချစ်ပ်ပြုလုပ်တာဟာ အလွန် ကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဟာ နိုင်ငံရေးအရလည်း ဒီအခြေအနေကိုမကြိုက်ပါဘူး။ ဘာကြောင့်လဲဆို တော့ တရုတ်ခေါင်းဆောင်တွေက သူတို့ဟာ အရေး ကြီးတဲ့တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို အကောင်းဆုံး ပြောရရင် ပြိုင်ဘက်တွေဖြစ်ပြီး ယုတ်စွအဆုံး ပထဝီ နိုင်ငံရေးအရ ရန်ဘက်တွေဖြစ်တဲ့ နိုင်ငံတွေဆီကနေ အများအားဖြင့် သွင်းသွင်းနေရတယ်ဆိုတာ သိရှိထား ကြလို့ပဲဖြစ်ပါတယ်။ သင်သာ ဘေဂျင်းမှာထိုင်ပြီး အဆိုးဆုံးအခြေအနေတွေကိုစဉ်းစားနေမယ်ဆိုရင် သင်ရဲ့ အဆိုးဆုံးအခြေအနေတွေထဲကတစ်ခုက ဒီလိုဖြစ်နေပါလိမ့်မယ်။ တရုတ်နိုင်ငံထဲကို စီးဝင်နေ တဲ့ ချစ်ပ်တွေရဲ့ထောက်ပံ့မှုရပ်တန့်သွားရင် သင်ရဲ့ ထုတ်လုပ်မှု အခြေခံမှာဘာဖြစ်လာမလဲ။ သင်ရဲ့ ထုတ်လုပ်မှုအခြေခံဟာ ရပ်တန့်သွားပါလိမ့်မယ်။
ဒါကြောင့် လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ တရုတ် နိုင်ငံဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေမှာ ပိုပြီး ကိုယ့် ဘာသာရပ်တည်နိုင်ဖို့ ဘာကြောင့် ကြိုးစားနေရတယ် ဆိုတာကို သင်နားလည်နိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ စက်မှုမူဝါဒအစီအစဉ်တွေအားလုံးနီးပါး၊ ဥပမာအား ဖြင့် Made in China ကဲ့သို့သောအစီအစဉ်တွေဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို ဦးစားပေးကဏ္ဍအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒီကဏ္ဍမှာ တရုတ်နိုင်ငံက ပြည်ပကနေ ဝယ်ယူမှုလျှော့ချပြီး ပြည်တွင်းမှာ ပိုမို ထုတ်လုပ်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အဆင့်မြင့်နည်းပညာနဲ့ အမြတ်အစွန်းမြင့်မားတဲ့ လုပ် ငန်းတစ်ခုဖြစ်တာကြောင့် ရိုးရှင်းတဲ့စီးပွားရေး အ ကြောင်းရင်းတွေလည်းရှိသလို ကိုယ့်ဘာသာရပ်တည် နိုင်မှုက သူ့ကို နိုင်ငံရေးအကျိုးကျေးဇူးတွေပေးလိမ့်မယ် လို့ တရုတ်ကယူဆလို့လည်းဖြစ်ပါတယ်။ ဒါဆိုရင် သူရဲ့အိမ်နီးချင်းတွေ၊ တရုတ်တိုင်ပေ၊ ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့အပေါ် မှီခိုမှုနည်းသွား ပါလိမ့်မယ်။
ဒါကြောင့် နည်းပညာလုပ်ငန်းတင်မကဘဲ ကမ္ဘာ့ စီးပွားရေးတစ်ခုလုံးကိုပါလွှမ်းမိုးနေတဲ့ အဓိကမေး ခွန်းတွေထဲကတစ်ခုကတော့ တရုတ်နိုင်ငံရဲ့ ကိုယ့် ဘာသာရပ်တည်ရေးကြိုးပမ်းမှု ဘယ်လောက်အတိုင်း အတာအထိအောင်မြင်မလဲဆိုတာပါပဲ။ အကယ်၍ အောင်မြင်ခဲ့မယ်ဆိုရင် နိုင်ငံတကာကုန်သွယ်မှုအ တွက် အကျိုးဆက်တွေဟာ နက်ရှိုင်းပါလိမ့်မယ်။ တ ရုတ်နိုင်ငံက သူလိုအပ်တဲ့ချစ်ပ်တွေ ပိုပြီး ပြည်တွင်း မှာထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာကုန်သွယ်မှု မှာ အကြီးဆုံးစီးဆင်းမှုဟာ လျော့နည်းသွားနိုင်ပါ တယ်။ ဒါကြောင့် ကမ္ဘာ့စီးပွားရေးပုံသဏ္ဌာန်ကို စိတ် ဝင်စားသူတိုင်းအတွက် ဒါက အထူးဂရုတစိုက်စောင့် ကြည့်ရမယ့်ကိစ္စတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတကာကုန်သွယ်မှုအားလုံးမှာ ဒီမေးခွန်းထက် ပိုအရေးကြီးတာ ဘာမှမရှိဘူးလို့ ကျွန်တော်ထင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဒီထက်ပိုကြီးတဲ့ ကုန်စည်စီးဆင်းမှုမရှိလို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ဘာသာရပ်တည်ရေး၏ စိန်ခေါ်မှုများ
တရုတ်နိုင်ငံရင်ဆိုင်နေရတဲ့ပြဿနာကတော့ ချစ်ပ်ထုတ်လုပ်မှုမှာ ကိုယ့်ဘာသာရပ်တည်ဖို့က အ တော်ခက်ခဲပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ထောက်ပံ့ရေး ကွင်းဆက်ကလည်း အရေးကြီးနေပါသေးတယ်။ လိုအပ်တဲ့ချစ်ပ်တွေအားလုံးကို ထုတ်လုပ်နိုင်ပေမယ့် လိုအပ်တဲ့ချစ်ပ်တွေအားလုံးထဲမှာ ပါဝင်တဲ့ အစိတ်အ ပိုင်းတွေအားလုံးကိုမထုတ်လုပ်နိုင်ဘူးဆိုရင် တကယ် ပဲ ကိုယ့်ဘာသာရပ်တည်နိုင်တာလားဆိုတာ မေးခွန်း ထုတ်စရာပါ။
ရှေ့မှာပြောခဲ့သလိုပါပဲ။ ဒီနေ့မှာ ဘယ်သူမှ ကိုယ့်ဘာသာရပ်တည်နိုင်ခြင်းမရှိပါဘူး။ အမေရိကန်၊ တရုတ်တိုင်ပေ ဂျပန်၊ ကိုရီးယား ဘယ်သူမှမရှိပါဘူး။ ဒါကြောင့် ကိုယ့်ဘာသာရပ်တည်ရေးဆိုတာ အလွန် ရည်မှန်းချက်ကြီးတဲ့ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ ပစ္စည်းအားလုံး၊ ဆော့ဖ်ဝဲလ်အားလုံး၊ ဒီဇိုင်းအားလုံးနဲ့ စက်ကိရိယာအားလုံးကို ကိုယ့်ဘာသာထုတ်လုပ်ချင် တယ်ဆိုရင်၊ ကျွမ်းကျင်ဖို့လိုအပ်တဲ့ R&D (သုတေ သနနှင့်တီထွင်ထုတ်လုပ်မှု)ပမာဏ၊ လိုအပ်တဲ့အရင်း အနှီးသုံးစွဲမှုပမာဏနဲ့ ဘယ်လိုထုတ်လုပ်ရမယ်ဆိုတာ ကို လေ့လာသင်ယူရမယ့် အလွန်ရှုပ်ထွေးတဲ့နည်း ပညာတွေ စတဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။
တရုတ်နိုင်ငံရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန် ခေါ်မှုက စက်တွေဖြစ်ပါတယ်။ အဲဒီထဲက အရေးကြီး တာကတော့ Extreme Ultraviolet Lithography (EUV) စက်ဖြစ်ပြီး နယ်သာလန်က ASML ဆိုတဲ့ ကုမ္ပဏီတစ်ခုတည်းကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီစက်က ဒီအဆင့်မြင့်လစ်သို ဂရပ်ဖီစနစ်တွေရဲ့ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ရာနှုန်းပြည့် (၁၀ဝ%)ကို ပိုင်ဆိုင် ထားပါတယ်။ ASMLဟာ ဒီလိုကိရိယာတွေ ဘယ် လိုထုတ်လုပ်ရမယ်ဆိုတာကိုလေ့လာဖို့ ဆယ်စုနှစ် (၃)ခုလောက်အချိန်ယူခဲ့ရပါတယ်။ ဒီကိရိယာတွေ ဟာ ဒီနေ့မှာ အဆင့်မြင့်ချစ်ပ်တွေကို စီးပွားရေးအရ ထိရောက်တဲ့နည်းလမ်းနဲ့ အတိုင်းအတာတစ်ခုအထိ ထုတ်လုပ်ဖို့အတွက်အရေးပါနေပါတယ်။ ဒီကိရိယာ တွေဟာ သံသယဖြစ်စရာမရှိဘဲ အခုအထိ တည်ရှိဖူး သမျှစက်ကိရိယာတွေထဲမှာအရှုပ်ထွေးဆုံးဖြစ်ပါတယ်။
ASML ကထုတ်လုပ်တဲ့ အခေတ်မီဆုံးကိရိယာ တွေရဲ့ တစ်ခုချင်းဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ သန်း (၃၀ဝ)ကျော်ပေးရပါတယ်။ ဒီစက်တွေမှာ လူ သားတွေ အခုအထိဖန်တီးခဲ့ဖူးသမျှထဲမှာ အပြန့်ဆုံး မှန်တွေ၊ စီးပွားဖြစ်ကိရိယာတစ်ခုမှာတပ်ဆင်ထားတဲ့ အစွမ်းထက်ဆုံးလေဆာနဲ့ လေဆာက သေးငယ်တဲ့ သံဖြူလုံးလေးကို ကြေမွသွားအောင်လုပ်ပြီး နေမျက် နှာပြင်ရဲ့အပူချိန်ထက် အဆ (၄၀)ပိုပူတဲ့အပူချိန်မှာ ပလာစမာအဖြစ် ပေါက်ကွဲစေတဲ့စက်ထဲမှာ အဆက် မပြတ်ပေါက်ကွဲမှုဖြစ်ပေါ်နေတာမျိုးပါဝင်တဲ့ အစိတ် အပိုင်းတွေပါဝင်ပါတယ်။ သင်သာ ပုံတူပွားဖို့ သင်ယူ ရမယ့်ကိရိယာကိုရှာနေမယ်ဆိုရင် ဒါကို သင်ရွေးချယ် မှာမဟုတ်ပါဘူး။ ဒီထက်ပိုရှုပ်ထွေးတာဘာမှမရှိပါဘူး။ ပြီးတော့ ဒီကိရိယာကိုထုတ်လုပ်တဲ့ကုမ္ပဏီ တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ ASML က စုစည်း တာဖြစ်ပေမယ့် သူကလည်း စိတ်ကိုရှုပ်ထွေးစေ လောက်အောင် ရှုပ်ထွေးတဲ့ သူ့ကိုယ်ပိုင် ထောက်ပံ့ရေးကွင်းဆက်ကိုမှီခိုနေရပြန်ပါတယ်။ ဒီကိရိယာတွေ ထဲမှာ ASML က ဘယ်နှခုပါဝင်တယ်ဆိုတာ မသိ နိုင်လောက်အောင် အစိတ်အပိုင်းတွေအများကြီး ပါဝင်ပါတယ်။ ဒါပေမဲ့ အရေအတွက်က အနည်းဆုံး သိန်းနဲ့ချီရှိပြီး ဥရောပ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်တို့က တိကျစွာထုတ်လုပ်ထားတဲ့ အစိတ်အပိုင်း တွေကိုမှီခိုနေရတာဖြစ်လို့ ပုံတူပွားဖို့အတွက် အလွန် ခက်ခဲပါလိမ့်မယ်။
တကယ်တော့ တရုတ်နိုင်ငံက ကြိုးစားနေပါ တယ်။ (၂၀၁၈)ခုနှစ်ကတည်းက ဒီကိရိယာတွေကို တရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့ တရားမဝင်ဖြစ်နေခဲ့ တာပါ။ ဒါပေမဲ့ (၆)နှစ်ကြာပြီးတဲ့နောက်မှာတောင် ASML ဟာ လက်ဝါးကြီးအုပ်ကစားသမားအဖြစ်ရှိ နေဆဲဖြစ်ပြီး ဂျပန်၊ အမေရိကန် ဒါမှမဟုတ် တရုတ် မှာ ဘယ်သူမှ ဗြှူ ထုတ်လုပ်နိုင်တာကို ပုံတူပွားဖို့မ အောင်မြင်သေးပါဘူး။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
တစ္ပိုင္းလွ်ပ္ကူးပစၥည္း အသာစီးရရွိေရး ကမာၻလုံးဆိုင္ရာၿပိဳင္ဆိုင္မႈျဖစ္ေနၿပီလား
သန္းထိုက္စိုး (NP News) - ႏိုဝင္ဘာလ ၁၄

ကမာၻလုံးဆိုင္ရာေထာက္ပံ့ေရးကြင္းဆက္၏ ရႈပ္ေထြးမႈ
ဒီလိုခ်စ္ပ္ေတြကိုထုတ္လုပ္ဖို႔ လိုအပ္တဲ့ကုမၸဏီ ေတြရဲ႕ ေထာက္ပံ့ေရးကြင္းဆက္ဟာ စီးပြားေရးရဲ႕ ဘယ္က႑မွာမဆို လူသားသမိုင္းတစ္ေလွ်ာက္လုံးမွာ ရွိရွိသမွ်ေထာက္ပံ့ေရးကြင္းဆက္ေတြထဲမွာ အရႈပ္ ေထြးဆုံးလည္းျဖစ္ပါတယ္။ တျခားဘယ္အရာမွ တ ကယ္နီးစပ္ျခင္းမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ NVIDIA က တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြကို တ ကယ္တမ္းထုတ္လုပ္တာမဟုတ္ပါဘူး။ တစ္ခါမွထုတ္ လုပ္ခဲ့ဖူးျခင္းမရွိပါဘူး။ ထုတ္လုပ္ဖို႔ႀကိဳးစားခဲ့ျခင္း လည္းမရွိပါဘူး။ သူက ဒီဇိုင္းပဲဆြဲတာျဖစ္ၿပီး ထုတ္ လုပ္မႈကို တျခားကုမၸဏီအမ်ားအျပားကို မွီခိုအားထား ရပါတယ္။
ဒါက ေရွာင္လႊဲလို႔မရဘူးလို႔ကြၽန္ေတာ္ထင္ပါ တယ္။ ကမာၻ႔အရႈပ္ေထြးဆုံးထုတ္ကုန္ေတြကိုထုတ္ လုပ္ဖို႔အတြက္ ရႈပ္ေထြးတဲ့ ေထာက္ပံ့ေရးကြင္းဆက္ တစ္ခု လိုအပ္တာေသခ်ာပါတယ္။ ဘယ္ကုမၸဏီမွ တစ္ေယာက္တည္းလုပ္ႏိုင္စြမ္းမရွိပါဘူး။ ဒါေပမဲ့ ဒါ က ဒီလိုကုမၸဏီမ်ိဳးအတြက္နဲ႔ သူတို႔ရဲ႕ထုတ္ကုန္ေတြကို အသုံးျပဳသူတိုင္းအတြက္ ေထာက္ပံ့ေရးကြင္းဆက္ စီမံခန႔္ခြဲမႈဟာ မရွိမျဖစ္လိုအပ္တယ္လို႔ဆိုလိုပါတယ္။ ဒါ့ျပင္ ေထာက္ပံ့ေရးကြင္းဆက္ကို နားလည္ျခင္း၊ ေထာက္ပံ့ေရးကြင္းဆက္ထဲကဆို႔နင့္မႈေတြကို နား လည္ျခင္းဟာ AI စနစ္ေတြကို တကယ္တမ္း ဘယ္ လိုထုတ္လုပ္လဲဆိုတာကို နားလည္ဖို႔အတြက္ အေရး ႀကီးတယ္လို႔ဆိုလိုပါတယ္။
တကယ္ေတာ့ AI ကိုစြမ္းအားျဖည့္ေပးတဲ့ ခ်စ္ပ္ မ်ားလို တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြရဲ႕ ေထာက္ပံ့ေရး ကြင္းဆက္ဟာ ကမာၻတစ္ဝန္းလုံးကို ျဖန႔္ၾကက္ထား ပါတယ္။ ပုံမွန္တစ္ပိုင္းလွ်ပ္ကူးပစၥည္းတစ္ခုကို အေမ ရိကန္ျပည္ေထာင္စုမွာထုတ္လုပ္တဲ့ေဆာ့ဖ္ဝဲလ္ကို အသုံးျပဳၿပီး ဒီဇိုင္းဆြဲႏိုင္ပါတယ္။ အေမရိကန္နဲ႔ ဥေရာပအေျခစိုက္ကုမၸဏီေတြက ဉာဏပစၥည္းပိုင္ ဆိုင္မႈကိုအသုံးျပဳႏိုင္ပါတယ္။ ဂ်ပန္ကေန ဓာတု ပစၥည္းေတြနဲ႔ပစၥည္းေတြကို မွီခိုအားထားႏိုင္ပါတယ္။ နယ္သာလန္၊ အေမရိကန္နဲ႔ဂ်ပန္တို႔က ထုတ္လုပ္ေရး ကိရိယာေတြနဲ႔ထုတ္လုပ္ႏိုင္ပါတယ္။ အဲဒီေနာက္ တ႐ုတ္တိုင္ေပမွာ တကယ္တမ္း ထုတ္လုပ္ၿပီးမွ ေနာက္ဆုံးထုတ္ကုန္အျဖစ္စုစည္းဖို႔အတြက္ တ႐ုတ္ ဒါမွမဟုတ္ မေလးရွား ဒါမွမဟုတ္ တျခားတစ္ ေနရာကိုပို႔ႏိုင္ပါတယ္။ ကမာၻေပၚမွာ ႏိုင္ငံတစ္ႏိုင္ငံ တည္းမွာ အလုံးစုံထုတ္လုပ္တဲ့ခ်စ္ပ္ဆိုတာ မရွိသ ေလာက္ပါပဲ။ တည္ရွိေနတဲ့ တစ္ပိုင္းလွ်ပ္ကူးပစၥည္း တိုင္းနီးပါးဟာ ႏိုင္ငံမ်ားစြာကေန ဉာဏပစၥည္းပိုင္ ဆိုင္မႈ၊ ကိရိယာေတြ၊ အစိတ္အပိုင္းေတြ၊ ပစၥည္းေတြ ကိုအသုံးျပဳမႈ၊ ႏိုင္ငံတကာကုန္သြယ္မႈနဲ႔ဖလွယ္မႈကို လိုအပ္ပါတယ္။
ဒီလို ႏိုင္ငံတကာေထာက္ပံ့ေရးကြင္းဆက္ကို ဘာေၾကာင့္မွီခိုေနရတာလဲဆိုတာ နားလည္ႏိုင္ပါ တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရႈပ္ေထြးမႈဟာ အရမ္း ႀကီးမားလြန္းလို႔ပါပဲ။ ကုမၸဏီတစ္ခုတည္း ဒါမွမဟုတ္ ႏိုင္ငံတစ္ႏိုင္ငံတည္းက ကိုယ့္ဘာသာကိုယ္လုပ္ႏိုင္ဖို႔ အတြက္ အရမ္းကိုထူးျခားလြန္းပါတယ္။ ခ်စ္ပ္ျပဳလုပ္ ရာမွာပါဝင္တဲ့ ပစၥည္းတခ်ိဳ႕ကိုစဥ္းစားၾကည့္ပါ။ ဆီလီ ကြန္ပဲျဖစ္ျဖစ္၊ ထုတ္လုပ္မႈလုပ္ငန္းစဥ္မွာအသုံးျပဳတဲ့ ဓာတုပစၥည္းေတြပဲျဖစ္ျဖစ္၊ သူတို႔ဟာ ၉၉ ဒသမ ၉၉ ရာခိုင္ႏႈန္းသန႔္စင္ဖို႔လိုအပ္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အဆင့္ျမင့္ခ်စ္ပ္ျပဳလုပ္ရာမွာ အက္တမ္အ နည္းငယ္ေလာက္ေနရာလြဲတာက circuit ေတြ အ လုပ္လုပ္ပုံကို ခြၽတ္ယြင္းခ်က္ျဖစ္ေစႏိုင္လို႔ပဲျဖစ္ပါ တယ္။
ထိေရာက္မႈအေရအတြက္ အဲဒီေလာက္(၉)လုံး မ်ားတဲ့ပစၥည္းတစ္ခုကို ဘယ္လိုထုတ္လုပ္ရမယ္ဆို တာသိတဲ့ကုမၸဏီ အမ်ားႀကီးမရွိပါဘူး။ ၿပီးေတာ့ ခ်စ္ပ္ ျပဳလုပ္ရာမွာ ပစၥည္းတစ္ခုတည္းလိုအပ္တာမဟုတ္ပါ ဘူး။ ဒါဇင္နဲ႔ခ်ီတဲ့ပစၥည္းေတြလိုအပ္ပါတယ္။ ခ်စ္ပ္ျပဳ လုပ္ရာမွာ စက္တစ္ခုတည္းလိုအပ္တာမဟုတ္ပါဘူး။ ကြဲျပားျခားနားတဲ့စက္အမ်ိဳးအစား မ်ားစြာလိုအပ္ ပါတယ္။ အဆင့္ျမင့္ခ်စ္ပ္တစ္ခုထုတ္လုပ္ဖို႔ ေဆာ့ဖ္ဝဲလ္အမ်ိဳးအစားတစ္ခုတည္းလိုအပ္တာမဟုတ္ပါ ဘူး။ မၾကာခဏဆိုသလို ေဆာ့ဖ္ဝဲလ္အမ်ိဳးအစား မ်ားစြာကို မွီခိုအားထားရပါတယ္။ Óဏပစၥည္းပိုင္ ဆိုင္မႈစာၾကည့္တိုက္မ်ားအတြက္လည္း အလားတူပါပဲ။
ဒါေၾကာင့္ ဒီေန႔မွာ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြ မွာ မည္သူမွ် ကိုယ့္ဘာသာရပ္တည္ႏိုင္စြမ္းမရွိပါဘူး။ ကုမၸဏီတစ္ခုတည္းမွမရွိပါဘူး၊ ႏိုင္ငံတစ္ႏိုင္ငံတည္း မွမရွိပါဘူး။ ဒါက တစ္ပိုင္းလွ်ပ္ကူးပစၥည္းေထာက္ပံ့ ေရးကြင္းဆက္ဟာ စီးပြားေရးရဲ႕ တျခားဘယ္က႑ထက္မဆို နယ္နိမိတ္ေက်ာ္ၿပီး ထုတ္ကုန္ေတြနဲ႔ နည္း ပညာေတြ လႊဲေျပာင္းႏိုင္စြမ္းအေပၚ ပိုၿပီးမွီခိုေနရတယ္ လို႔ဆိုလိုပါတယ္။ ဒါ့ျပင္ အဲဒါက တ႐ုတ္ႏိုင္ငံတစ္ဖက္ နဲ႔ အေမရိကန္ျပည္ေထာင္စုတစ္ဖက္ၾကားက ပထဝီ ႏိုင္ငံေရးပဋိပကၡ ပိုမိုျပင္းထန္လာတာကို ပိုၿပီးထိေတြ႕ ခံရတဲ့စီးပြားေရးက႑လည္းျဖစ္တယ္ဆိုတဲ့အဓိပၸာယ္ပါ။
တစ္ပိုင္းလွ်ပ္ကူးပစၥည္း ေထာက္ပံ့ေရးကြင္းဆက္၏ ပုံသဏၭာန္
အဆင့္ျမင့္ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြ ျပဳလုပ္ တဲ့လုပ္ငန္းစဥ္မွာ ဘယ္သူကဘာလုပ္တတ တလ လဲ။ တစ္ပိုင္း လွ်ပ္ကူးပစၥည္းေထာက္ပံ့ေရးကြင္းဆက္မွာ အေမရိ ကန္ျပည္ေထာင္စု၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ တ႐ုတ္တိုင္ေပ၊ ဥေရာပ၊ တ႐ုတ္နဲ႔ အျခားႏိုင္ငံ အနည္းငယ္ပါဝင္ပါတယ္။ ခ်စ္ပ္တစ္ခုထုတ္လုပ္ရာမွာ မရွိမျဖစ္လိုအပ္တဲ့ ေထာက္ပံ့ေရးကြင္းဆက္အဆင့္ ေတြကိုေတာ့ ေအာက္ပါအတိုင္းေတြ႕ရပါတယ္။ ပထမဆုံးကေတာ့ EDA(Electronic Design Automation) ေဆာ့ဖ္ဝဲလ္၊ တစ္ပိုင္းလွ်ပ္ကူးပစၥည္း ေတြကိုဒီဇိုင္းဆြဲရာမွာအသုံးျပဳတဲ့ အထူးျပဳကိရိယာ ေတြျဖစ္ပါတယ္။
ဒုတိယကေတာ့ ဒီဇိုင္းလုပ္ငန္းစဥ္မွာအသုံးျပဳတဲ့ ဉာဏပစၥည္းပိုင္ဆိုင္မႈ (IP) စာၾကည့္တိုက္ေတြျဖစ္တဲ့ ဉာဏပစၥည္းပိုင္ဆိုင္မႈျဖစ္ပါတယ္။
တတိယကေတာ့ ဆီလီကြန္ေဝဖာေတြကို တကယ္ တမ္းထုတ္လုပ္ျခင္းျဖစ္ၿပီး ကုမၸဏီအနည္းငယ္သာ လိုအပ္တဲ့ သန႔္စင္မႈအဆင့္နဲ႔လုပ္ေဆာင္ႏိုင္ပါတယ္။
စတုတၳကေတာ့ ထုတ္လုပ္ေရးကိရိယာမ်ား(ခဏေန ရင္ပိုသိရပါမယ္)ကို ထုတ္လုပ္ျခင္းျဖစ္ၿပီး အဆင့္ျမင့္ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြထုတ္လုပ္ဖို႔အတြက္ မရွိ မျဖစ္လိုအပ္တဲ့ အလြန္ရႈပ္ေထြးတဲ့ကိရိယာေတြျဖစ္ပါတယ္။ အဲဒီေနာက္ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြကို ဒီဇိုင္းဆြဲျခင္း၊ ထုတ္လုပ္ျခင္းနဲ႔ ေနာက္ဆုံး ထုတ္ကုန္ အျဖစ္စုစည္းျခင္း၊ စမ္းသပ္ျခင္းႏွင့္ ထုပ္ပိုးျခင္းလုပ္ ငန္းစဥ္ေတြပါဝင္ပါတယ္။ ဒါေတြဟာ တစ္ပိုင္းလွ်ပ္ ကူးပစၥည္းေထာက္ပံ့ေရးကြင္းဆက္ရဲ႕ အက်ယ္အား ျဖင့္ အဓိကက႑ေတြျဖစ္ပါတယ္။ ဒါကို ၾကည့္မယ္ဆို ရင္ ဘယ္သူမွ အားလုံးကိုလုပ္ေဆာင္ႏိုင္ျခင္းမရွိတာ ကိုေတြ႕ရပါလိမ့္မယ္။ အေမရိကန္က အားလုံးကို မလုပ္ႏိုင္ပါဘူး။ တ႐ုတ္တိုင္ေပက အားလုံးကိုမလုပ္ ႏိုင္ပါဘူး။ ကိုရီးယားကမလုပ္ႏိုင္ပါဘူး။ အလားတူ ဂ်ပန္လည္းမလုပ္ႏိုင္ပါဘူး။ ေထာက္ပံ့ေရးကြင္းဆက္ ရဲ႕အစိတ္အပိုင္းတိုင္းအတြက္ ကြဲျပားျခားနားတဲ့ႏိုင္ငံ ေတြမွာ အထူးျပဳမႈေတြရွိေနတာကိုေတြ႕ရပါလိမ့္မယ္။
ဒါ့ျပင္ အံ့ဩစရာေကာင္းတာက ကမာၻ႔ထုတ္လုပ္ ေရးစူပါပါဝါျဖစ္တဲ့ တ႐ုတ္ႏိုင္ငံဟာ အံ့ဩစရာေကာင္း ေလာက္ေအာင္ ေသးငယ္တဲ့အခန္းက႑မွာသာပါဝင္ ေနတာကိုေတြ႕ရပါလိမ့္မယ္။ တကယ္ေတာ့ တ႐ုတ္ ႏိုင္ငံဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္အတြင္း တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြတင္သြင္းဖို႔အတြက္ တစ္ႏွစ္ကို သုံးစြဲ တဲ့ေငြပမာဏဟာ ေရနံဝယ္ယူဖို႔သုံးစြဲတဲ့ေငြပမာဏနဲ႔အတူတူပါပဲ။ ဒါကို စဥ္းစားၾကည့္ပါ။ တ႐ုတ္ႏိုင္ငံဟာ ေရနံဝယ္တာထက္ ခ်စ္ပ္ဝယ္ဖို႔ ပိုမ်ားတဲ့ေငြကို သုံးစြဲ ေနပါတယ္။
တကယ္ေတာ့ ကမာၻ႔ကုန္သြယ္မႈအားလုံးမွာ တ႐ုတ္ႏိုင္ငံထဲကို ခ်စ္ပ္ေတြစီးဆင္းမႈထက္ပိုမ်ားတဲ့ ကုန္ပစၥည္းစီးဆင္းမႈမရွိပါဘူး။ ကိုရီးယားကခ်စ္ပ္ေတြ၊ ဂ်ပန္ကခ်စ္ပ္ေတြ၊ အေရွ႕ေတာင္ အာရွကခ်စ္ပ္ေတြ၊ အေမရိကန္ကခ်စ္ပ္ေတြ၊ ၿပီးေတာ့ ျဖစ္ႏိုင္ေျခအရွိဆုံး ကေတာ့ တ႐ုတ္တိုင္ေပကခ်စ္ပ္ေတြပဲ ျဖစ္ပါတယ္။ ဒီခ်စ္ပ္ေတြကို တ႐ုတ္ႏိုင္ငံမွာ ဖုန္း ဒါမွမဟုတ္ PC လိုကိရိယာေတြစုစည္းၿပီးမွ ကမာၻ႔တျခားေနရာေတြကိုေရာင္းခ်ဖို႔အတြက္အသုံးျပဳသလို တ႐ုတ္ ႏိုင္ငံရဲ႕ ျပည္တြင္းသုံးစြဲမႈအတြက္လည္း အသုံးျပဳပါတယ္။
တ႐ုတ္ေခါင္းေဆာင္ပိုင္းေနရာမွာ ကိုယ့္ကိုယ္ ကိုယ္ထားၾကည့္မယ္ဆိုရင္ ဒါဟာ ထူးျခားတဲ့ တုန္ လႈပ္စရာေကာင္းတဲ့ ထိခိုက္လြယ္မႈတစ္ခုျဖစ္ပါတယ္။ ကမာၻ႔အႀကီးဆုံးထုတ္လုပ္သူဟာ သူလိုအပ္တဲ့ခ်စ္ပ္ ေတြအားလုံးကို ကိုယ့္ဘာသာမထုတ္လုပ္ႏိုင္ပါဘူး။ ဒါေပမဲ့ ထုတ္လုပ္ထားတဲ့ကုန္ပစၥည္းေတြဟာ ႏွစ္စဥ္ ႏွစ္တိုင္း တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြကို ပိုၿပီးမွီခိုေနရ ပါတယ္။ ဒီခ်စ္ပ္ေတြမရွိရင္ ဒီေန႔ တ႐ုတ္ႏိုင္ငံရဲ႕ ထုတ္လုပ္မႈအေျခခံဟာ ရပ္တန႔္သြားပါလိမ့္မယ္။ ဥပမာအားျဖင့္ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြမပါဘဲ ကားတစ္စီးကိုထုတ္လုပ္ဖို႔ မျဖစ္ႏိုင္ပါဘူး။ ၿပီးေတာ့ တ႐ုတ္မွာထုတ္လုပ္တဲ့ကားေတြထဲက ခ်စ္ပ္အမ်ားစု ကိုသြင္းေနရတာျဖစ္ပါတယ္။ ကြန္ပ်ဴတာေတြအ တြက္လည္းအလားတူပါပဲ။ တ႐ုတ္ျပည္က ဖုန္းအမ်ား စုအတြက္လည္း အလားတူပါပဲ။
ေဆးဘက္ဆိုင္ရာကိရိယာေတြ၊ ေဆာက္လုပ္ ေရးစက္ပစၥည္းေတြနဲ႔ စိုက္ပ်ိဳးေရးစက္ပစၥည္းေတြ အတြက္လည္း အလားတူပါပဲ။ တ႐ုတ္ႏိုင္ငံဟာ သူမွီ ခိုေနရတဲ့ခ်စ္ပ္အမ်ားစုကိုတင္သြင္းေနရပါတယ္။စီးပြားေရး အရ ဒီအေျခအေနကို သူမႀကိဳက္ပါဘူး။ ဂ်ပန္၊ ကိုရီးယားနဲ႔ တ႐ုတ္တိုင္ေပလို ႏိုင္ငံေတြဟာ ခ်စ္ပ္လုပ္ငန္းမွာ ကြၽမ္းက်င္မႈေၾကာင့္ တခ်ိဳ႕ ေသာအတိုင္းအတာအထိခ်မ္းသာလာတာကို တ႐ုတ္ ေခါင္းေဆာင္ေတြက အာရွတစ္ဝိုက္ကိုၾကည့္ရင္း သတိထားမိတဲ့အတြက္ ခ်စ္ပ္ျပဳလုပ္တာဟာ အလြန္ ေကာင္းတဲ့ စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္ပါတယ္။
ဒါေပမဲ့ တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံေရးအရလည္း ဒီအေျခအေနကိုမႀကိဳက္ပါဘူး။ ဘာေၾကာင့္လဲဆို ေတာ့ တ႐ုတ္ေခါင္းေဆာင္ေတြက သူတို႔ဟာ အေရး ႀကီးတဲ့တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြကို အေကာင္းဆုံး ေျပာရရင္ ၿပိဳင္ဘက္ေတြျဖစ္ၿပီး ယုတ္စြအဆုံး ပထဝီ ႏိုင္ငံေရးအရ ရန္ဘက္ေတြျဖစ္တဲ့ ႏိုင္ငံေတြဆီကေန အမ်ားအားျဖင့္ သြင္းသြင္းေနရတယ္ဆိုတာ သိရွိထား ၾကလို႔ပဲျဖစ္ပါတယ္။ သင္သာ ေဘဂ်င္းမွာထိုင္ၿပီး အဆိုးဆုံးအေျခအေနေတြကိုစဥ္းစားေနမယ္ဆိုရင္ သင္ရဲ႕ အဆိုးဆုံးအေျခအေနေတြထဲကတစ္ခုက ဒီလိုျဖစ္ေနပါလိမ့္မယ္။ တ႐ုတ္ႏိုင္ငံထဲကို စီးဝင္ေန တဲ့ ခ်စ္ပ္ေတြရဲ႕ေထာက္ပံ့မႈရပ္တန႔္သြားရင္ သင္ရဲ႕ ထုတ္လုပ္မႈ အေျခခံမွာဘာျဖစ္လာမလဲ။ သင္ရဲ႕ ထုတ္လုပ္မႈအေျခခံဟာ ရပ္တန႔္သြားပါလိမ့္မယ္။
ဒါေၾကာင့္ လြန္ခဲ့တဲ့ဆယ္ႏွစ္အတြင္းမွာ တ႐ုတ္ ႏိုင္ငံဟာ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြမွာ ပိုၿပီး ကိုယ့္ ဘာသာရပ္တည္ႏိုင္ဖို႔ ဘာေၾကာင့္ ႀကိဳးစားေနရတယ္ ဆိုတာကို သင္နားလည္ႏိုင္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ စက္မႈမူဝါဒအစီအစဥ္ေတြအားလုံးနီးပါး၊ ဥပမာအား ျဖင့္ Made in China ကဲ့သို႔ေသာအစီအစဥ္ေတြဟာ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြကို ဦးစားေပးက႑အျဖစ္သတ္မွတ္ခဲ့ပါတယ္။ ဒီက႑မွာ တ႐ုတ္ႏိုင္ငံက ျပည္ပကေန ဝယ္ယူမႈေလွ်ာ့ခ်ၿပီး ျပည္တြင္းမွာ ပိုမို ထုတ္လုပ္လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာ အဆင့္ျမင့္နည္းပညာနဲ႔ အျမတ္အစြန္းျမင့္မားတဲ့ လုပ္ ငန္းတစ္ခုျဖစ္တာေၾကာင့္ ႐ိုးရွင္းတဲ့စီးပြားေရး အ ေၾကာင္းရင္းေတြလည္းရွိသလို ကိုယ့္ဘာသာရပ္တည္ ႏိုင္မႈက သူ႔ကို ႏိုင္ငံေရးအက်ိဳးေက်းဇူးေတြေပးလိမ့္မယ္ လို႔ တ႐ုတ္ကယူဆလို႔လည္းျဖစ္ပါတယ္။ ဒါဆိုရင္ သူရဲ႕အိမ္နီးခ်င္းေတြ၊ တ႐ုတ္တိုင္ေပ၊ ကိုရီးယားနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔အေပၚ မွီခိုမႈနည္းသြား ပါလိမ့္မယ္။
ဒါေၾကာင့္ နည္းပညာလုပ္ငန္းတင္မကဘဲ ကမာၻ႔ စီးပြားေရးတစ္ခုလုံးကိုပါလႊမ္းမိုးေနတဲ့ အဓိကေမး ခြန္းေတြထဲကတစ္ခုကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ကိုယ့္ ဘာသာရပ္တည္ေရးႀကိဳးပမ္းမႈ ဘယ္ေလာက္အတိုင္း အတာအထိေအာင္ျမင္မလဲဆိုတာပါပဲ။ အကယ္၍ ေအာင္ျမင္ခဲ့မယ္ဆိုရင္ ႏိုင္ငံတကာကုန္သြယ္မႈအ တြက္ အက်ိဳးဆက္ေတြဟာ နက္ရႈိင္းပါလိမ့္မယ္။ တ ႐ုတ္ႏိုင္ငံက သူလိုအပ္တဲ့ခ်စ္ပ္ေတြ ပိုၿပီး ျပည္တြင္း မွာထုတ္လုပ္ႏိုင္မယ္ဆိုရင္ ႏိုင္ငံတကာကုန္သြယ္မႈ မွာ အႀကီးဆုံးစီးဆင္းမႈဟာ ေလ်ာ့နည္းသြားႏိုင္ပါ တယ္။ ဒါေၾကာင့္ ကမာၻ႔စီးပြားေရးပုံသဏၭာန္ကို စိတ္ ဝင္စားသူတိုင္းအတြက္ ဒါက အထူးဂ႐ုတစိုက္ေစာင့္ ၾကည့္ရမယ့္ကိစၥတစ္ခုလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ႏိုင္ငံတကာကုန္သြယ္မႈအားလုံးမွာ ဒီေမးခြန္းထက္ ပိုအေရးႀကီးတာ ဘာမွမရွိဘူးလို႔ ကြၽန္ေတာ္ထင္ပါ တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီထက္ပိုႀကီးတဲ့ ကုန္စည္စီးဆင္းမႈမရွိလို႔ပဲ ျဖစ္ပါတယ္။
ကိုယ့္ဘာသာရပ္တည္ေရး၏ စိန္ေခၚမႈမ်ား
တ႐ုတ္ႏိုင္ငံရင္ဆိုင္ေနရတဲ့ျပႆနာကေတာ့ ခ်စ္ပ္ထုတ္လုပ္မႈမွာ ကိုယ့္ဘာသာရပ္တည္ဖို႔က အ ေတာ္ခက္ခဲပါတယ္။ ဒါေပမဲ့ က်န္တဲ့ ေထာက္ပံ့ေရး ကြင္းဆက္ကလည္း အေရးႀကီးေနပါေသးတယ္။ လိုအပ္တဲ့ခ်စ္ပ္ေတြအားလုံးကို ထုတ္လုပ္ႏိုင္ေပမယ့္ လိုအပ္တဲ့ခ်စ္ပ္ေတြအားလုံးထဲမွာ ပါဝင္တဲ့ အစိတ္အ ပိုင္းေတြအားလုံးကိုမထုတ္လုပ္ႏိုင္ဘူးဆိုရင္ တကယ္ ပဲ ကိုယ့္ဘာသာရပ္တည္ႏိုင္တာလားဆိုတာ ေမးခြန္း ထုတ္စရာပါ။
ေရွ႕မွာေျပာခဲ့သလိုပါပဲ။ ဒီေန႔မွာ ဘယ္သူမွ ကိုယ့္ဘာသာရပ္တည္ႏိုင္ျခင္းမရွိပါဘူး။ အေမရိကန္၊ တ႐ုတ္တိုင္ေပ ဂ်ပန္၊ ကိုရီးယား ဘယ္သူမွမရွိပါဘူး။ ဒါေၾကာင့္ ကိုယ့္ဘာသာရပ္တည္ေရးဆိုတာ အလြန္ ရည္မွန္းခ်က္ႀကီးတဲ့ပန္းတိုင္တစ္ခုျဖစ္ပါတယ္။ ပစၥည္းအားလုံး၊ ေဆာ့ဖ္ဝဲလ္အားလုံး၊ ဒီဇိုင္းအားလုံးနဲ႔ စက္ကိရိယာအားလုံးကို ကိုယ့္ဘာသာထုတ္လုပ္ခ်င္ တယ္ဆိုရင္၊ ကြၽမ္းက်င္ဖို႔လိုအပ္တဲ့ R&D (သုေတ သနႏွင့္တီထြင္ထုတ္လုပ္မႈ)ပမာဏ၊ လိုအပ္တဲ့အရင္း အႏွီးသုံးစြဲမႈပမာဏနဲ႔ ဘယ္လိုထုတ္လုပ္ရမယ္ဆိုတာ ကို ေလ့လာသင္ယူရမယ့္ အလြန္ရႈပ္ေထြးတဲ့နည္း ပညာေတြ စတဲ့ လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္။
တ႐ုတ္ႏိုင္ငံရင္ဆိုင္ေနရတဲ့ အႀကီးမားဆုံးစိန္ ေခၚမႈက စက္ေတြျဖစ္ပါတယ္။ အဲဒီထဲက အေရးႀကီး တာကေတာ့ Extreme Ultraviolet Lithography (EUV) စက္ျဖစ္ၿပီး နယ္သာလန္က ASML ဆိုတဲ့ ကုမၸဏီတစ္ခုတည္းကေန ထုတ္လုပ္တာျဖစ္ပါတယ္။ ဒီစက္က ဒီအဆင့္ျမင့္လစ္သို ဂရပ္ဖီစနစ္ေတြရဲ႕ ကမာၻ႔ထုတ္လုပ္မႈရဲ႕ရာႏႈန္းျပည့္ (၁၀ဝ%)ကို ပိုင္ဆိုင္ ထားပါတယ္။ ASMLဟာ ဒီလိုကိရိယာေတြ ဘယ္ လိုထုတ္လုပ္ရမယ္ဆိုတာကိုေလ့လာဖို႔ ဆယ္စုႏွစ္ (၃)ခုေလာက္အခ်ိန္ယူခဲ့ရပါတယ္။ ဒီကိရိယာေတြ ဟာ ဒီေန႔မွာ အဆင့္ျမင့္ခ်စ္ပ္ေတြကို စီးပြားေရးအရ ထိေရာက္တဲ့နည္းလမ္းနဲ႔ အတိုင္းအတာတစ္ခုအထိ ထုတ္လုပ္ဖို႔အတြက္အေရးပါေနပါတယ္။ ဒီကိရိယာ ေတြဟာ သံသယျဖစ္စရာမရွိဘဲ အခုအထိ တည္ရွိဖူး သမွ်စက္ကိရိယာေတြထဲမွာအရႈပ္ေထြးဆုံးျဖစ္ပါတယ္။
ASML ကထုတ္လုပ္တဲ့ အေခတ္မီဆုံးကိရိယာ ေတြရဲ႕ တစ္ခုခ်င္းေဈးႏႈန္းဟာ အေမရိကန္ေဒၚလာ သန္း (၃၀ဝ)ေက်ာ္ေပးရပါတယ္။ ဒီစက္ေတြမွာ လူ သားေတြ အခုအထိဖန္တီးခဲ့ဖူးသမွ်ထဲမွာ အျပန႔္ဆုံး မွန္ေတြ၊ စီးပြားျဖစ္ကိရိယာတစ္ခုမွာတပ္ဆင္ထားတဲ့ အစြမ္းထက္ဆုံးေလဆာနဲ႔ ေလဆာက ေသးငယ္တဲ့ သံျဖဴလုံးေလးကို ေၾကမြသြားေအာင္လုပ္ၿပီး ေနမ်က္ ႏွာျပင္ရဲ႕အပူခ်ိန္ထက္ အဆ (၄၀)ပိုပူတဲ့အပူခ်ိန္မွာ ပလာစမာအျဖစ္ ေပါက္ကြဲေစတဲ့စက္ထဲမွာ အဆက္ မျပတ္ေပါက္ကြဲမႈျဖစ္ေပၚေနတာမ်ိဳးပါဝင္တဲ့ အစိတ္ အပိုင္းေတြပါဝင္ပါတယ္။ သင္သာ ပုံတူပြားဖို႔ သင္ယူ ရမယ့္ကိရိယာကိုရွာေနမယ္ဆိုရင္ ဒါကို သင္ေ႐ြးခ်ယ္ မွာမဟုတ္ပါဘူး။ ဒီထက္ပိုရႈပ္ေထြးတာဘာမွမရွိပါဘူး။ ၿပီးေတာ့ ဒီကိရိယာကိုထုတ္လုပ္တဲ့ကုမၸဏီ တစ္ခုတည္းရွိတာမဟုတ္ပါဘူး။ ASML က စုစည္း တာျဖစ္ေပမယ့္ သူကလည္း စိတ္ကိုရႈပ္ေထြးေစ ေလာက္ေအာင္ ရႈပ္ေထြးတဲ့ သူ႔ကိုယ္ပိုင္ ေထာက္ပံ့ေရးကြင္းဆက္ကိုမွီခိုေနရျပန္ပါတယ္။ ဒီကိရိယာေတြ ထဲမွာ ASML က ဘယ္ႏွခုပါဝင္တယ္ဆိုတာ မသိ ႏိုင္ေလာက္ေအာင္ အစိတ္အပိုင္းေတြအမ်ားႀကီး ပါဝင္ပါတယ္။ ဒါေပမဲ့ အေရအတြက္က အနည္းဆုံး သိန္းနဲ႔ခ်ီရွိၿပီး ဥေရာပ၊ အေမရိကန္ျပည္ေထာင္စုနဲ႔ ဂ်ပန္တို႔က တိက်စြာထုတ္လုပ္ထားတဲ့ အစိတ္အပိုင္း ေတြကိုမွီခိုေနရတာျဖစ္လို႔ ပုံတူပြားဖို႔အတြက္ အလြန္ ခက္ခဲပါလိမ့္မယ္။
တကယ္ေတာ့ တ႐ုတ္ႏိုင္ငံက ႀကိဳးစားေနပါ တယ္။ (၂၀၁၈)ခုႏွစ္ကတည္းက ဒီကိရိယာေတြကို တ႐ုတ္ႏိုင္ငံကိုလႊဲေျပာင္းေပးဖို႔ တရားမဝင္ျဖစ္ေနခဲ့ တာပါ။ ဒါေပမဲ့ (၆)ႏွစ္ၾကာၿပီးတဲ့ေနာက္မွာေတာင္ ASML ဟာ လက္ဝါးႀကီးအုပ္ကစားသမားအျဖစ္ရွိ ေနဆဲျဖစ္ၿပီး ဂ်ပန္၊ အေမရိကန္ ဒါမွမဟုတ္ တ႐ုတ္ မွာ ဘယ္သူမွ ျဗႇဴ ထုတ္လုပ္ႏိုင္တာကို ပုံတူပြားဖို႔မ ေအာင္ျမင္ေသးပါဘူး။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.